ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Friday 24 January 2014

နုပျိုလှပမူ့အတွက်သဘာဝပေါင်းတင်နည်းများ

by #ပိုပိုဇော်(သဘာဝအားအင်)January 24, 2014 at 1:04pm

ရတီကိုချစ်ကြတဲ့ ပျိုမေတို့ရေ….. ရတီမေတို့အတွက်မျက်နှာနဲ့ ခန္ဓာကိုယ်အသားအရေမှာ အရေးအကြောင်းတွေမဖြစ်အောင် ထိန်းသိမ်းရနိုင်မယ့်ပေါင်းတင်နည်းနဲ့ လက်သည်းလေးတွေအတွက် အကြံ ပြုချက်စသဖြင့်အတွက် အကြံဥာဏ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။  

အရေးအကြာင်းကင်းပြီး နုပျိုမှုကိုထိန်းသိမ်းပေးမယ့် ရှေးတရုတ်အမျိုးသမီးများ၏ မျက်နှာပေါင်းတင်နည်း

ယခုဖော်ပြမယ့်နည်းလမ်းကို ဘယ်အသက်အရွယ်မဆို သုံးစွဲနိုင်ပါတယ်။ ဒီနည်းလမ်းကိုသုံးစွဲခဲ့သူတွေဟာ အသက် ၅ဝ၊ ၆ဝ ရောက်တဲ့အထိအသားအရေ မတွန့်ခဲ့ကြ ဘူးလို့ သိရပါတယ်။ ရှေးတရုတ်အမျိုးသမီးများနဲ့ ချင်မင်းဆက်က သေဆုံးချိန်အထိ နုပျိုလှပခဲ့တဲ့ Cixiဘုရင်မ ကြိုက်နှစ်သက်တဲ့ အသားအရေထိန်းသိမ်းနည်း တစ်ခုလည်းဖြစ်ပါတယ်။ အဲဒီမျက်နှာပေါင်းတင်နည်းကိုအလွယ်ကူဆုံး ပစ္စည်းအမယ်များနဲ့ပြောပြရရင်တော့ လိုအပ်တာက ကြက်ဥ ၃ လုံး၊ ဝိုင်နီနဲ့ ပျားရည်တို့ဖြစ်ပါ တယ်။

ကြက်ဥ ၃ လုံးကိုအရင်ဆုံး ပန်းကန်လုံးထဲကို ဖောက်ထည့်ပြီး အဲဒီကြက်ဥအနှစ်တွေမြုပ်သွားတဲ့အထိ ဝိုင်နီကိုလောင်းထည့်ပါ။ ပြီးရင်အဲဒီပန်းကန်လုံးကို လုံအောင် ပိတ်ပြီးရေခဲသေတ္တာထဲမှာ ၄ ၊ ၅ ရက်ထားပါ။
ပြီး၇င် ထုတ်ယူပြီး ပျားရည် ၂ ဇွန်းထည့်ထည့်လို့ သမအောင်မွှေပါ။
အဲဒီနောက် မျက်နှာကိုသန့်စင်ခြောက်သွေ့အောင် လုပ်ပြီး ကြက်ဥ၊ဝိုင်နီနဲ့ ပျားရည်သမထားတဲ့ အနှစ်ကို မျက်လုံးနဲ့ နှုတ်ခမ်းကိုရှောင်ပြီး လိမ်းပါ။ (အသုံးပြုပြီးပိုတဲ့ ခရင်မ်ကို ၁ လအထိရေခဲသေတ္တထဲမှာထားပြီး ဆက် လက်အသုံးပြုနိုင်ပါတယ်) မိနစ် ၂ဝ ကြာရင် ရေနွေးနဲ့မျက်နှာသစ်ပစ်ပါ။
ဒါပေမဲ့ သတိပြုရမှာက မေတို့ရဲ့အသားအရေဟာ သိပ်ကို ဓာတ်မတည့်မှုဖြစ်လွယ်တယ်ဆိုရင်၊ အသုံးပြုမယ့်ဝိုင်နီက အယ်လ်ကိုဟော ပါဝင်မှုများတယ်ဆိုရင်တော့ အကျိုးသက်ရောက်မှုကောင်းတယ်ဆိုပေမဲ့ ဒီနည်းလမ်းကို အသုံးမပြုသင့်ပါဘူး။ အကျိုး အာနိသင်အနေနဲ့ကတော့ အသားဖြူခြင်း၊ အသားအရေချောမွေ့ခြင်း၊ အရေးအကြောင်းများကိုကာကွယ်ပေးနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။

