ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Wednesday 12 February 2014

တိုင်းရင်းဆေး ကဏ္ဍ (ငုပင် နှင့် ပိတောက်ပင်)

by #ပိုပိုဇော်(သဘာဝအားအင်)February 13, 2014 at 2:51am

မြန်မာ့ ဓလေ့ တစ်ဆယ့်နှစ် လရာသီ မြန်မာ့ ပွဲတော်များ အနက် ကမ္ဘာသိ၊ မြန်မာ သိ၊ အထင်ရှား ဆုံး ပျော်ရွှင် ဖွယ်ရာ ပွဲတော်မှာ သင်္ကြန်ပင်ဖြစ်ပါ သည်။ သင်္ကြန်၏ အငွေ့အသက်များ၊ နွေဦး၏ အပူရှိန်တို့ဖြင့် ပိတောက် ပန်းများနှင့် ငုပန်းများ လှိုင်လှိုင်ပွင့် ကြပါသည်။ သင်္ကြန်ရက်အတွင်းမှာ နေရာတိုင်း၌ ရွှေဝါရောင်လွှမ်းလျက် ရှိနေပါသည်။ အမိမြန်မာမြေ၏ ယဉ်ကျေးသော သင်္ကြန်ရက်အတွင်း စာရေးသူအနေနှင့် ယခင်နှစ်တိုင်း လိုလိုပင် ရုပ်ရှင်စာစောင်များတွင် ပိတောက်ကဗျာ များစွာကို ရေးသား ခဲ့ပါသည်။ Health Digest ကျန်းမာ ရေးနှင့် ဆေးပညာဂျာနယ်တွင် ငုပန်းနှင့် ပိတောက်ပန်းတို့၏ ဆေး ဖက်ဝင်ပုံများနှင့်ပတ်သက်၍ စာဖတ် ပရိသတ်များအတွက် ရေးသားတင်ပြ ရန် စဉ်းစားရင်းဖြင့်သာ ကျန်ရစ်ခဲ့ပြီး ဆောင်းပါးမရေးဖြစ်ခဲ့ပါ။ စာရေးသူ နှစ်သက်သော ပိတောက်ပင်နှင့် ငုပင်တို့အကြောင်း စာရေးသူ အသက် ၆၉ နှစ်မြောက်အထိမ်းအမှတ်အဖြစ် Health Digest ကျန်းမာရေးနှင့် ဆေး ပညာဂျာနယ်တွင် တင်ပြလိုက်ပါသည်။

သင်္ကြန်အကြို

မြန်မာ့ရိုးရာ သင်္ကြန်အကြို ကာလတွင် ငုပန်းများ ပွင့်ကြပါသည်။ ငု ပန်းပင်၏ ရုက္ခဗေဒအမည်မှာ Cassia Fistula ဖြစ်ပါသည်။ အင်္ဂလိပ်အမည် Indian Laburnum ဖြစ်ပါသည်။

အာယုဗ္ဗေဒဆေးကျမ်းအဆို

မြန်မာနိုင်ငံတွင် ငုပန်းပင်ကို ငုကြီး သို့မဟုတ် ငုရွှေဝါဟု လူတိုင်း သိရှိထားကြပါသည်။ မြန်မာဘာသာ ပြန် အာယုဗ္ဗေဒကျမ်းတွင် ငုပင်နှင့် ပတ်သက်၍ တိုင်းရင်းဆေးဝါးအသုံး ပြုနည်းကို ကျန်းမာရေးစောင့်ရှောက် ရာတွင် ဗဟုသုတရနိုင်စေရန် ရည် ရွယ်ဖော်ပြထားပါသည်။

ငုပင်၏ အရသာနှင့် အာနိသင်

ငုသီးသည် ချိုသက်သက်ဖြစ်၏။ ဝိပါက ချဉ်စပ်၏။ လေး၏။ ဝမ်းမီးကို စင်ကြယ်စေ၏။ အရွက်သည် နူးညံ့စွာ ဝမ်းသက်၏။ အပွင့်သည် အေး၏။ ခါး၏။ ဖန်၏။ အနှစ်သည် ဝိပါက ချဉ်ချို၏။ ဝမ်းမီးကို ပွားစေ၏။ ဝမ်း ကို သက်စေ၏။

