ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Sunday 25 November 2012

ခုခံအား စနစ် တိုးမြင့်စေဗသာသဘာဝအစားအစာများ

by popozaw on 26.11.2012


ပိုးသတ်ဆေး၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့် စိတ်ဖိစီးမှုတို့သည် ကိုယ့်ခုခံအားစနစ်ကို ယိုင်နဲ့စေနိုင်သော အရာများဖြစ်သည်။ Bermingham University Medical School မှ သုတေသနတစ်ခုအရ ခုခံအားစနစ်ဟူသည် အသက်ကြီးလာတာနှင့်အမျှ ကျဆင်းလာမည်မှာ သဘာဝအလျှောက်ဖြစ်ကိုဖြစ်မည်ဟု ခိုင်မာစွာ တွေ့ရှိခဲ့သည်။ ကိုယ့်မှာ အောက်ပါအစားအစာများနှင့် ဆောင်ထားပေတော့။


၁။ Green Tea(လက်ဖက်ရည်ကြမ်း)
Green Tea တစ်ငုံသည် အစာအိမ်အူလမ်းကြောင်းမှ မကောင်းသော ပိုးမွှားများကို တားမြစ်နိုင်ပြီး ကောင်းသော ပိုးမွှားများကို ဖြည့်ဆည်းပေးနိုင်သော စွမ်းအင်ရှိသည်။ ကိုယ့်ရဲ့ ခုခံအားစနစ်၏ ၇၀%ထိသည် ကိုယ့် အစာခြေလမ်းကြောင်းတွင် တည်ရှိနေသည်။ ထို့ကြောင့် တစ်နေ့ကို လေးခွက်လောက်သောက်ခြင်းသည် ကိုယ့်ခန္ဓာကိုယ်ကို ကောင်းကောင်းအကျိုးပြုနေမည် ဖြစ်သည်။

၂။ ပန်းငရုတ် (ငရုတ်သီးတောင့်ကြီး)
၎င်းတွင် Beta carotene မြောက်မြားစွာပါဝင်ပြီး ၎င်းကို သွေးထဲတွင် ဗီတာမင်အေအဖြစ်သို့ ပြောင်းလဲစေကာ ရောဂါကူးစက်ခြင်းကို တိုက်ခိုက်ပေးသည်။ ပါးစပ်ထဲ အရည်ပျော်သွားနိုင်သော capasaicin ပါဝင်ခြင်းကလည်း ရောင်ရမ်းခြင်းကို တားမြစ်နိုင်ပေသည်။

၃။ ချင်းတက် (ဂျင်း)

ဂျင်းတွင် အဓိက ပါဝင်သည်မှာ ကင်ဆာကို နှိပ်ကွပ်နိုင်သည့် gingerol ဓာတ်ပင်ဖြစ်သည်။ ဂျင်းကို ခုတ်လှီး၍ဖြစ်စေ၊ ကြိတ်ချေ၍ ဖြစ်စေ ဟင်းလျာများတွင် ထည့်သွင်းသုံးဆောင်ခြင်းသည် အလွန် ပညာသားပါသော လုပ်ရပ်ပင်ဖြစ်ပေသည် 

၎။ ဘလူးဘယ်ရီးသီး(blueberries)

“ဤအစွမ်းထက်သော သေးငယ်သော အသီးလေးတွေသည် ကင်ဆာမှသည် နှလုံးရောဂါထိ ရောဂါမျိုးစုံကို ကူညီကာကွယ်ပေးသည်။” ဟု Andrews က ပြောသည်။ ရှောက်သီးနှင့် ရောချင်ရော၊ စတောဘယ်ရီနှင့် ရောချင်ရောလိုက်ပါပေတော့။ 

၅။ သစ်ဂျပိုးခေါက်
ဤဟင်းခတ်အမွှေးအကြိုင်သည် ကျွန်ူပ်တို့ ခန္ဓာကိုယ်မှ ခံတွင်းနံ့နံခြင်းအပါအ၀င် ဖြစ်စေသော ရောဂါပိုးမွှားများကို တိုက်ခိုက်သည့် antioxidant များဖြင့် ပြည့်နှက်နေသည်။ “လေ့လာချက်များအရ ၎င်းသည် အမျိုးအစားနှစ် ဆီးချိုရောဂါအန္တရာယ်ကို လျော့ပါးစေကြောင်းတွေ့ရသည်။” ဟု Clark ကဆိုသည်။ သို့မှသာ ကိုယ်အသက်ကြီး၊ ဆံပင်တွေဖြူလာသည့်အခါ ကိုယ့်ဘ၀ဇာတ်ကြောင်းရှည်ကြီးကို ပြန်ပြောနိုင်မည်ဖြစ်သည်။

