ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Thursday 26 September 2013

ကိုယ်အလေးချိန် ထိန်းသိမ်းသူများ မဖြစ်မနေ စားသင့်သော သစ်သီးလေးမျိုး

by ပိုပိုဇော်(သဘာဝအားအင်)September 26, 2013 at 8:36am

အောက်ပါ သစ်သီးလေးမျိုးကို ကိုယ်အလေးချိန် လျှော့ချနေသူတွေ မဖြစ်မနေ စားသင့်ပါတယ်။  

ပန်းသီး

ပန်းသီးစားတဲ့အခါ မခွံမနွှာဘဲ စားပါလို့ ပညာရှင်တွေက အကြံပြုထားပါတယ်။ ပန်းသီးအခွံမှာ အဆီကျစေတဲ့ Urolic အက်စစ် ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူတွေကို အထောက်အကူ ဖြစ်စေပါတယ်။ Urolic အက်စစ်က ကြွက်သားတွေကို သန်မာစေပြီး
ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။  
လိမ္မော်သီး

လေ့လာမှုအရ လိမ္မော်သီးမှာ အဆီကို လောင်ကျွမ်းစေတဲ့ ဓာတ်တွေ ပါဝင်ပြီး ကိုယ်အလေးချိန် ကျဆင်းစေဖို့ အထောက်အကူ ပေးတာကို တွေ့ရပါတယ်။  

ဘလူးဘယ်ရီသီး

လတ်တလော လေ့လာမှုအရ ဘလူးဘယ်ရီသီးက အဆီတွေကို လောင်ကျွမ်းစေတဲ့အပြင် အဆီတွေ သိုလှောင်မှုကိုလည်း တားဆီးပေးပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်က အဆီတွေကို လျှော့နည်းစေပါတယ်။  

သစ်တော်သီး

သစ်တော်သီးမှာ အင်တီအောက်ဆီးဒင့်တွေဖြစ်တဲ့ ဖလေဗိုနွိုက်နဲ့ ကက်တီချင်တွေ ပါဝင်တာကြောင့် အမျိုးသမီးတွေ ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ စားသင့်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
By Good Health >>http://www.yatanarpon.com.mm/news/news-85540

No comments:

Post a Comment