ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Saturday 29 September 2012

Online ပေါ်မှာပြသင့်တဲ့ငါတို့ရဲ့အမျိုးဂုဏ်
by popo on 29.9.2012

 ယနေ့လူသားတို့ရဲ့ အသက်ရှင်နေထိုင်မူ့ ဘဝမျိုးစုံတွေထဲက ထိုးဖေါက်ပြီး နည်းပညာရှင်ကြီးများတွေက
ကြိုးစားပမ်းစား တည်ထွင်လာခဲ့ကြတဲ့ ပညာရပ်တွေထဲမှာ Network ဆိုတဲ့ နည်းပညာတွေဟာ လူသားအားလုံး တစ်ဦးနဲ့တစ်ဦး ဘယ်လောက်ဝေးကွာ ပါစေ လူသားတွေ အချင်းချင်း တွေ့နိုင်မြင်နိုင် အသိပညာတွေ ဖလှယ်နိုင်အောင် အတွေးအခေါ်တွေ ရင့်ကျက်ပြီး လူသားတွေ အားလုံး အတွက် ဆက်လက်တည်ထွင် ကြံဆနိုင်ဘို့ရွာကြီးတစ်ရွာ လိုဖြစ်အောင် မျော်မှန်းဖေါ်ထုပ်ခဲ့ကြတယ်
          ဒါပေမဲ့ ဝမ်းနည်းစရာ  ကောင်းလောက်အောင် မှန်ကန်စွာအသုံး မချဘဲ အင်တာနက် သုံးနေကြတဲ့ လူငယ်အများစု (လူငယ်တိုင်းကိုမဆိုလိုပါ)ဟာ Facebook  Gtalk account တွေကို အလကားရတိုင်း နှစ်ခု သုံးခုဖွင့်ပြီး chat တွေထဲမှာ ဆော်ကြောင်ခြင်း ဘဲ ကြောင်ခြင်း မျက်ခွက်ပြောင်ခြင်း တွေကို အကျိုးမရှိစွာနဲ့ အချိန်ဖြုံးနေကြတာ တွေ့နေရလို့ပါဘဲ

 
         Social network တွေထဲမှာ ငါတို့တွေရဲ့ မြန်မာမိန်းခလေးများ ရိုးသားတဲ့ဂုဏ်ကြောင့် မိမိရဲ့ ဓါတ်ပုံ ကိုဘဲတင်လိုက်ကြတယ်။ အဲဒီမှာ မောင်မင်းကြီးသားများက မြန်မာ့ယဉ်ကျေးမူ့ ၊ ကိုယ်ကျင့်တရား တွေနဲ့ ဆန့်ကျင်စွာ မိန်းခလေးများကို ပြောဆိုဆက်ဆံ လာကြတယ်။ မိန်းခလေးများပင် မဟုတ် အိမ်ထောင်ရှင် အမျိုးသမီးများပင် မဖတ်ရဲမကြားရဲတဲ့ အသုံးအနူံးများ၊မောင်နှင့်နှမ ကိုယ်ချင်းမစာနာသော အသုံးအနူံး များ ပြောဆိုနေကြတယ်။ အဲဒါတွေဟာ တကယ်တော့ မိမိရဲ့လူမျိုးဂုဏ် မိမိရဲ့မျိုးရိုးဂုဏ် တွေကို ရှက်ဖွယ် လိလိ ဖေါ်ထုတ်ပြသနေ သလိုပါဘဲ။
chatတွေထဲမှာအမျိုးသမီးများကစကားမပြောချင်လို့သော်လည်းကောင်း ပြောဆိုဖို့အချိန်မရှိလို့သော်
လည်းကောင်း chat boxကိုပိတ်လိုက်ပြီးသော်လည်းကောင်း ပြုလုပ်လိုက်ကြတဲ့အခါ မောင်မင်း
ကြီးသားများက မာနကြီးတာလား၊ အဖက်မလုပ်တာလား၊ဘာကိုဂရုစိုက်ရမှာလဲ မင်းကဘာမို့လို့လဲ၊နောက်ဆက်ပြီး မကြားဝံ မနာသာ ရိုင်းဆိုင်းသောအသုံးအနှုံးများနဲ့ ဆက်ပြောပါတော့တယ်၊၊အဲဒီမှာ အမျိုးကောင်းမိန်းကလေးတွေမှာလဲ chat room တွေထဲမှာဆက်မနေရဲ မလုပ်ရဲနဲ့ နောက်ပိုင်း chat ဆိုတဲ့ ကိစ္စကို ကြောက်စရာကြီးတခုလို မြင်လာပြီးsocial network တွေကနေအပြီးအပိုင်နှုတ်ထွက်လိုက်ကြတော့တယ် မောင်းမင်းကြီးသားများရဲ့စကားလေး
တစ်ခွန်းနှစ်ခွန်းလောက်အတွက်နဲ့ အမျိုးကောင်းသားသမီးများဟာ network ကနေရနိုင်တဲ့ အခွင့်အရေးအားလုံး ဆုံးရှုံးခဲ့ရတော့သည်။
                  မောင်မင်းကြီးသားအနေနဲ့တော့ကလဲ chatတွေထဲမှာ အမျိုးသမီးများမှ chat box ကိုပိတ်လိုက်ခြင်း၊စကားမပြောဘဲနေခြင်းများကို အမျိုးသားများမှလူမျိုးဂုဏ် ဇာတိဂုဏ် အမျိုးဂုဏ် ထိန်းသိမ်းပြီး မြန်မာ့ယဉ်ကျေးမှု မြန်မာ့ကိုယ်ကျင့်တရားများရှိစွာဖြင့် ဆက်လက်ပြီး
မနှောက်ယှက်ကြဖို့သင့်တော်တယ်လို့ မြင်မိတယ်၊ ကိုယ့်ကိုမမြင်ရ ဘယ်မှာနေမှန်းမသိဘူး ပြော
ချင်တာပြောမယ ဆိုရင်ကိုယ့်ကို မသိပေမယ့်လဲ ကိုယ့်လူမျိုးဂုဏ် အမျိုးဂုဏ် မိမိရဲ့ကိုယ်ကျင့်
တရား ထိခိုင်နိုင်တာပဲလေ။
              အခုလိုအချိန်ကာလတွေမှာ ငါတို့တွေရဲ့လူမျိုးဂုဏ် ဇာတိသွေး ဇာတိမာန်တွေကို
လူမျိုးခြားများ လူသားများအားလုံးကို သိရှိနိုင်အောင် ဖြန့်ဝေပေးနိုင်တဲ့ ကွန်ယှက်ကြီးသဖွယ် ဖြစ်နေတဲ့  အခွင့်အရေးပေးတဲ့အပေါ် ငါတို့လူမိုးတွေရဲ့ ကိုယ်ကျင့်တရား ဓလေ့ထုံးစံ ယဉ်ကျေးမှုတွေကို လူသားအားလုံးအား ချပြပြီးဆောင်ရွက်နိုင်မဲ့ အချိန်အခါကောင်းတွေပဲနော်။
အဲဒီတော့ ဒီလိုအပြုအမူတွေ ပြုလုပ်နေကြတာဟာ နည်းပညာရှင်ကြီးတွေရဲ့ ကြိုးစားပမ်းစားတီထွင်
မျော်မှန်းတည်ဆောက်ထားတာတွေကို စော်ကားနေတာနဲ့ အတူတူပါပဲ ဒါကြောင့် နည်းပညာရှင်ကြီးတွေကို လေးစားသမှုပြုသလို မိမိရဲ့လူမျိုးဂုဏ် အမျိုးဂုဏ်တွေကို ထိန်းသိန်းကျင့်ကြံနိုင် မယ့်အပြုအမှုများနဲ့ chat တွေမှာဟေးလေးဟားလား လုပ်ပြီးအချိန်တွေဖြုန်းမဲ့အစား ထိုးဖောက်ပြီးတော့ network chat တွေကနေရနိုင်မယ့် နည်းပညာတွေ အတွေးအခေါ်တွေ မိတ်ဆွေကောင်းတွေ ရှာကြရင်း မိမိရဲ့ဘ၀တွေတိုးတက်ဖို့အတွက်ရောမိမိလူမျိုးဂုဏ် အမျိုးဂုဏ်တွေပါ မြင့်မြတ်ဖို့အတွက် လူသားတွေ ကောင်းကြိုးအတွက် လောကကြီးထဲက မသိရှိသေးတဲ့အရာတွေ နည်းပညာတွေ အမူအကျင့်တွေ အမြင်ကြယ်စွာနဲ့ ကြိုးစားရှာဖွေ ဆည်းပူးကြရင်းဖြင့် ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ ကိုယ့်အမျိုးဂုဏ်တွေကို မြင့်တင်နိုင်ကြမယ်လို့ ထင်ပါတယ်။
network ရွာကြီးထဲမှာ မိမိနိုင်ငံ မိမိ လူမျိုး မိမိအမျိုးဂုဏ် ကိုယ့်ကျင့်တရားတွေကိုလူသားအားလုံးအားဖော်ပြရင်း လူသားတွေထံက ကောင်းမွန်တဲ့ နည်းပညာများ ကိုယ်ကျင့်တရားများ ဘ၀ ရဲ့မြင့်မြတ်တဲ့ အကျိုးတရားတွေကို ရှာဖွေဖော်ထုတ်ကြရင်း နော်လာမယ့် မျိုးဆက်တွေအတွက် ဦးဆောင်လမ်းပြ ထားခဲ့နိုင်ကြပါစေလို့။
 မှတ်ချက် ။       ။(chatting ထိုင်သော အမျိုးကောင်းသား အမျိုးသမီးကောင်းများ အားလုံးကိုမရည်ရွယ်ပါ တိုက်ဆိုင်မှုများ အမှားများ ရှိခဲ့လျင် ခွင့်လွတ်ပါ လူသားအားလုံးရဲ့ ဝေဖန်မှု ကဲ့ရဲ့မှု ချီးကျူးမှု တို့ကို မျော်လင့်လျက်)
              popo 
           29.9.2012

ဒေါသကင်းရေး (၁၀) ချက်ဆေး

ဒေါသကင်းရေး (၁၀) ချက်ဆေး .
ဒေါသကို ထိန်းချုပ်ဖို့ ဆိုတာ တကယ်တော့ မလွယ်ကူပါဘူး။ ဒါပေမယ့် ဒေါသ ထိန်းချုပ်ဖို့ အကျိုးရှိမဲ့ အကြံပြုချက်တွေတော့ ရှိပါတယ်။ တစ်ယောက် ယောက်က သင့်ကို ကားလမ်းကြောင်း ပိတ်လိုက်တဲ့အခါ သင့်ကိုယ်သင် ဒေါသထွက်တာ ခံစားဖူး ပါသလား။ သင့်သားသမီးက သင်ခိုင်းတဲ့ အတိုင်း လုပ်မပေးခဲ့ရင် တွေးတွေးပြီး ဒေါသ ပေါက်ကွဲ ဖူးပါသလား။
ဒေါသဆိုတာ ပုံမှန် ဖြစ်တတ်တဲ့ စိတ်လှုပ်ရှားမှု တစ်ခုပါပဲ။ ဒါပေမယ့် အကောင်းမြင်ပြီး တိုးတက်မှု ဖြစ်စေတဲ့ နည်းလမ်းကို ဘယ်လို သိနိုင်ပါ့မလဲ။ ထိန်းချုပ်မှု မရှိတဲ့ ဒေါသဟာ ဆိုးရွားတဲ့ စိတ်ခံစားမှုကို ဖြစ်စေနိုင်ပါတယ်

 


ကိုယ်ရဲ့ မိသားစု၊ သူငယ်ချင်းတွေ၊ လုပ်ဖော် ကိုင်ဖက်တွေ၊ ဒါမှမဟုတ် တခြား သူစိမ်းတွေနဲ့ ဒေါသ ဖြစ်စရာ တစ်ခုခု ဖြစ်လာရင် ဒေါသ ကင်းဝေးရေး အတွက် လုပ်ရမယ့် ပင်ကိုယ် စွမ်းရည်ကို အသုံးချဖို့ အချိန် ရောက်ပြီဆိုတာ သိဖို့ လိုပါတယ်။ ဒေါသ ကင်းရေး ၁၀ ချက်ဆေးဟာ သင့်ရဲ့ ဒေါသတွေကို ထိန်းချုပ်ဖို့ ကူညီနိုင်မယ့် နည်းလမ်း အဖြစ် အသုံးပြုဖို့ မျှော်လင့်ပါတယ်။

(၁) ခတ္တခဏ အချိန်ယူ တတ်အောင် လုပ်ပါ။ သင့်ရဲ့ ဒေါသကို ထိန်းချုပ်ဖို့ တစ်ဖက်သားကို ခွန်းတုံ့ မပြန်ခင် ၁ ကနေ ၁၀ အထိ လက်ချိုးရေ တွက်လိုက်ပါ။

(၂) ကာလလေး တစ်ခု လုပ်တတ် အောင်လုပ်ပါ။ ခံပြင်းစရာတွေကို သက်သာခွင့် ရတဲ့အထိ ဒေါသကို တအောင့်လောက် ထိန်းလိုက်ပါ။

(၃) စိတ်တည်ငြိမ်အောင် လုပ်ပြီး သင့်ရဲ့ ဒေါသကို ရင်ဖွင့် ပြောပြတတ်အောင် လုပ်ပါ။ ထိပ်တိုက် ရင်ဆိုင်တဲ့ နည်းကို မသုံးဘဲ သင့်ရဲ့ ခံပြင်းမှု၊ မချင့်မရဲ ဖြစ်မှုကို ထုတ်ဖော် ပြောပြဖို့ အချိန်ရောက်ပြီဆိုတာ ဆုံးဖြတ်လိုက်ပါ။ စိတ်လှုပ်ရှားမှုဟာ အခြေ အနေကို ပိုလို့ ဆိုးရွား စေနိုင်ပါတယ်။

(၄) လေ့ကျင့်ခန်း တစ်ခုခု လုပ်လိုက်ပါ။ ကာလ လှုပ်ရှားမှု လုပ်တာဟာ သင့်ရဲ့ စိတ်လှုပ်ရှားမှု တွေအတွက် ထွက်ပေါက်တစ်ခု ဖြစ်လာမှာ သေချာ ပါတယ်။ အထူး သဖြင့် ဒေါသ ပေါက်ကွဲလုဆဲဆဲ အချိန်မှာ လုပ်ပေးနိုင်ရင် ပိုကောင်း ပါတယ်။ အပြင်ထွက်ပြီး ခပ်သွက်သွက် လမ်းလျှောက်၊ ဒါမှမဟုတ် ပြေးလိုက်၊ ဒါမှမဟုတ် ရေကူးလိုက်၊ ဒါမှ မဟုတ် အလေးမလိုက်ပါ။

(၅) တစ်ခုခုမပြောခင် အသေအချာ စဉ်းစားပါ။ မစဉ်းစားမိဘဲ ပြောမိမယ်ဆိုရင် ဝမ်းနည်း စိတ်ထိခိုက်လာပြီး ရန်များဖို့ ဖြစ်လာပါလိမ့်မယ်။ ဒီအချိန်မှာတော့ သင်ပြောချင်တာကို လက်ရေးနဲ့ ချရေးလိုက်ပါ။ ဒီလို လုပ်လိုက်တာနဲ့ ပြဿနာ တွေကို ပြီးအောင် လုပ်နိုင်ပြီး ဒေါသ ထွက်တဲ့အခါ လမ်းကြောင်း ပြောင်းတဲ့ လွယ်ကူတဲ့ နည်းလမ်းတစ်ခု ဖြစ်မှာပါ။

(၆) ပြဿနာ တွေကို ခွဲခြမ်း စိတ်ဖြာလိုက်ပါ။ သင့်စိတ်ကို ကယောက် ကယက် လုပ်တဲ့အပေါ် အာရုံစိုက်မဲ့အစား၊ အဓိက ပြဿနာကို ဖြေရှင်း ဆုံးဖြတ်ဖို့ ဒေါသ ထွက်အောင် လုပ်တဲ့သူနဲ့ အဆင်ပြေအောင် လုပ်ကြည့်လိုက်ပါ။

(၇) ပြဿနာကို ထုတ်ဖော်တဲ့ အခါမှာ ‘ကျွန်တော်၊ ကျွန်မ’ ဆိုပြီး သုံးနှုန်း ပြောဆိုပါ။ ဒီလို သုံးနှုန်း ပြောဆို လိုက်တာနဲ့ ဝေဖန်တာတို့၊ အပြစ်တင်တာ တို့ကို ရှောင်ကြဉ်နိုင်မှာပါ။ သူတစ်ပါးကို ဒေါသ ဖြစ်အောင်လုပ်တာ၊ ဒါမှ မဟုတ် မကျေမချမ်း အောင် လုပ်တာတွေကို ရှောင်ရှား နိုင်မှာပါ။
စိုးရိမ် ပူပန်မှု၊ အားပြိုင်မှုတွေ မရှိလာ နိုင်တော့ပါဘူး။ ဥပမာ- ‘ကျွန်တော့် အိမ် အလုပ်တွေကို ခင်ဗျား တကယ် ကူညီ သင့်တယ်ဗျာ ’ လို့ ပြောမယ့်အစား ‘ကျွန်တော် စိတ်မချမ်းသာဘူးဗျာ .. ဒီညနေကျတော့ အိမ် အလုပ်တွေကို ခင်ဗျား ကူညီပေးနိုင်မှာ မဟုတ်ပါဘူး’ လို့ ပြောလိုက်တာမျိုးပေါ့။

(၈) သဝန်တို၊ မနာလိုတာတွေ မလုပ်ဖို့ပါ။ တကယ်လို့ သူတစ်ပါးကို ခွင့်လွှတ်နိုင်ရင် နှစ်ဦးစလုံး အတွက် အဆင်ပြေမှာပါ။ သင်လိုချင်တဲ့ အတိုင်း လူတိုင်းကို အဆင်ပြေအောင် ဆက်ဆံဖို့ မျှော်လင့်ထားတာ သဘာဝ မကျပါဘူး။

(၉) စိတ်ဖိစီးမှုကို ရယ်စရာ ဟာသလုပ်ပြီး ချေဖျက် ပစ်လိုက်ပါ။ ရယ်စရာ လုပ်ပြစ်လိုက်ခြင်းဟာ စိတ်ပင်ပန်း ညစ်နွမ်းမှုကို ပျံ့နှံ့အောင် လုပ်လိုက်သလို ပါပဲ။ စောင်းချိတ်တဲ့ စကားထေ့လုံး ငေါ့လုံးတွေ မပြောမိဖို့ အရေး ကြီးပါတယ်။ ဒီလို ပြောလိုက်မိတဲ့ အတွက် ခံစားချက်တွေကို နာကျင်စေနိုင်ပါတယ်။ ပြီးတော့ အရာ ခပ်သိမ်းကို ပိုဆိုး ရွားစေနိုင်ပါတယ်။