ငုပင်၏ ဂုဏ်စွမ်းရည်

ကြေကျက်ခဲ၏။ နှုတ်မြိန်စေ၏။ အဖျား၊ နှလုံး၊ ရတ္ထပိတ်နာ၊ လေချုပ်၊ လေထိုးအောင့်နာတို့ကိုနိုင်၏။ အသီး သည် နှုတ်မြိန်စေ၏။ နူနာကို ပယ် တတ်၏။ သည်းခြေကို ထုတ်ဆောင် တတ်၏။ သလိပ်ကိုနိုင်၏။ အဖျား၌ ကောင်း၏။ အရွက်သည် သလိပ်နှင့် အဆီကို ခြောက်စေ၏။ အဖျားနှင့် အခါခပ်သိမ်း သင့်၏။ မလကိုတို့ကို လျော့ပါးစေတတ်၏။ အနာပေါက်၌ အသားနုတက်စေ၏။ အဆစ်ရောင် ရောဂါ၌လည်း ကောင်း၏။ အပွင့် သည် နှုတ်ကိုမြိန်စေ၏။ သလိပ်၊ သည်းခြေကိုနိုင်၏။ အနှစ်သည် နူးညံ့ ၏။ လေသည်းခြေကို နိုင်၏။ အမြစ် သည် အရေပြား နူနာ၊ အဆုတ်နာနှင့် လိင်နမိတ်ရောဂါတို့ကို ပျောက်ကင်း စေ၏။

အာယုဗ္ဗေဒတိုင်းရင်းဆေးကုထုံးများ

လေနှင့်ပတ်သက်သောရောဂါနှင့် သွေးရောဂါတို့တွင် ငုအမြစ်ကို နွားနို စစ်စစ်နှင့် ပြုတ်ဆေးအတိုင်း စနစ် တကျ ပြုတ်၍ရရှိသော ပြုတ်ဆေး ရည်ကို လူကြီးဆေးတစ်ခွက်စာအဖြစ် ဟင်းစားစတီးဇွန်း နှစ်ဇွန်းစာကို သောက်၍ကုသနိုင်ပါသည်။ ထို့အပြင် ပိုးဝင်ခြင်းများ၊ အပူလောင်ခြင်း တို့အတွက် ကုသနိုင်ပါသည်။

ချေးသီးစက်ထိလျှင် ကုသနည်း

ပရဆေးဆိုင်တွင်ဖြစ်စေ၊ ချေးသီး ပင်မှ ချေးသီးများကို ခူးဆွတ်သူတွေ ဖြစ်စေ၊ ပရဆေးဝါးများကို ဖော်စပ်ရာ တွင်ဖြစ်စေ ချေးသီးစက်များနှင့် ထိ တွေ့မိပြီး အ္တရာယ်ဖြစ်လာလျှင်ငုရွက် ကို ထုထောင်း၍ ရရှိသောအရည်ကို မကြာခဏလိမ်းပေးခြင်းဖြင့် ချေးသီး အဆိပ်ကို ပြေစေနိုင်ပါသည်။

ရေယုန်ကြီးနာ ကုသနည်း

ရေယုန်ကြီးနာကို ကုသရာတွင် အသုံးပြုနည်းမှာ ငုရွက်ကို ထုထောင်း ၍ရရှိသော အရည်ကို နှစ်နာရီလျှင် တစ်ကြိမ်ကျ ရေယုန်ကြီးနာကို လိမ်းပေးရန် ဖြစ်သည်။

ကလေးရောဂါကုသနည်း

ကလေးများတွင် ဝမ်းဖော ဝမ်းရောင်နှင့် လေထိုးခြင်းဖြစ်ပါက ငု အသီး၏ အနှစ်ရည်ကို ကလေးသူငယ် တို့၏ ချက်ပတ်လည်တွင် လိမ်းပေးပါက သက်သာပျောက်ကင်းစေနိုင်ပါသည်။

အရေပြားရောဂါ

အာယုဗ္ဗေဒဆေးပညာအရ နူနာရောဂါအား ငုရွက်ကို ထု ထောင်းကြိတ်ပြီး ရရှိသော အရည် ကို လေးနာရီခြား တစ်ကြိမ်ကျ လိမ်းပေးပါက သက်သာစေနိုင်ပါ သည်။ သွေးရောဂါ၊ ဝဲခြောက်ရောဂါ စတဲ့အရေပြား ကျန်းမာရေးပြဿနာ များကိုကုသသည့် ဆေးနည်းကောင်း တစ်လက်မှာ ငုပင်၏ ပဉ္စငါးပါး (အမြစ်၊ အခေါက်၊ အသီး၊ အရွက်) တို့ကို စုပေါင်းစပ်၍ ဆေးတောင့် ပြု လုပ်ထားပါ။ အဆိုပါ ဆေးတောင့်ကို ဆေးကျောက်ပျဉ်တွင် သွေး၍ လိမ်း ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။

ဆီးလမ်းကြောင်းနဲ့ ပတ်သက်သော ရောဂါများ

ဆီးနှင့်ပတ်သက်၍ ဆီးအောင့် ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးတွင် သွေးပါ ခြင်းဖြစ်လျှင် ငုသီးအနှစ်ရည်ကို ချက်တစ်ဝိုက်တွင် လိမ်းပေးပါ။ အထူး သဖြင့် ချက်တစ်ဝိုက်ကို နေ့ဘက်တွင် မကြာခဏ လိမ်းပေးနိုင်ပါသည်။

