ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Wednesday 14 November 2012

လွယ်ကူရိုးရှင်းပြီးကျန်းမာရေးတိုးတက်ကောင်းမွန်စေတဲ့နည်းများ

by nang kha yea on 13.11.2012
1. နေ့စာ မစားခင် အသီး တစ်ခုခု စားပေးပါ။
ပန်းသီး၊ ငှက်ပျောသီး၊ သစ်တော်သီး ဒါမှမဟုတ် တခြား အသီး တစ်ခုခုကို နေ့စာမစားခင်တိုင်း စားတဲ့ အကျင့်ကို လုပ်ပါ။ ကျွန်တော်တို့ရဲ့ ဆာလောင်မှုကို ထိန်းပေးသလို အမြန်ရနိုင်တဲ့ အဆီရွှဲရွှဲ fast food တွေ မစားဖြစ်အောင်၊ ခရက်ကာထုပ်တွေ ဖောက်မစားမိအောင် ကာကွယ် ပေးပါတယ်။

2. ဖျော်ရည်ဆိုင်က စက်ဖြစ် ဖျော်ရည်ဗူးတွေ မသောက်ပါနဲ့။
စက်ဖြစ် ဖျော်ရည်ဗူးတွေဆီကနေ ကျွန်တော်တို့ ကျန်းမာရေး ညီညွတ်စေတဲ့ ဖျော်ရည်တွေ ဘာများ ရသလဲ စဉ်းစားကြည့်ရအောင်။ ဈေးကလဲ ကြီးတယ်။ ကျွန်တော်တို့ ကိုယ်ခန္ဒာက လိုအပ်တဲ့ သကြားဓာတ်၊ ဆားဓာတ်တွေ လိုတာထက် ပိုအောင်ပါဝင်တယ်။ ဒီတော့ ဖျော်ရည်ဆိုင်တွေဘက် ရောက်ရင် သောက်ရေသန့်ဗူးက လွဲပီး တခြား ဘာဖျော်ရည်ဗူးမှ မ၀ယ်ဘူးလို့ စိတ်ကို ပိုင်းဖြတ်ထားလိုက်ပါ။

3. တစ်ပါတ်မှာ တစ်ညတော့ သတ်သတ်လွတ်စားပါ။
ကျွန်တော်တို့တတွေဟာ ခန္ဒာကိုယ်က လိုအပ်တဲ့ အသားဓာတ်ထက် ပိုပြီး စားသုံးနေကြတယ်လို့ ပညာရှင်တွေက ဆိုကြတယ်။ တစ်ပါတ်မှာ တစ်ရက်လောက်များ သတ်သတ်လွတ်ညစာ စားဖူးကြပါသလား။ အရသာရှိပြီး စားကောင်းတဲ့ အသီးအရွက်ဟင်းလျာတွေကို တစ်ပါတ်မှာ တစ်ညလောက် ချက်စားဖို့ ကြိုးစားကြည့်ရအောင်။ ကျန်းမာရေးနဲ့လဲ ညီညွတ်မယ်။ ငွေကုန်ကြေးကျလဲ နဲနဲ သက်သာတယ်လေ။

4. ဂျုံ၊ စပါး စတဲ့သီးနှံအစေ့တွေနဲ့ လုပ်ထားတဲ့ ပေါင်မုန့်မျိုးကို စားသုံးပါ။
ကျွန်တော်တို့ရဲ့ နေ့စာ၊ မနက်စာတွေက အသားညှပ်ပေါင်မုန့်တို့၊ ပြုပြင်ပြောင်းလဲထားတဲ့ ပေါင်မုန့်ဖြူတို့ ဖြစ်နေခဲ့မယ် ဆိုပါစို့။ ဂျုံ၊ စပါး စတဲ့သီးနှံအစေ့တွေနဲ့ လုပ်ထားတဲ့ ပေါင်မုန့်မျိုးကို ပြောင်းပြီး စားကြည့်ကြရအောင်။ ဘာတွေ ပိုကောင်းလို့လဲဆိုတော့ ကျွန်တော်တို့ ခန္ဒာကိုယ်က လိုအပ်တဲ့ အမျှင်ဓာတ်၊ ဗိုက်တာမင် စီ၊ ဗိုက်တာမင် အီး နဲ့ တခြား ဓာတ်သတ္ထုတွေ ပိုပြီး ပါတယ်။ အဲဒါတွေက ကျွန်တော်တို့ရဲ့ နှလုံးကို ကျန်းမာဖို့ အထောက်အကူ ပေးသလို ကင်ဆာရောဂါကိုလဲ ကာကွယ်ပေးပါသေးတယ်။ နောက်ပြီး အမျှင်ဓာတ် ကြွယ်ဝတဲ့အတွက် အဆာခံလို့ ကိုယ် အလေးချိန် လျှော့နေတဲ့ သူတွေကိုလဲ အများကြီး အကျိုး ပြုပါတယ်။

