ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Showing posts with label အုန်းသီး. Show all posts
Showing posts with label အုန်းသီး. Show all posts

Tuesday, 18 September 2012

အုန်းမှုတ်ခွက်နင်း ရောဂါကင်း

အုန်းမှုတ်ခွက်နင်း ရောဂါကင်း

by nang kha yea

ရှေးဟောင်းဆေးကျမ်းကြီးများတွင် “ လေသည် အသက်၊ အသက်သည် လေ” ဟူ၍ လည်းကောင်း“အသက်ရှူသည်”
ဟူ၍လည်းကောင်း၊ လေသာလျှင် အဓိက၊ လေသာလျှင် အုပ်စုခေါင်းဆောင်ဟု ဆိုခဲ့ကြသည်။

သိပ္ပံဆေးပညာပေါ်လာသောအခါ “သွေးသည် အသက်၊ အသက်သည် သွေး” “ဖြစ်မှု ပျက်မှု သွေးအပြု” “
အသက်သွေးခဲ အမြဲမနေသာ” “သွေးဆုတ်ကုန်ပြီ” စသည်ဖြင့် သွေးကို လူ၏အသက်ရှင်ရာ တည်ရာအတွက်
အဓိကထားလာကြသည်။


ကျွန်တော့်အဖို့  လူတစ်ယောက် အသက်ရှင်ရာတွင် သွေးလား လေလား မဝေခွဲတတ်။ ဒွိဟဖြစ်နေသည်။
ထို့  ကြောင့် ရန်ကုန်မြို့  သိမ်ဖြူဆေးသိပ္ပံဆရာတော်ဘုရားကြီးထံ ၀ပ်တွားခယ တောင်းပန်လျှောက်ထားသောအခါ
 ဆရာတော်ဘုရားက-“လေတစ်ခုထဲနဲ့ လည်း ခရီးမပေါက်ဘူး၊ သွေးသက်သက်ချည်း အဓိကထားတာလည်း မမှန်ဘူး၊
သွေးချည်လှုပ် ရှားမရ၊ လေရှိမှ သွေးလှုပ်ရှားလို့ ရတယ်။ သွေးမရှိပြန်ရင်လည်း လေမရှိပြန်ဘူး၊ “သွေးလွန်လျှင်
လေသေ၊လေသေလျှင် သွေးပျောက်” ဆိုတာလိုပဲ သွေးဟာ လေအားနဲ့ ပြိုင်နေရင် သွေးတိုးဆိုတဲ့ရောဂါဖြစ်လာမှာပဲ။
 သွေးနဲ့ လေဟာ မျှမျှတတဖြစ်နေရမယ်။
ဥပမာပြောရရင် ပိုက်လုံး၊ ရေ၊ လေပြည့်စုံမှ ရေဟာ လိုရာရောက်သလို ပေါ့၊ သွေးနဲ့ လေဟာ ရပ်လို့ မရဘူး။
ဒါကြောင့် ရှေးလူကြီးများက ‘သွေးအား လေအား’ ရယ်လို့  ဆိုရိုးစကားရှိခဲ့ တယ်မဟုတ်လား”ဟု မိန့် တော်မူ၏။

ရှေးအကျဆုံး ပထမဆေးပညာကိုလည်း ပစ်ပယ်၍မဖြစ်။ခေတ်သစ် ဒုတိယဆေးပညာကိုလည်း ရှုတ်ချ၍မရ။
ပထမဆေးပညာ၏ ဟာကွက်ပျော့ကွက်တို့ ကို ဖြည့်၍ ဒုတိယဆေးပညာ၏ အားနည်းချက်၊ ပျော့ကွက် ဟာကွက
်တို့ ကိုလည်း ဖြည့်ရန် ဖြစ်သည်။

ရှေးရိုးဆေးပညာ၏ ဟာကွက် ပျော့ကွက်မှာ ရောဂါရောက်ရာထက် ရောဂါရောက်ကြောင်းကိုသာ အဓိကထား ကု၏။
ခေတ်သစ်ဒုတိယဆေးပညာက ရောဂါရောက်ကြောင်းထက် ရောဂါရောက်ရာကိုသာ အဓိကထား၍ ကုသနေမှုသနေ
မှုတို့ ဖြစ်၏။