နားနှင့်ပတ်သက်သော ရောဂါ

ငုပင်၏ ပြုတ်ဆေးရည်ကို စနစ် တကျပြုတ်၍ ဆေးရည်ကို နားတွင် ခတ်ပေးလျှင် (နားအစက်ချဆေး) နားနှင့်ပတ်သက်သော ရောဂါဝေဒနာ များကို ကုသဆေးအဖြစ် အသုံးဝင်ပါ သည်။

အသက်ရှုလမ်းကြောင်းရောဂါ ကုသနည်း

ငုပင်၏အနှစ်ကို စနစ်တကျ ပြုတ်ဆေးအဖြစ် ပြုတ်ထားသော ပြုတ်ဆေးရည်ကို လူကြီးဆေးတစ် ခွက်စာပမာဏအဖြစ် ဟင်းစားစတီး ဇွန်းတစ်ဇွန်းစာနှင့် တစ်ကြိမ်သောက် ပေးရပါသည်။ ဆေးကို လေးနာရီခြား တစ်နေ့လေးကြိမ်သောက်ပေးပါ။ အ သက်ရှူလြွေပန်ဆိုင်ရာရောဂါကိုသက် သာပျောက်ကင်းစေနိုင်ပါသည်။ ဤ ဆေးရည်ကို သောက်ပေးခြင်းဖြင့် ဝမ်း အနည်းငယ်သွားစေနိုင်ပြီး အသက်ရှူ ခြင်းဆိုင်ရာ အခက်အခဲများကို လျှော့ချပေးနိုင်ပါသည်။

ကျပ်တီးနာနှင့် ဝှေးဥရောင်ကုသနည်း

ငုပင်အမြစ်ကို ဆေးကျောက်ပျဉ် တွင် သွေးပါ။ ရရှိသည့်အရည်ကို ရှူ ပေးခြင်းဖြင့်လည်းကောင်း၊ လိမ်းဆေး အဖြစ်လည်းကောင်း အသုံးပြုပေးပါ က ကျပ်တီးနာကို သက်သာစေပါ သည်။ ဝှေးဥရောင်ရောဂါကို ကုသရန် ဆေးဝါးဖော်စပ်နည်းမှာ ငုအနှစ် ငါး ကျပ်သားကို ရေခုနစ်ကျပ်ရှစ်ပဲသား နှင့် ကျို၊ ရေ ငါးမတ်သားခန့် ကျန် သောအခါ နွားနို့စစ်စစ် သို့မဟုတ် ထောပတ် နှစ်ကျပ်တစ်မတ်သားနှင့် ရောသောက်၍ ဆေးတစ်ခွက်စာ အဖြစ် အသုံးပြုနိုင်ပါသည်။

ဝမ်းချုပ်ခြင်းကုသနည်း

ဝမ်းချုပ်ခြင်းအတွက် ငုသီးမှ အနှစ်တစ်ဆ၊ မန်ကျည်းအနှစ် တစ်ဆ တို့ကို ညနေတွင် ရေတစ်ဖန်ခွက်နှင့် စိမ်ထားပါ။ ညအိပ်ရာဝင်ချိန်မှာ စိမ်ရေ ကို စစ်၍ သောက်ပေးပါ။ နောက် တစ်နေ့နံနက်ပိုင်းတွင် ဝမ်းသည် ကောင်းစွာ သက်ဆင်းစေပြီး ဝမ်းချုပ် ခြင်းမှ ကင်းစေ၍ ကျန်းမာရေးကို ပိုကောင်းစေပါသည်။

အဆစ်ရောင်ရောဂါကုသလိုလျှင်

အာယုဗ္ဗေဒဆေးပညာအရ ဖောက်ပြန်သော၊ ဒေါသအလျှောက် ဖြစ်တတ်သော အဆစ်ရောင်ကုထုံး များကို ပိုင်းခြားထားပါသည်။ လေ အားနည်းခြင်းကြောင့် ခံစားရသော အဆစ်ရောင်ရောဂါကို ကုသရာ၌ ငုရွက်ကို အပူပေးပြီး ကြပ်ထုပ်ဆေး အဖြစ်ထိုးပေးခြင်းဖြင့် သက်သာစေ နိုင်ပါသည်။

