ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Wednesday 14 November 2012

ပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင် အပင်များ (ကန့်ချုပ်ဖြူပင်)

by nang kha yea on 13,11.2012

ယခုတစ်ပတ်တွင် ပတ်ဝန်းကျင်မှ ဆေးဖက်ဝင် အပင်များ အနက် များ စွာ စိတ်ဝင်စားဖွယ်
ကောင်းလှသည့် ကန့်ချုပ်ဖြူဟူသော အပင်နှင့် ပတ် သက်၍ ရေးသားတင်ပြလိုပေ၏ ။ ကန့်ချုပ်ဖြူပင်သည် ကန့်ချုပ်ဖြူ၊ ကန့်ချုပ်နီ၊ ကန့်ချုပ်ပြာ၊ ကန့်ချုပ် နက် ဟုပြောစမှတ်တွင်သည့် ကန့်ချုပ် အုပ်စုတွင်

ပါဝင်လေ၏ ။
၎င်းအပင်ကို ပါဠိအမည်ဖြင့်စိတ္တကဟု လည်းကောင်း၊ သက္ကတဘာသာဖြင့် စိတြက(Chitraka) ဟု
လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် Ceylon Lead-word; White Flowered Lead-wort ဟု
လည်းကောင်း ခေါ်ဆို ကြလေ၏ ။
ကန့်ချုပ်ဖြူပင်၏ ရုက္ခဗေဒအမည်မှာမူ Plumbago Zeylanica Linn ဖြစ်လေ၏ ။ ၄င်းသည် Plumbaginaceae မျိုးရင်းတွင် ပါဝင်ကြောင်း တွေ့ရလေ၏။ ကန့် ချုပ်ဖြူပင်သည် နှစ်ကြာခံသစ် ပျော့ပင်ဖြစ်၍ ၂ ပေမှ ၄ ပေအထိ မြင့်လေ့ရှိ၏။ အစင်းကြောင်း ကလေး များပါရှိ၏ ။ အမွေးမဲ့ကာ အရွက်ပါး၍ ရွက်လွှဲထွက်တတ်လေ၏။ အဖျား ချွန်ဘဲဥပုံဖြစ်၏။ ၂ လက်မမှ ၃ လက်မရှည်၍ အနားညီ၏။ ရွက်ညှာ သည် အောက်ခြေတွင် ပင်စည်ကို ကုပ်ထားကာ တိုတောင်း၏ ။ အပွင့်မှာ မူ ပွင့်ဖတ်လက်မ ဝက်ခန့်ရှည်၍ သေး သွယ်သောပြွန်ပုံရှိ၏ ။ ပွင့်ချပ်အဖြူ ရောင်ရှိ၍ သေးသွယ်ပြီး ပွင့်ချပ်အုံပြွန် မှာ ၁ လက်မခန့်ရှည်၏ ။ အဝိုက်များ အရင်းချွန်ဝမ်းဘဲဥပုံ သို့မဟုတ် ငှက် တောင်ပုံဖြစ်၍ ထိပ်ချွန်၏ ။

ကန့်ချုပ်ဖြူပင်သည် မြန်မာနိုင်ငံ အနှံအပြားတွင် ပေါက်ရောက်တတ် လေ၏။ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန် နိုင်ငံ၊ မလေးကျွန်းဆွယ်၊ သီရိလင်္ကာ နိုင်ငံ၊ အာဖရိကနှင့် အာရှတိုက်အပူ ပိုင်းဒေသများတွင် ပေါက်ရောက်ကြောင်းသိရှိရလေ၏။ ပေါက်ရောက် ရာတွင် အလေ့ ကျပေါက်ရောက်သော အပင်အဖြစ်လည်းကောင်း၊ ဥယျာဉ် ခြံတွင် စိုက်ပျိုးပင်အဖြစ်လည်းကောင်း တွေ့ရှိရ၏။ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံ တို့တွင်မူ ဆေးဝါးအဖြစ် ဖော်စပ် အသုံးပြုရန်အတွက် များစွာစိုက်ပျိုးကြ ကြောင်း တွေ့ရှိရလေ၏။ ကန့်ချုပ် ဖြူပင်သည် များစွာ ဆေးဖက်ဝင်လေ ရကား မြန်မာနိုင်ငံတွင် ပဉ္စငါးပါး (တစ်ပင်လုံး) အသုံးပြုကြ၏။ အချို့ နိုင်ငံများတွင်မူ အမြစ်၊ အရွက်နှင့် ပင်စည်ကို အသုံးပြုကြကြောင်း သိ ရ၏။ ကန့်ချုပ်ဖြူပင်နှင့် စပ်လျဉ်း၍ ဆေးဖက်အာနိသင်နှင့် အသုံးဝင်ပုံတို့ ကို ဆက်လက်ဖော်ပြလိုပေ၏။ ဆေးအာနိသင် ကန့်ချုပ်ဖြူအရွက်သည် ချို သောအရသာရှိ၏။ စဉ်းငယ်ပူ၏။ လေ၊ သလိပ်ကို ကြေစေတတ်၏။ နှုတ်ကို မြိန်စေ၏။ အစာကိုကြေစေ၏။ ကန့်ချုပ်ဖြူအရွက်ကို ဟင်းခတ်ရွက် အဖြစ် အသုံးပြုစားသောက်ကြ၏။ ကန့်ချုပ်ဖြူသည် အစာအိမ်နှင့် ပတ်သက်သော နှာစေး၊ ချောင်းဆိုး နှင့် ပိုးကြောင့်ဖြစ်သော ရောဂါများ ကို နိုင်နင်းသော အာနိသင်ရှိ၏။ ကန့်ချုပ်နက်မှာမူ လွန်စွာ ရှားပါးသော ဆေးပင်မျိုးဖြစ်လေ၏။ ကန့်ချုပ်ဖြူ၊ ကန့်ချုပ်နီနှင့် ကန့်ချုပ်နက်တို့ကိုမူ ဆေးအဖြစ် အသုံးပြုကြ၏။ ကန့်ချုပ် ဖြူအမြစ်၊ အရွက်နှင့် ပင်စည်တွင် ဓာတုဒြပ်ပေါင်းများအဖြစ် Plumbagin, fixed oil and volatile oil, minty, pungent and toxic တို့ ပါဝင်ကြောင်းတွေ့ရှိရလေ၏။ ကန့်ချုပ် ဖြူပင်ကို ဆေးဖက်၌ အောက်ပါ အတိုင်း အသုံးပြုကြောင်း ဖော်ပြလို ပေ၏။