(၁၀) အပန်းဖြေ အနားယူတဲ့ အလုပ်ကို လေ့ကျင့်ပါ။ အနားယူဖို့ စိတ်ဖိစီးမှု လျှော့ချခြင်းဟာ သင့်ဒေါသကို ထိန်းချုပ် ပေးနိုင်ပါလိမ့်မယ်။ အသက်ရှု လေ့ကျင့်ခန်းကို များများ လေ့ကျင့်ပါ။ အနားယူတဲ့ မြင်ကွင်းကို တွေးကြည့်ကြည့်ပါ။ ညင်သာတဲ့ စကားလုံးတွေကို ထပ်တလဲလဲ တွေးကြည့်ပါ။

ဥပမာ - သက်သက် သာသာနေပါ။ ဒေါသကို လျှော့ဖို့ တခြား ခိုင်မာတဲ့ နည်းလမ်း တွေကတော့ သီချင်း နားထောင်ပါ။ စာများများ ရေးပါ။ ယောဂ ကျင့်ပါ။ လူတိုင်း နီးပါးတော့ ဒေါသ ဖြစ်ဖူး ကြမှာပါ။ ဒေါသ ထွက်လာရင် ဘာလုပ်ရမလဲပေါ့။

ဒေါသကို ပေါက်ကွဲ ထွက်လိုက်ရင်ပဲ ကျွန်မလည်း စိတ်ချမ်းသာ သလိုလို၊ ဒေါသကို မြိုသိပ်လိုက်တာက ကောင်းသလိုလို၊ ပင်လယ် ကမ်းခြေသွားပြီး အော်ဟစ် ခိုင်းလိုက်ရင်ပဲ ဒေါသ ပြေသွား သလိုလို၊ တောင်ထိပ်ပေါ်တက်ပြီး အော်ရင်ပဲ ရင်ထဲမှာ ပေါ့သွားသလိုလို အဲလို သလိုလို တွေကြားထဲမှာ ဒီနည်းလမ်းလေးကို သုံးကြည့်ရင် ကောင်းမယ် ထင်တာနော်။ ဒီစာလေးကို ဖတ်ပြီး ဒေါသထွက်တဲ့သူတွေ အနည်းဆုံးတော့ ပြုံးမိသွားမယ်လို့ ထင်ပါတယ်။

အသက်ရာကျော် ရှည်ပါစေ ............အခုချက်ခြင်း လိုက်နာပေး ...( အသက်ရာကျော် ရှည်စေရန် . မျှဝေပါသည် )

source>>>http://www.facebook.com/photo.php?fbid=150249318450947&set=a.106796776129535.9535.100003976392183&type=1

အိုမင်းမှုကို ဟန့်တားပြီး အရွယ်တင် နုပျိုစေရန်

အိုမင်းမှုကို ဟန့်တားပြီး အရွယ်တင် နုပျိုစေရန်

by nang kha yea on 29.9.2012

အိုမင်းမှုဆိုတာ မလွှဲမရှောင်သာ ဖြစ်စဉ်တစ်ခုပါ။ ကမ္ဘာပေါ်မှာ နေထိုင်ကြတဲ့ သက်ရှိအားလုံး အချိန်နဲ့အမျှ အိုမင်းလာနေကြပါတယ်။  အသက်ကြီးလာတဲ့ သဘောတရားကို လွန်ဆန်လို့ မရပေမယ့် အိုမင်းတဲ့ သွင်ပြင်တွေကို လျှော့ချနိုင်ပြီး အရွယ်တင် နုပျိုလှပအောင် ကြိုးစားသင့်ပါတယ်။ နှစ် ၄၀ ကြာ လေ့လာမှုတစ်ရပ်အရ အာဟာရရှိတဲ့ အစာတွေကို စားတာအပါအဝင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင် စားသောက်မှုပုံစံကို လိုက်နာတာက အိုမင်းမှုကို နှောင့်နှေးစေပြီး အရွယ်တင် နုပျိုစေကြောင်း သိရပါတယ်။

(၁) စားနိုင်သော ပမာဏ၏ လေးပုံ သုံးပုံပဲ စားပါ

သင်စားနိုင်တဲ့ အတိုင်းအတာထက် လျှော့စားတဲ့အခါ ခန္ဓာကိုယ်မှ (အောက်ဆီဂျင် မော်လီကျူးတွေကို ထိခိုက်စေတဲ့) ဖရီးရယ်ဒီကယ် ထွက်နှုန်း လျော့နည်းစေပါတယ်။ ကိုယ်ထဲမှာ ဖရီးရယ်ဒီကယ်တွေ များတာက အိုမင်းမှုဖြစ်စဉ်ကို တိုးစေနိုင်ပါတယ်။ ဒါ့အပြင် အစာကို များများစားတာကြောင့် ကယ်လိုရီ အပိုရရှိတာဟာ နုပျိုလှပမှုရဲ့ ရန်သူလည်း ဖြစ်ပါတယ်။



(၂) ရေ၊ ရေနွေးကြမ်းနှင့် ရေဓာတ်များသော စွပ်ပြုတ်သောက်ပါ

ရေဟာ အစာကို ကြေညက်စေတာကြောင့် သင့်ခန္ဓာကိုယ်မှ လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူရရှိနိုင်ပါတယ်။ ရေဟာ အဆစ်တွေကို ချောမွေ့စေကာ အမြှေးပါးတွေကို စိုစွတ်စေတာကြောင့် နေ့စဉ် ရေနဲ့ အရည်များများပါတဲ့ စွပ်ပြုတ်ကို သောက်ပေးသင့်ပါတယ်။

(၃) အစာစားချင်စိတ်ကို ဟန်ချက်ညီမျှအောင် လုပ်ပါ

ခန္ဓာကိုယ်မှာ အပူဓာတ် လွန်ကဲမှုကြောင့် အစာ စားချင်စိတ် များတဲ့အခါ ဟန်ချက်ညီသွားစေဖို့ သခွားသီး၊ တရုတ်နံနံ၊ ဂေါ်ဖီထုပ်၊ မုန်လာဥ၊ ဆလတ်ရွက်၊ ခရမ်းချဉ်သီး စတဲ့ အေးမြစေတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ဖရဲသီး၊ ပန်းသီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သစ်တော်သီးတို့လို သစ်သီးတွေကို စားပေးရပါမယ်။ အင်တီအောက်ဆီးဒင့်ကိုလည်း ရရှိစေတဲ့အတွက် အရွယ်တင် နုပျိုစေပါတယ်။

Ref:Good Health
Source: http://news.yatanarpon.com.mm/news/news-64939

ကျောက်တည်ခြင်းကင်းဝေးရန် သံပရာရည် များများသောက်ပါ .

 ကျောက်တည်ခြင်းကင်းဝေးရန် သံပရာရည် များများသောက်ပါ .
by nang kha yea on 29.9.2012
 
သံပရာရည်သောက်သုံးခြင်းသည် ကျောက်ကပ်ကျောက်တည်ခြင်းအား ကာကွယ် ပေးသည့်နည်းလမ်းငါးခုထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။

သံပရာရည် အများအပြား သောက်သုံးပေးခြင်း အားဖြင့် အစားအစာတွင်ပါဝင်သော ကယ်လ်စီယမ်၊ ပရိုတိန်းနှင့် ဆားဓာတ်ပမာဏများကို လျှော့ချပေးသွားနိုင်ကြောင်း ယူစီဆန်ဒီယာဂိုကျောက်တည် ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာရိုဂါအယ်လ်ဆာက ပြောကြားလိုက်သည်။

သံပရာရည်တွင် ဆီထရစ်အက်စစ် (အချဉ်ဓာတ်အက်စစ်) ပါဝင်မှုပမာဏမြင့်မားကြောင်း တွေ့ရသည်။ ထိုသံပုရာရည် လေးအောင်စကို ရေနှစ်လီတာဖြင့်ရော၍ နေ့စဉ်သောက်သုံး ပေးခြင်းအားဖြင့် လူနာတစ်ဦးချင်းစီတွင် ကျောက်ကပ်ကျောက်တည်မှု ဖွဲ့စည်းချင်းနှုန်းကို ၁ ဒဿမ ၀၀ မှ ၀ ဒဿမ ၁၃ အထိ လျော့ကျသွားစေနိုင်ကြောင်း သိရသည်။

အခြား သစ်သီးဖျော်ရည်များတွင် ဆီထရစ်အက်စစ်ပါဝင်မှု ပမာဏနည်းပါးပြီး များသောအားဖြင့် ထိုအရည်များတွင် ကျောက်ကပ်ကျောက်တည်မှုဖြစ်စေသည့် အဓိက အစိတ်အပိုင်း တစ်ရပ်ဖြစ်သော အောက်ဆဲလ်လိတ်နှင့် ထုံးဓာတ်များအ ပိုပါဝင်နေကြောင်း သိရသည်။

‘ဆာ’၏ အဆိုအရ အချို့သောသူများသည် မိမိတို့၏ ကျောက်ကပ်တဲတွင် သေးငယ်သော ထုံးကျောက် အတုံးကလေးများ ဖွဲ့စည်းဖြစ်ပေါ်နေခြင်းကိုပင် သိရှိခြင်း မရှိကြောင်း၊ ၎င်းတို့သည်ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ကာ ပြင်းထန်သော နာကျင်မှု ဖြစ်ပေါ်လာသည်အထိပင် သိရှိခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ကျောက်ကပ်ထဲတွင် ကျောက်တည်အခါ ဖြစ်ပေါ်လာသည့် အရိပ်လက္ခဏာသုံးရပ်မှာ ကျောနှင့် ဝမ်းဗိုက်ပိုင်းနာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်းနှင့် ပျို့အန်ချင်စိတ်ဖြစ်ခြင်း တို့ဖြစ်ကြောင်း သိရသည်။
shared Mg Mandalay's photo.
source >>> http://www.facebook.com/nangmy.nangmy

Friday 28 September 2012

အခြေအနေနှင့် အချိန်ကိုက် လုပ်ဆောင်ရန် ကူညီနိုင်သည်များ

အခြေအနေနှင့် အချိန်ကိုက် လုပ်ဆောင်ရန် ကူညီနိုင်သည်များ

by nang kha yea on 25.9.2012

သင်ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ အချိန်ကိုက် လုပ်ဆောင်နိုင်အောင် ကူညီပေးနိုင်မယ့် အကြောင်းအရာတွေ ရှိနေပါတယ်။


အင်တာဗျူး ဖြေစရာရှိလျှင် ပဲပိစပ်စားပါ

အလုပ်အတွက် အင်တာဗျူး ဖြေရာမှာ ဦးနှောက်ဉာဏ်ရည် ထက်မြက်နေဖို့ လိုပါတယ်။ Montreal တက္ကသိုလ်မှ သုတေသီတွေက အစားအစာထဲမှာ ပါဝင်တဲ့ အမိုင်နိုအက်စစ် ထရစ်ပတိုဖန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေပြီး လုပ်ဆောင်ချက်တွေ ထူးချွန် ပြောင်မြောက်စေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ပဲပိစပ်ကနေ ထရစ်ပတိုဖန်များစွာ ရရှိနိုင်ပြီး ကြက်သား၊ ဆယ်လ်မွန် ငါးတွေကလည်း ရရှိနိုင်ပါတယ်။

စာမေးပွဲ ဖြေစရာရှိလျှင် ကောက်နှံတစ်ခုလုံး စားပါ

စာမေးပွဲဖြေဖို့ အခန်းထဲမဝင်မီ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစားအစာကို စားပေးပါ။ သင့်ဦးနှောက်ဉာဏ်ရည် ကောင်းစေပြီး သင်ကျက်ထားသမျှ စာတွေ မှတ်မိနေစေပါတယ်။ ကောက်နှံတစ်ခုလုံးမှာ ဖောလိတ်ဓာတ် ရရှိနိုင်ကနေ သင့်မှတ်ဉာဏ်အတွင်း သိမ်းဆည်းထားတဲ့ စာတွေကို အလွယ်တကူ ပြန်လည် ဖော်ထုတ်နိုင်ပါတယ်။ ဒါ့အပြင် သုတေသီတွေက စာမေးပွဲဖြေတဲ့အခါ ပီကေဝါးပြီး ဖြေဆိုပါက မှတ်ဉာဏ်စွမ်းရည် ၃၅ ရာခိုင်နှုန်း ပိုမိုတိုးတက်စေတယ်လို့ ဆိုပါတယ်။

ချစ်သူနဲ့ ပထမဆုံး ချိန်းတွေ့လျှင် လက်ဖက်ရည်ကြမ်းသောက်ပါ

ချစ်သူနဲ့ ပထမဦးဆုံး ချိန်းတွေ့ချိန်မှာ သင့်စိတ်တွေ လှုပ်ရှားနေနိုင်ပါတယ်။ စိုးရိမ်စိတ်တွေကြောင့် ချစ်သူရှေ့မှာ အလွဲအချော်တွေ မလုပ်မိစေဖို့ ချမိုမိုင်းခတ်ထားတဲ့ လက်ဖက်ရည်က သင့်စိတ်လှုပ်ရှားမှုကို တည်ငြိမ်စေပါတယ်။ ချမိုမိုင်း လက်ဖက်ရည်က စိုးရိမ်စိတ်များတာ၊ စိတ်လှုပ်ရှားနေတာတွေကို သက်သာစေတဲ့ အာနိသင် ရှိပါတယ်။

ကလေးယူဖို့ ကြိုးစားနေလျှင် ကမာကောင်စားပါ

ဇင့်ဓာတ်များစွာ ပါဝင်တဲ့ ကမာကောင်က အမျိုးသားတွေရဲ့ စိတ်ဆန္ဒကို လှုံ့ဆော်ပေးပါတယ်။ တကယ်တော့ ဇင့်က အမျိုးသားတွေမှာသာမက အမျိုးသမီးတွေမှာပါ မျိုးအောင်နိုင်စွမ်း မြှင့်တင်ပေးပါတယ်။ အမျိုးသမီးတွေမှာ ကျန်းမာတဲ့ သားဥတွေ ထုတ်လုပ်ပေးပြီး အမျိုးသားတွေမှာ ကျားဟော်မုန်း တက်စထရိုစတီရုန်း ပမာဏကို တည်ငြိမ်အောင် ထိန်းပေးကာ ကျန်းမာတဲ့ သုက်ကောင်တွေကို ထုတ်လုပ်ပေးပါတယ်။

ပြဿနာ ဖြေရှင်းစရာရှိလျှင် သစ်ချသီးစားပါ

တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း မတူညီတဲ့ အကြောင်းအရာတွေ ဆွေးနွေးတဲ့အခါ သွေးဆူတာကြောင့် အချင်းများပြီး ဆက်ဆံရေး မပြေမလည်ဖြစ်ကာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးရတတ်ပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ ခန္ဓာကိုယ်မှာ အိုမီဂါ- ၃ ချို့တဲ့နေပါက သင့်အပြုအမူတွေက ရန်လိုမှုများနေစေတာကို တွေ့ရပါတယ်။ ဂျပန်ပညာရှင်တွေက ဇင့်ဓာတ်က အမျိုးသမီးတွေရဲ့ ဒေါသကို ပြေစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆွေးနွေးစရာတွေရှိတဲ့အခါ ဆွေးနွေးမှု မပြုလုပ်မီ သစ်ချသီး စားပေးပါက အိုမီဂါ- ၃ နဲ့ ဇင့်ဓာတ်ကို ရရှိစေပါတယ်။

လင်မယားကွဲကွာရန် အကြောင်းဖြစ်လာလျှင် အဆီများသောငါး စားပါ

စိတ်သဘောထားချင်း၊ အကြောင်းတရားချင်း မတိုက်ဆိုင်တာကြောင့် လင်မယားကွာရှင်းပြတ်စဲကြတဲ့အခါ စိတ်ဓာတ်ကျဆင်းကာ အဆိုးမြင် အတွေးတွေပဲ တွေးမိစေပါတယ်။ ဒီခံစားမှုတွေ မဖြစ်ပေါ်အောင် တားဆီးလို့တော့ မရပါဘူး။ ဒီလိုအချိန်မှာ သင့်အနေနဲ့ အဆီများတဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ တူနာငါးတွေ စားပေးပါ။ ဒီငါးတွေမှာ အိုမီဂါ- ၃ အဆီ၊ ဗီတာမင်ဘီ ၁၂ နှစ်မျိုးစလုံး ပါဝင်ပြီး စိတ်ဓာတ်ကျဆင်းမှုကို လျော့နည်းစေပါတယ်။

ဆုံးဖြတ်ချက် ကြီးကြီးမားမားချလျှင် ဒိန်ချဉ်သောက်ပါ

သင်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်၊ လင်မယားအရေးကိစ္စ၊ ကျန်းမာရေး၊ ငွေရေးကြေးရေးနဲ့ဆိုင်တဲ့ အကြောင်းအရာ စတဲ့ ဘဝနဲ့ဆိုင်တဲ့ ကြီးကြီးမားမား အကြောင်းကိစ္စတွေကို ဆုံးဖြတ်ချက်ချဖို့ လိုလာတဲ့အခါ ဒိန်ချဉ်သောက်ပေးပါ။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို တည်တည်ငြိမ်ငြိမ် ချမှတ်ဆောင်ရွက်နိုင်ပါတယ်။ဒိန်ချဉ်ကနေ အိုင်အိုဒင်းနဲ့ ဇင့်ဓာတ်ကို ရရှိနိုင်ပြီး ဦးနှောက် လုပ်ဆောင်မှုတွေ ကောင်းမွန်စေကာ စိတ်တည်ငြိမ်ဖို့ စွမ်းအားတွေ ရရှိစေပါတယ်။ Toronto တက္ကသိုလ်မှ ပညာရှင်တွေက ဒိန်ချဉ်မှာ ပါဝင်တဲ့ လူ့အကျိုးပြု ဘက်တီးရီးယားတွေက စိုးရိမ်စိတ်ကို လျော့နည်းစေပြီး ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ချမှတ် ဆောင်ရွက်နိုင်စေတယ်လို့ ပြောပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Ref:Good Health
Source: http://news.yatanarpon.com.mm/news/review-63978
source>>> http://www.facebook.com/notes/health-articles/အခြေအနေနှင့်-အချိန်ကိုက်-လုပ်ဆောင်ရန်-ကူညီနိုင်သည်များ/207990389332479