5. အဆီ စစ်ချ၊ လျော့ချ ပြီးသား နို့ (skim milk) ကို ပြောင်းသောက်ပါ။
နွားနို့ချည်း သက်သက် ဒါမှမဟုတ် ကောက်နှံပင်တွေက ထုတ်ထားတဲ့ cereal ထဲ ထည့်ဖျော်ပြီး သောက်တတ်သလား။ ဒါဆို အဆီ စစ်ချ၊ လျော့ချ ပြီးသား နို့ (skim milk) ကို ပြောင်းသောက်ပါ။ အစပထမတော့ တစ်မူထူးခြား နေပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီလိုပဲ ဆက်ပြီး ပြောင်းသောက်ပေးပါ။ နောက်ပိုင်းမှာတော့ လျှာက ကျင့်သားရပြီး အဆင်ပြေလာပါလိမ့်မယ်။ သံဓာတ်နဲ့ ပရိုတိန်းဓာတ်ကို နို့ကနေ အရင်လို ရနေပေမဲ့ အဆီဓာတ်ကတော့ သိသိသာသာ လျှော့ကျသွားပါပြီ။

6. ရေဗူးတစ်ဗူး စားပွဲ အနီးအနားမှာ အမြဲ ဆောင်ထားပါ။
လူအတော်များများက ဗိုက် နဲနဲ ဆာလာတဲ့အခါ အဆာပြေ သွားရည်စာတွေ စားတတ်ကြပါတယ်။ ရေဗူး တစ်ဗူးသာ ဆောင်ထားပြီး ပါးစပ်က စားချင်၊ ၀ါးချင်လာတိုင်း ရေ သောက်ပေးပါ။ လုံလောက်တဲ့ ရေဓာတ် ရနေတဲ့အတွက် အဆာလွန်ပြီး မစားမသောက်နိုင် ဖြစ်တာကို ကာကွယ်ပေးပါတယ်။ (အပူချိန် ခံနိုင်ရည် ရှိတဲ့ ရေဗူးကို ၀ယ်ပြီး ရေဖြည့်သောက်ပါ။ ရေသန့်ဗူးချည့် ၀ယ်သောက်နေပြီးမှ မင်းနည်းက ငွေကုန်လိုက်တာ ပြောခံနေရမှာ စိုးလို့ ပါ။

7. ကော်ဖီသောက်နေကျ နေရာမှာ တစ်ဝက်လောက်ကို ဆေးဘက်ဝင် သစ်ရွက်သစ်ဖုတွေက လုပ်တဲ့ အကြမ်းရည် တမျိုးမျိုး (herbal tea) ပြောင်းသောက်ပေးပါ။
နေ့တိုင်းလိုလိုမှာ ကျွန်တော်တို့ ကော်ဖီ၊ ဒါမှ မဟုတ် လ္ဘည့်ရည် ဘယ်နှစ်ခွက် သောက်သလဲ။ သောက်နေကျထက် တစ်ဝက်ကို လျှော့သောက်လိုက်ပါ။ အဲဒီ လျှော့လိုက်တဲ့ တစ်ဝက် နေရာကို ကာဖိန်းဓာတ်လွတ်တဲ၊့ ဆေးဘက်ဝင် သစ်ရွက်သစ်ဖုတွေက လုပ်တဲ့ အကြမ်းရည် တမျိုးမျိုး (herbal tea) နဲ့ အစားထိုးလိုက်ပါ။ ကျန်းမာရေး ပညာရှင်တွေက ကာဖိန်းဓာတ်ကို တစ်ရက် 400 မီလီဂရမ်ထက် မပိုစေဖို့ တားမြစ်ထားပါတယ်။ အဲဒါက ကော်ဖီကြမ်း လေးခွက်၊ ဒါမှမဟုတ် အသင့်ဖျော်သောက်နိုင်တဲ့ ကော်ဖီထုပ် ခုနှစ်ထုပ်နဲ့ ညီမျှပါတယ်။ (တော်သေးရဲ့၊ တစ်ရက်မှ coffeemix နှစ်ထုပ်ထက် ပို မသောက်ပေလို့)

