by #ပိုပိုဇော်(သဘာဝအားအင်)January 14, 2014 at 7:31am

ဟင်းလျာချက်ပြုတ် ပြင်ဆင်ရာမှာ အနံ့သင်းတဲ့ နှမ်းဆီကို အိမ်ရှင်မအများစု သုံးလေ့ရှိပါတယ်။ ဟင်းရွက်သုပ်တွေမှာလည်း နှမ်းဆီမွှေးမွှေးလေး ထည့်ပြီး စားလေ့ရှိတဲ့အတွက် နှမ်းဆီစစ်စစ်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရေးသားလိုက်ရပါတယ်။
(၁) သွေးတိုးကျစေခြင်း
နှမ်းဆီဟာ သွေးတိုးတာကို လျော့ကျစေတဲ့အပြင် သွေးဖိအားကို ပုံမှန်ရှိအောင် ထိန်းပေးပါတယ်။
(၂) အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိခြင်း
နှမ်းဆီမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အင်တီအောက်ဆီးဒင့် ပမာဏ အလွန်မြင့်မားစွာ ပါဝင်ပါတယ်။ နှမ်းဆီကို စားတာကြောင့် ဘက်တီးရီးယားပိုးတွေကို တွန်းလှန်နိုင်စွမ်း ရှိသလို ကိုယ်ခန္ဓာထဲမှာ ဗိုင်းရပ်စ်ပိုးကြောင့် ထိခိုက်မှုကို လျော့ကျစေပါတယ်။