စိတ်ဖိစီးမှု လျော့ကျစေသည့် ရေ

စိတ်ဖိစီးမှု လျော့ကျစေသည့် ရေ
by nang kha yea on 28.9.2012


သိပ္ပံပညာရဲ့ လတ်တလော လေ့လာမှုတွေအရ လူတွေဟာ ရေနဲ့ထိတွေ့လိုက်တဲ့အခါမှာ  ခန္ဓာကိုယ်ရဲ့ ဓာတ်ဖွဲ့စည်းပုံနဲ့ အာရုံကြောတွေအပေါ် သက်ရောက်မှု ရှိသွားပြီး စိတ်ဖိစီးမှု လျော့ကျတာ၊ စိတ်ခံစားမှု ကောင်းမွန်တာနဲ့ စိတ်တို ဒေါသထွက်မှု လျော့ပါးတာ အစရှိတဲ့ အကျိုးအာနိသင်တွေကို ရရှိစေတယ်လို့ သိရပါတယ်။


ရေကူးပါ

ရေကူးတာက အပြေးသမားတွေမှာလိုပဲ အဆစ်တွေအပေါ် ဒဏ်သက်ရောက်မှု မရှိဘဲ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိစေပါတယ်။ ရေကူးကန်ထဲမှာ လှေလှော်တာကတောင် စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ အင်ဒီးယားနား တက္ကသိုလ်ရဲ့ ပါမောက္ခဂျက်က ပြင်းပြင်းထန်ထန် အားကစား မလုပ်နိုင်သူတွေအနေနဲ့ အေးအေးဆေးဆေး ရေကူးတာက အန်ဒေါ်ဖင်ဟော်မှုန်း ထွက်လာစေပြီး စိတ်ကြည်နူး နှစ်သိမ့်မှုကို ခံစားရစေကြောင်း ရှင်းပြထားပါတယ်။ ရေကန်ထဲမှာ ကလေးတွေနဲ့အတူ ကစားရင်း ကလေးတွေကို ရေပက်ဖျန်း ပေးတာကလည်း နာဗ့်ကြောစနစ်ကို ကောင်းမွန်တဲ့ သက်ရောက်မှု ဖြစ်စေပါတယ်။ တကယ်လို့ ရေကူးကန်ကို မသွားနိုင်ဘူးဆိုရင် ရေစိမ်ကန်ထဲမှာ စိမ်ချိုးတာကလည်း စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။

ရေစိမ်ချိုးပါ

ရေချိုးတာက စိတ်နဲ့ခန္ဓာကို လန်းဆန်းသွားစေတယ်ဆိုတာ သင်သိပြီးဖြစ်မှာပါ။ လတ်တလော လေ့လာမှုအရ ရေရဲ့အပူချိန်က အေးချင်အေး၊ နွေးချင်နွေး နေပါစေ၊ ရေထဲကို စိမ်ချိုးတာက ကျန်းမာနေတဲ့ လူတွေအတွက် ကောင်းကျိုးတွေ အများကြီး ရှိတယ်လို့ သိရပါတယ်။ ရေစိမ်ချိုးချိန် ၂၄ မိနစ် ကြာပြီးချိန်မှာ လူရဲ့ဗဟိုအာရုံကြော စနစ်ဟာ အနားရကာ အာရုံစူးစိုက်အား ပိုကောင်းလာပါတယ်။ စိတ်ဓာတ်ကျတာနဲ့ ပူပင်သောက ဟူသမျှကိုလည်း လျော့သွားစေပါတယ်။ ခြေထောက်ကို ရေစိမ်တာကလည်း ညမှာ ကောင်းကောင်း အိပ်မောကျစေပါတယ်။ Physiology Anthropology ရဲ့ လေ့လာမှုအရ ဒူးအထိ ခြေထောက်တွေကို မိနစ် ၂၀ လောက် ကြက်သီးနွေးရေထဲ စိမ်တဲ့သူ ဒါမှမဟုတ် ရေချိုးတဲ့သူတွေက ကောင်းကောင်း အိပ်မောကျစေပြီး မလုပ်တဲ့သူတွေထက် အိပ်စက်မှု အရည်အသွေးလည်း ကောင်းမွန်တာကို တွေ့ရပါတယ်။ ကြက်သီးနွေးရေထဲ စိမ်ဖို့ အချိန် မပေးနိုင်ရင်တောင် ခြေချင်းဝတ်တွေပေါ်ကို ကြက်သီးနွေးရေ  လောင်းချပေးပါ။ အချိန် ၃၀ စက္ကန့်လောက် လုပ်ပေးရုံနဲ့ အပန်းပြေမှုကို ခံစားရမှာပါ။

ရေသောက်ပါ

ရေကိုနည်းနည်းပဲ သောက်တာက စိတ်ခံစားမှုနဲ့ ခန္ဓာကိုယ်အပေါ် မကောင်းတဲ့ သက်ရောက်မှုကို ဖြစ်စေနိုင်ပါတယ်။ ရေဆာနေပြီဆိုရင် ရေဓာတ် ခန်းခြောက်တဲ့ အဆင့်ကို ရောက်နေပါပြီ။ ရေဓာတ် ခန်းခြောက်ပြီ ဆိုတာနဲ့ ပိုပြီး ပင်ပန်းလာတယ်။ အာရုံစူးစိုက်ဖို့ ပိုခက်လာပါတယ်။ ၂၀၀၁ လေ့လာမှု တစ်ရပ်အရ ညဥ့်လယ်မှ နံနက် ၁၁ နာရီအထိ ရေနဲ့အစာ လုံးဝမကျွေးဘဲ ထားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် နှိုးဆော်နိုင်တဲ့ တက်ကြွဖျတ်လတ်မှု ပျောက်ဆုံးသွားတာကို တွေ့ရပါတယ်။ ရေမသောက်ဘဲ အချိန် ၁၃ နာရီလောက် ကြာသွားရင် အာရုံစူးစိုက်နိုင်စွမ်းနဲ့ တက်ကြွမှုတို့ လျော့ကျသွားပြီး ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ သင်ဘယ်လောက် ရေသောက်သင့်တယ်ဆိုတဲ့ အချက်က သင့်ခန္ဓာကိုယ် အလေးချိန်၊ လှုပ်ရှားမှုအဆင့်၊ လေရဲ့ အပူချိန်နဲ့ စိုထိုင်းဆတို့အပေါ် မူတည်နေပါတယ်။ အစာစားပြီးတိုင်း ရေတစ်ဖန်ခွက် သောက်ပါ။ လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာလည်း ရေတစ်ဖန်ခွက်စီ သောက်ပေးပါလို့ ဒေါက်တာဘော်ဒလေက အကြံပြုထားပါတယ်။

ရေပက်ဖျန်းပါ

စိတ်ဖိစီးမှု ကင်းအောင် ပက်ဖျန်းရတဲ့ စပရေးကို လိုချင်ရင် ရေတံခွန်ဆီကို သွားပါ။ ရေတံခွန်ရဲ့ အခြေရှိ လေထဲမှာ စိတ်ဓာတ်ကျတာကို သက်သာစေတဲ့ မော်လီကျူး အမှုန်တွေ ပါဝင်နေပါတယ်။ ဝက်စ်လီရန် တက္ကသိုလ်ရဲ့ လေ့လာမှုအရ ၁၅-၃၀ မိနစ်လောက် ရေနဲ့ပက်ဖျန်း ပေးတာက စိတ်ဓာတ်ကျတာကို သက်သာစေတယ်လို့ သိရပါတယ်။ ဒါဟာ ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရိုတိုနင် ပမာဏကို တိုးစေလို့ပါ။ ဒါကြောင့် ရေတံခွန်နားကို သွားတဲ့အခါ အသက်ပြင်းပြင်း ရှူသွင်းရှူသွင်း လုပ်ပေးပါ။ ဒါမှမဟုတ် ရေပန်းနဲ့ ရေချိုးလိုက်ပါ။ ငါးမိနစ်လောက် ရေပန်းနဲ့ ရေချိုးပေးတာက ပူပင်သောကတွေကို သိသိသာသာ လျော့ကျသွားစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ရေသံကို နားဆင်ပါ

ကမ်းခြေမှာ နေတဲ့ရက်တွေမှာ သွေးဖိအားတွေ တည်ငြိမ်နေတယ်လို့ မထင်ဘူးလား။ ရေသံက စိတ်ကို အေးချမ်း တည်ငြိမ်စေပါတယ်။ အလာဘားမား ဆေးရုံသုတေသီတွေက ပင်လယ်ရေသံဟာ ကြားရသူ လူနာတွေကို သုံးညခန့် ကောင်းကောင်း အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ပင်လယ်ရေလှိုင်းသံနဲ့ လှိုင်းပုတ်သံတွေဟာ စိတ်ကို အေးချမ်းစေတာကြောင့်ပါ။ ဦးနှောက်ဟာ လှိုင်းသံ၊ ရေသံတွေအပေါ် ကောင်းတဲ့ တုံ့ပြန်မှု ပေးနိုင်လို့ ဖြစ်ပါတယ်။

ဇွန် Ref:By Good Health Originally
Source: http://www.yatanarpon.com.mm/cp/goodhealth/news-46907
source >>> http://www.facebook.com/notes/health-articles/စိတ်ဖိစီးမှု-လျော့ကျစေသည့်-ရေ/208606519270866

Thursday 27 September 2012

နှုတ်ခမ်းသားလေးတွေ အဆွဲဆောင်နိုင်ဆုံးဖြစ်အောင်

နှုတ်ခမ်းသားလေးတွေ အဆွဲဆောင်နိုင်ဆုံးဖြစ်အောင်



ဒီတစ်ပတ်မှာတော့ ရွှေမြန်မာမလေးတွေရဲ့ နှုတ်ခမ်းလေးတွေ အဆွဲဆောင်နိုင်ဆုံးဖြစ်အောင် ပြုလုပ်နိုင်တဲ့ အချက်တွေ ပြောပြချင်ပါတယ်။ ဒါလည်း ကျွန်မစာစောင်တစ်ခု ဖတ်ရတဲ့ဆောင်းပါးလေးပါပဲ။ ကိုယ်တိုင်လည်း စမ်းသပ်ပြီးထူးခြားတဲ့အတွက် ပြန်ပြီးမျှဝေလိုက်ပါတယ်နော်။
လူတစ်ယောက်ရဲ့ မျက်နှာမှာ အထူးခြားဆုံး၊ အလှပဆုံးဟာ မျက်လုံးလေးတွေဖြစ်သလို နှုတ်ခမ်းသားတွေကလည်း အဆွဲဆောင်ဆုံး ဖြစ်ပါသတဲ့။ အမျိုးသမီးတိုင်း၊ ဆယ်ကျော်သက်လေးတိုင်းဟာ
သူတို့ရဲ့ နှုတ်ခမ်းသားလေးတွေကို နူးညံ့ချောမွေ့လှပချင်တာ သဘာဝပဲမဟုတ်လား။ အလုပ်တွေများများလုပ်ပြီး ခပ်သွက်သွက် လှုပ်ရှားနိုင်မှ တန်ကာကျတဲ့ ကာလကြီးမှာ သဘာဝအလှကို ဂရုစိုက်ပေးဖို့ အချိန်အခက်အခဲ ရှိလာပါတယ်။ အချိန်နဲ့အမျှ အလုပ်လုပ်နေရတော့ သတိတရ အချိန်မပေးနိုင်တော့ဘူး ဖြစ်လာပါတယ်။ ဒါကြောင့် ရံဖန်ရံခါမှာ နှုတ်ခမ်းနီ၊ မိတ်ကပ်ကဲ့သို့သော ဖန်တီးအလှတွေပါ ကူညီပံ့ပိုးပေးရပါတော့တယ်။ ဒါမှလည်း ကြည့်ကောင်းပြီး အများအမြင်မှာ ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ မိန်းကလေးအများစုဟာ နှုတ်ခမ်းနီမျိုးစုံကို အနီရောင်မှ အနက်ရောင်ထိ အရောင်အမျိုးမျိုး ခြယ်သလာတာကို တွေ့ရပါတယ်။ နူးညံ့ပြီးချောမွေ့တဲ့ စိုစိုလက်လက် သဘာဝအတိုင်း လှပနေတဲ့ နှုတ်ခမ်းသားတွေကို ပိုင်ဆိုင်လိုရင် အောက်ပါအချက်များကို လိုက်နာကြည့်ပါ။

-          လှပသောနှုတ်ခမ်းလေးများ ရရှိလာအောင် ပြုလုပ်နိုင်သော အချက်များ
သင့်နှုတ်ခမ်းလေးတွေ မဲခြောက်ခြောက်ဖြစ်လာပြီဆိုရင် နှုတ်ခမ်းနီဆိုးတာရပ်လိုက်ပါ။ ဒန်းရွက်အရည်ကို လက်ညှိုးလေးဖြင့်ကော်ပြီး လက်ဖဝါးထဲအနည်းငယ်ထည့်ပါ။ ပြီးရင် မာဂျရင်း သို့မဟုတ် ထောပတ်အဖြူကို အနည်းငယ်သာကော်ပြီး ဒန်းရွက်အရည်ထဲထည့်ကာ မွှေပါ။ ပြီးမှ နှုတ်ခမ်းကိုသုတ်လိမ်းပေးပါ။ နှုတ်ခမ်းသားတွေ ပန်းသွေးရောင် လက်လာပါလိမ့်မယ်။ တတ်နိုင်ရင်တော့ ပွဲလမ်းသွားစရာရှိမှ နှုတ်ခမ်းနီဆိုးတာ အကောင်းဆုံးပါ။ 

နောက်တစ်မျိုးကတော့ နှုတ်ခမ်းသားလေးတွေက သဘာဝအတိုင်း လှနေသလိုဖြစ်ချင်တယ်ဆိုရင် နှင်းဆီပန်း နီနီရဲရဲကြီးတစ်ပွင့်ရဲ့ ပွင့်ချပ်လေးတွေကို ချွေလိုက်ပါ။ ထိုပွင့်ချပ်နီနီရဲရဲတွေကို ဂီး လို့ခေါ်တဲ့ ထောပတ်တစ်မျိုးနဲ့ ရောချေပေးပါ။ ပြီးရင် နှုတ်ခမ်းသားလေးတွေပေါ် ၁နာရီခန့် လိမ်းထားပေးပါ။ ပြီးနောက် ရေနဲ့ဆေးချပစ်ပါ။ 

ထိုကဲ့သို့ နေ့စဉ်လိမ်းပေးခြင်းဖြင့် နှုတ်ခမ်းသားလေးတွေ စိုလက်နူးညံ့လာပါလိမ့်မယ်။
နှုတ်ခမ်းသားလေးတွေ ခြောက်သယောင်းလာပါက ဗာဒံစေ့ကိုထောင်းပြီး ပျားရည်နှင့် နယ်ကာ နှုတ်ခမ်းလေးတွေပေါ် သုတ်ပေးပါ။ ပြီးရင် လက်ချောင်းလေးများဖြင့် အသာအယာနှိပ်နယ်ပေးပါ။ ညစဉ် ထိုကဲ့သို့ ပြုလုပ်ပေးနိုင်ပါတယ်။ 

ထိုသို့ နေ့စဉ်မှန်မှန် ပြုလုပ်သွားပါက နှုတ်ခမ်းသား ခြောက်သွေ့ခြင်းမရှိတော့ပါ။
လက်ကိုင်ပဝါပေါ်မှာ ပေါင်ဒါမှုန့် အနည်းငယ်ဖြူးပြီး ထိုလက်ကိုင်ပဝါအား သင့်နှုတ်ခမ်းသားလေးတွေ ပေါ်မှာ ဖိဖိပေးပါက နှုတ်ခမ်းသားလေးတွေ စိုလက်ချောမွေ့လာပါလိမ့်မယ်။ ထိုသို့ နေ့စဉ်ပြုလုပ်ခြင်းဖြင့် သင့်နှုတ်ခမ်းသားလေး တွေအားသဘာဝအတိုင်း စိုလက်နေအောင် ထိန်းထားနိုင်ပါပြီ။

နှုတ်ခမ်းအမြဲ ခြောက်သွေ့တတ်သူ ဖြစ်ပါက သံလွင်ဆီနှင့် ဗက်စလင်းတို့ကို ရောမွှေပြီး နှုတ်ခမ်းလေးတွေပေါ် တစ်နေ့ကို ၃ကြိမ်မှ ၄ကြိမ်အထိ သုတ်လိမ်းပေးပါ။ ထိုသို့မှန်မှန်လေးလုပ်ပေးပါက နှုတ်ခမ်းသားခြောက်သွေ့ခြင်းမှ ကင်းဝေးစေနိုင်ပါတယ်။

ရေ၊ ပျားရည်၊ ဂလစ်ဆရင်း၊ ဗာဒံစေ့ဆီတို့ကို ဆတူရောပြီး ပုလင်းလွတ်တစ်ခုမှာ ထည့်ကာ သမသွားအောင် ပုလင်းကို လှုပ်ရမ်းပါ။ နေ့စဉ် နှုတ်ခမ်းအား ထိုအရည်ကို သုတ်လိမ်းပေးပါ။ ညမအိပ်ခင် Lip Balmလိမ်းပေးပါ။ နှုတ်ခမ်းတွေမဲခြောက်လာပါကသံပရာရည်ကိုဂလစ်ဆရင်းနှင့်ရောကာ နှုတ်ခမ်း   အား သုတ်လိမ်းပြီး တစ်ညလုံးထားပါ။ မနက်မှ မျက်နှာသစ်ရင်း ဆေးကြောပစ်ပါ။

နောက်တစ်နည်းကတော့ ကျိုပြီးသားအုန်းနို့ စားပွဲတင်ဇွန်း၂ဇွန်းထဲသို့ ပျားဖယောင်း စားပွဲတင်ဇွန်း တစ်ဝက်ခန့်ရောပြီး အပူပေးပါ။ ပြီးရင်အအေးခံပြီး နှုတ်ခမ်းများကို သုတ်လိမ်းပေးနိုင်ပါတယ်။ ဒီလောက်ဆိုရင်တော့ ပျိုမေတို့လည်း နှုတ်ခမ်းသားတွေ ခြောက်သွေ့မနေအောင် ဂရုစိုက်လို့ရပြီထင်ပါတယ်…။ ။