8. နို့ဓာတ်ပါဝင်မှု များတဲ့ ကော်ဖီလိုမျိုး သောက်စရာတွေကို ရှောင်ပါ။
Cafe Latte လိုမျိုး နို့များတဲ့ ကော်ဖီကို မနက်ခင်းတိုင်း မက်မက်မောမော သောက်ဖြစ်နေသလား။ အင်း.. ဒါဆိုရင်တော့ အဲဒီ တခွက်ထဲနဲ့တင် ကိုယ်ခန္ဒာထဲမှာ နာရီဒိုင်ခွက်လေးကတော့ 300ကယ်လိုရီ မကဘူးလို့ အချက်ပြနေပြီ။ ဒီလိုဆိုရင်လဲ ကာဖိန်းဓာတ်မပါတဲ့ ချောကလက် ပူပူလေး တစ်ခွက်လောက်တော့ သောက်ပါရစေ။ အင်း.. ကောင်းပါပြီး ကာဖိန်းဓာတ် တော့မပါဘူး။ တစ်ခွက်ထဲနဲ့တင် 400ကယ်လိုရီ မက ပါတယ် ဆိုတော့ကာ.. ဆိုတော့ကာ...

9. တစ်ပါတ်မှာ လေးရက်တော့ အယ်လ်ကိုဟော လွတ်အောင် နေပါ။
အလုပ်ကပြန်တိုင်း ညဘက်တွေ အရက် သွားသောက်တတ်သလား။ ဒါမှမဟုတ်ရင်လဲ ၀ိုင် တစ်ပုလင်းလောက်ကို အဖော် တစ်ယောက်ယောက်နဲ့ အတူ စားကောင်းရုံ သောက်ဖြစ်နေသလား။ ဒါဆိုရင်တော့ ကျွန်တော်တို့က ကိုယ့်ရဲ့ ကျောက်ကပ်ကို ကောင်းကောင်းကြီး ဖိအားပေးနေပြီ။ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဒာ အလေးချိန်ကိုလဲ အယ်လ်ကိုဟောက မထိန်းသိမ်း ပေးနိုင်တော့ဘူး။ သူ့မှာ ကယ်လိုရီတွေ အများကြီး ပါနေတာကိုး။ (ဘီယာတစ်ပုလင်းမှာ၊ ဒါမှမဟုတ် ၀ိုင် ခွက်လတ် တစ်ခွက်မှာ 200ကယ်လိုရီ ပါဝင်ပါတယ်)။ နောက်ပြီး အယ်လ်ကိုဟောက ဒေါသစိတ်ကို ပိုဖိအားပေးသလို ဗိုက်ကိုလဲ ပိုပြီး ဆာလောင်စေပါသေးတယ်။
 ကျန်းမာပျော်ရွှင်ကြပါစေ။
 popo
Ref>>မွေးနေ့ဆုမွန်၏
လွယ်ကူရိုးရှင်းပြီးသင့်ကျန်းမာရေးကို မြန်မြန်တိုးတက်ကောင်းမွန်စေမဲ့နည်းလမ်း နှင့်
လွယ်လွယ်ကူကူ ပြောင်းလဲနိုင်မဲ့ နေ့စဉ် သောက်သုံးမှု အလေ့အထ ပုံစံပိုစ်များမှထုပ်နူတ်ထားပါသည်။

No comments:

Post a Comment