ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Saturday, 26 October 2013

အမျိုးသားတို့ကို နုပျိုကျန်းမာစေမည့် အချက်များ

by ပိုပိုဇော်(သဘာဝအားအင်)October 27, 2013 at 8:53am

အိုမင်းမှုဖြစ်စေတဲ့ ၇၀ ရာခိုင်နှုန်းနီးပါးကို ကာကွယ် ထိန်းချုပ်လို့ ရပါတယ်။ လူတစ်ယောက်က အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် နုပျိုတယ်လို့ ယူဆနေရင် ကြည့်ကောင်း နေတတ်ပါတယ်။ ဒါကြောင့် အမျိုးသားတိုင်း သိထားသင့်တဲ့ နုပျိုကျန်းမာရေး နည်းလမ်းတွေကို ရေးသား လိုက်ရပါတယ်။

နုပျိုစေမည့် နေထိုင်နည်း

အမျိုးသားတွေက မကြာခဏ မျက်မှောင်ကြုတ်လေ့ ရှိတာကြောင့် မျက်ခုံးနှစ်ခုကြား အရေးကြောင်းက ပိုသိသာတတ်ပါတယ်။ လတ်တလော လေ့လာမှုတစ်ခုအရ လူငယ် ၄၇ ဦးကို မျက်မှောင်ကြုတ်ပြီး ဓာတ်ပုံရိုက်တဲ့အခါ ပိုရင့်ရော်တဲ့ အသွင် ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ ဒါကြောင့် မျက်မှောင် မကြုတ်မိအောင် အထူးသတိထားပါ။ ဒါ့အပြင် နေရောင်အောက် သွားတဲ့အခါ မျက်မှောင် မကြုတ်မိစေဖို့ နေကာနိုင်စွမ်း SPF အဆ ၃၀ ပါဝင်တဲ့ နေကာခရင်မ်ကို လိမ်းသင့်ပါတယ်။  

Thursday, 24 October 2013

လူကိုခွန်အားဖြစ်စေမယ့် အစားအသောက်(၁၈)မျိုး

by ပိုပိုဇော်(သဘာဝအားအင်)October 25, 2013 at 10:09am

(၁)အစိမ်းရောင်အရွက်ဖားဖားဟင်းရွက်များ

ဟင်းနုနယ်၊ ကိုက်လန်၊ မုန်ညင်းစိမ်း၊ ကန်စွန်းရွက် စတဲ့ စိမ်းရောင်ခြယ်အရွက် တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါရှိပြီး၊ ကယ်လိုရီနဲပါးတဲ့ အစားအစာတွေဖြစ်ပါတယ်။ ဒါ့ပြင် ဗီတာမင်အေ၊ ဗီတာမင်စီ နဲ့  ဖောလိပ်ဓာတ်တို့  ကြွယ်ဝတာမို့  ခွန်အားတိုးပွားစေရုံမျှုမက ၊ စိတ်ကျရောဂါတွေကိုပါ တိုက်ထုတ်ပေးပါတယ်။

(၂) အစေ့အဆံများ

ဗာဒံစေ့၊ သစ်အယ်သီး၊ သစ်ကျားသီး၊ သီဟိုစေ့ စတဲ့ အစေ့အဆံတွေမှာ ခံနိုင်ရည်စွမ်းအားထောက်ပံ့ ပေး တဲ့ ပရိုတင်းတွေပါရှိနေပါတယ်။ ၄င်းတို့ ကိုစားသုံးပြီးတဲ့အခါမှာ ခန္ဓာကိုယ်တွင်းရှိကောင်းကျိုးပြုဆဲလ်တွေကို စွမ်းအားပြည့် ထုတ်လုပ်ပေးနိုင်အောင် တဖက်တလမ်းမှ အထောက်အပံ့ဖြစ်ပေးပါတယ်။

အိမ်ရှင်မများအတွက် သတင်းလက်ဆောင်

by ပိုပိုဇော်(သဘာဝအားအင်)October 25, 2013 at 6:17am

(၁) ပုရွက်ဆိတ်တွေကြောင့်စိတ်ညစ်နေပါသလား?

ပုရွက်ဆိတ်တွေက သခွားသီးကိုမုန်းတယ်လေ။ ဒါကြောင့် သခွားသီးအခွံ တွေကို ပုရွက်ဆိတ်အိမ်(အသိုက်အအုံ)နားမှာ ချထားပေးလိုက်ပါ။

(၂) ရေခဲရေ သန့် သန့် သောက်ချင်ပါသလား ?