ထိုနှစ်ခုကို ဆက်စပ်လျက် တတိယဆေးပညာကို ထူထောင်နေတော်မူသော ပုဂ္ဂိုလ်အကျော်မှာ သိမ်ဖြူဆေး
သိပ္ပံဆရာတော်ဖြစ်သည်။ ဆရာတော်ဘုရား၏ အယူအဆမှန်ကန်မှုကြောင့် သိမ်ဖြူဆေးဗိမာန်ကြီး လက်တွေ့ 
တည်ဆောက် အောင်မြင်နေသည် မဟုတ်ပါလား။

စာရေးသူအနေဖြင့် သတင်းသမားပီပီ သဘောတရားနှင့်လက်တွေ့ ခိုင်မာမှု မျက်ဝါးထင်ထင် စမ်းသပ်တွေ့ ရှိမှ
ယုံကြည်သည်။ သိမ်ဖြူဆေးသိပ္ပံဆရာတော်ဘုရား ဆက်လက်အမိန့် ရှိသည်ကို တင်ပြရသော်-

“သွေးနဲ့ လေကြောင့် သွေးတိုး၊ သွေးတက်၊ နှလုံးသွေးရပ်၊ သွေးကြောပိတ်၊ သွေးမသန့် ၊သွေးကြောမဖြောင့် ပိတ်ဆို့ 
နေတာကြောင့် အဆစ်ယောင်၊ ပေါင်တောင့်၊ ဒူးခေါက်ခွက်အားနဲ၊ ခြေလက်လှုပ်မရ စတဲ့ ရောဂါတွေ ဖြစ်လာမှာပဲ။
 ပို့ ဆောင်ရေးသမားဖြစ်တဲ့ လေအားရှိတယ်။ သွေးလည်းရှိတယ်ဆိုပေမယ့် ပိုက်လုံးပျက်တဲ့ အလား အကြောတေ
ွ အနေအထား ပုံမမှန်ရင်လည်း ရောဂါရမှာပဲ။ အဲဒီရောဂါတွေကတော့ အကြောသေ၊ အကြောကပ်၊ အကြောတက်၊
 အကြောပိတ်၊ အကြောပေါက်ဖြစ်လာနိုင်တယ်။ ဒါတွေကို အကြောပြင်အတတ် ပညာနဲ့  ဆက်စပ်လျက်ရှိတဲ့
အုန်းမှုတ်ခွက်နင်းရင် ပျောက်ကင်းချမ်းသာရာ ရတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး” ဟု မိန့် တော်မူသည်။

လေ အရေးကြီးဆုံး

စာရေးသူသည် သွေးနှင့်လေ အကြောတို့  သဘာဝအပေါ် ထိမိရန် တောင်းပန်လျှောက်ထားပြန်သောအခါ
ဆရာတော်ဘုရားက “မ လေးမ၊ ခွ လေးခွ” အရေးအကြီးဆုံးနေရာဖြစ်၍ မ လေးမဆိုသည်မှာ ခြေမ လက်မ
 တို့ ဖြစ်၍ ခွ လေးခွဆိုသည်မှာ ယင်းခြေမ လက်မတို့ ၏ ခွကြားများဖြစ်၍ ထိုနေရာအားလုံး လေများဆုံရာဖြစ်၏။
 ထိုမှတစ်ဆင့် အဆင့်ဆင့် သွေးများလေများ ပုံမှန်သွားလာရ၏။ ပုံမမှန်လျှင် ရောဂါရ၏။

အထူးအရေးကြီးလှသော နေရာတစ်ခုမှာကား ခြေဖ၀ါးအလယ်ဖြစ်၏။ အားလုံးသော သွေးကြောတို့ ဆုံရာ
သွေးကြောဘူတာရုံကြီး ဖြစ်၏။ မူးခြင်း၊ မောခြင်း၊ မြောခြင်း၊ အဆိပ်သင့်ခြင်း၊ တက်ခြင်းတို့ ဖြစ်လျှင် ခြေဖ၀ါး
အလယ်ကို နာနာနှိပ်ပေးရ၏။ မ လေးမ၊ ခွ လေးခွနေရာတို့ ကို နှိပ်ရာ၏။ သို့ မှသာ အသက်ချမ်းသာရာ ရမည်
ဟု မိန့် တော်မူ၏။ ထို့ ကြောင့်

“ သီချင်းအစ  သံပေါက်က
တီးခြင်းအစ  စည်းဝါးက
ကခြင်းအစ  လက်မြှောက်က
နှိပ်ခြင်းအစ  ခြေထောက်က” ဟု ဆိုရိုးစကားရှိခဲ့သည် မဟုတ်ပါလား။