Tuesday 25 September 2012

နန်းဆုကေဆွမ်၏ ခန္ဓာကိုယ် အ၀လွန်ခြင်းကို ထိန်းသောအစာစားနည်း

နန်းဆုကေဆွမ်၏ ခန္ဓာကိုယ် အ၀လွန်ခြင်းကို ထိန်းသောအစာစားနည်း

by nang kha yea on 25.9.2012

 ကျွန်မရဲ့ ခန္ဓာကိုယ်အ၀လွန်ချင်းကို ထိန်းထားသော အစာစားနည်းကတော့ ပုံမှန်စိတ်ကို
အလိုလိုက်ပြီး စားတတ်တဲ့အကျင့်ကိုပြောင်းပြီး အစာကိုချင့်ချိန်ပြီးစားနည်းပဲဖြစ်ပါတယ်
အရင်တုန်းက ခန္ဓာကိုယ်နဲ့စိတ်အကြောင်းကို နားမလည်ခဲ့တဲ့အတွက် စိတ်ကိုအလိုလိုက်ပြီးစားတယ်
ခန္ဓာကိုယ်ကို ငြင်းဆဲပြီး အစာငတ်ခံတဲ့အကျင့်တွေလုပ်ခဲ့ပါတယ်။ အဲ့ဒါတွေဟာ တစ်ခုမှမအောင်မြင်ခဲ့ပါဘူး
ဝိတ်ကျတဲ့အခါတအားကျပြီး ၀ိတ်တတ်တဲ့ အခါတအား တတ်ခဲ့ပါတယ်။ အဲ့ဒီအကျင့်တွေက ကိုယ်ခံအားမကောင်းဘူး။ ကြွတ်သားအားနည်းပြီး ထလာရင် လူက နှုံးနေတယ်။ နှလုံးတုန်တယ်။
စိတ်မကြည်ဘူး။ အမြဲစိတ်တိုနေတတ်တယ်။ အသက်အရွယ်ထက်ပိုပြီးမြန်စေတယ်။
အခုယောဂကျင့်စဉ်တွေကျင့်လာပြီး နောက်ပိုင်း မကောင်းတဲ့ အကျင့်တွေကိုပြောင်းလိုက်တယ်
အစာကိုညက်အောင်ဝါးတဲ့အကျင့်လုပ်ပေးတယ်။ အစာစားစဉ်ရေတလုတ် ထမင်းတလုတ် စားခြင်းကိုရှောင်တယ်။ အစာစားနည်းတွေလဲ ပြောင်းလိုက်တယ်။ နံနက်စာကိုဝအောင်စားတယ် မစားနိုင်ရင်တောင်မှ ဒိန်ချဉ် (သို့) အသီးအရွက်ဖျော်ရည်လေးသောက်ဖြစ်
တယ် တစ်ခါကလည်းMRTV မှာလွှင့်တဲ့ ”ယဉ်တကိုယ်မယ်” အစီစဉ်ထဲမှာ ထည့်ပြောထားတော့ ဖုန်းဆက်ပြီးမေးကြတယ်


အခုလည်း Face Book  မှာထပ်ပြီးပါဝင်တဲ့ ပစ္စည်းတွေကို ပြောပြပါမယ်။ နံနက်စာကိုဝအောင်စားတော့
အစာအိမ်အားကောင်းလာတယ်။ ၀မ်းမှန်လာတယ်။ အ၀လွန်ခြင်းကိုလဲ သက်သာစေတယ်
စောစောအိပ် စောစောထ တဲ့အကျင့်ကိုလုပ်ပေးတော့ ကိုယ်ခံအားကောင်းလာတယ်
ခန္ဓာကိုယ်အတွင်းပိုင်းမှာရှိတဲ့ အစိတ်အပိုင်းတွေကောင်းလာတယ် စိတ်ဖိစီးမှုသက်သာလာတယ်
ခန္ဓာကိုယ် အစိတ်အပိုင်းအလုပ်လုပ်သွားတဲ့ပုံကိုတော့ စိတ်ရောကိုယ်ပါကျမ်းမာစေမည့်
နန်းဆုကေဆွမ် ယောဂ ကျင့်စဉ် စာအုပ်ထဲမှာ အသေးစိတ်ရေးထားပါတယ်
ဓာတ်ကြီးလေးပါးနှင့် ညီမျှအောင် အစားအစာနည်းလည်းပါတယ်။ကိုယ့်ရဲ့
ဓာတ်နဲ့ ကိုက်ညီမယ့်အစားအစာကို စားပေးခြင်းအားဖြင့် ရောဂါတွေကင်းစေပါတယ်။

စိတ်နှင့်ရုပ်ကြည့်လာတော့
မိမိ ကိုယ်ကိုမှာ ယုံကြည့်မှုရှိလာမည်။ စည်းကမ်းရှိလာမည်။ မိမိ စိတ်နဲ့ကိုယ်ပေါ်မှာယုံကြည်မှုရှိလာမည်
စည်းကမ်းရှိလာမည်။ မိမိစိတ်နဲ့ ခန္ဓာကိုယ် ပေါ်မှာပိုပြီးရိုးသားလာမယ်။ ရောဂါဖြစ်အောင်အစားနဲ့
သစ္စာမဖောက်တော့ဘူး။ မကျန်းမာရင် ဘာမှမကောင်းဘူး။ ရုပ်နဲ့ စိတ်ဓာတ်တွေကျဆင်းလာမယ်
ငွေကုန်ကျေးကျလည်းများမယ်။

ဓားပြတိုက်သလို ငွေကုန်သွားတယ်။ ဆေးစွဲသောက်တာလည်းကောင်းတာ မဟုတ်ဘူး။ ကိုယ်ခံအားလျှော့နည်းစေတယ်။ ခန္ဓာကိုယ်ကို အတွင်းပိုင်းမှာရှိတဲ့ အစိတ်အပိုင်းတွေ ပျက်စီးစေပါတယ်။ အဲဒါကြောင့် မကောင်းတဲ့ အကျင့်လေးပြောင်းပြီး ခန္ဓာကိုယ်နဲ့ စိတ်ကို ဖိအားမပေးပဲ သတိနဲ့ အစာကို ညက်အောင်စားတဲ့ အကျင့်လေးလုပ်ပေးတယ်။ အစာကို ညက်အောင်ဝါးပေးတဲ့အတွက်ကြောင့် အစာအိမ်အချဉ်ပေါက်တာဆားဓါတ်တွေ များတာသက်သာစေတယ်။ အစာအိမ်အားကောင်းလာစေတယ်။ အဆီနဲ့ အငံကိုလည်း လျှော့စားဖြစ်လာမယ်။ ဖြစ်နိုင်လျှင် အသီးအရွက်တွေကို များများစားပြီး ညစာကို အသားစားခြင်းကို ရှောင်တယ်။ အစာကြေလွယ်တဲ့ အစားအစာကို စားပေးတယ်။ ညစာကို အရမ်းဝအောင် မစားဘူး။
အသီးအရွက်ကို ပိုစားဖြစ်တယ်။ အသီးအရွက်ကလည်း အခုခေတ်မှာ ဖြန်းဆေးတွေနဲ့ စိုက်တာများတော့ ရေနဲ့သေချာဆေးပြီး  ( ဆား (သို့) ဆိုဒါမှုန့် ) နဲ့ နာရီဝက်လောက်စိမ်ထားပြီး ရေပြန်ဆေးမှ သုံးရင်ပို၍ကောင်းစေတယ်။ မြန်မာပြည်မှာ ဖြန်းဆေးတွေကင်းတဲ့ အပင်ကြီးရတဲ့ အသီးအရွက်တွေပေါပါတယ်။ ရွေးစားလို့ရပါတယ်။ အဲဒါတွေက အစာအိမ်အားကောင်းအောင် အထောက်အကူပေးတဲ့ နည်းလမ်းများဖြစ်နိုင်တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကိုယ်ခံအားကောင်းနေမယ်။
အဆီ ( Calorie ) လောင်ကျွမ်းမှုအားကောင်းနေမယ်ဆိုရင် ကိုယ်အလေးချိန်ကျသွားတာထက် ကောင်းတဲ့ဒီလိုနည်းလမ်းကပိုကောင်းစေတယ်။

 အရင်တုန်းက ပိန်ချင်တော့ တစ်နေ့ကို ပေါင်ချိန် ၂ ခါ၊ ၃ ခါလောက်ချိန်တယ်။ ချိန်ပြီးရင် စိတ်ညစ်နေတော့တယ်။ အခုဆိုပေါင်ချိန်တစ်လတစ်ခါတောင် မချိန်ဖြစ်တော့ဘူး။ ကိုယ်အလေးချိန်နဲ့ မဆိုင်ဘူးဆိုတာ နည်းလည်လာတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်အမြင့်နဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန်တွေက ရှိနေရမယ်။ အဓိကက ကြွက်သားအားကောင်းပြီး သွေးလေလည်ပတ်မှုအားကောင်းပြီး ကိုယ်ခံအားကောင်းနေဖို့ အရေးကြီးတယ်။ အတွင်းပိုင်း အစိတ်အပိုင်းတွေကျန်းမာရင် အပြင်ပိုင်းကြည့်ကောင်းစေပါတယ်။ စိတ်ရောကိုယ်ရော ကျန်းမာစေတယ်။

                ဒိန်ချဉ်ဖျော်ရည်အတွက် ပါဝင်သော ပစ္စည်း

၁။  ဒိန်ချဉ်ခွက်တ၀က်
၂။  နွားနို့ခွက်တ၀က်
၃။  ပျားရည်ထမင်းစားဇွန်း ၂ ဇွန်း
၎။  သံပုရာသီး ၂ လုံး
                 အားလုံးရောမွှေပြီး မနက်ပိုင်းသောက်လျှင် ပိန်စေပြီး ညပိုင်းသောက်လျှင် ၀ဖြိုးစေပါသည်။ အစာအိမ်အူလမ်းကြောင်းကိုလည်း အားကောင်းစေပါသည်။
                 ဓာတ်ကြီးလေးပါးကို ညီညွတ်စေသော အသီးအရွက်ဖျော်ရည်
ပါဝင်သောပစ္စည်းများ
၁။ တရုတ်နံနံပင် ၃ ပင်
၂။ ဆလပ်ရွက် ၃ ပင်
၃။ ခရမ်းချဉ်သီး ၁ လုံး
၎။ ပန်းသီး ၁/၂ လုံး
၅။ သံပုရာသီး ၂ လုံး
၆။ ပျားရည် ၂ ဇွန်း ( ထမင်းစားဇွန်း )
 ( ဆီးချိုရှိသူများအတွက် ပျားရည်အစား ( ရခိုင်ငှက်ပျောသီး ) သုံးလို့ရပါသည်။ )
၇။ ရေခွက်တ၀က် ၁/၂ ခွက်အားလုံးကို စက်ဖြင့်ကြိတ်ပြီး ချက်ချင်းသောက်ပါ။
                         အကျိုးအာနိသင်မှာ ကိုယ်ခံအားကောင်းစေသည်။ အတွင်းပိုင်းမှာရှိတဲ့ အစာအိမ်အူလမ်းကြောင်း၊ ကျောက်ကပ်၊ အသည်း၊ သရက်ရွက်၊ နှလုံး အားကောင်းစေသည်။
 Nan Su Kay Swan on Tuesday, March 13, 2012 at 7:06pm
source>>> http://www.facebook.com/myatsunhealtharticles

သင့်ကို ကိုယ်အလေးချိန် လျော့ကျစေမည့် အရည်ငါးမျိုး

သင့်ကို ကိုယ်အလေးချိန် လျော့ကျစေမည့် အရည်ငါးမျိုး

by nang kha yea on 25.9.2012
 

ကိုယ်အလေးချိန် လျော့ကျစေဖို့ လျှို့ဝှက်ချက်ဟာ သင်စားတဲ့ ထမင်းပန်းကန်ကို သတိထား ဂရုစိုက်ပေးဖို့ လိုရုံသာမက သင်သောက်တဲ့ ဖန်ခွက်ကိုလည်း  အလေးထားသင့်ပါတယ်။ ရေပန်းစားတဲ့ ဆော်ဒါ အချိုရည်တွေ၊ သစ်သီး အချိုရည်တွေနဲ့ စွမ်းအားဖြည့် အရည်တွေဟာ သကြား တွေနဲ့ ကာဗိုဟိုက်ဒရိတ်တွေ ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျော့ကျလိုသူတွေ အတွက်တော့ ရန်သူပါပဲ။ ဒါကြောင့် ကိုယ်အလေးချိန် သွယ်လျ ကျန်းမာလိုရင် အဲဒီအရည်တွေ အစား အောက်ပါ အရည်ငါးမျိုးကို သောက်သင့်ပါတယ်။


၁။ ရေ
ကိုယ်အလေးချိန် လျော့ကျရေးနဲ့ အသားအရေ ကျန်းမာလှပရေး အတွက် အကောင်းဆုံး အရည်ပါ။ ရေအေးပဲ ဖြစ်ဖြစ်၊ ရေနွေးပဲ ဖြစ်ဖြစ် သန့်ရှင်းနေရင် သောက်သင့်ပါတယ်။ ရေချည်း မသောက်ချင်ရင် လတ်ဆတ်တဲ့ သံပရာသီးစိတ် အနည်းငယ် ညှစ်ထည့်ပြီး သောက်ပါ။ သခွားသီးစိတ်၊ ခရမ်းချဉ်သီးစိတ် စတာတွေကိုလည်း ရေထဲ ထည့်ပြီး သောက်နိုင်ပါတယ်။

၂။ ဟင်းသီးဟင်းရွက် ဖျော်ရည်
သင့်ခန္ဓာကိုယ် အလေးချိန် လျော့ကျကာ ကျန်းမာစေဖို့ အတွက် လိုအပ်တဲ့ အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေဟာ ဟင်းသီးဟင်းရွက် ဖျော်ရည်မှာ ပါဝင်နေပါတယ်။ ဟင်းသီးဟင်းရွက် ဖျော်ရည်ဟာ အချိန်ကြာကြာ ဗိုက်ပြည့်စေပြီး အရသာဟာ သင့်လျှာတွေကို စိတ်ကျေနပ်မှု ပေးနိုင်ပါတယ်။

၃။ မချိုသော လက်ဖက်ရည်ကြမ်း
လက်ဖက်စိမ်း လက်ဖက်ရည်ဟာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပြီး ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ သင်က အချိုအရသာကို ကြိုက်ရင် လက်ဖက်စိမ်း လက်ဖက်ရည်ထဲကို ပျားရည် အနည်းငယ် ထည့်ပါ။ လက်ဖက်ရည်ကြမ်းနဲ့ အူလွန်(Oolong tea) လက်ဖက်ရည်ကိုလည်း သောက်သင့်ပါတယ်။ ဒီလက်ဖက်ရည်ကြမ်းတွေထဲမှာ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် သင့်ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ထွက်ရှိသွားစေပါတယ်။

၎။ ဘလက်ကော်ဖီ
နံနက်ခင်း အချိန်မှာ ဘလက်ကော်ဖီကို သောက်ပေးတာက ဆာလောင်မှုကို ဟန့်တားပေးနိုင်တာကြောင့် ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ ဘလက်ကော်ဖီဟာ ခန္ဓာကိုယ်ကို ပူစေပြီး ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် သင်သောက်တဲ့ ကော်ဖီထဲမှာ နို့ဆီနဲ့ သကြား မထည့်ပါနဲ့။

၅။ အဆီထုတ်ထားသော နွားနို့
အဆီနည်း နွားနို့ဟာ  ပရိုတင်း၊ ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်တို့ရဲ့ အကောင်းဆုံး အရင်းအမြစ် ဖြစ်ပြီး ကြွက်သားတွေ အားကောင်းအောင် တည်ဆောက်ပေးကာ အရိုးတွေကို သန်စွမ်း ကျန်းမာစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် မတက်အောင် အဆီနည်း နွားနို့ကို သကြားမရောဘဲ သောက်ပါ။ သင်က အချိုကြိုက်ရင် ချောကလက် အနည်းငယ် ထည့်ပြီး ချောကလက် နွားနို့ကို သောက်ပေးရင် လေ့ကျင့်ခန်း လုပ်ထားတဲ့ ကြွက်သားတွေကို သန်စွမ်း ကြံ့ခိုင်စေပါတယ်။


ကြယ်စင် (Ref;RD)
Ref: By Good Health
Source: http://www.yatanarpon.com.mm/cp/goodhealth/news-18189
shared : http://www.facebook.com/myatsunhealtharticles

တေးသံသာကြောင့် ရရှိနိုင်သော ကျန်းမာရေးရလဒ်ကောင်းများ

တေးသံသာကြောင့် ရရှိနိုင်သော ကျန်းမာရေးရလဒ်ကောင်းများ

by nang kha yea on 25.92012

အစားအသောက်ကို ကောင်းမွန်စွာ စားသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးလိပ်မသောက်ခြင်း၊ အရက်ကို အလွန်အကျွံ မသောက်ခြင်း စတဲ့ အချက်တွေဟာ နေ့စဉ်စတ်နဲ့ ခန္ဓာကို ကျန်းမာရေး ကောင်းမွန်နေစေသလိုပဲ တေးဂီတ သံစဉ်တွေကကော ကျန်းမာရေးကို ကောင်းမွန်စေသလားဆိုတာကို လေ့လာခဲ့ကြပါတယ်။ လေ့လာမှုအရ တေးဂီတ တူရိယာ ပစ္စည်းတစ်ခုခုကို တီးခတ်ပေးတာဟာ ဘဝအပေါ် ကြည်နူးခံစားမှုကို သိသိသာသာ ရရှိစေကြောင်း သိရပါတယ်။


တေးဂီတ၏ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိပုံ
တေးဂီတဟာ လူတွေရဲ့ စိတ်ကို အပန်းပြေစေပါတယ်။ ဒါဟာ စိတ်ဖိစီးမှုတွေထဲကနေ ရုန်းထွက်နိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်နေပါတယ်။ တေးဂီတ အမျိုးအစားပေါ် မူတည်ပြီး လူတွေရဲ့ ခံစားချက်အလိုက် လက်ရှိနေရာကနေ တခြားနေရာတွေကို ရောက်ရှိသွားသလို ခံစားရစေကာ မျှော်လင့်ချက်နဲ့ သတ္တိတွေကိုလည်း တိုးမြင့် ရရှိလာစေပါတယ်။ တေးဂီတဆိုတာ လူတွေကို စိတ်အပန်းပြေအောင် ကူညီနိုင်ကာ ဘဝအတွက် ခွန်အားသစ်တွေကို ပေးပါတယ်။

တေးဂီတဟာ ဘဝအခက်အခဲတွေကို ဖြတ်ကျော်ရာမှာ အားဖြင့်ပေးတယ်
အားလပ်ချိန်မှာ သင်တီးခတ်လိုတဲ့ တူရိယာ ပစ္စည်းတစ်မျိုးကို ရှာဖွေဝယ်ယူကာ တီးခတ်ပေးပါ။ တူရိယာ တီးခတ်နည်းကို အချိန်ပေး မသင်နိုင်ရင်တောင် သူငယ်ချင်းထံက တစ်ဆင့်၊ စာအုပ်တွေက တစ်ဆင့်၊ အွန်လိုင်းက တစ်ဆင့် သင်ယူလေ့လာနိုင်ပါတယ်။ တူရိယာကို တီးခတ်ပြီး ပရော်ဖက်ရှင်နယ်အဖြစ် ရပ်တည်မှာ မဟုတ်တဲ့အတွက် ဒီလောက်တီးတတ်ရင် အဆင်ပြေပါတယ်။

