ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Wednesday 30 January 2013

အမျိုးသမီးများနှင့်အသားအရည်ပျက်ဆီးမှုကိုဖြစ်စေသောတရားခံများ

 by ပိုပိုဇော်(သဘာဝအားအင်) on Wednesday, January 30, 2013 at 10:57pm



တိုးတက်လာတဲ့ ၂၁ ရာစုခေတ်ကြီးထဲမှာ နည်းပညာတွေအမျိုးမျိုးအံ့မခန်းတိုးတက်လာတာနဲ့အမျှ လူတွေဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေ တိုးတက်လာအောင် ပြောင်းလဲလုပ်ဆောင်လာကြတယ် ။ အဲဒီလို အရာရာပြောင်းလဲလာကြတဲ့ အထဲမှာ အလှအပရေးရာဟာလည်း လူသားတွေကြားထဲမှာ အရေးကြီးတဲ့ တိုးတက်ပြောင်းလဲမှုအခန်းကဏ္ဍအနေနဲ့ပါဝင်လာပါတယ် ။

Friday 25 January 2013

စပျစ်သီးမှ ကုသပေးသော ရောဂါများ

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 25, 2013 at 5:10pm


စပျစ်သီးမှာ ရေဓာတ်က ၇၀ မှ ၈၀ ရာခိုင်နှုန်း၊ သကြားဓာတ် ၁၅ မှ ၃၀ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ သူ့မှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။

ပျိုမေများ ကျန်းမာရေးနှင့် ညီညွှတ်စေမဲ့ အစားအစာ (၁၀)မျိုး

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 25, 2013 at 4:41pm


ဖတ်ဖြစ်ခဲ့တဲ့ဆောင်းပါးလေးတွေ ထဲကနေပြီး မိန်းကလေးတွေ အတွက် သင့်တော်မယ်ထင်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတအကြောင်းလေးကို ဖော်ပြပေးချင်ပါတယ်။
အမျိုးသမီးလေးတွေဟာ နောင်တစ်ချိန်ဆို အိမ်ထောင်သားမွေးမှုနဲ့ အသက်အရွယ် အရ ကျန်မားရေးချို့ယွင်းမှု့ ပြသနာတွေ ကို ရင်ဆိုင် ရမှာပါ။ဒါကြောင့် ကျန်းမာရေးနှင့် ညီညွှတ်စေမဲ့ ကျွန်မ တို့ ရဲ့ ပတ်ဝန်းကျင်မှာ အလွယ်တကူရရှိနိုင်တဲ့ အစားအစာ (၁၀)မျိုးကိုဝေမျှပေးလိုက်ပါတယ်နော်................

ချောကလက် ပိုမိုစားရန်အံ့သြစရာကောင်းသောအကြောင်းရင်း(၃) ချက်

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 25, 2013 at 4:26pm


ချောကလက်၏ သာလွန်ကောင်းမွန်သော အစွမ်းများထဲမှ များစွာတို့ကိုကောင်းစွာသိရှိကြသည်။ သို့သော် လူသိပ်မသိသော ၎င်း၏ ကျန်းမာရေးဂုဏ်သတ္တိများနှင့် ပတ်သက်လို့ကရော မည်သို့နည်း။ မကြာသေးခင်က လေ့လာမှုများက ချောကလက်စားသုံးခြင်းသည် နှလုံးကျန်းမာရေးမှစ၍ သင့်ကို ပိန်ပိန်ပါးပါးထားရှိခြင်းအထိ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ထောက်ပံ့ပေးနိုင်သည်။

Thursday 24 January 2013

မကြာခဏ ဖြစ်လေ့ ဖြစ်ထရှိသော ကျန်းမာရေးပြဿနာများ

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 7:53pm


လူအများစု ကြုံတွေ့ရတတ်တဲ့ ကျန်းမာရေး ပြဿနာတွေကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက် ပါတယ်။

ခြေထောက် ရောင်ရမ်းခြင်း

ခြေဖဝါးနဲ့ ခြေဖမိုးနေရာတွေမှာ တင်းပြီး ရောင်ရမ်းနေတာမျိုးတွေကို အမျိုးသမီးအများစု ကြုံတွေ့ကြ ရတတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် သည်တွေ၊ အဝလွန်ကဲသူတွေနဲ့