“အရင်လို လမ်းအိုလိုက်၊ အမှန်လို ကျမ်းအိုနှိုက်” ဆိုသကဲ့သို့  ရှေးရှေးပထမဆေးပညာ၊ ခေတ်သစ်ဒုတိယဆေး
 ပညာတို့ ဖြင့် ဆက်စပ်တွေးခေါ်လျက် ဤမည်သော အုန်းမှုတ်ခွက် နင်းခြင်းသည် သွေးအား လေအား ပုံမှန်သွား
လာ လည်ပတ်စေနိုင်သော လူ၏ ကျန်းမာရေးအတွက် စိတ်အချရဆုံးဖြစ်သောကြောင့် စိတ်ချ လက်ချ နင်းကြပါ
ကုန်ဟူ၍။

မကွေး ၀င်းမြင့်အုတ်မှုတ်ခွက်နင်း ရောဂါကင်းစာအုပ်မှကူးယူဖော်ပြပါသည်။
Shared from  http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1443376&xgs=1&xg_source=msg_share_post

Sunday, 16 September 2012

အုန်းသီးလေးရဲ့လျှို့ ဝှက်ချက်

အုန်းသီးလေးရဲ့လျှို့ ဝှက်ချက်

 

တကယ်လို့များ သင်ဟာ ပင်လယ်ကမ်းခြေကို ရောက်ဖူးသူဆိုရင် အုန်းသီးစိမ်းထဲက အုန်းရည်ကို
သောက်ခဲ့ဖူးမယ် ထင်ပါတယ်နော်.. ပင်လယ်ကမ်းခြေ မရောက်ဖြစ်တောင် မိမိတို့နေထိုင်တဲ့မြို့
ရှိ ဆိုင်တွေမှာ အုန်းရည်ကို သောက်သုံးလို့

ရပါသေးတယ်.. အုန်းရည်ဟာ ချိုမြမြ ရှတတအရသာ
ရှိတယ်ဆိုတာ လူတိုင်းက သိကြပေမဲ့ အုန်းရည်ရဲ့ အသုံးဝင်ပုံ လျှို့ဝှက်ချက်လေးကိုတော့ သိသူနည်းမယ်
ထင်ပါတယ်.. အုန်းသီးတစ်လုံးထဲက သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ အုန်းရည်အကြောင်းနဲ့အတူ
အုန်းသီးရဲ့ အသုံးဝင်ပုံလေးကို ဖတ်မိထားသလောက် ပြန်လည် ဝေမျှပါဦးမယ်ရှင်။

အုန်းသီးလေးရဲ့လျှို့ ဝှက်ချက်

အုန်းသီးဟာ လူတွေအတွက် ကောင်းမွန်ထူးခြားတဲ့ အစာတစ်မျိုးဖြစ်ပါတယ်.. အထူးခြားဆုံးက လူ့အသက်ကိုတောင် ကယ်တင်နိုင်စွမ်းရှိတဲ့ အသီးဖြစ်ပါတယ်.. အုန်းသီးဟာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေနိုင်စွမ်းရှိခြင်း၊ ကိုလက်စရောကို လျော့ချပေးနိုင်စွမ်းရှိခြင်း၊ ရေဓာတ်ကို ထိန်းသိမ်းပေးခြင်းနဲ့ အရေးပေါ် သွေးရေကြည်သွင်းဖို့ လိုအပ်နေသူများကိုတောင်မှ အုန်းရည်ဖြင့် အစားသွင်းကုသပေးနိုင်ခြင်းစတဲ့ အုန်းသီးရဲ့ အသုံးဝင်အရေးပါပုံကို သိရှိသူမှာ လူအနည်းစုလောက်သာ ရှိပါတယ်.. ခေတ်ပေါ် ဆေးသုတေသနပြုသူများကလည်း အုန်းသီးဟာ ကျန်းမာရေးအတွက် အလွန်အကျိုးပြုစေနိုင်သော အသီးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်..