ဦးနှောက်စွမ်းအား ကောင်းစေတယ်
တူရိယာပစ္စည်း တစ်ခုခုကို တီးခတ်ရတာ ပျော်စရာကောင်းသလို လွယ်လည်း လွယ်ပါတယ်။ အသံမြည်အောင် တီးရတာပဲ ဘယ်သူမဆို တီးတတ်ပါတယ်။ တစ်ခါမှ မတီးခတ်ဖူးသေးတဲ့ တူရိယာပစ္စည်းတစ်ခုကို စမ်းသပ်တီးခတ် ကြည့်တဲ့အခါ သင်ယူလေ့လာ နေရတဲ့အတွက် ဦးနှောက်စွမ်းအား ကောင်းပြီး အယ်လ်ဇိုင်းမားရောဂါလို သက်ကြီးအတိတ်မေ့ ရောဂါတွေရဲ့ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ ဒါ့အပြင် တွေးခေါ်ဖန်တီးနိုင် စွမ်းအားကိုလည်း ကောင်းမွန်စေပါတယ်။

အပေါင်းအသင်း ဝင်ဆံ့စေတယ်
တေးဂီတဟာ ဘယ်အသက်အရွယ်မဆို၊ ဘယ်လို အသိုင်းအဝိုင်းမှာမဆို တစုတစည်းတည်း ဖြစ်သွားစေပြီး ပေါင်းသင်းဆက်ဆံရေးကို ခိုင်မာကောင်းမွန်စေပါတယ်။

ဇွန်
Ref: Good Health
Source: http://news.yatanarpon.com.mm/news/news-4249
from>> http://www.facebook.com/notes/health-articles

ဆီးချိုရောဂါ ရှိသူများအတွက် ဆောင်ရန် ရှောင်ရန် စားသုံးရန်

ဆီးချိုရောဂါ ရှိသူများအတွက် ဆောင်ရန် ရှောင်ရန် စားသုံးရန်
by nang kha yea on 25.92015


*အုပ်စု ( ၁ ) လုံးဝရှောင်ရမည့် အစားအစာများ ။

သကြားနှင့် သကြားပါဝင်သော အစားအသောက်များ အားလုံးကို လုံးဝ (လုံးဝ )ရှောင်ရပါမည်။
သကြား ၊ ဂလူးကို့ စ် ၊ ကြံသကာ ၊ ထန်းလျက် ၊ ယိုအမျိုးမျိုး ၊ ချိုချဉ် ၊ ချောကလက် ၊ အိုက်စ် ကရင် ၊ လမုန့်  ၊ ထိုးမုန့် ၊ မလိုင်မုန့်  ၊ အဖျော်ယမကာ အမျိုးမျိုး ၊ စည်သွပ်အမျိုးမျိုး

*အုပ်စု ( ၂ ) ကြုက်သလောက် စားသုံးနိုင်သော အစားအစာများ

ဤ အစားအသောက်များကို မိမိနှစ်သက်ပါက စိတ်တိုင်းကျ စားသုံးနိုင်သည့်အပြင် ဗိုက်ဝ အောင်လည်း စားနိုင်ပါသည် ။

(၁) စိမ်းစိုသော ဟင်းရွက် အမျိုးမျိုး ။
ဗူးရွက် ၊ ကန့် စွန်းရွက် ၊ မန်ကျည်းရွက် ၊ ချဉ်ပေါင်ရွက် ၊ ဆူးပုတ်ရွက် ၊ မြင်းခွါရွက် ၊ ဂေါ်ဖီထုပ် ၊ ဂေါ်ဖီပွင့် ၊ ပန်းမုံလာ ၊ ကိုက်လန်ရွက် ၊ မုန်ညင်းရွက် များ ။

(၂ ) မချိုသော အသီးအမြစ်များ ။
ခရမ်းချဉ်သီး ၊ သံပုရာသီး ၊ ရှောက်သီး ၊ ဆီးဖြူသီး ၊ မျှစ် ၊ မုန်လာဥဖြူ ၊ ဗူးသီး ၊ ဂေါ်ရခါးသီး ၊ ခရမ်းသီး ၊ ကင်းပုံသီး ၊ ခဝဲသီး ၊ ရုံးပတီသီး ၊ ဂွေးချိုသီး ၊ သလဲသီး ။

( ၃ ) သား / ငါး များ ။
ကြက် ၊ ဘဲ ၊ ဆိတ် ၊ အမဲ ၊ ဝက် ၊ ငါး ၊ ပုဇွန် ၊ ကြက်ဥ ၊ ငုံးဥ ။

( ၄ ) ကော်ဖီ / လက်ဖက်ရည် ။
သကြား ၊ နို့ ဆီ ၊ နို့ မှုန့်  မသုံးရ ။ ဆက်ကရင် နှင့် အခြားအချိုတုများ သုံးနိုင်ပါသည် ။ နို့ ကိုလည်း အသင့်အတင်း သုံးနိုင်ပါသည် ။

*အုပ်စု ( ၃ ) သင့်တင့်သော အတိုင်းအတာထိသာ စားသင့်သော အစားအစာများ ။

ဤအစားအသောက်များသည် ကစီဓါတ်အများဆုံး ပါရှိပါသည် ။မိမိနှင့် သင့်တော်သော တစ်နေ့ အတွက် ကစီဓါတ် ယူနစ် ပမာဏကို ဆရာဝန်နှင့် တိုင်ပင်ရန် လိုအပ်ပါသည် ။ ( မိမိဖြစ်နေသော အခြေအနေအလုံးစုံသိသောမြင်သော ဆရာဝန်များကို ပြောကြားခြင်းဖြင့် အကုအညီယူပါ )

(၁) ဆန်နှင့်ပြုလုပ်သော အစားအစာများ -
ထမင်း ၊ ဆန်ပြုတ် ၊ မုန့် တီ ၊ မုန့် ဟင်းခါး ၊ ဆန်ခေါက်ဆွဲ ၊ ကောက်ညှင်း ။

(၂ ) ဂျုံ နှင့်ပြု့ လုပ်ထားသော အစားအစာများ -
ခေါက်ဆွဲ ၊ ပေါင်မုန့်  ၊ နံပြား ၊ ဂျပါတီ ၊ ပူတီ ၊ ဘီစကစ် ၊ အီကြာကွေး ၊ ထပ်တရာ ၊ ပလာတာ ၊ စမူဆာ ၊ ပေါက်စီ ။

( ၃ ) ကစီဓါတ်များသော အသီးနှင့်ဥများ -
အားလူး ၊ ရွှေဖရုံ ၊ ကန်စွန်းဥ ၊ ပိန်းဥ ၊ ခါကြက်ဥ ၊ ပဲအမျိုးမျိုး ၊ နာနတ်သီး ၊ လိမ္မော်သီး ၊ သရက်သီး ၊ဌက်ပျောသီး ၊ ပိန္နဲသီး ၊ မာလကာသီး ၊ သြဇာသီး ၊ ဒူးရင်သီး ၊ စိမ်းစားဥ ။

လက်နာနာဖြင့် ရေးသားမျှဝေပါသည် Mg Mandalay
source>>>http://www.facebook.com/mg.mandalay

အကျီင်္လှလှလေး ၀တ်ဖို့ Emergency ၇ရက်အတွင်း ၀ိတ်ချနည်း

''အကျီင်္လှလှလေး ၀တ်ဖို့ Emergency ၇ရက်အတွင်း ၀ိတ်ချနည်း''
by nang kha yea on 25.9.2012
သူငယ်ချင်း မင်္ဂလာဆောင်သွားစရာ ရှိလို့၊ ညစာစားပွဲ သွားရမှာမို့ အရေးပေါ် ၁ပတ်အတွင်း ၀ိတ်ချချင်ရင် အလုပ်ဖြစ်တဲ့ နည်းလေး တစ်ခုကို မျှဝေပေးချင်ပါတယ်။ ဂေါ်ဖီထုပ်ဟင်းချို ချက်နည်းလေးပါ။ ဒီနည်းက


ရေရှည် ၀ိတ်ချချင်သူအတွက်တော့ အလုပ်မဖြစ်ပေမယ့် ၁ပတ်အတွင်း အကျီင်္လှလှလေး ၀တ်ဖို့အတွက်တော့ သင့်လျော်တဲ့နည်းပါ။ ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ အသီးအရွက်များဖြစ်တဲ့ ဂေါ်ဖီ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ မှို စသည့်တို့ဖြင့် ပြုတ်ထားသော ဟင်းချိုကို ထမင်းနဲ့ ဟင်း နေရာမှာ အစားထိုး စားသုံးရမှာဖြစ်ပါတယ်။ ဟင်းချိုချည်းပဲ နေ့တိုင်းစားလို့ ဘယ်လို ဗိုက်ပြည့်မှာလဲလို့ ပြောစရာရှိပါတယ်။ ဂေါ်ဖီထုပ်ဟင်းချိုအပြင် သူ့နေ့အလိုက် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အမဲသား၊ အာလူး စသည်ဖြင့် တနေ့နဲ့ တနေ့ သူရဲ့ plan အတိုင်း အလှည့်ကျ စားသွားရင် ၁ပတ်အတွင်း အကျီင်္လှလှလေးတွေ ၀တ်နိုင်ပါလိမ့်မယ်
ပထမနေ့
- ဂေါ်ဖီထုပ်ပြုတ်ဟင်းချို နှင့် ငပျောသီးမှ လွှဲ၍ မိမိကြိုက်နှစ်သက်သော သစ်သီးများကို စားနိုင်သည်။ အရည်အတွက် မချိုသော လဘက်ရည်၊ cranberry juice နှင့် ရေကို သောက်သုံးနိုင်ပါသည်။

ဒုတိယရက်
- ဂေါ်ဖီထုပ်ပြုတ်ဟင်းချို နှင့် မိမိကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်သည်။ ပဲနှင့် ပြောင်းဖူးကိုတော့ မစားသုံးပါနှင့်။ ညစာအတွက် ဆုကြေးအနေနဲ့ အာလူးကင်ကို ထောပတ်နဲ့ တွဲဖက် သုံးဆောင်နိုင်ပါတယ်။ ဒါပေမယ့် ဒုတိယနေ့အတွက် သစ်သီးများ မစားပါနှင့်။

တတိယရက်
- ပထမရက် နဲ့ ဒုတိယရက်ကို ပေါင်းပြီ ဂေါ်ဖီထုပ်ဟင်းချို၊ သစ်သီး၊ ဟင်းသီးဟင်းရွက် အားလုံးကို သုံးဆောင်လို့ရပါတယ်။ ဒါပေမယ့် အာလူးကင်တော့ မပါပါဘူး။

စတုတ္တရက်
- ဂေါ်ဖီထုပ်ဟင်းချို နှင့် ငပျောသီး (စားနိုင်သလောက် အများဆုံး ၈လုံး) လောက်စားနိုင်ပြီ အဆီမပါသော နွားနို့(အများဆုံး ၂ခွက်) သောက်နိုင်ပါတယ်။

ပဉ္စမရက်
- အမဲသား ၂၂အောင်စ၊ ခရမ်းချဉ် (အများဆုံး ၆လုံး) ကို စားသုံးနိုင်ပါတယ်။ အမဲသား မစားသူများအတွက် အရေခွံမပါသော ကြက်သား(သို့)ငါးကို ပြုတ်၍ဖြစ်စေ၊ ကင်၍ဖြစ်စေ စားသုံးနိုင်သည်။ ခန္ဒာကိုယ်ထဲမှ uric acid ကို ဖယ်ရှားရန် တစ်နေ့လုံး ရေကို ၆ခွက်မှ ၈ခွက်ထိ သောက်ပေးပါ။ သို့ပေမယ့် ဂေါ်ဖီထုပ်ဟင်းချိုကို အနည်းဆုံး ၁ကြိမ်တော့ စားဖို့ မမေ့ပါနှင့်။

ဆဌ္ဖမနေ့
- တနေကုန် အမဲသားနှင့် ကြိုက်နှစ်သက်ရာ အရွက်တွေကို သုံးဆောင်နိုင်ပါသည်။ အမဲသားကို ၂၊ ၃တုံးထိပင် သုံးဆောင်နိုင်ပါသေးသည်။ သို့သော် အာလူးကင်တော့ မစားပါနှင့်။ ဂေါ်ဖီထုပ်ဟင်းချိုကတော့ အနည်းဆုံး ၁ကြိမ်သောက် စားပေးပါ။

သတ္တမနေ့
- ထမင်းအညှိ၊ မချိုတဲ့ သစ်သီး နှင့် ဟင်းသီးဟင်းရွက် စားလို့ရပါတယ်။ ဂေါ်ဖီထုပ်ဟင်းချိုကိုတော့ အနည်းဆုံး ၁ကြိမ်တော့ သောက်ပေးပါအုန်း။

မှတ်ချက် ။ ။ ဒီဝိတ်ချနည်းက ရက်တို ရရက်အတွက်သာ ဖြစ်ပါသည်။ ၇ရက်ပြည့်သွားလျှင် ၂ပတ်ပုံမှန် စားနေကျအတိုင်း ပြန်စားပြီမှ ဒီဝိတ်ချနည်းအတိုင်း ပြန်စားရမှာပါ။ ရေရှည်စားဖို့ သင့်လျော်တဲ့နည်းမဟုတ်ပါ။

ဂေါ်ဖီထုပ် ဟင်းချိုချက်နည်း

ပါဝင်ပစ္စည်းများ
• ဂေါ်ဖီထုပ် - ၁စိတ် ( တကိုက်စာ အရွယ်ပိုင်းပေးပါ)
• မုန်လာဥနီ - ၂ဥ (ပါးပါးလှီးပါ)
• ငရုတ်ပွစိမ်း - ၂ခု (အစေ့ထုတ် အတုံးသေးများ တုံးပေးပါ)
• မှို - ၁၀ကျပ်သား (ထပ်ခြမ်းခြမ်းပေးပါ)
• ခရမ်းချဉ်သီး - ၂လုံး ( ၈စိမ်စိပ်ပေးပါ)
• ကြက်သွန်မြိတ် - ၁စည်း ( ပါးပါးလှီးပါ)
• ဟင်းခတ်အမှုန့် - စားပွဲတင်ဇွန်း ၁ဇွန်း
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• တုံယမ်းအခဲ - ၁ခဲ (optional)
• ဆား (လုံးဝ မထည့်ရပါ)

ချက်ပြုတ်နည်း

၁။ အိုးတစ်ခုထဲ ရေ(ရခွက်) ထည့်ပေးပြီ ဆူအောင်တည်ထားပေးပါ။
၂။ ဆူလာလျှင် ပါဝင်ပစ္စည်းများဖြစ်သော (ဂေါ်ဖီထုပ်၊ ငရုတ်ပွစိမ်း၊ မုန်လာဥနီ)တို့ကို ထည့်ပေးပါ။
၃။ ပြီမှ အနူလွယ်သော (မှို၊ ခရမ်းချဉ်သီး) တို့ကို ထည့်ပေးပြီ အရသာအတွက် ဟင်းခတ်မှုန့် နှင့် တုံယမ်းအခဲတို့ကို ထည့်ပေးပါ။
၎။ ဟင်းရွက်များ နူပြီဆိုလျှင် ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့်တို့ကို ဖြူးပေးပါ။

မှတ်ချက် ။ ။ ဂေါ်ဖီထုပ်ဟင်းချိုကို များများစားပေးလျှင် ပိုဝိတ်ကျသည်။

Reference: Cabbage Soup Diet
ဘာသာပြန် : Wutyee Food House

source>>>http://www.facebook.com/pages/Wutyee-Food-House/280091162578

Monday 24 September 2012

အမျိုးသားတို့ စားသင့်သောအစားအသောက် (၁၀) မျိုး

အမျိုးသားတို့ စားသင့်သောအစားအသောက် - (၁၀) မျိုး
by nang kha yea 24.9.2012
အမျိုးသားတွေ အနေနဲ့ ဘဝတစ်လျှောက်လုံး ကျန်းမာရေးကောင်းနေဖို့အတွက် အမျှင်ဓာတ်များစွာ ပါဝင်ပြီး အဆီနည်း
တဲ့ အစာတွေကို များများစားသင့်ပေမယ့် အဆင်သင့်အစာတွေကိုပဲ ဖြစ်သလိုစားကြတာ များပါတ

ယ်။ အစားအသောက်
ရွေးချယ်မှု မှားယွင်းတဲ့အတွက် အဝလွန်တာ၊နှလုံးရောဂါနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။

၁။ ငှက်ပျောသီး

အခွံခွာထားတဲ့ ငှက်ပျောသီးတစ်လုံးမှာ ပိုတက်စီယမ်များစွာ ပါဝင်တာကြောင့် ကြွက်သား ကြွက်တက်တာ မဖြစ်အောင်


ကာကွယ်ပေးနိုင်ပြီး သွေးဖိအားကို လျော့ကျစေပါတယ်။ ငှက်ပျောသီးကိုစားရင် အဆစ်နဲ့ ကြွက်သားတွေကို နာကျင်မှု
ကင်းစေပါတယ်။ အကြောင်းကတော့ ငှက်ပျောသီးမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင် ပါဝင်ပါတယ်။ ငှက်ပျောသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောကို လျော့ကျစေပါတယ်။ ဒါ့အပြင် မဂ္ဂနီစီယမ် ပါဝင်တာကြောင့် လေဖြတ်ဝေဒနာကို လျော့ကျစေပါတယ်။

၂။ ဂျုံမှုန့်အကြမ်း

အမျိုးသားတွေအတွက် အသင့်တော်ဆုံး နံနက်စာက ဂျုံမှုန့်အကြမ်းနဲ့ လုပ်ထားတဲ့ မုန့် (Oatmeal Snack) နဲ့ ကွေကာ
(Oatmeal Cereal) တို့ပဲဖြစ်ပါတယ်။ ဒီအစားအသောက်တွေကို မုန့်ပုံးတွေ၊ အဆင်သင့်စီမံထားတဲ့ ကွေကာအုတ်တွေ
အနေနဲ့ City Mart ဆိုင်ကြီးတွေမှာ ရနိုင်ပါတယ်။ ဂျုံမှုန့်အကြမ်းပါတဲ့ နံနက်စာ တစ်ကြိမ်စားရင် အမျှင်ဓာတ်များများပါ
ဝင်ပြီး ဗိုက်ပြည့်စေကာ သွေးတွင်း သကြားဓာတ်ဟန်ချက် ညီနေပါလိမ့်မယ်။ ဒါပေမဲ့ သွေးတွင်း ကိုလက်စထရောအဆီလျော့ကျပါလိမ့်မယ်။ ဂျုံမှုန့်အကြမ်းတွေမှာ ခုခံအားစနစ် ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှုကို တွန်းလှန်ပေးမယ့်ဗီတာမင်ဘီအုပ်စုနဲ့ အင်တီအောက်ဆီးဒင့် ပေါများစွာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ပေါများစွာ ပါဝင်ပါတယ်။

