ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Monday 13 January 2014

နှမ်းဆီ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

by #ပိုပိုဇော်(သဘာဝအားအင်)January 14, 2014 at 7:31am

ဟင်းလျာချက်ပြုတ် ပြင်ဆင်ရာမှာ အနံ့သင်းတဲ့ နှမ်းဆီကို အိမ်ရှင်မအများစု သုံးလေ့ရှိပါတယ်။ ဟင်းရွက်သုပ်တွေမှာလည်း နှမ်းဆီမွှေးမွှေးလေး ထည့်ပြီး စားလေ့ရှိတဲ့အတွက် နှမ်းဆီစစ်စစ်ရဲ့  ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရေးသားလိုက်ရပါတယ်။ 

(၁) သွေးတိုးကျစေခြင်း

နှမ်းဆီဟာ သွေးတိုးတာကို လျော့ကျစေတဲ့အပြင် သွေးဖိအားကို ပုံမှန်ရှိအောင် ထိန်းပေးပါတယ်။

(၂) အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိခြင်း

နှမ်းဆီမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အင်တီအောက်ဆီးဒင့် ပမာဏ အလွန်မြင့်မားစွာ ပါဝင်ပါတယ်။ နှမ်းဆီကို စားတာကြောင့် ဘက်တီးရီးယားပိုးတွေကို တွန်းလှန်နိုင်စွမ်း ရှိသလို ကိုယ်ခန္ဓာထဲမှာ ဗိုင်းရပ်စ်ပိုးကြောင့် ထိခိုက်မှုကို လျော့ကျစေပါတယ်။ 

(၃) သွေးတွင်း သကြားဓာတ် ထိန်းပေးခြင်း

ဆီးချိုရောဂါရှိသူတွေအတွက် သတင်းကောင်း ဖြစ်ပါတယ်။ လေ့လာမှုအရ နှမ်းဆီကို စားတာကြောင့် သွေးတွင်းသကြား ဓာတ်ပမာဏကို ထိန်းသိမ်းနိုင်စွမ်း ရှိကြောင်း သိရပါတယ်။ သင်စားတဲ့အစားအစာထဲ နှမ်းဆီ ထည့်စားပေးတာကြောင့် သွေးတွင်း သကြားဓာတ် ပမာဏမြင့်တက်မှုကို လျော့ကျစေပါတယ်။

(၄) အသားအရေ လှပစေခြင်း

နှမ်းဆီမှာ ဗီတာမင်အီးနဲ့ ဗီတာမင်ဘီတို့ ပါဝင်တဲ့အတွက် အသားအရေကို ကျန်းမာလှပစေပါတယ်။ ဗီတာမင်အီးနဲ့ဘီတို့က အသားအရေ ထိခိုက်မှုကို လျော့ကျစေရုံသာမက အသားအရေက လှပကြည့်ကောင်းစေပါတယ်။ အစက်အပြောက်ကင်းပြီး တင်းရင်းလှပတဲ့ အသားအရေ ပိုင်ဆိုင်စေဖို့ နှမ်းဆီပါတဲ့ အလှကုန်ပစ္စည်းသုံးတာနဲ့ နှမ်းဆီသုတ်လိမ်းတာတို့ကို လုပ်ဆောင်နိုင်ပါတယ်။

(၅) အအေးမိဝေဒနာကို တွန်းလှန်ခြင်း

နှမ်းဆီဟာ အအေးမိတာကြောင့် နှာခေါင်းပိတ်တာကို တွန်းလှန်ပေးနိုင်ပါတယ်။ နှမ်းဆီခတ်ထားတဲ့ ရေနွေးငွေ့ကို ရှူရှိုက်တာကြောင့် ပြင်းထန်တဲ့ အအေးမိဝေဒနာကို သက်သာစေသလို နှာခေါင်းပိတ်တာကိုတောင် သက်သာစေပါတယ်။

(၆) ဆံကေသာ ထိန်းသိမ်းခြင်း

ဦးရေပြားကို နှမ်းဆီလိမ်းပြီး ပုံမှန်နှိပ်နယ်ပေးတာကြောင့် ဗောက်ထတာကို သက်သာစေပါတယ်။ ဗောက်ထနေတယ်ဆိုရင် နှမ်းဆီပါတဲ့ ရှမ်ပူအမျိုးအစားကိုသုံးကြည့်ပါ၊ ဦးရေပြားမှာ အေးမြတဲ့ အာနိသင်ကို ရရှိစေပါတယ်။ 

(၇) စိတ်ဖိစီးမှု လျော့ပါးခြင်း

စိတ်ဖိစီးမှုကို သဘာဝနည်းနဲ့ လျော့ကျအောင် လုပ်ဆောင်တာက အကောင်းဆုံးနည်းပါ။ နှမ်းဆီကို ပုံမှန်စားပေးတာကြောင့် စိတ်ဖိစီးမှုအဆင့်ကို လျော့ကျစေသလို နုံးချည့်ညောင်းညာမှုကို သက်သာစေပါတယ်။ နှမ်းဆီဟာ သင့်ခန္ဓာကိုယ် တစ်ခုလုံးအတွက် ကောင်းကျိုးပေးနိုင်စွမ်း ရှိပါတယ်။ 

ကြယ်စင်
photo copy from google search
Originally posted by Good Health
http://www.yatanarpon.com.mm/cp/goodhealth/news-84437

No comments:

Post a Comment