ခံတွင်းနံ့ဆိုးခြင်းပျောက်ကင်းအောင်
by NANG KHA YEA on
သကြားလုံးတွေ၊ ရှောက်သီးခွံတွေကို တတိတိနဲ့ ဝါးစားမယ့်အစား လက်ဖက်ရည် သောက်ပါလို့ ဆိုလာကြပါပြီ။
Black Tea or Green Tea တစ်ခွက်ဟာ အနံ့ဆိုးတွေကို အကောင်းဆုံး ထိန်းချုပ်ထားနိုင်ပါတယ်။
လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) မှာ Catechins လို့ခေါ်တဲ့ ပစ္စည်းတွေများစွာ ပါဝင်ပြီး ယင်းတို့က အနံ့ဆိုးထွက်စေတဲ့ အရာတွေကို သွားပေါင်းပြီး သူတို့ရဲ့ အနံ့အသက်ဆိုးကို ဖုံးကွယ်ပေးပါတယ်။
လက်ဖက်ရည်ကို မျိုမချခင် ပါးစပ်အနှံ့ရောက်စေတာကတော့ အကောင်းဆုံးပါပဲ။
တစ်ခုသတိထားရမှာက သကြားမထည့်မိဖို့ပါပဲ။
နောက်ထပ်နည်းလမ်းကတော့ သစ်ကြံပိုးခေါက်ကို နည်းနည်းဝါးတာပါပဲ။ ဒီလိုဝါးတာဟာ အနံ့ဆိုးထွက်စေတဲ့ ပိုးတွေကို ၅၀ ရာခိုင်နှုန်း လျော့ပါးစေပါတယ်။
အနံ့ပြင်းပြင်းပါတဲ့ အစားအစာတစ်ခုကို စားပြီးတိုင်း လက်ဖက်ခြောက်ဖက်ကို ဝါးပေးရင်လည်း အနံ့ဆိုး သက်သာစေပါတယ်။
ref>> http://princesshancock.multiply.com/tag


No comments:
Post a Comment