အုန်းရည်

အုန်းသီးထဲမှ အုန်းရည်ဟာ လူ့အသက်ကို ကယ်တင်ပေးနိုင်စွမ်း ရှိပုံနဲ့ပတ်သက်ပြီး အကောင်းဆုံး သက်သေတစ်ခုကို ပြောပြရမယ်ဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းက ပစိဖိတ်ဒေသစစ်ပွဲတွေမှာ စစ်သားတွေ အများအပြား ဒဏ်ရာရကြတဲ့အခါ အရေးပေါ် သွေးသွင်းဖို့ လိုအပ်နေပေမဲ့ စစ်မြေပြင်ဖြစ်တာကြောင့် သွေးရည်ကြည်ပုလင်းတွေကို အချိန်မှီ ရရှိဖို့ အခက်အခဲ ဖြစ်နေချိန်မှာ ဆရာဝန်တွေဟာ အုန်းသီး နုနုထဲက သန့်စင်တဲ့ အုန်းရည်ကို သွေးရည်ကြည်အစား ထိုးသွင်းကုသပြီး အသက်ကယ်ခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်.. အုန်းရည်ဟာ လူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့ ထပ်တူနီးပါး တူညီပြီး သွေးအမျိုးအစား အားလုံးနဲ့ သင့်တော်တယ်လို့ သိရပါတယ်..

အုန်းရည်ဟာ ဓါတ်တိုးပစ္စည်းပါဝင်မှု များပြားပြီး လူတွေကို အထူးအကျိုးပြုကြောင်း လေ့လာတွေ့ရှိရပါတယ်..

ကိုလက်စရောကို ကျဆင်းစေခြင်း

အစာခြေနိုင်စွမ်း မြင့်မားစေခြင်း

အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက်ခြင်း

ဆဲလ်အသစ်များကို တိုးပွားစေခြင်း

ဟိုမုန်းကို ထိန်းချုပ်ပေးခြင်း

ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း

အဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များအတွင်း ပို့ဆောင်ပေးနိုင်ခြင်း

ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း

ရောဂါများကို ခုခံကာကွယ်ပေးခြင်း

မှတ်ဥာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း

ဘက်တီးရီးယားများကို သေစေနိုင်ခြင်း

စတဲ့ အကျိုးဆက်များစွာကို ပေးနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် အဖိုးတန်တဲ့
အုန်းသီးဖြစ်ပါတယ်..

အုန်းသီးအနုတွင် သန့်စင်ကောင်းမွန်သော မပြည့်ဝဆီများ ပါဝင်တဲ့အတွက် အုန်းသီးအရင့်ထက်စာရင်
အဆီပါဝင်မှုနှုန်း နည်းပါးပါတယ်.. ထို့ကြောင့်လည်း ကျန်းမာရေးအတွက် စဉ်းစားပြီး အုန်းသီးတစ်လုံးကို
ဝယ်ယူမယ်ဆိုရင် အုန်းသီးအနုကို ရှာဖွေ ၀ယ်ယူသင့်တယ်လို့ သိရပါတယ်.. အုန်းသီး အနုအရင့် ရွေးချယ်ပုံမှာ အုန်းသီးအနုသည် ခပ်စိမ်းစိမ်းအရောင်ရှိပြီး အုန်းသီးအရင့်မှာ အစိမ်းရောင် နည်းပါးပြီး အညိုခပ်ဖျော့ဖျော့အရောင် ရှိတတ်ပါတယ်..

အုန်းဆီ

အုန်းသီးကနေ ရရှိတဲ့ အုန်းဆီဟာလည်း အလွန်အကျိုးများတဲ့ ဆေးကုသမှုဆိုင်ရာ ပစ္စည်းအဖြစ် သုံးစွဲနိုင်ပါသေးတယ်.. အုန်းဆီဟာ အားလုံးသိကြတဲ့အတိုင်း ဆံပင်သန်စွမ်းနက်မှောင်ဖို့ အလွန်ကောင်းမွန်တဲ့ သဘာဝ အားဖြည့်ဆေး ဖြစ်ပါတယ်.. အုန်းဆီဖြင့် ဦးခေါင်းကို မှန်မှန် နှိပ်နယ်ပေးပါက ဦးရေပြားတွင်ဖြစ်တတ်သော ဘောက်နှင့် ဦးရေပြားခြောက်သွေ့ခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။ ပျက်စီးနေသော ဆံပင်များကို ပြုပြင် ထိန်းသိမ်းဖို့ အတွက်လည်း အုန်းဆီမှာ အလွန်ကောင်းမွန် အဆင်ပြေပါသည်။ ထို့ကြောင့်လည်း အုန်းဆီကို ဆံပင်ပြုပြင်ရေး ပစ္စည်း၊ ဗောက်များ ကာကွယ်သောပစ္စည်းအဖြစ်
နည်းမျိုးစုံဖြင့် ထုတ်လုပ်ကြပါတယ်.. နောက်ထပ် အသုံးဝင်သောအချက်မှာ အုန်းဆီသည် သွားပိုးစားခြင်း၊ သွားရောဂါများဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်.. အုန်းဆီအနည်းငယ်ကို သွားဖုံးနှင့်
သွားတို့တွင် အမြဲတမ်း ပွတ်တိုက်ပေးပါက သွားများကို ပိုမိုခိုင်မာစေနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်.…