၃။ ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေများစွာ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးမှာ အရောင်ပြာစေ
တဲ့ အန်သိုဆိုင်ယာနင်ဆိုတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် ခန္ဓာကိုယ်အနှံ့ရှိ ဖရီးရယ်ဒီကယ်တွေကို ထိခိုက်
ပျက်စီးစေပါတယ်။ ဒါကြောင့် အိုမင်းမှုနဲ့ တစ်သျှူးထိခိုက်မှုတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၎။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက ဆီးကျိတ် ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ အကြောင်းကတော့ အင်တီအောက်ဆီးဒင့်လိုင်
ကိုပင်း ပါဝင်လို့ပါ။ အစွမ်းထက် ကာရိုတီးနွိုက် ပါဝင်တာကြောင့် ခရမ်းချဉ်သီးအရောင် နီမြန်းရတာ ဖြစ်ပြီး အမျိုးသားတစ်ဦးရဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေတဲ့ အစွမ်းရှိပါတယ်။ အထိရောက်ဆုံး အာနိသင်ရဖို့အတွက်မစားခင်မှာ ခရမ်းချဉ်သီးကို ချက်ပြီးစားသင့်ပါတယ်။ ချက်ပြီးသား ခရမ်းချဉ်သီးဟင်းမှာပါတဲ့ လိုင်ကိုပင်းကို ခန္ဓာကိုယ်ကပိုမိုစုပ်ယူနိုင်ပါတယ်။

၅။ သံလွင်ဆီ

တစ်နေ့မှာ သံလွင်ဆီ ထမင်းစားဇွန်းနှစ်ဇွန်းစားပေးရင် ကိုယ်အလေးချိန်ကို လျော့ကျစေကာစိတ်ခံစားမှု ကောင်းစေပြီး
ရောဂါဝေဒနာဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သံလွင်ဆီကကောင်းတဲ့အဆီဖြစ်ပြီး မပြည့်ဝဆီ ဖြစ်တာကြောင့် ကာရိုတီးနွိုက်နဲ့ ဗီတာမင်အီးတွေလို အင်တီအောက်ဆီးဒင့်ပါဝင်ပါတယ်။ ဒါကြောင့်သံလွင်ဆီကို စားရင်သွေးဖိအားကို လျော့ကျစေပြီး ကင်ဆာရောဂါ ကြီးထွားမှုကို လျော့ကျစေကာ ရင်ကျပ်ပန်းနာနဲ့ အဆစ်ရောင်နာရဲ့ ပြင်းထန်မှုကို လျော့နည်းစေပါတယ်။ သံလွင်ဆီမှာ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို လျော့ကျစေမယ့် ရောင်ရမ်းမှုကျစေတဲ့ အာနိသင် ရှိတာကြောင့်ပါ။

၆။ သီဟိုဠ်စေ့

သီဟိုဠ်စေ့မှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီစီယမ်နဲ့ ဗီတာမင်အီးတို့ ပါဝင်တာကြောင့် ဆီးကျိတ်ကို
ကာကွယ်ပေးနိုင်ပါတယ်။ သီဟိုဠ်စေ့မှာ အပင်ထွက် အိုမီဂါ ၃ ဖက်တီးအက်စစ် ကောင်းမွန်စွာ ပါဝင်ပါတယ်။ လေ့လာမှုအရ သီဟိုဠ်စေ့စားတဲ့ ကျန်းမာနေတဲ့ သူကကောင်းတဲ့ ကိုလက်စထရော ပမာဏ မြင့်တက်နေပြီး မကောင်းတဲ့ကိုလက်စထရော လျော့ကျနေတာကြောင့် နှလုံးသွေးကြောရောဂါ အန္တရာယ်ကို လျော့နည်းစေပါတယ်။

၇။ ပန်းဂေါ်ဖီစိမ်း

နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေဟာ အသက် ၃၅နှစ်ကျော်တဲ့ အမျိုးသားတွေမှာအဖြစ်များဆုံး ကျန်းမာရေးအန္တရာယ်
တွေ ဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းဟာ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီ
စိမ်းမှာ ခုခံအားစနစ်ကို တိုးမြင့်စေတဲ့ ဗီတာမင်အေ၊ စီနဲ့ အီးတို့ ပါဝင်ပါတယ်။ ဒါကြောင့် သွေးဖိအားကို ကောင်းမွန်စေ
ပါတယ်။ ပန်းဂေါ်ဖီစိမ်းကို စားတာကြောင့် ခန္ဓာကိုယ်ထဲကဟိုမိုစစ်စတင်း အဆင့်ကို လျော့ကျစေပါတယ်။ ခန္ဓာကိုယ်ထဲ
မှာ ဟိုမိုစစ်စတင်း အဆင့်များရင် နှလုံးရောဂါ၊လေဖြတ်ဝေဒနာနဲ့ နှလုံးနဲ့ ဆက်စပ်နေတဲ့ တခြားကျန်းမာရေး ပြဿနာ
တွေရဲ့ ဖြစ်နှုန်းကို တိုးစေပါတယ်။ အမျိုးသားတွေအနေနဲ့ ကင်ဆာရောဂါ ကင်းစေဖို့အတွက်သံဓာတ်၊ ကယ်လ်စီယမ်၊အမျှင်ဓာတ်၊ ဘီတာကယ်ရိုတင်းနဲ့ ဆာဖိုရာဖိန်းတွေ များစွာပါဝင်တဲ့ အစာတွေကို စားပေးသင့်ပါတယ်။

၈။ အဆီများသော ငါး

အဆီများတဲ့ ငါးတွေမှာ ကျန်းမာရေးအာနိသင် များများ ရှိပါတယ်။ ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ ဆာဒင်းငါးတွေမှာ အိုမီဂါ
၃ ဖက်တီးအက်စစ် ပေါများစွာ ပါဝင်ပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ထရစ်ပတိုဖန် ပါဝင်တာကြောင့်တစ်နေ့လုံး စိတ်တည်ငြိမ် အေးချမ်းပြီး တက်ကြွကာ အိပ်ရေးဝဝ အိပ်မောကျစေပါတယ်။

၉။ ပဲမည်း

ပဲမည်းမှာ ဆိုဒီယမ်၊ အဆီ၊ကိုလက်စထရောတို့ ပါဝင်မှုနည်းတဲ့ ပရိုတင်းပုံစံပါဝင်ပြီး အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။
ဒါကြောင့် ပဲမည်းကို စားပေးတဲ့အခါမှာ တစ်နေ့လုံး စွမ်းအင်တိုးစေပြီး မကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေ
ပါတယ်။ လေ့လာမှုအရ ပဲကပိုမည်းလေလေ အင်တီအောက်ဆီးဒင့် ပါဝင်မှုများလေလေဖြစ်တာကြောင့် ကင်ဆာနဲ့နှလုံးရောဂါတို့ မဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။

၁ဝ။ လက်ဖက်စိမ်း လက်ဖက်ရည်

သင့်ခင်ပွန်းကို လက်ဖက်စိမ်း လက်ဖက်ရည် တစ်နေ့တစ်ခွက် တိုက်ပါ။ လက်ဖက်စိမ်း လက်ဖက်ရည်မှာ အင်တီအောက်
ဆီးဒင့် ကက်တီချင် ပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေရဲ့ လှုပ်ရှားမှုကို တားဆီးပေးပြီး ခုခံအားစနစ်ကိုကောင်းစေတဲ့
အင်ဇိုင်းတွေ ထုတ်လုပ်မှုကို ကောင်းမွန်အောင် လှုံ့ဆော်ပေးပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်မှာပါတဲ့ ကတ်တီချင်
က တခြား လက်ဖက်ရည်တွေမှာပါတဲ့ ပမာဏထက် ပိုများတာကြောင့် ကင်ဆာကာကွယ်ရေးမှာ ပိုအစွမ်းထက်ပါတယ်။

By Good Health Originally posted
CΔnƉℓɛ
source>>> http://www.facebook.com/nangmy.nangmy

ရေကို အရသာရှိရှိ သောက်သုံးနိုင်ရန် . . .

ရေကို အရသာရှိရှိ သောက်သုံးနိုင်ရန် . . .

 by nang kha yea on 24.9.2012


ရေသောက်တာဟာ ဆော်ဒါပါတဲ့ အချိုရည်တွေ သောက်တာထက်ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် ကုန်ကျစရိတ်လည်း သက်သာနိုင်ပေမယ့် ရေဟာ အရသာ မရှိတာကြောင့် လူတွေ ရေများများ မသောက်ချင်တတ်ကြပါဘူး။ မိမိအိမ်မှာပဲ ရေကို

အရသာရှိရှိ သောက်နိုင်အောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ဖော်ပြပေးလိုက် ပါတယ်။

၁။ ဘယ်ရီသီး


စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ မွှေးကြိုင်တဲ့ အနံ့ကို ရေကစုပ်ယူနိုင်ပါတယ်။

သင်သောက်မယ့်ရေထဲကို စတော်ဘယ်ရီသီးကို ထက်ခြမ်းခွဲပြီး ခြေထည့်ပါ။


၂။ ဆား


ဈေးထဲမှာရောင်းတဲ့ ဓာတ်ဆားရည်နဲ့ အားဖြည့်အချိုရည်တွေမှာ စားပွဲတင်ဆားဟာ အဓိကပါဝင်ပါတယ်။

သောက်ရေထဲမှာ ဆားအနည်းငယ်ထည့်သောက်ရင် ခန္ဓာကိုယ်က ရေဓာတ်ကို မြန်မြန်စုပ်ယူနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်သူတွေဟာ ချွေးမှတစ်ဆင့် ဆားဓာတ်တွေ ထွက်သွားတာမို့ လေ့ကျင့်ခန်းလုပ်သူတွေအတွက်အသင့်တော်ဆုံးပါ။


၃။ ဝိုင်


ဝိုင်တစ်ဆကို ရေဆယ်ဆနဲ့ ရောစပ်ပြီးသောက်ရင် အနံ့အရသာရှိတဲ့ အရည်ဖြစ်သွားပါတယ်။


၎။ အချဉ်အရသာရှိသော အသီး


သံပုရာသီးကိုအရည်ညှစ်ပြီး ရေခဲခဲတဲ့ခွက်ထဲအနည်းငယ်ထည့်ကာ ရေခဲထားပါ။အဲဒီရေခဲကို ရေနဲ့စိမ်သောက်ရင် ဗီတာမင် C လည်း ရရှိမယ့်အပြင် အနံ့အရသာနဲ့ပါ ပြည့်စုံသွားပါမယ်။


၅။ ပူဒီနာ၊ နံနံပင်


ပူဒီနာ၊ နံနံပင် အစရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို အနည်းငယ်ကြိတ်ပြီး ရေထဲထည့်သောက်ပါ။


၆။ ချင်း (ဂျင်း)


ချင်းဖက်အနည်းငယ်ကို ရေနွေးပူပူထဲ ထည့်ပြီး သောက်ပါ။


အေးတဲ့ရာသီမှာ လည်းချောင်းရှင်းစေပြီး အပူဓာတ်လည်း ရရှိနိုင်ပါတယ်။


၇။ ရှလကာရည်


ရှလကာရည်ကို ရေထဲထည့် သောက်တာဟာလည်း သံပုရာသီး ထည့်သောက်သလိုမျိုး ဗီတာမင် C ရရှိတဲ့အပြင်အနံ့အရသာလည်း ပြည့်စုံသွားနိုင်ပါတယ်။


၈။ သခွားသီး


သခွားသီးကိုစိတ်ပြီး ရေထဲစိမ်သောက်ရင် လန်းဆန်းတဲ့ အရသာရရှိပြီး သခွားသီးနံ့လေးလည်း သင်းစေနိုင်ပါတယ်။
 
Ref: Good Health
CΔnƉℓɛ
source>>> http://www.facebook.com/nangmy.nangmy

Sunday 23 September 2012

အိမ်တစ်အိမ်၏ ပိုမွှားအများဆုံးနေရာ ခြောက်နေရာ

အိမ်တစ်အိမ်၏ ပိုမွှားအများဆုံးနေရာ ခြောက်နေရာ ..................
by nang kha yea on 23.9.2012

( ၁ ) မီးဖိုချောင်ဘေစင်
အိမ်သာခွက်ထဲမှာရှိတဲ့ ပိုမွှားတွေကြောင့် ဖျားနာမှုတွေ ရနိုင်တယ်ဆိုတာကို ကျွန်မတို့အားလုံး သိကြပါတယ်။ ဒါပေမယ့် အိမ်သာခွက်ထက် ဘေစင်မှာ ပိုးမွှားတွေ ပိုများ
တယ်ဆိုတာကိုတော့ မသိကြပါဘူး။ ပန်းကန်ခွက်တွေထဲက အစာအစအနတွေ၊ ပန်းကန်ဆေးရင်းကနေ ကပ်ကျန်နေတဲ့ အစားအစာတွေဟာ နာမကျန်းမှုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ရှင်သန်ပေါက်ဖွားစေပါတယ်။ ဒီလိုပိုးကောင်တွေဟာ လက်တွေ၊ အစားအစာတွေဆီကို ရောက်ရှိလာပါတယ်။

အိမ်သာကို ပိုးသတ်ဖို့ သတိရကြပေမယ့် ဘေစင်ကို သန့်ရှင်းရေးပုံမှန်လုပ်ပေးဖို့တော့ မေ့နေတတ်ပါတယ်။ သန့်ရှင်းရေးလုပ်တယ်ဆိုရင်လည်း ရေနဲ့ဆေးချတာကို သန့်ရှင်းသွားပြီလို့ ထင်တတ်ပါတယ်။ တကယ်တမ်း ဘက်တီးရီးယားတွေ မပေါက်ဖွားစေချင်ရင်တော့ ချွတ်ဆေးရည်ကို အသုံးပြုသင့်ပါတယ်။ ဆေးများများနဲ့ ဆေးချပစ်ပြီး ပိတ်ဆို့နေတာတွေကို ဖယ်ရှားပေးရပါမယ်။ ပြီးရင် လက်ဆေးဖို့လည်း မမေ့သင့်ပါဘူး။

( ၂ ) သွားပွတ်တံ
တစ်နေ့နှစ်ကြိမ်ခန့် ပါးစပ်ထဲထည့်တတ်တဲ့ သွားပွတ်တံမှာ ပိုးကောင်ပေါင်းများစွာက အခွင့်အရေးတွေကို စောင့်ပြီး ချောင်းမြောင်း နေပါတယ်။ သွားတိုက်ပြီးလို့ သွားပွတ်တံကို ဆေးပြီးရင် အဲဒီအစိုအတိုင်းပဲ ထားတတ် ကြပါတယ်။ ဘက်တီးရီးယားတွေဟာ စွတ်စိုထိုင်းမှိုင်းမှုကို သဘောကျပါတယ်။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ ရှင်သန်ပေါက်ဖွား တတ်ကြပါတယ်။ ဒါကြောင့် သွားတိုက်တံကို သုံးပြီးရင် လေဝင်လေထွက်ကောင်းတဲ့ နေရာမျိုးမှာ ထားသင့်ပါတယ်။ ဒီနေရာဟာ အိမ်သာနဲ့ဝေးတဲ့နေရာလည်း ဖြစ်ရပါမယ်။ အိမ်သာကို သန့်ရှင်းရေးလုပ်တဲ့အခါမျိုးမှာ ပြန့်ထွက်လာတတ်တဲ့ ပိုးကောင်တွေဟာ ရေချိုးခန်းတစ်ဝိုက်မှာ အနည်းဆုံးနှစ်နာရီခန့် ရှင်သန်နေထိုင်နိုင်ပါသေးတယ်။ နေမကောင်းဖြစ်ပြီးတဲ့ အခါတိုင်းမှာလည်း သွားပွတ်တံကို လဲပေးသင့်ပါတယ်။

( ၃ ) ဆားဘူးနှင့် ငရုတ်သီးဘူး
ကျွန်မတို့ အိမ်ရဲ့ အညစ်ညမ်းဆုံး နေရာတွေဟာ ထမင်းစားပွဲခုံပေါ်မှာလည်း ရှိနေနိုင်ပါတယ်။ အအေးမိစေတဲ့ ဗိုင်းရပ်စ်တွေဟာ ငရုတ်သီး၊ ဆားဘူးတို့လိုမျိုး အကိုင်အတွယ်များတဲ့ နေရာတွေမှာ ရှိနေတတ်ပါတယ်။ ဒါကြောင့် အစားအသောက်တွေ ပြင်ဆင်ပြီးတဲ့အခါ၊ စားသောက်ပြီးတဲ့ အခါတွေမှာ ခုံကို သန့်ရှင်းရေးလုပ်တိုင်း ဒီဘူးတွေကိုပါ အဝတ်နဲ့ သုတ်ပေးရပါမယ်။ ပိုမွှားတွေ ပြန့်ပွားတာကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ လက်ကိုမကြာခဏ ဆေးပေးခြင်းပါပဲ။

( ၄ ) ရီမုတ်
ဒီပစ္စည်းလေးဟာ ကြမ်းပြင်ပေါ် ကျနေနိုင်သလို ဆိုဖာတွေ ကြားမှာလည်း ညပ်နေနိုင်ပါတယ်။ ဒီလိုနေရာမျိုးတွေမှာ နှာချေခြင်း၊ ချောင်းဆိုးခြင်းက ထွက်လာတဲ့ပိုးမွှားတွေ စုပုံနေတတ်ပါတယ်။ ရီမုတ်တစ်ခုတည်းကိုပဲ တစ်အိမ်သားလုံးက သုံးစွဲကြပါတယ်။ ဒါကြောင့် အိမ်ရှိ လူတိုင်းဟာ ပိုးကောင်ပေါင်းများစွာနဲ့ ထိတွေ့နိုင်ပါတယ်။ ရီမုတ် ၅၀ ရာခိုင်နှုန်းမှာ အအေးမိစေတဲ့ ဗိုင်းရပ်စ်တွေ အဓိကရှင်သန်တတ်ပါတယ်။ ဒါကြောင့် အရက် ဒါမှမဟုတ် ချွတ်ဆေးအနည်းငယ်ကို သုံးပြီး သန့်ရှင်းရေး လုပ်ပေးသင့်သလို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးချိန်တွေမှာ လက်ဆေးပေးဖို့ လိုအပ်ပါတယ်။

