ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Showing posts with label ကန်စွန်းဥ. Show all posts
Showing posts with label ကန်စွန်းဥ. Show all posts

Sunday, 29 December 2013

ကန်စွန်းဥ စားသင့်တဲ့ အကြောင်းရင်း

by ပိုပိုဇော်(သဘာဝအားအင်)December 30, 2013 at 2:38am

ကန်စွန်းဥဟာ အလွယ်တကူ ရရှိနိုင်သော၊ ဈေးသက်သာသော၊ အရသာ ရှိသော အသီးအနှံများထဲမှ တစ်မျိုးဖြစ်ပါတယ်။ ကန်စွန်းဥကို ဘာကြောင့် စားသုံးသင့်သလဲဆိုတဲ့ အချက်များကတော့

- နှလုံးတိုက်ခိုက်ခံရခြင်းကို ကာကွယ်ပေးနိုင်သော ဗီတာမင် B6 ကြွယ်ဝစွာ ပါရှိခြင်း

- အရေပြားတင်းရင်း၊ နုပျိုမှုကို ထိန်းသိမ်းပေးနိုင်သော ကိုလေဂျင် အမျှင်များကို ထုတ်လုပ်ပေးရာတွင် ကူညီပေးသော ဗီတာမင် C များ ပါဝင်နေခြင်း

- ဗီတာမင် D ပါဝင်ခြင်း၊ ထိုဗီတာမင်သည် စွမ်းအင်ပမာဏ၊ စိတ် အခြေအနေ၊ အရိုးများ တည်ဆောက်ခြင်း၊ နှလုံး၊အရေပြား၊ အာရုံကြောနှင့်သွားကျန်းမာရေး တို့တွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေခြင်း