ချောမွေ့စိုပြည်တဲ့ အသားအရေပိုင်ဆိုင်စေမယ့် body scrub

ဖုန်မှုန်တွေပါတဲ့ လေထုတွေကို အမြဲဖြတ်သန်းသွားနေရတယ်။ အလုပ်ကလည်းများတယ် ဆိုရင် သင့်အသားအရေဟာ မွဲခြောက်လာတယ်၊ ကြမ်းတမ်းလာတယ်လို့ ခံစားရပါလိမ့်မယ်။ ဒီလိုဆိုရင်နေသာပြီး အချိန်ပိုရတဲ့နေ့လေးတစ်နေ့မှာ မေတို့ရဲ့အသားအရေကို ချေးချွတ်တဲကအနေနဲ့ Scrubလုပ်လိုက်ပါ။ Scrub လုပ်နည်းတွေ ကတော့အများကြီးရှိပါတယ်။ အလှပြင်ဆိုင်တွေမှာသွားလုပ်နိုင်သလို အလှပြင်ပစ္စည်းကောင်တာတွေမှာရောင်းတတ်တဲ့အမျိုးမျိုးသော body scrub တွေကိုလည်း ရွေးချယ်ဝယ်ယူပြီး အိမ်မှာလုပ်နိုင်ပါတယ်။ အသင့်ဝယ်ထားတဲ့ scrubလုပ်စရာ ပစ္စည်းကလည်းမရှိ ကိုယ်ကလည်း လုပ်ချင်နေပြီးဆိုရင်တော့ နည်းလေးတစ်ခုပေးပါမယ်။ ဒီလိုလုပ်ဖို့သင့်မှာ ဆားလက်တဆုပ်နဲ့ ရေချုးဆပ်ပြာရည်ကောင်းတစ်မျိုးရှိရင်ပဲရပါပြီ။ အရင်ဆုံး ရေနွေးနွေးလေးနဲ့ ၁ဝ မိနစ်လောက်နေချိုးပါ။ ဒါမှမဟုတ် ရေနွေးနွေးလေးထဲမှာ စိမ်နေပါ။ ပြီးရင် ဆားလက် တစ်ဆုပ်စာကို ခွက်လေးတစ်ခွက်ထဲမှာထည့် ရေချိုးဆပ်ပြာရည်သင့်ရုံနဲ့ရောနှောပြီး တကိုယ်လုံကို ပွတ်လိုက်ပေးပါ။ လည်ပင်းကအစ ခြေဖျားအဆုံး အသေအချာ ပွတ်တိုက်ပြီးရင် ရေချိုးလိုက်ပါ။ အရေပြားပေါ်ကဆဲလ်သေတွေနဲ့ ဖုန်တွေဂျီးတွေကိုဖယ်ရှားလိုက်တဲ့အတွက် ရေချိုးပြီးတဲ့အခါ ချောမွေ့သွားတဲ့ အသားအရေကို ရပါလိမ့်မယ်။ အဲဒီအခါ body lotion တစ်ခုခု ဒါမှမဟုတ် moisturizer တစ်မျိုးမျိုးကိုလိမ်းထားလိုက်ပါ။ ဒီလိုအပတ်စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင် သင့်အသားအရေ ဟာ စိုပြည်ချောမွေ့မှုရှိနေပါလိမ့်မယ်။