အုန်းဆီရဲ့ အခြားအသုံးဝင်ပုံမှာ ခြောက်သွေ့သော အရေပြားများအတွက် အကောင်းဆုံး moisturizer ဖြစ်ပါတယ်..
အုန်းဆီကို အရေပြားပေါ်လိမ်းပြီး နှိပ်နယ်ပေးပါက အသားပတ်ခြင်း၊ ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်းများ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်.. အရေပြားတွန့်ခြင်းကိုလည်း နှောင့်နှေးစေတယ်လို့ သိရပါတယ်. အုန်းဆီပါဝင်တဲ့ အရေပြားစောင့်ရှောက် ပစ္စည်းများဖြစ်တဲ့ ဆပ်ပြာ၊ အသားလှလိမ်းဆေး၊ လူးဆေးခရမ်စသဖြင့် အများအပြားကို ထုတ်လုပ်ကြပါတယ်.. ထိခိုက်ရှနာများအတွက်လည်း အုန်းဆီဟာ ဆေးဝါးတစ်လက်အဖြစ် အထောက်အကူပြုနိုင်ပါသေးတယ်.. ဒဏ်ရာပေါ်မှာ အုန်းဆီကို လိမ်းပေးခြင်းအားဖြင့် ပြင်ပမှ ဖုန်များ ၊ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များ မ၀င်ရောက်နိုင်အောင် အလွှာပါးလေးအဖြစ် ဖုံးအုပ်ထားစေပါတယ်.. အုန်းဆီဟာ ဒဏ်ရာပေါ်မှ ပျက်စီးသွားသော တစ်ရှူးများကို အမြန်ဆုံး ပြန်လည် ကောင်းမွန်စေနိုင်စွမ်းရှိကြောင်း သိရပါတယ်.. အုန်းဆီဟာ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ အရေပြားပေါ် ဖြစ်တတ်သောမှိုများ၊ စသည်တို့ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်..

အုန်းသီးထွက်ပစ္စည်းများ

အုန်းသီးကနေ ထုတ်လုပ်တဲ့ အုန်းနို့၊ အုန်းမှုန့်၊ အုန်းသီးဖတ် စသည်တို့သည်လည်း အစားအသောက်များ၊ ဟင်းလျာများ၊ မုန့်များ ချက်ပြုတ်ရာတွင် အသုံးပြုကြပါတယ်.. အချို့သောနိုင်ငံများတွင် အုန်းနို့မှာ ဟင်းလျာအတော်များများတွင် မပါမပြီး အသုံးပြုကြတဲ့ အရာသာထူးကဲ ကောင်းမွန်စေသော ဟင်းချက်ဖွယ် တစ်မျိုး ဖြစ်ပါတယ်.. မြန်မာနိုင်ငံတွင်တော့ ဟင်းချက်ရာတွင် အသုံးပြုမှု နည်းပါးသော်လည်း မြန်မာမုန့် တော်တော်များများတွင် အုန်းနို့ပါဝင်တတ်ပါတယ်.. အုန်းရည်မှာ ကျန်းမာရေးအတွက် အထောက်အကူ များစွာ ဖြစ်စေနိုင်သော်လည်း အုန်းနို့နှင့်ပြုလုပ်သော အစားအသောက်များ အလွန်အကျွံစားသုံးပါက သွေးတိုးရောဂါသမားများအတွက် အလွန်အန္တရာယ်ကြီးပါတယ်..



ကျန်းမာရေးအတွက် အုန်းရည်များများသောက်ပြီး အုန်းဆီ များများလိမ်းလို့ အုန်းနို့ကိုတော့ သင့်တင့်ရုံသာ
စားကြပါစို့နော်.... :)


Kiran Patil ရဲ့ Health Benefits of Coconut Oil, Coconut Water Health Benefits နှင့်
Funzug.com မှ အချက်အလက်များကို မှီငြမ်းကိုးကားပါသည်။ ဤပိုစ့်ပါ အချက်အလက်များကို
အတည်ပြုပေးပြီး အချက်အလက်အသစ်များ ထပ်မံရှာဖွေ ကူညီပေးသော ဒေါက်တာဇီဝက(ဆေး-၂)
အား အထူး ကျေးဇူး တင်ရှိပါသည်။