ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Tuesday 10 December 2013

ရှာလကာရည်လေး အသုံးဝင်ပုံ

by ပိုပိုဇော်(သဘာဝအားအင်)December 11, 2013 at 8:11am

(၁) ပန်းကန်ဆေး(ဘေစင်) ရေဆင်းပိုက်တွေ ပိတ်ဆို့ နေခြင်းအတွက်၊ ရှေးဦးစွာ ရှာလကာရည်နဲ့  မုန့် ဖုတ်ဆော်ဒါတို့ ကို ၁-ခွက်စီ ဆတူရော၍ရေဆင်းပိုက်ထဲ ကို လောင်းပေးပါ။ အချိန် ၅-မိနစ်ကြာတဲ့အခါမှာရေနွေးပူပူလောင်းချလိုက်ပါ။

(၂) မိုက်ကရိုဝေ့ဖ် မီးဖိုအတွင်းပိုင်း ညစ်ပေနေခြင်း(သို့ မဟုတ်)ရေခဲသေတ္တာ အတွင်း အနံ့ ဆိုးတွေပြေပျောက်၍ ပိုးမွှားကင်းစေဖို့  အတွက်၊ ရှာလကာ ရည်နဲ့ ရိုး ရိုးရေအေး တို့ ကို ဆတူရောထားသောရေဖြင့် သန့် ရှင်းရေးပြုလုပ်နိုင်ပါတယ်။


(၃) ပန်းကန်ဆေးစက် ချေးညှော်ကင်းစေဖို့ အတွက်၊ စက်ထဲကို ရှာလကာရည် ၁-ခွက်လောက်လောင်းထဲ့၍ စက်ခလုတ်ကိုဖွင့် ပြီးခေတ္တမျှ မွှေပေးပါ။

(၄) ပလပ်စတစ်ဗူးခွံတွေ ဟောင်းနွမ်းကြာမြင့်လို့အရောင်မှိန်နေခြင်း အတွက်၊ အ၀တ်စုတ်ကို ရှာလကာရည်ဆွတ်၍ပွတ်တိုက်ပေးပါ။

(၅) ထမင်း-ဟင်းဂျိုင့်တွေ အနံ့ အသက်ကောင်းစေရန်အတွက်၊ ပေါင်မုန့် ပါးပါးတချပ် ကို ရှာလကာရည်နှစ်စိမ်ပြီးနောက် ထို ထမင်းဂျိုင့် ထဲမှာတညသိပ်ပေးထားပါ။

(၆) အရောင်မှိန်သွားတဲ့ သတ္တုထည်ပစ္စည်းတွေအတွက်၊ ရှာလကာရည်နဲ့ ဟင်းခတ် ဆားတို့ ကို ဆတူပျစ်ပျစ်ရောပြီး ပွတ်တိုက် ပေးပါ။

(၇) အသုံးအဆောင်ပစ္စည်းများမှာ အမဲဆီဂျီး(ချေး)တွေ ညစ်ပေခြင်းအတွက် ရေမြှုပ် ကို ရှာလကာရည်ဆွတ်ပြီး သန့် စင်ပေးပါ။

(၈) မီးဖိုချောင်မှာ မီးခိုးမှိုင်းတက်လို့ နံရံတွေ မည်းညစ်နေခြင်းအတွက်၊ ရှာလကာ ရည်နဲ့  ရိုးရိုးရေအေးကို ဆတူရောပြီးသန့် စင် ပေးနိုင်ပါတယ်။

(၉) သန့် စင်းခန်းမှာ ပိုးမွှားကင်းစင်ပြီး အနံ့ အသက်တွေကောင်းစေဖို့ အတွက်၊ ရှာလကာရည် ၁-ခွက်လောင်း၍ တညသိပ်ပြီး နောက် အိမ်သာဆေး ဘရက်ရှ်တံဖြင့် ပွတ်တိုက်သန့် စင်ကာ ရေနိုင်နိုင် လောင်းချပေးပါ။

(၁၀) အိမ်ထောင်ပရိဘောဂ သစ်သားစားပွဲတွေပေါ်မှာ အပူ/အအေးခွက်တွေထင် ထားတာကြောင့် အစွန်းထင်းကွက်တွေပျောက် စေဖို့ အတွက်၊ ရှာလကာရည် ကို ဟင်းရွက်ဆီနဲ့ ဆတူရောပြီး ပွတ်တိုက်ပေးပါ။