( ၅ ) ကွန်ပျူတာကီးဘုတ်
ကွန်ပျူတာနားမှာ အစာစားမယ်၊ နှာချေမယ်၊ စားရင်း လက်မဆေးရသေးခင် သုံးနေမယ် ဆိုရင် ကီးဘုတ်ဟာ ရောဂါပိုးတွေ စုဝေးရာ နေရာကြီး ဖြစ်သွားပါလိမ့်မယ်။ ကျန်းမာရေးကို ထိခိုက်စေတဲ့ E-Coli နဲ့ Staph ပိုးကောင်တွေ စုဝေးနေတတ် ပါတယ်။ ကီးဘုတ် ၃၃ ခုမှာ လေးခုက ပိုးတွေအများအပြားရှိနေတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာအနားမှာ မဖြစ်မနေ အစာစားရမယ် ဆိုရင်လည်း အစာအစအန တွေ မကျန်ပါစေနဲ့။ အရက် ဒါမှမဟုတ် ချွတ်ဆေးကိုသုံးပြီး သန့်ရှင်းရေး လုပ်တဲ့အခါတိုင်း မှာ Mouse ကိုပါ သန့်ရှင်းပေးပါ။

( ၆ )ရချိုးခန်း
ကျွန်မတို့ကို သန့်ရှင်းစေတဲ့ ဒီရေချိုးခန်းကြီးဟာ သူကိုယ်တိုင်တော့ မသန့်ရှင်းပါဘူး။ ရေချိုးခန်းရဲ့ ပိုက်ဆက် နေရာတိုင်းမှာ ပိုးမွှားတွေ ခိုအောင်းနေ တတ်ပါတယ်။ ရေစိမ်ကန်တွေဆိုရင် ပိုဆိုးပါတယ်။ မှိုတွေဟာ စွတ်စိုထိုင်းမှိုင်းမှုကို သဘောကျတာကြောင့် ၈၁ ရာခိုင်နှုန်းသော ရေချိုးခန်းတိုင်းဟာ မှိုစွဲနေပြီး ၃၄ ရာခိုင်နှုန်းကတော့ ဘက်တီးရီးယားတွေ ခိုအောင်းနေတတ်ပါတယ်။ ဒါကြောင့်အိမ်သာကို သန့်ရှင်းရေးလုပ်ဖို့ သတိရတိုင်း ရေချိုးခန်းကိုပါ ထည့်သွင်း စဉ်းစားပါ။ အထူးသဖြင့် ပိုက်ဆက်နေရာတွေကို သတိထားပြီး သန့်ရှင်းရေးလုပ်ပေးပါ။
shared Mg Mandalay's photo.
source>>>>http://www.facebook.com/nangmy.nangmy

Saturday 22 September 2012

အမြန်ဆုံး ရင်ပူသက်သာအောင်

အမြန်ဆုံး ရင်ပူသက်သာအောင်

by nang kha yea on 23.9,2012
 Photo: အမြန်ဆုံး ရင်ပူသက်သာအောင်  မကြာခဏ ရင်ပူတာက နေထိုင် စားသောက်မှု ပုံစံနဲ့ ဆက်စပ် နေတတ်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချတာနဲ့ အစား အသောက်ကို နည်းနည်းနဲ့ မကြာခဏ စားတာတွေဟာ ရင်ပူတာကို သက်သာ စေနိုင်ပေမယ့် လတ်တလော ရင်ပူနေလို့ နေရတာ မသက်မသာ ဖြစ်နေရင် ပြုလုပ်သင့်တဲ့ နည်းတွေကို ရေးသားလိုက် ရပါတယ်။  ၁ ပီကေဝါးပါ  ပီကေ ဝါးတာကြောင့် တံတွေး အထွက်များကာ အစာရေမျိုပြွန်ဆီကို အစာအိမ် အက်စစ်တွေ ပြန်တက်ကာ ပူလောင်တဲ့ ခံစားချက်မျိုး မဖြစ်အောင် ဖြစ်တတ်ပါတယ်။  ၂ ချင်း(ဂျင်း) စားပါ  ချင်းတက်ဟာ ရိုးရာ အစာအိမ် ဝေဒနာ သက်သာစေတဲ့ ဆေးဖက်ဝင် အစာပါ။ ရင်ပူနေချိန်မှာ ချင်းပါးပါး တစ်လွှာ ဒါမှမဟုတ် ချင်းခတ်ထားတဲ့ လက်ဖက်ရည်ကြမ်းကို မှီဝဲပေးပါ။  ၃ မုန်ညင်းရွက်စားပါ  အဝါရောင် မုန်ညင်းမှုန့်ကို လက်ဖက်စားဇွန်း တစ်ဇွန်းလောက် စားပေးတာက ရင်ပူတာကို သက်သာစေပါတယ်။  ၄ ဗာဒံစေ့စားပါ  ထမင်းစားပြီး ဗာဒံစေ့ နှစ်စေ့၊ သုံးစေ့လောက် စားပေးတာက ရင်ပူ သက်သာစေပါတယ်။  ကေအမ် (Ref;RD) By Good Health


မကြာခဏ ရင်ပူတာက နေထိုင် စားသောက်မှု ပုံစံနဲ့ ဆက်စပ် နေတတ်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချတာနဲ့ အစား အသောက်ကို နည်းနည်းနဲ့ မကြာခဏ စားတာတွေဟာ ရင်ပူတာကို သက်သာ စေနိုင်ပေမယ့် လတ်တလော ရင်ပူနေလို့ နေရတာ မသက်မသာ ဖြစ်နေရင်

ပုလုပ်သင့်တဲ့ နည်းတွေကို ရေးသားလိုက် ရပါတယ်။

၁ ပီကေဝါးပါ

ပီကေ ဝါးတာကြောင့် တံတွေး အထွက်များကာ အစာရေမျိုပြွန်ဆီကို အစာအိမ် အက်စစ်တွေ ပြန်တက်ကာ ပူလောင်တဲ့ ခံစားချက်မျိုး မဖြစ်အောင် ဖြစ်တတ်ပါတယ်။

၂ ချင်း(ဂျင်း) စားပါ

ချင်းတက်ဟာ ရိုးရာ အစာအိမ် ဝေဒနာ သက်သာစေတဲ့ ဆေးဖက်ဝင် အစာပါ။ ရင်ပူနေချိန်မှာ ချင်းပါးပါး တစ်လွှာ ဒါမှမဟုတ် ချင်းခတ်ထားတဲ့ လက်ဖက်ရည်ကြမ်းကို မှီဝဲပေးပါ။

၃ မုန်ညင်းရွက်စားပါ

အဝါရောင် မုန်ညင်းမှုန့်ကို လက်ဖက်စားဇွန်း တစ်ဇွန်းလောက် စားပေးတာက ရင်ပူတာကို သက်သာစေပါတယ်။

၎ ဗာဒံစေ့စားပါ

ထမင်းစားပြီး ဗာဒံစေ့ နှစ်စေ့၊ သုံးစေ့လောက် စားပေးတာက ရင်ပူ သက်သာစေပါတယ်။

ကေအမ် (Ref;RD)
By Good Health
source>> http://www.facebook.com/nangmy.nangmy

ဆေးဝါး တစ်လက်ကဲ့သို့ အသုံးဝင်သော ကြက်သွန်ဖြူ

ဆေးဝါး တစ်လက်ကဲ့သို့ အသုံးဝင်သော ကြက်သွန်ဖြူ

by nang kha yea on 12.9.2012 
 
 ကြက်သွန်ဖြူ စားရင် ပါးစပ် နံတတ်တာကြောင့် ကြက်သွန်ဖြူကို မစားဘဲ ရှောင်ရှားနေမိပါသလား။ ကြက်သွန်ဖြူ စားလို့ ပါးစပ်နံတာကို တရုတ်နံနံ၊ သံပုရာသီးနဲ့ လိမ္မော်ခွံ စတာတွေကို စားပေးရင် အနံ့ဆိုး သက်သာနိုင်ပါတယ်။ သွားချေးတွေ ကင်းစင်စေပြီး ကိုလက်စထရော များတာနဲ့ ချောင်းဆိုးတာလို ကျန်းမာရေး ပြဿနာတွေကို ကင်းစင်စေဖို့ ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။

ကြက်သွန်ဖြူ အကြောင်း သိနားလည်ပါ

ဆိုဒီယမ် မှီဝဲမှုကို လျှော့ချနိုင်ဖို့ အတွက် ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။ ကြက်သွန်ဖြူကို ဝယ်ပြီးချိန်မှာ အာနိသင် မပျက်ပြယ်စေဖို့ အေးမြ ခြောက်သွေ့ပြီး မည်းမှောင်တဲ့ နေရာမှာ ထားပေးပါ။ ကြက်သွန်ဖြူရဲ့ အကျိုးကျေးဇူးကို အကောင်းဆုံး ရရှိစေဖို့ အတွက် အောက်ပါ နည်းလမ်းတွေကို လိုက်နာပေးပါ။

-အရင်ဆုံး အခွံခွာပါ

ကြက်သွန်ဖြူကို အခွံခွာပြီး အချိန် အနည်းငယ်ကြာမှ စားပါ။ ကြက်သွန်ဖြူက လေနဲ့ ထိတွေ့ပြီးမှ ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေကို ပိုထွက်လာစေပါတယ်။

-ကြက်သွန်ဖြူကို လှီးဖြတ်ပြီး ၁၀ မိနစ်ခန့်ထားပါ

ကြက်သွန်ဖြူကို လှီးဖြတ်ပြီးချိန်မှာ စဉ်းနှီတုံးပေါ်ကို ၁၀ မိနစ်လောက် ထားပေးပါ။ ကြက်သွန်ဖြူဟာ သွေးတိုးကို ကျစေတဲ့အပြင် ကင်ဆာရောဂါကိုပါ ကာကွယ်ပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။

ဇွန် (Ref;RD)
By Good Health
source >>> http://www.facebook.com/nangmy.nangmy

Friday 21 September 2012

ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် ၈ချက်

ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် ၈ချက်

by Health Articles on Thursday, September 20, 2012 at 9:53pm ·

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ အနည်းဆုံး တစ်ခု၊ နှစ်ခုလောက်တော့ သင့်မှာ ရှိနေနိုင်ပါတယ်။ သင်သတိမထား မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ ဒီလို အမူအကျင့်တွေ ရှိနေရင်တော့ ဒီနေ့ကစပြီး ပြင်ဆင်လိုက်ပါ။

ခြေထောက်ချိတ်ထိုင်ခြင်း

ခြေထောက်နှစ်ချောင်းယှက်ပြီးထိုင်တာ စတိုင်ကျလှပပေမယ့် သင့်ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ခြေထောက်သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ခြေထောက် သွေးကြောထုံးခြင်း(Varicose Vein)ကို ဖြစ်စေနိုင်ပါတယ်။ ဒူးအထက်ကနေ ခြေထောက်ကိုချိတ်ပြီး ထိုင်မယ်ဆိုရင်တော့ သွေးကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုအဟန့်အတား ဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ သင့်ခြေထောက် နှစ်ချောင်းကို ကြမ်းပေါ်တစ်ပြေးတည်း ချထားတာဟာ သင့်ခန္ဓာကိုယ် အလေးချိန်ကို ညီညီမျှမျှ ထိန်းထားပြီးသား ဖြစ်စေပါတယ်။
 

သွားပွတ်တံမလဲဘဲ ဆက်သုံးနေခြင်း

သွားပွတ်တံတစ်ချောင်းကို ကြာရှည်သုံးစွဲတာ မကောင်းပါဘူး။ သုံးလကို တစ်ချောင်းလဲ သုံးပေးပါ။ ပျက်စီးသွားတဲ့ သွားပွတ်တံရဲ့အမျှင်လေးတွေက သင့်သွားရဲ့ကြွေလွှာနဲ့ သွားဖုံးကို ပျက်စီးစေတာကြောင့်ပါ။ သွားဖုံးနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခု ဖြစ်ပွား နေချိန် မှာ အချိန်တစ်လ-တစ်လခွဲလောက်ကြာတိုင်း သွားပွတ်တံ တစ်ချောင်းလဲသုံးပေးပါ။ သင့်သွားပွတ်တံ အချောင်းတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ရှင်သန်ခိုအောင်း နိုင်တာကြောင့်ပါ။ သွားဖုံးရောဂါက ကောင်းသွားတာနဲ့ သွားပွတ်တံ အသစ် တစ်ချောင်း လဲသုံးဖို့နဲ့ သွားတိုက်ပြီးတဲ့ အခါတိုင်း သွားပွတ်တံကို ရေနွေးနဲ့ဆေးကြောဖို့ မမေ့ပါနဲ့။
    မကြာခဏ အပြင်ထွက်စားခြင်း

စားသောက်ဆိုင် အများစုဟာ လာရောက်စားသုံးသူတွေ ခံတွင်းတွေ့အောင် စီမံချက် ပြုတ်တတ်ကြပါတယ်။ အဲဒီလို ချက်ပြုတ်တဲ့အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဟင်းခတ်မှုန့်တွေ ပမာဏများများ ထည့်သွင်းချက်ပြုတ်ပြီး စားသုံးသူတွေကို ဆွဲဆောင်တတ် ပါတယ်။ တချို့စားသောက်ဆိုင် တွေမှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို ရွေးချယ်စားသောက်လို့ ရနိုင်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို မရွေးချယ်တတ်ခဲ့ရင် အိမ်မှာ ချက်ပြုတ်စားတာက သင့်ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါ။
  မနက်စာ မစားဘဲနေခြင်း

မနက်စာက သင့်တစ်နေ့တာ အတွက် အကောင်းဆုံး လိုအပ်ချက်ပါ။ သင်စားလိုက်တဲ့ မနက်စာကရတဲ့ ကယ်လိုရီကို သင့်ခန္ဓာကိုယ်က တစ်နေ့တာ အသုံးပြုမယ့် စွမ်းအင်တွေရအောင် ဖြိုခွဲပေးပါတယ်။ ဒါကြောင့် အစားအစာနဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချုပ်နေသူတွေ အနေနဲ့ မနက်စာမစားဘဲ နေတာမျိုး မလုပ်သင့်ပါဘူး။
  ဒေါက်မြင့်ဖိနပ် စီးခြင်း

သေးသွယ်တဲ့ ဒေါက်မြင့်ဖိနပ် လှလှလေးတွေက သင့်ရဲ့ ကိုယ်နေဟန်ထားကို လှပစေပေမယ့် သင့်ခါးအတွက် အန္တရာယ်ရှိပါတယ်။ လမ်းများများ လျှောက်ရတဲ့နေ့တွေနဲ့ သင့်အလုပ်များတဲ့ နေ့တွေမှာတော့ ဒေါက်မြင့်ဖိနပ် စီးတာ မသင့်တော်ပါဘူး။  ဒေါက်မြင့်ဖိနပ်လေး စီးပြီး ပွဲတတ်တာမျိုးလောက်ကတော့ သင့်ခါးကို မထိခိုက်စေနိုင်ပါဘူး။

ဆိုဖာပေါ်မှာ အိပ်ခြင်း

ကြမ်းပြင်ပေါ်မှာ အိပ်မယ့်အစားမွေ့ရာနဲ့ ခုတင်ပေါ်မှာအိပ်ပေးပါ။ တကယ်လို့ သင့်မှာ စပရင်ခုတင် အဟောင်းကြီးရှိနှင့်ပြီး၊ အသစ်မဝယ်ချင်သေးဘူး ဆိုရင်တော့ ခုတင်ပေါ်မှာ အထပ်သား သစ်သားပြားခံပါ။ သစ်သားပြားပေါ်မှာ မွေ့ရာထပ်တင်အိပ်ပါ။ မွေ့ရာက ဟောင်းနွမ်းပြီး ပြားကပ်နေရင်တော့ မအိပ်သင့်ပါဘူး။ အသစ်လဲပေးပါ။  ဆိုဖာခုံတွေပေါ်မှာလည်း အချိန်ကြာကြာ ထိုင်မနေသင့်ပါဘူး။
  ခေါင်းအုံးထူထူပေါ် အိပ်ခြင်း

လူအများစုက ခေါင်းအုံးထူထူတွေနဲ့ အိပ်တာကို နှစ်သက်ကြပါတယ်။ သင်ရဲ့ လည်ပင်း၊ ခါးနဲ့ ကိုယ်နေဟန်ထားတွေအတွက် မသင့်တော်ပါဘူး။ သင်အိပ်စက် အနားယူဖို့ တကယ်လိုအပ်တာက မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးပါ။ အဲဒီခေါင်းအုံးက အသုံးပြုတာများလို့ မှို့တွေပိပြားပြီး နဂိုခေါင်းအုံး ပုံသဏ္ဌာန် မဟုတ်တော့ဘဲ ပြောင်းသွားရင် မသုံးသင့်တော့ပါဘူး။ အသစ်တစ်လုံးလဲပေးပါ။ သင်ဟာ မှောက်အိပ်တတ်သူဖြစ်ရင်တော့ ခေါင်းအုံးပါးပါးတစ်လုံးနဲ့ အိပ်ပေးပါ။ ပက်လက် အနေအထားနဲ့ အိပ်တတ်တဲ့လူ ဖြစ်ရင်တော့ မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးနဲ့ အိပ်ပေးပါ။ ဒါမှ သင့်လည်ပင်းအတွက် အထောက်အကူ ဖြစ်စေမှာပါ။
  လေ့ကျင့်ခန်း မလုပ်ခြင်း

လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ်လို့ သိထားပေမယ့် သင်တကယ် လုပ်ဖြစ်ပါရဲ့လား။ ရောဂါဖြစ်လာမယ့် အချိန်ကိုစောင့်မနေပါနဲ့။ သင်ရဲ့ အမူအကျင့်တွေကို ဒီနေ့ပဲ စတင်ပြောင်းလဲလိုက်ပါ။ မာရသွန်ပြေးရလောက်အောင် မလိုအပ်ပါဘူး။ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ကို၃-၄ ရက်လောက် လမ်းလျှောက်ပေးပါ။ အကျင့်ရလာတဲ့အခါ တစ်နေ့ကို မိနစ်၎ဝ လောက်နဲ့ တစ်ပတ် ၄ ရက်လောက် အချိန်ထပ်တိုးပြီး လေ့ကျင့်ပေးပါ။

Source: http://news.yatanarpon.com.mm/news/news-1269
From>>> http://www.facebook.com/notes/health-articles/ကျန်းမာရေးနှင့်-မညီညွတ်သည့်-အချက်-၈ချက်/205995109532007

Thursday 20 September 2012

ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

by nang kha yea  on 20.9.2012                                                                                         

ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇ
ူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။

(1) အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်

ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝမပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ ကိုက်လန်တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။

(2) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေတာ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို အောက်ဆီဂျင် ပို့ပေးတာ၊ ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတာ စတဲ့ အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(3) ဗီတာမင်ကေ များစွာ ပါဝင်ပါတယ်

ကိုက်လန်မှာ များစွာ ပါဝင်တဲ့ ဗီတာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးကို ကောင်းစေတဲ့အပြင် သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေကို သက်သာအောင် ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။

