ဆောင်းရာသီမှာ လက်တွေ ခြောက်သွေ့နေပြီလား
By nang kha yea on 12.11.2012
လက်အရေပြားတွေဟာ အရေးကြောင်း ထင်တာထက် အရောင်ခြောက်သွေ့ ညစ်နွမ်းခြင်း၊ အရေပြားပါးလွှာကာ လျော့တွဲလာခြင်းနဲ့ မညီမျှတဲ့ အတွန့်ကြောင်းတွေ ပေါ်လာခြင်းစတဲ့ အသက်ကြီးကြောင်းပြသတဲ့ လက္ခဏာရပ် တွေကို ဖော်ညွှန်းပြသနေနိုင်ပါတယ်။ ဒါဟာ အသက်ကြီးလာခြင်းနဲ့ နေဒဏ်ခံရလွန်း ခြင်းတွေကြောင့် ဖြစ်တတ်သလို ဆောင်းရာသီလို အေးမြတဲ့ရာသီမှာ အဖြစ်များတဲ့ အရေပြားခြောက်သွေ့ခြင်း ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် လက်တွေ နူးညံ့စိုပြည်နေစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံပေးလိုက်ပါတယ်။
နေ့စဉ်နေ့တိုင်း ပြုလုပ်ရန်
နေရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်အောင် SPF ပါတဲ့ လိုးရှင်းတွေကို လိမ်းပေးရပါမယ်။ SPF 30 ဆပါတဲ့ ရှားစောင်း (Aloe Extract) နဲ့ လုပ်ထားတဲ့ လိုးရှင်းကို လိမ်းပေးပါ။ လက်ဆေးပြီးတိုင်း ထပ်မံလိမ်းနိုင်အောင် အိတ်ထဲမှာ အမြဲဆောင်ထားဖို့ လိုပါတယ်။
ညတိုင်း ပြုလုပ်ရန်
တစ်ပတ်မှာ သုံးရက်ခန့် ညအိပ်ရာဝင်ချိန်မှာ လက်တွေကို အောက်ပါနည်းသုံးနည်းနဲ့ ထိန်းသိမ်းပေးပါ။
(၁) ကြေးချွတ်ပါ။ ဆားအခြေခံ ကြေးချွတ်ဆပ်ပြာသုံးပြီး လက်အရေးပြားကို ပွတ်တိုက်ပေးရင် မှိန်ဖျော့တဲ့ အရေပြားကို တောက်ပြောင်သွားစေပါတယ်။ အေးမြလွန်းတဲ့ နေ့ရက်တွေမှာတော့ ကြေးမချွတ်သင့်ပါဘူး။ ကြေးချွတ်တာများရင် အရေပြား ခြောက်သွေ့သွားနိုင်ပါတယ်။
(၂) အမည်းစက်တွေကို ကုသပါ။ မျက်နှာအသားအရေကို ဖြူစင်တောက်ပစေတဲ့ ခရင်မ်ဟာ လက်အရေပြားပေါ်က အမည်းစက်တွေကိုလည်း မှိန်းဖျော့သွားစေပါတယ်။
(၃) အသားအရေ စိုပြည်စေတဲ့ ခရင်မ်လိမ်းပါ။ ဗီတာမင် အေ၊ စီနဲ့ အီးတို့ ပါဝင်တဲ့ လက်လိမ်းခရင်မ်ကို ညအိပ်ရာမဝင်ခင် လိမ်းပေးရင် ညဘက်မှာ အရေပြား နုပျိုစိုပြည် တင်းရင်းအောင် ပြန်လည်ထိန်းသိမ်းပေးနိုင်ပါတယ် ။Mg Mandalay HealthSource >>> http://www.facebook.com/nangmy.nangmy
ညတိုင်း ပြုလုပ်ရန်
တစ်ပတ်မှာ သုံးရက်ခန့် ညအိပ်ရာဝင်ချိန်မှာ လက်တွေကို အောက်ပါနည်းသုံးနည်းနဲ့ ထိန်းသိမ်းပေးပါ။

No comments:
Post a Comment