by ပိုပိုဇော်(သဘာဝအားအင်)September 5, 2013 at 12:35am
ဆေးလိပ်ရဲ့ ဆိုးပြစ်တွေကိုသိလို့  ဆေးလိပ်ဖြတ်ချင်ပေမယ့်၊ စိတ် ဆန္ဒပြင်းပြခြင်းကို ချိုးနှိမ်ဖို့ ခဲယဉ်းတာမို့ အချို့ သူတွေမှာ ခဏတာမျှသာဆေးလိပ်ပြတ်ကြပြီး၊ အချို့ ကလည်း လုံးဝဖြတ်မရဖြစ် နေကြပါတယ်။ မည်သူမျှ မွေးကတည်းက ဆေးလိပ်မသောက်တတ်ကြပါဘူး။ အဓိကအချက်ကတော့ မချိုးနှိမ်နိုင်တဲ့စိတ်ကို မိမိစိတ်နဲ့ ဘဲ အနိုင်ယူရမှာဖြစ်လို့  စိတ်ဓာတ်စစ်ဆင်ရေးကိုသုံးပြီးတော့ အောက်ပါနည်းလမ်း (၉)သွယ်ဖြင့် ကြိုးစားကြည့်စေလို ပါတယ်။
(၁) (အချိန်ဆွဲပါ)
ဆေးလိပ်သောက်ချင်စိတ်ဖြစ်လာတဲ့အခါ၊ သောက်ချင်စိတ်ကိုချိုးနှိမ်ပြီး ၁၀-မိနစ်လောက်အောင့်ထားပါ။ အဲဒီ ၁၀-မိနစ်အတွင်း အာရုံပြောင်းသွားအောင် တခုခုကိုစိတ်နှစ်ထားပါ။ ၁၀-မိနစ်ပြည့်တဲ့အခါ သြော်…ငါနေနိုင်သားဘဲဆိုပြီး၊ ဆေး လိပ်မသောက်ပါနဲ့ ၊ နောက်ထပ် ၁၀-မိနစ် အချိန်ထပ်ဆွဲပါ။
(၂) (နောက်ထပ်တစ်လိပ်ထဲပါကွာ မလုပ်မိပါစေနဲ့ )
ဆေးလိပ်သောက်တဲ့ ပမာဏကို တဖြည်းဖြည်းချင်းလျော့ပါ။ တစ်လိပ် သောက်ပြီးတဲ့အခါ၊ နောက်ထပ်တစ်လိပ်ထဲပါကွာဆိုပြီး မိမိကိုယ်ကိုအလိုမလိုက်ပါနဲ့ ။ ခါတိုင်းဆေးလိပ်သောက်ဖက် မိတ်ဆွေ တွေက သင့်ကိုဆေးလိပ်ကမ်းလာခဲ့ရင်လည်း အားနာရှက်ရွံ့ ခြင်းဖြစ်မနေဘဲ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေပြီဖြစ်ကြောင်း ပွင့်ပွင့် လင်းလင်းပြောပြပါ။
(၃) (ကိုယ်လက်လှုပ်ရှားမှု တခုခုထလုပ်လိုက်ပါဦး)
ဆေးလိပ်သောက်ချိန်မှာ မသောက်ရလို့ စိတ်ထဲ တခုခုလိုနေရင်၊ ငြိမ်ထိုင် မနေဘဲ၊ ခေတ္တခဏ ၁၅-မိနစ်လောက်လမ်းထလျှောက်ပါ။ (သို့ မဟုတ်) အလုပ်တစ်ခုခုရှာလုပ်နေပါ။ (၄) (လေ့ကျင့်ခဏ်းယူပါ) အသက်ပြင်းပြင်းရှုခြင်း၊ ကြွက်သားလေ့ကျင့်ခဏ်း၊ ယောဂ၊ အိပ်မွေ့ ချခြင်း၊ အနှိပ်ခံခြင်း စသည်တို့ က ဆေးလိပ်သောက်ချင်တဲ့စိတ်ကို ပြေပျောက်သွားအောင် တစ်ဖက်တစ်လမ်းက ကူညီပေးပါတယ်။
(၅) (ဆေးလိပ်ဖြတ်ခြင်းရဲ့  ကျမ္မာရေးကောင်းကျိုးကို အမြဲသတိယနေပေးပါ)