(၁၁) ကပ်ကြေးအဟောင်းတွေက ကပ်နေပြီး ညှပ်ရခက်နေခြင်းအတွက်၊ အ၀တ်စုတ် ကိုရှာလကာရည်ဆွတ်ပြီး ပွတ်တိုက်ပေးပါ။

(၁၂) အခန်းထဲက မှိုနံ့ ဆိုးတွေပြေပျောက်စေဖို့ အတွက်၊ ရှာလကာရည်ကို ဇလုံတစ်ခု ထဲထဲ့ကာအဖုံးဖွင့်ထားပြီး ထိုအခန်းထဲမှာ တည သိပ်ထားပေးလိုက်ပါ။

(၁၃) ကြက်သွန်ဖြူ/ကြက်သွန်နီ စသည်တို့ ကိုင်ပြီးနောက်၊ လက်မှာအနံ့ တွေစွဲနေတဲ့ အခါ ရှာလကာရည်ဖြင့် လက်ကိုပွတ် တိုက်ပေးပါ။ အသီးအနှံတွေ စားသောက်ပြီးနောက် လက်မှာစွဲကျန်တဲ့အစွန်းအထင်းတွေကိုလည်းရှာလကာ ရည်ဖြင့် ဖယ်ရှားပေး နိုင်ပါတယ်။

(၁၄) များသောအားဖြင့် အိမ်ရှင်မတွေက မီးဖိုချောင်သုံး စဥ့်နီတုံးကိုသန့် ရှင်းမှုအား နည်းကြပါတယ်။ သား/ငါးတွေခုတ်ထစ် ထား တဲ့ စဥ့်နီတုံးကို အသုံးပြုပြီး တိုင်း ရှာလကာရည်ဖြင့် ပွတ်တိုက်သန့် စင်ပေးသင့်ပါတယ်။

(၁၅) အိမ်ခန်ထဲရှိဖုန်မှုန့် တွေကို သန့် စင်ကာပိုးမွှားကင်းစေဖို့ အတွက်၊ စပရေးဗူး (အဟောင်း)ထဲမှာ ရိုးရိုးရေအေးနဲ့  ရှာလကာ ရည် ဆတူရောပြီးတော့ စပရေးဖျန်း၍ အ၀တ်စုတ်နဲ့ ပွတ်တိုက်ပေးပါ။

(၁၆) ဖားဥ စွဲနေတဲ့ အ၀တ်အထည်နဲ့  ခမ်းဆီးလိုက်ကာများအတွက်၊ ရေပုံးတစ်ခု ထဲမှာ ရှာလကာရည်နဲ့  ရိုးရိုးရေအေးတို့ ကို ဆတူရောကာ ထိုအ၀တ်တွေ ခေတ္တမျှ ထဲ့စိမ်ပြီးလျှော်ဖွတ်ပါ။ အုတ်နံရံပေါ်က ဖားဥ တွေအတွက် စပရေးဗူးထဲ ကို ရှာလကာရည် နဲ့  ရိုးရိုးရေအေး ဆတူရောပြီးနောက် ဖျန်းပက်ပေးပါ။

မှတ်ချက်။
(က) အမိုးနီးယားပါရှိတဲ့ ပစ္စည်းတွေအတွက်ရှာလကာရည်မသုံးပါနဲ့ ၊ ထွက်လာတဲ့ဓာတ်ငွေ့ က လူကိုဘေးဥပါသ်ဖြစ်စေပါတယ်။
(ခ) စကျင်ကျောက်(ကျောက်ဖြူ)တွေအပေါ် ရှာလကာရည်မသုံးပါနဲ့ ၊ အရည်ထဲမှာပါတဲ့ အက်ဆစ်ဓာတ်က စကျင်ကျောက် မျက်နှာပြင်ကို ထိခိုက်ပျက်စီးစေပါတယ်။

ပေါက်ပေါက်
(ကိုးကား Healthy Foods and Herbal Medicines on 13th August 2013)
credit to >>>promise pauk facebook

No comments:

Post a Comment