ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Monday 3 February 2014

အမြန်ဆုံး ခါးနာသက်သာစေမည့် နေထိုင်မှုပုံစံ

by #ပိုပိုဇော်(သဘာဝအားအင်)February 3, 2014 at 8:50am

လူတိုင်းလိုလိုဟာ ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို ခါးနာဖူးကြပါတယ်။ အသက် ၄၅ နှစ်အောက် အရွယ်တွေမှာ ခါးနာတာက  စိတ်အနှောင့်အယှက် ဖြစ်စရာ အကောင်းဆုံး နာကျင်မှုပါ။ ခါးနာတာ အများစုက အနေအထိုင်၊ သွားလာလှုပ်ရှားမှု ပုံမမှန်တာကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခါးနာဝေဒနာကို ချက်ချင်း သက်သာစေမယ့် နည်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) သင့်လက်ကိုင်အိတ်ထဲမှ မလိုအပ်သည်များ ရှင်းလင်းပါ

ခန္ဓာကိုယ်ရဲ့ ဘေးဘက် တစ်ခြမ်းတည်းမှာ လေးလံလွန်းတဲ့ အိတ်ကို လွယ်တာက သင့်အရိုးစနစ်အပေါ် ဖိအား သက်ရောက်စေပါတယ်။ ဒါကြောင့် သင်လွယ်မယ့် ဘေးလွယ်အိတ်၊ ကျောပိုးအိတ်၊ လက်ကိုင်အိတ် စတာတွေကို အလေးချိန် ချိန်ကြည့်ပါ။ အဲဒီအိတ်က သင့်ခန္ဓာကိုယ် အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းထက် ပိုများနေရင် အိတ်ထဲက မလိုအပ်တဲ့ ပစ္စည်းတွေကို ထုတ်လိုက်ပါ။

(၂) ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံနည်းနည်းပဲ ထည့်ပါ

ပိုက်ဆံတွေ အပြည့်ထည့်ထားတဲ့ ပိုက်ဆံအိတ်ကို ဘောင်းဘီ နောက်အိတ်ကပ်ထဲ ထည့်ပြီး တစ်နေ့လုံး ထိုင်တာက ကျောရိုးကို လိမ်ထားသလို ဖြစ်စေပြီး တင်ပါးရှိ နာ့ဗ်ကြောကို ဖိမိစေနိုင်ပါတယ်။ ဒါက နာ့ဗ်ကြော ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်ပြီး ခါးနာတာက အမျိုးသားတွေမှာ အဖြစ်များပါတယ်။

(၃) ဆေးမသောက်ခင် အပူကုထုံးသုံးပါ

ခါးနာတဲ့အခါ အကိုက်အခဲ ပျောက်ဆေး ပါရာစီတမောနဲ့ အိုင်ဗျူပရိုဖင်တို့ သောက်တာထက် အပူပေးပြီး အရင်ဆုံး ကုသသင့်ပါတယ်။ရေနွေးအိတ် ကပ်တာမျိုးကို ရှစ်နာရီကြာ လုပ်ဆောင်ပေးရင် သက်သာနိုင်ပါတယ်။ လေ့လာမှု တစ်ရပ်အရ အကိုက်အခဲပျောက်ဆေးကို သောက်တာထက် အပူပေး ကုသတာက ပိုမို ထိရောက်တဲ့ အာနိသင်ကို ရရှိစေတယ်လို့ သိရပါတယ်။

(၄) သင့်အပ်ချုပ်ဆရာ ပြောစကားကို နားထောင်ပါ

ဘောင်းဘီချုပ်ဖို့ ကိုယ်တိုင်းတဲ့အခါ သင့်အပ်ချုပ်ဆရာက သင့်ခြေထောက် တစ်ချောင်းဟာ တခြားတစ်ချောင်းထက် ပိုတိုနေတယ်လို့ ပြောရင် အလေးထားပါ။ ဒါက သင့်ခါးပေါ်မှာ ဒဏ်ပိပြီး ခြေထောက်တစ်ဖက်နဲ့ တစ်ဖက်တစ်လက်မလောက် ခြားနားနေတာ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ဒီလို ခြားနားနေတယ်လို့ အပ်ချုပ်ဆရာက ပြောခဲ့ရင် အရိုးအထူးကု ဆရာဝန်ဆီ သွားရောက်တိုင်ပင်ပါ။

(၅) ဒူးများကို မြှင့်ထားပါ

ထိုင်ခုံပေါ်မှာ ထိုင်တဲ့အခါ ဒါမှမဟုတ် လေယာဉ်ကြာကြာ စီးတဲ့အခါ သင့်ဒူးတွေက သင့်တင်ပါးထက် အနည်းငယ် မြင့်နေစေဖို့ ခြေထောက်အောက်မှာ တစ်ခုခု ခံထားပါ။ ဒူးတွေက မြင့်နေရင် ခါးအောက်ပိုင်း အပေါ် ဖိအားသက်ရောက်မှု လျော့နည်း သွားပါလိမ့်မယ်။


ကြယ်စင်
photo copy from google search
originally posted by Good Health
http://news.yatanarpon.com.mm/cp/goodhealth/news-59681

No comments:

Post a Comment