ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Saturday 8 February 2014

Probiotic အစားအစာများ

by #ပိုပိုဇော်(သဘာဝအားအင်)February 7, 2014 at 1:24pm

(၁)ဂေါ်ဖီအချဉ်

ယင်းတွင် ဗီတာမင် B,A,E,C  တို့ပါဝင်၍ ဓာတ်မတည့်သော လက္ခဏာများကို လျော့ချပေးနိုင်သည်။

(၂)ချောကလက်အမည်း

Probiotic ကို ချော့ကလက် အမည်းတွင် အခြားနို့နှင့် နို့ထွက် ပစ္စည်းများထက် လေးဆပို၍ ပါဝင်သည်။

(၃)ကင်ချီ

ကိုရီးယားကင်ချီတွင် ဘီတာကရိုတင်း၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ဗီတာမင် A,C,B1, B2 တို့ ပါဝင်သည်။ မိမိနေ့စဉ် စားနေကြ အစာနှင့်ကင်ချီကို တွဲ၍ စားသုံးပါက ဤရောဂါ တိုက်ဖျက်ပေးသော ဘက်တီးရီးယားများ ပေါက်ဖွားမှုကို အားပေးသည်။

(၄)သနပ်များ

အိမ်တွင် ပြုလုပ်ပြီး နေရောင် ပြစားသုံးရသည့် အချဉ်သနပ်များ ဥပမာ သရက်သီး၊ ဂေါ်ဖီပန်းသနပ်၊ သံပရာသီးအစရှိသည့် သနပ်များသည် အကောင်းဆုံး Probiotic   အခြေခံသည့် အစားအစာများဖြစ်ကြသည်။

(၅) စပီရူလိုင်းနား၊ စိမ်းပြာရေညှိ၊ ကျောက်ကျော

စပီရူလိုင်းနား၊ စိမ်းပြာရေညှိ၊ ကျောက်ကျောတို့တွင် Lactobacillus  နှင့် Bifidobacteria  ပါရှိပြီး အစာခြေလမ်းကြောင်းလှုပ်ရှားမှုကို တိုးတက်စေသော အစားအစာများ  ဖြစ်ပြီး အင်အားကို  ပြန်တက်စေသည်။

(၆)ဒိန်ချဉ်

အထူးသဖြင့် ဆိတ်နို့ဖြင့် ပြုလုပ်သောဒိန်ချဉ်၊နို့၊ ချိစ်တို့တွင် thermophillus, bifudus, bulgaricus  နှင့် acidophilus မြင့်မားစွာ ပါဝင်ပြီး Probiotic  အစာ တစ်မျိုးဖြစ်သည်။

ဒေါန
photo copy from google search
credit to >>Health Updates Journal No. 98

No comments:

Post a Comment