လက်သည်းတွေသန်မာကြံခိုင်စေချင်သလား လက်သည်းလေးတွေ ကြံ့ခိုင်ဖို့

မိန်းကလေးအများစုကတော့ လက်သည်းရှည်လေးတွေ ထားရတာကြိုက်ကြပါတယ်။ အဲဒီအခါ လက်သည်းတွေကျိုးလွယ်ရင် ပြဿနာတက်တော့တာပါပဲ။ တစ်ချောင်းကျိုးပြီဆိုတာနဲ့ ကြည့်လို့မလှတော့ဘူးမဟုတ်လား။ ဒီတော့လက်သည်းတွေ သန်မာဖို့တော့လိုပြီပေါ့။ ဘယ်လိုလုပ်လို့ရမလဲဆိုတာကို ပြောပြပါမယ်။ လက်သည်းတွေ သန်မာကြံ့ခိုင်စေချင်ရင် ကြက်သွန်ဖြူကိုအစိတ်စိတ်အမြွှာမြွာဖြစ်အောင် ဓါးနဲ့စဉ်းထားပြီး လက်သည်းများပေါ်မှာ သုတ်လိမ်းပေးပါ။ လက်သည်းတွေ ကို အရောင်တင်ပြီးလို့ခဏနေရင် ရေအေားလောင်းပေးပါ။ အမြဲပဲလက်သည်းဆိုးဆေးဆိုးထားရင် လက်သည်းအရောင်မလှပဲ ဝါလာနိုင်တဲ့အတွက် တခါတရံမှာ လက်သည်းလေးတွေကို     အသက်ရှုပေါက်ပေးတဲ့အနေနဲ့ လက်သည်းဆိုးဆေးတွေကို ဖျက်ပြီးသဘာဝအတိုင်းလည်း အနေသင့်ပါတယ်။ ဆိုလိုတာကတော့ အမြဲတမ်းလက်သည်းနီပုံမှန်ဆိုးတာမျိုးမလုပ်သင့်ဘူးပြောချင်တာပါ။

နုပျိုလှပဖို့အတွက် အကောင်းဆုံးဆေး

တနေ့ကို ၇ နာရီခန့အိပ်စက်နိုင်မယ်ဆိုရင် ကျန်းမာဖို့ အတော်လေးအထောက်အကူဖြစ်ပါတယ်။ လှုပ်ရှားအလုပ်များချိန်နဲ့ အိပ်ချိန်အနားယူချိန်မမျှတရင် မကျန်းမာ နိုင်ပါဘူး။ မကျန်းမာတဲ့အတွက်နုပျိုလှပမှုဆိုတာလည်းမရှိနိုင်ပါဘူး။ဒါကြောင့်လုံလောက်တဲ့အိပ်စက်မှုရှိရပါမယ်။ ဒါပေမဲ့ ကျန်းမာနေဖို့အပြင် ဖျတ်လတ်ရွှင်လန်းနေ ပါမှလည်း လှပအောင်ပြင်ဆင်ထိန်းသိမ်းချင်စိတ်၊ အလုပ်လုပ်ဖို့လှုပ်ရှားသွားလာဖို့ တက်ကြွနေမှာဖြစ်ပါတယ်။ ဒီလိုတက်ကြွသွက်လက်နေဖို့ကတော့ နေ့စဉ် ကိုယ် လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ဖို့လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများဟာ  ကိုယ်တွင်းကိုယ်ပကျန်းမာလှပမှုအတွက် အထောက်အကူ ဖြစ်စေပါ တယ်။ စက်ဘီးစီးခြင်း၊ ခုန်ဆွဆွပြေးခြင်း၊ လမ်းလျှောက်ြာခင်း၊ စက်ဘီးစီးခြင်း၊ လေကောင်းလေသန့်ရှူခြင်း၊ သစ်ပင်များတဲ့ ပန်းခြံထဲမှာလမ်းလျှောက်ခြင်းတွေဟာ လည်း ပျိုမေတို့ကို ကျန်းမာစေတဲ့အပြင် ရွှင်လန်းစေပါတယ်။  

အစားအသောက်နဲ့ အသားအရေလှပမှု

အပူအစပ်နဲ့ အဆီများတဲ့အစာ၊ အသင့်စားအစားအစာတွေကို ရှောင်ကျဉ်ပြီး အမျှင်ဓာတ်များတဲ့၊ ဗီတာမင်နဲ့သတ္တုဓာတ်ကြွယ်ဝတဲ့ဟင်းရွက်၊ သစ်သီးနဲ့ အစားအစာ များကိုစားသုံးသင့်ပါတယ်။ ရေကိုလည်းအလုံအလောက် သောက်သုံးပေးသင့်ပါတယ်။ ဒါကတော့ သင့်ကိုလှပစေဖို့ ငွေမကုန်တဲ့ လှပမှုအတွက် ဂရုစိုက်နိုင်တဲ့ သဘာဝနည်းတွေပါပဲ။ ရတီပျိုမေတိုင်း လှပစိုပြည်ကြပါစေ။

မာဦး
photo copy from google search
credit to >>ရတီမဂ္ဂဇင်း

No comments:

Post a Comment