
သင့်အရေပြား ယားယံနေသလား
ပူပြင်းစွတ်စိုတဲ့ အချိန်ကာလမှာ ချွေးတွေကြောင့် အရေပြားက ယားယံနေတတ်ပါတယ်။ အရေပြား ယားယံတာကြောင့် မကြာခဏ ကုတ်မိရာက အနာတွေ ဖြစ်လာတတ်ပါတယ်။ ဒီလို ယားယံမှုကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသူတို့အတွက် ယားယံမှု ပြေပျောက်စေဖိ
ု့ လိုက်နာသင့်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
အရေပြားကို ကြေးချွတ်သန့်စင်ပါ
ရေချိုးလိုက်ရုံနဲ့ ခန္ဓာကိုယ်က အညစ်အကြေးတွေ သန့်စင်သွားတာ မဟုတ်ပါဘူး။ အရေပြားမှာ ကပ်ညိနေတဲ့ ကြေးညှော်တွေ ကင်းစင်သွားစေဖို့ ကြေးတွန်းပေးဖို့လည်း လိုအပ်ပါတယ်။ အရေပြားမှာ ကြေးညှော်တွေ ကပ်ငြိနေရင် ဘယ်လောက်ပဲ ရေချိုးချိုး ပြန်လည် ယားယံလာနိုင်ပါတယ်။ ပူပြင်းပြီး ချွေးထွက်များတဲ့ ရက်တွေမှာ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရေချိုးပေးပါ။
ရေချိုးပြီး အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ
အရေပြားကို ကြေးတွန်းသန့်စင်ပြီးချိန်မှာ အရေပြားက ကြမ်းတာ၊ ခြောက်သွေ့တာနဲ့ နွမ်းနယ်တာတွေ ဖြစ်တတ်ပါတယ်။ အရေပြား စိုပြည်နေစေဖို့ အစိုဓာတ်ထိန်းပေးနိုင်တဲ့ ဘော်ဒီလိုးရှင်းကို လိမ်းပေးဖို့ လိုပါတယ်။
ချည်သားဝတ်စုံ ဝတ်ပါ
ဖက်ရှင်ကျဖို့ ရည်ရွယ်ပြီး အရေပြားပူစေတဲ့ အဝတ်အစားတွေကို ဝတ်မယ်ဆိုရင် အရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ယားယံတာ၊ နီမြန်းတာတွေ ဖြစ်တတ်ပါတယ်။ ဒီလို မဖြစ်ဘဲ အရေပြား လေဝင်လေထွက်ကောင်းပြီး အပူဒဏ်ခံနိုင်စေဖို့ ချည်သားဝတ်စုံကို ဝတ်ပါ။ အဝတ်အစားတွေ ဝတ်တဲ့အခါ တင်းကျပ်မနေပါစေနဲ့။
ယားယံစေသော အဖုများကို ကုသပါ
အရေပြားမှာ ယားယံနေတဲ့ အဖုတွေရှိရင် မကုတ်ဖဲ့ပါနဲ့။ ကလမင်းလိုးရှင်း (Calamine Lotion) လိမ်းပြီး ယားယံမှု သက်သာအောင် လုပ်ပါ။
ကြယ်စင်
By Good Health
No comments:
Post a Comment