ဦးစွာ ရေနွေးပွက်ပွက်ဆူအောင်ကြိုပါ။ ပြီးရင်အအေးခံပြီးတော့ သင့်တော်ရာ ပုလင်းထဲထဲ့ပြီး ရေသေတ္တာထဲ ထဲ့လိုက်တော့ ရေခဲရေသန့် သန့် ရပြီပေါ့။

ဝမ်းချုပ်လို့ စိတ်မညစ်နဲ့

by ပိုပိုဇော်(သဘာဝအားအင်)October 25, 2013 at 5:32am

“ ၀မ်းတစ်လုံးကောင်းရင် ခေါင်းမခဲ ” ဆိုတဲ့စကားအတိုင်း၊ နေ့ တဓူဝ ပါးစပ်မှသွင်းလာသော အစာသစ်များကို ခနာကိုယ်က အာ ဟာရအဖြစ်စုပ်ယူပြီးနောက် မလိုလားအပ်သောအစာဟောင်းများကိုမစင်အဖြစ် အနည်းဆုံးတစ်နေ့  ၁-ကြိမ်မျှ စွန့် ထုတ်ပေးမှ သာ ကျန်းမာရေးနဲ့  ညီညွတ်စေမှာပါ။ အချို့ သူများက ၂-ရက် ၁-ခါသာ ၀မ်းသွားလေ့ရှိပြီး ထို့ ထက်ပို၍၀မ်းမသွားခြင်းကိုတော့ ၀မ်းချုပ်တယ်လို့ ခေါ်ပါတယ်။ စားသောက်မှုစံနစ်မကျခြင်း၊ အိပ်ချိန်မမှန်ခြင်း၊ အထိုင်များ၍ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ရေ သောက်နည်းခြင်း စသည်တို့ ကြောင့် အရွယ် ၃-ပါးမရွေး ၀မ်းချုပ်နေကြပါတယ်။ ၀မ်းသွားချင်စိတ်ရှိတာကို လစ်လှူရှုမထားဘဲ၊ အချိန်ပေး၍ အိမ်သာတက်တဲ့ အကျင့်ကိုမွေးမြူရပါမယ်။ ၀မ်းချုပ်တာကြာလာတာနဲ့ အမျှ စမျဉ်းခံလာပြီး အတင်းအားစိုက်၍ ညှစ်ထုတ်ရခြင်းကြောင့် လိမ်ခေါင်းရောဂါ၊ စအိုကွဲခြင်း စတဲ့ နောက်ဆက်တွဲဝေဒနာတွေဖြစ်စေပါတယ်။

Tuesday, 22 October 2013

ရေနွေးကြမ်း သောက်ပြီး ဗိုက်မှာပိုနေတဲ့ အဆီတွေ လျှော့ကြစို့

by ပိုပိုဇော်(သဘာဝအားအင်)October 23, 2013 at 5:27am
 
ရေနွေးကြမ်းမှာ antioxidants တွေပါဝင်တာကြောင့် ၀ိတ်လျှော့တဲ့အခါမှာ အထောက်အပံ့ပေးပါတယ်။
အဓိကတော့ ဗိုက်မှာ ပိုနေတဲ့ အဆီတွေ လျှော့ကျစေတာပါပဲ။ ရေနွေးထဲကို လက်ဖက်ခြောက်ခတ်ပြီ ရေနွေးကြမ်းကို ၁နေ့ ၃ခွက် ပုံမှန် သောက်ပေးခြင်းဖြင့် ဗိုက်မှာ ပိုနေတဲ့ အဆီတွေကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။  

ဒါကြောင့် ရှေးကတည်းက ရေနွေးခြမ်းသောက်တဲ့ အလေ့အကျင့်ကို ပြုလုပ်လာကြတာဟာ အကျိုးရှိလို့ပါပဲ။ ဒါပေမယ့် ဗိုက်အဆီတွေကို အမြန်ဆုံး ဖယ်ရှားချင်တယ်ဆိုရင်တော့ ရေနွေးခြမ်း တနေ့ ၃ခွက်အပြင် ပုံမှန်လေ့ကျင့်ခန်းလေးပါ အပိုဆောင်းပြီ လုပ်ပေးဖို့ လိုပါတယ်။ 

လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးများ

by ပိုပိုဇော်(သဘာဝအားအင်)October 23, 2013 at 5:13am

ယနေ့ခေတ်မှာ လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအလေ့အထဟာ အလွန်ကျယ်ပြန့်လာပြီး လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအားဖြင့်လည်း
ကျန်းမာရေးအတွက်များစွာအ ထောက်အကူ  ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိချက်များအရ သိလာရပါတယ်.. တစ်နေ့ကို လက်ဖက်ရည်ကြမ်း ၃ခွက်၎ခွက် သောက်သုံးခြင်းဟာ ကျန်းမာရေးကို ဂရုတစ်စိုက် စောင့်ရှောက်ရာ ရောက်တယ်လို့ ဆိုကြပါတယ်.. အောက်ဖော်ပြပါ အချက်များကြောင့် လူတိုင်းဟာ လက်ဖက်ရည်ကြမ်းကို သောက်သုံးသင့်တယ်လို့ ဆိုပါတယ်..

