ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Saturday 17 November 2012

နှလုံးသွေးကြောစနစ်ကို အကာအကွယ်ပေးမည့် အစားအစာများ

by nang kha yea on 17.11.2012
View image detail
တူနာငါး
ရရှိမည့် အာဟာရဓာတ် - အိုမီဂါသရီး ဖက်တီးအက်စစ်၊ ဖောလိတ်နဲ့ နိုင်ယာစင် ဓာတ်။

ဟင်းလျာ ပြင်ဆင်နည်း - နေ့လည်စာမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်သုပ်ထဲ တူနာငါး ထည့်စားပါ။ တူနာငါးကို စည်သွတ် ဘူး (Canned Tuna) အနေနဲ့ ဝယ်ယူရရှိ နိုင်ပါတယ်။


တိုဟူး

ရရှိမည့် အာဟာရဓာတ် - နိုင်ယာစင်၊ ဖောလိတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်ဓာတ်။


ဟင်းလျာ ပြင်ဆင်နည်း - တိုဟူးကို ပါးပါးလှီးပြီး Marinate အရည် ဒါမှမဟုတ် အရသာရှိအောင် နယ်ပြီးကြော်စား နိုင်ပါတယ်။

ဆန်လုံးညို

ရရှိမည့် အာဟာရဓာတ် - ဗီတာမင်ဘီ အုပ်စု၊ အမျှင်ဓာတ်၊ နိုင်ယာစင်၊ မဂ္ဂနီဆီယမ် နဲ့ အမျှင်ဓာတ်။

ဟင်းလျာ ပြင်ဆင်နည်း - ဖြူဖွေးအောင် အခွံချွတ်မထားတဲ့ ဆန်လုံးညိုကို ပါးပါးလှီး ထားတဲ့ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက်တို့နဲ့ ရောမွှေချက်ပြုတ် ပြီးစားပါ။

ပဲနို့

ရရှိမည့် အာဟာရဓာတ် - Isoflavone၊ ဗီတာမင်ဘီအုပ်စု၊ နိုင်ယာစင်၊ ဖောလိတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ဖိုင်တိုအီစထရိုဂျင်။

ဟင်းလျာ ပြင်ဆင်နည်း - ပဲနို့ကို နံနက်စာ အဖြစ် ပန်းသီး၊ စတော်ဘယ်ရီသီး၊ စပျစ်သီး တွေနဲ့ ရောစားပါ။

ကန်စွန်းဥ
ရရှိမည့်အာဟာရဓာတ် - ဘီတာကယ်ရို တင်း၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ပိုတက်စီ ယမ်၊ ဖောလိတ်၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်။

ဟင်းလျာပြင်ဆင်နည်း - ကန်စွန်းဥကို ပြုတ်ပြီးသရေစာအဖြစ် စားခါနီးမှာ ပြန်နွှေးကာ စားပါ။

ငရုတ်သီးအနီ
ရရှိမည့် အာဟာရဓာတ် - ဘီတာကယ်ရို တင်း၊ လူတင်ဓာတ်၊ ဗီတာမင်ဘီအုပ်စု၊ ဖောလိတ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်။

ဟင်းလျာပြင်ဆင်နည်း - ငရုတ်သီးအနီ တောင့်ကို သံလွင်ဆီ နဲ့ စိမ်ပြီး နူးညံ့ပျော့ ပျောင်းလာတဲ့ အထိ ကင်ပါ။ ပြီးရင် အရွက် သုပ် ထဲထည့်စားပါ။

ရေကညွတ်
ရရှိမည့်အာဟာရဓာတ် - ဘီတာကယ်ရို တင်း၊ ဖောလိတ်၊ ဗီတာမင်ဘီ အုပ်စု၊ အမျှင် ဓာတ်နဲ့ လူတင်ဓာတ်။

ဟင်းလျာပြင်ဆင်နည်း - သံလွင်ဆီ၊ ရှလ ကာရည်နဲ့ ရောကြော်ပါ။

လိမ္မော်သီး
ရရှိမည့်အာဟာရဓာတ် - အယ်လ်ဖာနဲ့ ဘီတာကယ်ရိုတင်း၊ လူတင်ဓာတ်၊ ဖလေ ဗိုးနွိုက်၊ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ ဖော လိတ် နဲ့ အမျှင်ဓာတ်။

ဟင်းလျာပြင်ဆင်နည်း - လိမ္မော်သီးကို ဖျော်ရည်လုပ်သောက်ပါ။
Ref : Good Health

No comments:

Post a Comment