(4) ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးပါတယ်

ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက်တို့လို အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။ ဒီအင်တီအောက်ဆီးဒင့်တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(5) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်

ကိုက်လန်ဟာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစာတစ်မျိုးပါ။ ကိုက်လန်တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ်ရောင်ရမ်းနာ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

(6) နှလုံးသွေးကြောကို ကျန်းမာစေပါတယ်

ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေတဲ့ အစွမ်းရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေနိုင်ပါတယ်။

(7) အမြင်အာရုံကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ ဗီတာမင်အေ များစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(8) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်၊ ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ ရေဓာတ်ပြည့်ဝမှုတို့ကို အားပေးထောက်ပံ့နိုင်စွမ်း ရှိပါတယ်။

(9) အရိုး၊ အဆစ် ကျန်းမာစေပါတယ်

ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာ ကယ်လ်စီယမ် ပိုမို ပါဝင်တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်းပျော့ပျောင်းအောင် ကူညီနိုင်ပါတယ်။

(10) ကိုယ်တွင်းအဆိပ်တွေကို ကင်းစင်စေပါတယ်

ကိုက်လန်ကို အဆိပ်ဖယ်ရှားပေးနိုင်တဲ့ အစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့ ဆာလဖာတို့ အပြည့်အဝ ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတွင်းရှိ အဆိပ်တွေကို ကင်းစင်စေပြီး အသည်းကို ကျန်းမာစေပါတယ်။
Source>> http://www.facebook.com/mrnyanhtun

Wednesday 19 September 2012

နုပျိုချင်ရင် ဒါတွေစား ပါ

နုပျိုချင်ရင် ဒါတွေစား ပါ

by  nang kha yea  on 19.9.2012                                                                                                                

 

 

ခန္ဓာကိုယ် အိုမင်းရင့်ရော်ခြင်းကို တားဆီးရန် ပဉ္စလက်နည်းတွေ မရှိပါဘူး။ အသက်ကြီးလာတာနဲ့အမျှ စိုးရိမ်ရတဲ့ ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ဖို့ရာ ထာဝရနုပျိုစေတယ်ဆိုတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေနေခြင်းထက် မှန်ကန်တဲ့ အစားအစာကို ရွေးချယ်စားသောက်ခြင်းက ပိုပြီးကာကွယ်နိုင်ပါတယ်။ 

လူတွေဟာ အိုမင်းရင့်ရော်လာတဲ့ ဖြစ်စဉ်ကို တတ်နိုင်သမျှ နှေးကွေးအောင် လုပ်ချင်ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်များစွာအတွင်းမှာ ရင့်ရော်လာတဲ့ မျက်နှာအရေးအကြောင်းတွေအတွက် အဆင့်မြင့် နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ လိမ်းဆေးတွေအပေါ်မှာ အချိန်ရော ငွေပါ အများကြီး မြှုပ်နှံရင်းနှီးခဲ့ကြ

သော်လည်းပဲ ခန္ဓာကိုယ် ရင့်ရော်အိုမင်းမှုကို ထူးခြားစွာ နှေးကွေးစေနိုင်မှာဖြစ်တဲ့ အစားအစာများ အပေါ်မှာတော့ ငွေကြေးအနည်းငယ်မျှသာ သုံးစွဲခဲ့ကြပါတယ်။ 



ကိုယ်ကာယလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းနှင့် ဆေးလိပ်မသောက်ခြင်းတို့ဟာ သင့်ကို ကျန်းမာစွာ ရှိနေစေမှာတော့ သိသာထင်ရှားမှာပါပဲ။ ဒါပေမယ့်---အဲဒါဟာ အပြီးသတ်ကျရင် အိုမင်းရင့်ရော်မှုကို တိုက်ခိုက်ပေးသော အရေးကြီး အာဟာရဓာတ်များ ပါဝင်သော အစားအစာများကို စားခြင်းဖြင့်သာ ရရှိနိုင်ပါတယ်။ အများသိပြီးဖြစ်တဲ့ ဖျော်ဖြေရေး သရုပ်ဆောင် အနုပညာရှင်တွေရဲ့ ကောင်းမွန်တဲ့ စားသောက်မှုပုံစံ တခုရဲ့ အဓိက အချက်များကတော့ အဲဒီအစာထဲမှာ ရောဂါများကို ခုခံတိုက်ခိုက်ပေးသော သတ္တိထူးများရှိပြီး ကင်ဆာ နှလုံးရောဂါ စသည်တို့ကို ကာကွယ်ပေးနိုင်ကြောင်း သက်သေအထောက်အထားများ ရရှိပြီးဖြစ်တဲ့ အစားအစာများ ဖြစ်ပါတယ်။ အဲဒီ အစားအစာတွေထဲက အကောင်းဆုံး ၁၀-မျိုးကို ရွေးချယ် ထားပါတယ်။ အဲဒီ အစားအစာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။


ခရမ်းချဉ်သီး---

ခရမ်းချဉ်သီးထဲမှာ ရောဂါတွေကို ခုခံတိုက်ခိုက်ပေးနိုင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းဖြစ်တဲ့ လိုင်ကိုပင်း Lycopene ဆိုတဲ့ ခရမ်းချဉ်သီးကို အနီရောင်ဖြစ်စေတဲ့ ပစ္စည်းပါဝင်တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါပေမယ့် ခရမ်းချဉ်သီး စားရမှာလား၊ “ခရမ်းချဉ်သီးဆော့စ်ကို စားရမှားလား”ဆိုတဲ့ မေးခွန်းကို ဖြေရရင် အံ့သြစရာ ကောင်းတာကတော့ ခရမ်းချဉ်သီးကို ချက်ပြုတ်ခြင်း သို့မဟုတ်-တာရှည်ခံအောင် ပြုပြင်ထုတ်လုပ်ထားခြင်းကသာလျှင် ကျန်းမာရေးနဲ့ အညီညွတ်ဆုံး စားသောက်နည်း ဖြစ်နေတာကို တွေ့ရပါတယ်။ ခရမ်းချဉ်သီးကို အပူပေးပြီး ချက်ပြုတ်ခြင်းက လိုင်ကိုပင်းဓာတ်ကို ထွက်စေပါတယ်။ ခရမ်းချဉ်သီးဆော့စ်လို တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေထဲမှာ လိုင်ကိုပင် မြောက်များစွာ ပါဝင်ပါတယ်။ အဲဒီထဲကို သံလွင်ဆီ နည်းနည်းလောက် ခပ်ထည့်ပြီးစားရင် အစာလမ်းကြောင်းမှ လိုင်ကိုပင်း စုပ်ယူမှုကို ပိုမိုများပြား စေကြောင်း တွေ့ရှိထားပါတယ်။ သူစားတဲ့အစာထဲမှာ လိုင်ကိုပင်း ပါဝင်မှုနည်းတဲ့ သက်လတ်ပိုင်း အရွယ်ရှိတဲ့ ယောက်ျားတယောက်ဟာ 
နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ လေဖြတ်ခြင်းကို သုံးဆမျှပိုပြီး ခံစားရတတ်ပါတယ်။ ဂျာမဏီနိုင်ငံမှာ လေ့လာမှုအရလည်း လိုင်ကိုပင်းဟာ အရေပြားရင့်ရော်မှုကို ကာကွယ်နိုင်ကြောင်း
တွေ့ရှိထားရပါတယ်။ ခရမ်းချဉ်သီးအနှစ် တနေ့လျှင် ၃၃-ဂ၇မ်=၂-ကျပ်သားခန့် စားသုံးပေးလျှင်
နေလောင်ဒဏ်ကြောင့် အရေပြားပျက်စီးခြင်းကို ၄၀% အထိ ကာကွယ်နိုင်ကြောင်း တွေ့ရှိထားရပါတယ်။ 
(မြန်မာ့အစားအစာဖြစ်တဲ့ ခရမ်းချဉ်သီးချက်မှာ ဆီအနည်းငယ်မျှသာပြန်အောင် ချက်စားပါက လိုင်ကိုပင်း စုပ်ယူမှု ပိုကောင်းစေပါတယ်)။


ထောပတ်သီး---

ထောပတ်သီးဟာ ပိုတက်ဆီယမ်သတ္တုဓာတ် ကြွယ်ဝစွာပါဝင်သော အစားအစာများထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။ ဟင်းနုနွယ်ရွက်နှင့် ဟင်းသီးဟင်းရွက် အစိမ်းရင့်များ သစ်သီးခြောက်များထဲမှာလည်း ပါဝင်ပါတယ်။ ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကို ထူးထူးခြားခြား ကျစေတဲ့အပြင် လေဖြတ်ခြင်းအန္တရာယ်ကိုလည်း လျော့ပါးစေပါတယ်။ အမျိုးသား ၈၀၀-နဲ့ အမျိုးသမီး ၅၀-တို့ရဲ့ အစားအစာ စာရင်းကို လေ့လာချက်အရ နေ့စဉ်စားတဲ့ အစားအစာထဲမှာ ပိုတက်ဆီယမ်ဓာတ် ပါဝင်အောင် အနည်းငယ်လောက် ပိုထည့်လိုက်ခြင်းဖြင့် လေဖြတ်ပြီး သေဆုံးတဲ့ အန္တရာယ် ၄၀% ကျသွားကြောင်း
တွေ့ရပါတယ်။ ထောပတ်သီးထဲမှာ ကိုလက်စထရော လျော့နည်းစေသော သတ္တိလည်းရှိတယ်။ အိုမင်းရင့်ရော်မှုကို နှေးစေသော ဗီတာမင်အီးလည်း ပါရှိတယ်။


အစေ့အဆန်များ---

အစေ့အဆန်တွေထဲမှာ ကယ်လိုရီအများကြီးပါပြီး အဆီဓာတ်တွေ အပြည့်လည်း ဖြစ်တယ်။ သတင်းတခုတွင် ဖော်ပြချက်အရ ၂၀%-ထက် နည်းသော လူတွေဟာ ဆားမပါတဲ့ အစေ့အဆန်တွေကို ပုံမှန်စားနေကြကြောင်း သိရပါတယ်။ ဒါတောင်မှ အဲဒီလူတွေမှာ ကျန်းမာရေး တိုးတက်ကောင်းမွန်လာကြောင်းနဲ့ အိုမင်းရင့်ရော်မှု နှေးကွေးစေခြင်းဆိုတဲ့ အကျိုးကျေးဇူးတွေ ရရှိလာကြောင်းအထောက်အထားတွေ
တွေ့နေရပါတယ်။ အမေရိကန် ဆေးပညာအသင်း ဂျာနယ်ထဲမှာ ဖော်ပြထားချက်အရ အစေ့အဆန်
နေ့စဉ်စားသုံးသူတွေမှာ ဆီးချို၊ သွေးချို၊ ရောဂါအမျိုးအစား နံပါတ် ၂-ဖြစ်ပွားမှု အန္တရာယ်နည်းပါးခြင်းနှင့် ဆက်စပ်မှုရှိကြောင်း တွေ့ရှိရပါတယ်။ အမျိုးသမီး (၈၃၀၀၀)ကျော်ကို ၁၄-နှစ်ကြာ လေ့လာပြီးတဲ့နောက် တပတ်လျှင် အနည်းဆုံး အစေ့အဆန် (၂၅)ဂရမ် စားသူတွေဟာ ဆီးချို သွေးချိုရောဂါအမျိုးအစား အမှတ်(၂)ဖြစ်ပွားမှု ၂၀%-လျော့နည်းကြောင်း တွေ့ရှိထားတယ်။ နှလုံးရောဂါ ကာကွယ်နိုင်ကြောင်းကိုလည်း
လော့လာမှုများစွာက ညွှန်ပြနေတယ်။ 
အချို့သော အစေအဆန်များဟာ ထူးခြားတဲ့ ကာကွယ်မှုသတ္တိရှိတယ်။ ဗန္ဓာစေ့ထဲမှာ ဗီတာမင်အီး ကြွယ်ဝစွာ ပါဝင်ပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်။ အယ်လ်ဇိုင်းမားလို့ခေါ်တဲ့ သူငယ်ပြန်ရောဂါတမျိုးဟာလည်း ဗီတာမင်အီး နေ့စဉ်စားသုံးသူတွေထဲမှာ ဖြစ်ပွားမှု နည်းပါးကြောင်း တွေ့ထားရတယ်။


ဟင်းနုနွယ်ရွက်---

သက်ကြီးရွယ်အို အချို့ မျက်စိအမြင် ချို့ယွင်းပြီး မျက်လုံးကွယ်သည်အထိ ဖြစ်စေရတဲ့ ပြဿနာဟာ အသက်ကြီးသူတွေ ရှောင်လွှဲလို့မရနိုင်သော ကိစ္စတရပ်အဖြစ် ထင်မှတ်ထားကြပါတယ်။ ဒါပေမယ့် ဟင်းနုနွယ် ရွက်ဟာ အဲဒီလို အဖြစ်မျိုးကို ကာကွယ်ဖို့အတွက် အရေးပါသော နေရာမှ ပါဝင်လျက်ရှိနေပါတယ်။ ဟင်းနုနွယ် ရွက်ထဲမှာ ကာရိုတင်နိုက်-လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်တယ်။ ဒီပစ္စည်းတွေဟာ မျက်လုံးရဲ့ မြင်လွှာနဲ့ မျက်လုံးမှန်ဘီလူးထဲမှာ တွေ့ရလေ့ရှိသော  ပစ္စည်းများဖြစ်တယ်။ အမေရိကန်မှာ လုပ်ခဲ့တဲ့ လေ့လာမှုတခုအရ ကာရိုတင်နိုက် များစွာပါဝင်သော အစားအစာတွေကို စားပေးခြင်းနှင့် အသက်ကြီးလို့ မြင်လွှာပျက်စီးပြီး မျက်စိကွယ်ရတဲ့ရောဂါ AGE RELATED MACULAR DEGENERATION ဖြစ်ပွားမှုနှင့် ဆက်စပ်လျက်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒီရောဂါဟာ အသက် ၅၀-ကျော် လူတွေ မျက်စိကွယ်ရခြင်းရဲ့ ဦးဆောင်အကြောင်းရင်းတခု ဖြစ်ပါတယ်။ အခြားသော လေ့လာချက်များအရလည်း ကာရိုတင်နိုက်ပါတဲ့ အစားအစာများ စားပေးခြင်းဖြင့် အတွင်းတိမ်ဖြစ်ပွားမှု အန္တရာယ်
လျော့ပါးသွားကြောင်းလည်း သိရပါတယ်။ အတွင်းတိမ်ဆိုတာကတော့ အသက် ၇၅-နှစ်ကျော်လာတဲ့ သူတိုင်း ဖြစ်ပွားလေ့ရှိတဲ့ ပြဿနာတခု ဖြစ်ပါတယ်။


လက်ဖက်၊ လက်ဖက်ခြောက်၊ လက်ဖက်ရည်---

မကြာသေးမီ အချိန်များကစပြီး လက်ဖက်ရည်ဟာ ကျန်းမာခြင်းနှင့် အသက်ရှည်ခြင်းတို့အတွက် အံ့သြဖွယ်ရာ ကောင်းလောက်အောင် အထောက်အကူပေးနိုင်သော ပစ္စည်းတခုအဖြစ် ကျော်ကြားလာပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက် သော့ချက်ကျတဲ့ သတင်းအချက်အလက်တခုကတော့ လူတိုင်း မသိကြသေးခြင်းပဲ ဖြစ်နေပါတယ်။ အဲဒါကတော့ လက်ဖက်ခြောက်ကို ရေနွေးပွက်ပွက်ဆူထဲမှာ ၃-မိနစ်မှ ၅-မိနစ်ခန့် နှပ်ထားပြီးမှသာ အကောင်းဆုံးအကျိုးကျေးဇူးကို ရနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ 


လက်ဖက်ခြောက်ဟာ အစာအိမ် ကင်ဆာ၊ အစာရေမျို ကင်ဆာ၊ အဆုတ် ကင်ဆာ ဖြစ်ပွားမှု လျော့ကျခြင်းနဲ့ ဆက်စပ်မှုရှိကြောင်းလည်း တွေ့ထားရတယ်။ ဒါ့အပြင် မကြာသေးမီကပဲ လက်ဖက်ရည်ကြမ်း သောက်တဲ့ လူတွေမှာ ကင်ဆာဖြစ်ပွားမှု အန္တရာယ် နှေးကွေးစေတယ်ဆိုတာကိုလည်း သိထားရပါတယ်။ လက်ဖက်ခြောက် ထဲမှာပါတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေက နှလုံးကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ 


တနေ့လျှင် လက်ဖက်ရည်ကြမ်း (သို့) လက်ဖက်ရည် သောက်တဲ့အခါ သကြားနဲ့ နို့ဆီမထည့်ဘဲ အချိုခြောက် သက်သက်နဲ့ နှပ်ထားတဲ့ လက်ဖက်ရည်ကို သုံးခွက်သောက်တယ်ဆိုရင်ပဲ နှလုံးတိုက်ခိုက်ခံရမှု ၁၁% ကျဆင်းသွားစေကြောင်း တွေ့ထားရတယ်လို့ ဆိုတယ်။ 
နောက်လေ့လာမှုတခုက လက်ဖက်ခြောက်ဟာ ဆီးချို သွေးချိုရောဂါကိုလည်း ကာကွယ်နိုင်သတဲ့။ အကြောင်းကတော့ လက်ဖက်ခြောက်ထဲမှာ ပါတဲ့ ဓာတ်ပေါင်းတွေဟာ အင်ဆူလင်ရဲ့ အာနိသင်ကို ၁၅%-တိုးမြင့်ပေးစေနိုင်တယ်။ ဒါပေမယ့် နို့ထည့်သောက်ရင်တော့ အကျိုးသက်ရောက်မှု နည်းသွားပါတယ်။ ဒါ့အပြင် လက်ဖက်ခြောက်ဟာ အရိုးပါးရောဂါကိုလည်း ကာကွယ်နိုင်ကြောင်း သိရတယ်။ သက်ကြီးရွယ်အိုတွေထဲမှာ လက်ဖက်ရည်သောက်တဲ့သူတွေက မသောက်တဲ့လူတွေထက် ကျောရိုးနဲ့ တင်ပဆုံရိုး သိပ်သည်းဆကို တိုင်းပြီးတဲ့အခါ ၅%-ပိုများတာကို တွေ့ရပါတယ်။ ဆိုလိုတာက အဲ့ဒီသူတွေဟာ အရိုးကျိုးမှု အခွင့်အလမ်း ၁၀%-မှ ၁၅%- ထိ လျော့နည်းသွားခြင်းကြောင့် ဖြစ်တယ်။


ဒေါက်ထွေး (ဆေး-မန်း)
(ကလျာမဂ္ဂဇင်း-၂၀၀၆-ခုနှစ် ဒီဇင်္ဘာ)
Posted by Picasa