အစာမရှိလျှင် အခါးရည် (လက်လက်ရည်ကြမ်း) သောက်သင့်မသောက်သင့်

by ပိုပိုဇော်(သဘာဝအားအင်)October 23, 2013 at 4:41am

Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှ ရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော်များများ သုံးဆောင် လေ့ရှိပါတယ်။
အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။
အချို့ ကျ အစာစားပြီးမှ သောက်သလို၊ အချို့ ကျလည်း အစာမစားမီလည်း သောက်တတ်ပါတယ်။  

လက်ဘက်ရဲ့  အဓိကလုပ်ဆောင်ချက်ကို သိထားရန်လိုအပ်ပါတယ်။  
လက်ဘက်ဆိုတာ ကယ်လိုရီကို လင်မြန်စွာ လောင်ကျွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခါးရည်သောက်ရင် အဆီကျတယ်လို့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။

အံသြဖွယ်ရာ သခွားသီး အစွမ်းများ

by ပိုပိုဇော်(သဘာဝအားအင်)October 23, 2013 at 4:13am

၁။ သခွားသီးဟာ နေ့တိုင်းလိုအပ်နေတဲ့ ဗိတာမင်တွေ အားလုံးကို ပေးစွမ်းနိုင်ပါတယ်။

သခွားသီးတစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင် စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင်ပါတယ်။

၂။ နေ့လည်နေ့ခင်း မောပန်းနွမ်းနယ်နေရင် ကဖင်းဓါတ်ပါတဲ့၊ ဆိုဒါပါတဲ့ အရည်တွေ မသောက်ပါနဲ့။

သခွားသီးဟာ ဘီတာမင် ဘီနဲ့ ကစီဓါတ်များစွာ ပါဝင်တာကြောင့် လန်းဆန်းမှုကို မြန်မြန်ရစေပါတယ်။

Saturday, 19 October 2013

အဝလွန်နေသူများအတွက်(၇)ရက်အမြန်အဆီချနည်း

by ပိုပိုဇော်(သဘာဝအားအင်)October 20, 2013 at 8:28am

အဟာရဓါတ်ချို့တဲ့မှု့မဖြစ်ေ စတဲ့နည်းလမ်းလေးပါ... စားရမယ့်အစီအစဉ်တွေက..

(အဆီကျဟင်းရည်)

ကြက်သွန်နီဥကြီး ခြောက်လုံး
ငရုတ်ပွအစိမ်းနှစ်တောင့်
ခ၇မ်းချဉ်သီး ခြောက်လုံး
တရုတ်နံနံတစ်စည်း
ဂေါ်ဖီတစ်ထုတ် 

အသီးအရွက်တွေကိုအနေတော်တုံး ပြီးအိုးထဲရေမြုတ်အောင်ထည့် အဖုံးဖုံးပြီးပွက်ပွက်ဆူအနေ အထားမှာ၁၀မိနစ်ထား နောက်မှမီးကို
လျော့ပြီးအသီးအရွက်နူးတဲ့အထိ ချက်၇ပါမယ်... အဲဒီအရည်တွေကိုဝိတ်ချတဲ့တစ် ပတ်လုံးသောက်၇ပါမယ်...တတ်နိုင်၇င်အ၇ွက်တွေပါစား၇င်ပိုေ ကာင်းတယ်။ ပုံမှန်ဆို တစ်ပတ်ကို ၁၀ ပေါင်ကျပေမယ့်...အရွက်တွေမစားတာေ၇ာ လေ့ကျင့်ခန်းမလုပ်တာရောကြော င့်၅ ပေါင်ဘဲကျပါတယ်
(အနံ့အရသာ၇ှိ စေဖို့ဆားင၇ုပ်ကောင်းဟင်းခတ်အမွှေးအကြိုင်တွေထည့်နိုင် ပါတယ်)

သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်

by ပိုပိုဇော်(သဘာဝအားအင်)October 20, 2013 at 7:48am

သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာတစ်ခုမှာ အစာများများစားပြီးနောက် ဝမ်းဗိုက်ပြည့်အင့် ဖောင်းကားလာကာ အစာမကြေသလို ခံစားရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။

သဘာဝနည်းဖြင့်သည်းခြေကျောက် ဖယ်ရှားနည်းမှာပထမငါးရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) လေးခွက်သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက်နိုင်သည်။) ပန်းသီးဖျော်ရည်သည် သည်းခြေ ကျောက်ကို ပျော့စေနိုင်သည်။ ထို ငါးရက်အတွင်း အစား အစာကိုလည်း ပုံမှန်စားသုံးရန် ဖြစ်သည်။