ပိတောက်ပင်

ပိတောက်ပင်၏ ရုက္ခဗေဒအမည် မှာ (Pterocarpus Indicus Willd) ဖြစ်ပါသည်။ ဟိန္ဒီဘာသာဖြင့် အာယ ဆန်ဟု ခေါ်ပါသည်။ ရုက္ခဗေဒကျမ်း များတွင် ပိတောက်အမည်နှင့် အပင် များလည်း ရှိကြပါသည်။ Family မျိုးအနေနှင့် Fabaceae ဖြစ်ပါသည်။ အဆိုပါမျိုးရင်းတွင် အခြား ပိတောက် ပင်များလည်းရှိကြောင်းကို စာဖတ် ပရိသတ်များအတွက် ဗဟုသုတအဖြစ် ပူးတွဲဖော်ပြလိုက်ပါသည်။ ပိတောက် (မလာဗာကီနို) ရုက္ခဗေဒအမည် Pterocarpus Marsupium Roxb၊ ပိတောက်နက် (သစ်နက် ကုလား) Dalberiga Latifolia Roxb ဟူ၍ ကွဲပြားပါသည်။

မြန်မာပိတောက်ပင် အာယုဗ္ဗေဒဆေးပညာဂုဏ်နှင့် စွမ်းရည်

အာယုဗ္ဗေဒဆေးပညာရှင်များ သည် ပိတောက်စေးကို ဆေးဝါးဖော် စပ်ရာတွင် ထည့်သွင်းအသုံးပြုလေ့ ရှိကြပါသည်။ ခါး၏၊ ပူ၏၊ ဝိပါက၌ စပ်၏၊ ဝမ်းကိုသက်စေ၏၊ ပိုးကို ပယ်တတ်၏၊ ဆံပင်တို့ကို ကောင်းစေ ၏၊ လည်ပင်းရောဂါ၊ သွေးကွက်၊ နူနာ၊ ရေယုန်၊ တူလာသရောနာ၊ ဝစ္စမင်္ဂ ၌ဖြစ်သော ရောဂါ၊ သွေးအန်၊ သွေး ကျ၊ အရေပြားရောဂါ စသည်တို့ကို ပျောက်ကင်းစေ၏။

အာယုဗ္ဗေဒကုထုံးများ အတိဿရဝမ်းရောဂါ

အတိဿိဿိဿရဝမ်းးရောဂါ အာယုဗ္ဗေဒကုထုံးတွင် အတိဿ ဝမ်းရောဂါဆိုသည့်ဝေါဟာရမှာ ဝမ်း အဆက်မပြတ်သွားသော ကာလဝမ်း ရောဂါမျိုးကဲ့သို့ ရောဂါများကို ဆိုလို ပါသည်။ သွေးဝမ်းသွားခြင်း၊ မီးယပ် သွေးလွန်ခြင်း အစရှိသည့် ရောဂါ များတွင် ပိတောက်ပင် အစေးတစ်ပဲ သားကို ရေသန့်နှင့် ဖျော်၍ လူကြီး ဆေးတစ်ခွက်စာအဖြစ် အသုံးပြုနိုင် ပါသည်။

အရေပြားရောဂါ နှင့် သွားရောဂါ

အရေပြားတွင် ထိခိုက်ရှနာဖြစ်၍ နာကျင်ကိုက်ခဲခြင်းများဖြစ်လျှင် ပိ တောက်ပင်အသားကို ဆေးကျောက် ပျဉ်တွင် သွေး၍ရရှိသောဆေးရည်ကို လိမ်းပေးနိုင်ပါသည်။ သွားကိုက်လျှင် ကုသရန်နည်းမှာ ပိတောက်ရွက် ငုံဆေး၊ ပလုတ်ကျင်းဆေးအဖြစ် အသုံးပြုပေးခြင်းဖြင့် သွားနှင့်ခံတွင်း တို့တွင် ဖြစ်ပေါ်စေတတ်သော သွား နာခြင်း၊ သွားကိုက်ခြင်း၊ ပါးစပ်ပူ လောင်ခြင်း၊ လျှာပူခြင်း၊ ခံတွင်းအနံ့ ဆိုးဝါးခြင်းတို့ကို သက်သာစေနိုင်ပါ သည်။ စာဖတ်ပရိသတ်များ နေထိုင် ရာတစ်ဝိုက်တွင်ရှိသော ငုပင်နှင့် ပိ တောက်ပင်တို့ဖြင့် ရောဂါငယ်များကို လတ်တလော တိုင်းရင်းဆေးဝါးကုနိုင် သည့်ဆေးနည်းများကို လူတိုင်း လက် တွေ့အသုံးပြုနိုင်ပါသည်။ မြန်မာ နှစ်သစ်တွင် ကျန်းမာပျော်ရွှင်စွာ လို အင်ဆန္ဒ ပြည့်ဝကြပါစေဟု ဆန္ဒပြု လိုက်ရပါသည်။  

အာရောဂျံ ပရမံ လာဘံ

ကျော်တင်းဆွေ
photo copy from google search
originally posted by Health Digest ဂျာနယ်

No comments:

Post a Comment