သင်ဆေးလိပ်သောက်တတ်အောင် ဘယ်သူမှ သင်ပေးခြင်းမဟုတ်ပါ။ မိမိသာလျှင်ဆရာ၊ မိမိသာလျှင်တပည့်ပါ။ နှစ်ရှည်လများ ဆေးလိပ်စွဲနေခဲ့ပြီဖြစ်ရာ၊ ဆေးလိပ်ဖြတ်တဲ့ စဦးပိုင်း ကာလေတွေမှာ ကသိကအောင့်၊ စိတ်အလိုမကျဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ဆေးလိပ်သောက်ခြင်းကြောင့် ကျမ္မာ ရေးဆေးကျိုးများ၊ ငွေကိုမီးရှို့ နေခြင်း၊ မိမိပတ်ဝန်းကျင်လေထုညစ်ညမ်း၍ တဆင့်ခံဆေးလိပ်ရနံ့ ရှုရှိုက်နေသူများ အတွက် ပရဟိတစိတ် စတဲ့ကောင်းကျိုးအထွေထွေကို စဉ်းစားသုံးသပ်ပါ။
(၆) (ဘ၀တူချင်းမိတ်ဖွဲ့ ပါ)
မိမိလိုဘဲ ဆေးလိပ်ဖြတ်သူတွေနဲ့ မိတ်ဖွဲ့ ပြီး သူတို့ ရောဘယ်လိုကြိုးစားနေတယ်ဆိုတာ နည်းနာ ယူပါ။ မိမိရဲ့ ကြိုးစားမှုကိုလည်းတဆင့်မျှဝေပေးပါ။ ဆေးလိပ်ပြတ်သွားပြီးသူတွေရဲ့  နည်းစံနစ်ကို မေးမြန်ဖို့ ဝန်မလေးပါနဲ့ ။ သူတို့ ရဲ့ အတွေ့ အကြုံက သင့်အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။
(၇) (နီကိုတင်းဓာတ် အစားထိုးမှီဝဲပါ)
လ္ဘက်ခြောက်ခပ်ထားတဲ့ ရေနွေးပူပူ၊ ပူရှိန်းဓာတ်ပါတဲ့ ပီကေ/သကြားလုံးများ၊ ပူရှိန်းငုံ ဆေးပြားတို့ က ဆေးလိပ်သောက်ချင်စိတ်ကို ချိုးနှိမ်ကာ၊ ခံတွင်းချဉ်ခြင်းမှ သက်သာစေပါတယ်။ နီကိုတင်းအစားထိုး ရှုဆေး တောင့်သုံးပါ။ ဆေးလိပ်ဖြတ်ခြင်းကို အထောက်အကူပြုတဲ့ bupropion (Zyban) နှင့် varenicline (Chantix) စသောဆေးဝါး များ မှီဝဲသောက်သုံးပါ။
(၈) (အာသာပြေ တခုခုစားပါ)
စိတ်သက်သာရာရအောင် သကြား(အချို)ဓာတ်မပါတဲ့ ပီကေ၀ါးပါ။ ပဲကြီးလှော်၊ နေကြာ စေ့ လှော် တို့ စားပါ။
(၉) (မိမိကိုယ်ကိုယုံကြည်မှုရှိနေပါစေ)
ဆေးလိပ်ဖြတ်လိုက်တဲ့အတွက် အပိုငွေမကုန်တော့ဘဲ၊ အဲဒီငွေကိုစုနိုင်သလို အလှူဒါနပြု ရာမှာ သုံးနိုင်ပါတယ်။ ဆေးလိပ်ဖြတ်တာကြောင့် အနံ့နဲ့ အရသာခံအာရုံတွေ ပိုကောင်းသွားပါတယ်။ သွား၊ နှုတ်ခမ်းများလည်း မည်းမနေတော့ဘဲ၊ နီကိုတင်းဓာတ်ကြောင့် ခံတွင်း၊ ဆီး၊ ချွေးရနံ့ ဆိုးတွေပါ ပျောက်ကင်းသွားပါတယ်။ အရေးကြီးတဲ့ အချက်ရှိပါ သေးတယ်။ အဲဒါကတော့ ဆေးလိပ်စွဲနေတဲ့ အကျင့်ကိုဖြတ်နိုင်တာကြောင့် မိမိကိုယ်မိမိယုံကြည်မှုပိုရှိလာပါတယ်။
ပေါက်ပေါက်
(မှီငြမ်း how to resist tobacco cravings by By Mayo Clinic staff)
Ref >>ပေါက်ပေါက် ၏ ဆေးလိပ်သောက်ချင်စိတ်ကိုချိုးနှိမ်နည်း မှကောက်နုတ်ဖေါ်ပြပါသည်။

No comments:
Post a Comment