၆။ ကန်စွန်းဥ
ကိုယ့် ခုခံအားစနစ်ကို တိုးမြင့်ပေးပြီး လေဖြတ်ခြင်း၊ နှလုံးထိခိုက်ခြင်း၊ ကင်ဆာ၊ အိတ်ခ်ျအိုင်ဗီ၊ အသည်းရောဂါများ၊ Parkinson’s and Alzheimer’s disease တို့မှ ကူညီ ကာကွယ်ပေးနိုင်သော glutathione သည် ကန်စွန်းဥ တစ်လုံးစီတွင် ပါရှိသည်။ 

၇။ ခရမ်းချဉ်သီး
ခရမ်းချဉ်သီးသည် အသက်ကြီးသူများအတွက် အဆောင်တစ်ခုပင်ဖြစ်သည်။ သူတို့တွင် ပါဝင်သော lycopene သည် အိုနာရောဂါများမှ ကာကွယ်ပေးနိုင်သည်။ တစ်နေ့ကို ခရမ်းချဉ်သီး အလုံးတ၀က်လောက်ဆိုလျှင်ပင် ကိုယ့်ကို မြန်မြန်အိုနာခြင်းမှ တားဆီးထားနိုင်မည်ဖြစ်သည်။ 

၈။ ကတွတ်သီး
“တစ်ပတ်ကို ကတွတ်သီး လေးလုံးလောက်မှီဝှဲခြင်းသည် ကိုယ်ခန္ဓာရှိ pH ပမာဏကို ညှိနှိုင်းထားပြီး ရောဂါပိုးမွှားများ ၀င်ရောက်ကူးစက်ခြင်းမှ တားဆီးထားသည်။” ဟု Sylvester Stallone ၏ personal trainer ဖြစ်သူ Gunnar Petersen က ဆိုသည်။ ကတွတ်သီးမှာ ပါသည့် အမျှင်ဓာတ်သည် အင်ဆူလင် ပမာဏနှင့် သွေးတွင်း အချိုဓာတ်ပမာဏတို့ကို ကျဆင်းစေကာ ဆီးချိုဖြစ်ပွားမှုကိုလည်း လျော့နည်းစေသည်။  

၉။ မှို
မှိုများတွင် ကျွန်ူပ်တို့ ခန္ဓာကိုယ် ဆဲလ်များ၏ ပုံစံမမှန်သော ကြီးထွားပုံများနှင့် မျိုးပွားပုံများကို တားဆီးကာကွယ်မည့် ergothioneine ဓာတ်ပါဝင်သည်။ “အတိုချုပ်ဆိုရလျှင် သူတို့သည် ကင်ဆာဖြစ်ပွားနှုန်းကို လျော့ကျစေလိမ့်မည်။” Bowerman က ဆိုသည်။ “သူတို့ကို antioxidant reveratrol ပါရှိသည့် ၀ိုင်နီထဲမှာ ထည့်ချက်ခြင်းသည် သူတို့၏ ခုခံအားတိုးမြင့်သည့် စွမ်းအင်ကို မြင့်တင်စေလိမ့်မည်။”  

၁၀။ တလည်းသီး
၎င်းတို့၏ ထူးခြားသော အရောင်ကိုဖြစ်ပေါ်စေသည့် ဓာတုဓာတ် ellagitannins သည် ကင်ဆာဖြစ်ပွားနှုန်းကိုလည်း နည်းပါးစေသည်။ လေ့လာမှုများအရ သူတို့၏ အရည်သည် ဆီးကျိတ်ကင်ဆာဆဲလ်များ တိုးပွားနှုန်းကို ခြောက်ဆလောက်အထိ လျော့နည်းစေသည်ဟု တွေ့ရသည်။
ပိုပိုဇော်
(သဘာဝရဲ့အားအင်)
Ref>*မောင်ချမ်းငယ်ဆယ့်ခွန်*၏ထိပ်ဆုံးကအစားအသောက်၄၀ဆောင်းပါးမှကောက်နူတ်ဖေါ်ပြပါသည်။

No comments:

Post a Comment