ဝမ်းကိုက်ရောဂါ

ကန့်ချုပ်ဖြူအမြစ်ခေါက်ပြုတ် ရည်နှင့်အတူ ထောပတ်ကို သောက် ခဲ့သော် ဝမ်းကိုက်ရောဂါ သက်သာ ပျောက်ကင်းစေ၏။ အဆစ်ရောင်ကိုက်ခြင်း ကန့်ချုပ်ဖြူအမြစ်ခေါက်မှုန့်ကို ပင် အနာစည်းဆေးပြုလုပ်၍ ရောဂါ ဖြစ်ရာ၌ ၁၅ မိနစ်ကြာအောင် စည်းထားပေးပါက အဆစ်ရောင်ခြင်း သက်သာပျောက်ကင်းစေ၏။

ခံတွင်းမကောင်း၊ နှုတ်မမြိန်ခြင်း

အဖျားပျောက်ကင်းပြီးစ ခံတွင်း မကောင်း၊ နှုတ်မမြိန်ခြင်းအတွက် ကန့်ချုပ်ဖြူအရွက်ကို ဟင်းချိုချက်၍အဖုပေါက်လာမှ ခွာပစ်သော် အနာ ဖေးများကွာသည်နှင့် တစ်ပြိုင်နက် အနာများလည်း သက်သာပျောက် ကင်းလေ၏။ နို့နှင့်တူသော ကန့်ချုပ် ဖြူပင်အစေးကို သုတ်လိမ်းပေးခြင်း ဖြင့် ဝဲခြောက်နှင့် ပြည်တည်နာများကို သက်သာပျောက်ကင်းစေနိုင်၏။ အရေပြားတွင် ဖြစ်သည့် အဖြူကွက်၊ အညိုကွက်စသည့် အကွက်များပေါ် တွင် ကန့်ချုပ်ဖြူ အမြစ်ခေါက် ကို ရေနှင့်သွေး လိမ်းလျှင် သက်သာစေ နိုင်၏။

လိပ်ခေါင်း၊ မြင်းသရိုက်ရောဂါ

ကန့်ချုပ်ဖြူအမြစ်ခေါက်မှုန့်ကို ပုန်းရည် သို့မဟုတ် ဒိန်ရည်နှင့် သောက်ပေးပါက လိပ်ခေါင်း၊ မြင်း သရိုက်ရောဂါ သက်သာ ပျောက်ကင်း စေနိုင်၏။

ချောင်းဆိုးခြင်း နှာရည်ယိုခြင်း

ကန့်ချုပ်ဖြူ အမြစ်ခေါက်မှုန့် ကိုရောင်ရမ်းခြင်းတို့ အတွက် အသုံးပြု သည်။ အပူလောင်နာများ၊ မြွေကိုက် ခြင်းများအတွက် ကန့်ချုပ်ဖြူ အရွက် သုံးလေးရွက်ကို အခြားဆေးဖက် များနှင့် ထောင်းထု၍ ၁၅ မိနစ်မျှ အုံစည်းပေးရသည်ဟု ဆေးဖက်ဝင် အပင်များ စာအုပ်၌ တွေ့ရလေ၏။ အိန္ဒိယအာယုဗ္ဗေဒ ဆေးကျမ်း အလိုအားဖြင့် ကန့်ချုပ်ဖြူနှင့် ပတ် သက်၍ အစာအိမ်နာကုဆေး၊ လေဆေး၊ သွေးညှိဆေး၊ ဝမ်းကိုက် ပျောက်ဆေး၊ အရောင်ကျဆေး၊ လိပ်ခေါင်း၊ လေရှူပြွန်ရောဂါ၊ လေသလိပ်ကြောင့် ဖြစ်သော ယားယံ နာ၊ အသည်းရောဂါ၊ ရေဖျဉ်း၊ သွေးအားနည်းရောဂါတို့တွင် အသုံး ပြုလေ့ရှိပါကြောင်း လေ့လာတင်ပြ လိုက်ရပေသတည်း။

မိုးကုတ်ဦးကျော်စိန် (ဖြူစင်မေတ္တာ)

No comments:

Post a Comment