စွမ်းအင်အဆင့် မြင့်တက်စေမည့် သဘာဝနည်း ငါးသွယ်

by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 7:29pm


မောပန်းပြီး နွမ်းနယ်တာကြောင့် စွမ်းအင်တွေ လျော့ပါးနေရင် အချိန်တို အတွင်း စွမ်းအင် အဆင့် မြင့်တက်လာစေ ဖို့ အောက်ပါ သဘာဝနည်းတွေကို လိုက်နာသင့်ပါတယ်။

ခြောက်သွေ့ပျက်စီးနေသော ဆံကေသာကို သဘာဝနည်းဖြင့် ထိန်းသိမ်းနည်း

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 7:12pm

သင့်ဆံပင်သားကို ဖြောင့်လိုက်၊ ကောက်လိုက် မကြာခဏ ပြုလုပ်တာ ကြောင့်ရော၊ သဘာဝ နေပူဒဏ်နဲ့ ထိ တွေ့မှုကြောင့်ပါ ဆံပင်သား ပျက်စီးထိ ခိုက်နေရင် သင့်အိမ်မီးဖိုချောင်ရှိ အိမ်သုံးပစ္စည်းတွေ ကို သုံးပြီး အောက်ပါအတိုင်း ထိန်းသိမ်းပြုပြင် ပေးနိုင်ပါတယ်။


သံလွင်ဆီသုံးပြီး ဆံကေသာကို ပုံမှန်ထိန်းသိမ်းနည်း

ခေါင်းလျှော်ခါနီးတိုင်း လုပ်ဆောင် နိုင်တဲ့နည်း ဖြစ်ပါတယ်။ အမြဲပုံမှန်ပြု လုပ်သွားမယ်ဆိုရင်
ဆံကေသာ တောက် ပြောင်သန်စွမ်းနေပါလိမ့်မယ်။
(၁) ဆံပင်သားအနှံ့ သံလွင်ဆီလိမ်းကာ ဦးရေပြားကို နှိပ်နယ်ပေးပါ။
(၂) သင့်ဦးခေါင်းကို ခေါင်းစွပ်(Shower Cap)နဲ့ မိနစ် ၉၀ ခန့် ဖုံးအုပ်ထားပါ။ ဒါဆိုရင် သင့်ဦးခေါင်းက အပူတွေ ဖျာ ထွက်မှု မရှိဘဲ ဆံပင်သားကို နက်နက်နဲနဲ ချောမွေ့စေမှာ ဖြစ်ပါတယ်။ ပင်လယ် ကမ်းခြေမှာ ဒီနည်းလမ်းကို လိုက်နာလုပ် ဆောင်မယ်ဆိုရင် နေရောင်ခြည်က အပူတွေဟာ သင့်ဆံကေသာကို သံလွင်ဆီကနေ အာဟာရ ဓာတ်တွေ စုပ်ယူနိုင်အောင် ကူညီပါလိမ့်မယ်။
(၃) ပြီးရင် သံလွင်ဆီတွေ ကင်းစင်သွား အောင် ခေါင်းလျှော်ပေးပါ။

ဆံကေသာကို ပေါင်းတင်နည်း

ထိခိုက်ပျက်စီးနေတဲ့ သင့်ဆံပင်သားတွေ နူးညံ့ချောမွေ့နေစေဖို့ တစ်ပတ်တစ်ကြိမ် ပြုလုပ်နိုင်တဲ့ ပေါင်းတင်နည်း ဖြစ်ပါတယ်။

လိုအပ်သော ပစ္စည်းများ- ပျားရည်၊ သံလွင်ဆီ၊ ကြက်ဥ/ဘဲဥအနှစ်

(၁) ကြက်ဥ/ဘဲဥအနှစ်တစ်လုံး၊ သံလွင် ဆီ ထမင်းစားဇွန်း သုံးဇွန်းနဲ့ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းတို့ကို သမအောင် ရောမွှေပြီး ဦးရေပြားအနှံ့ သုတ်လိမ်းပေး ပါ။
(၂) ပျားရည်ဟာ ရေဓာတ်ကို ထိန်းထား နိုင်စွမ်း ရှိတာကြောင့် ဆံကေသာကို စို ပြည်စေပါတယ်။
(၃) ပြီးရင် ခေါင်းစွပ်(Shower Cap) စွပ်ထားပြီး မိနစ် ၃၀ ခန့် ကြာမှ ရေနဲ့ ဆေးကြောပေးပါ။ ဆံကေသာ ပျော့ပျောင်း သန်စွမ်းသွားတာကို တွေ့ရပါလိမ့်မယ်။

ဆံကေသာ ထူထဲလှပစေရန်

ထိန်းသိမ်းနည်း သံလွင်ဆီက ဆံပင်သား နူးညံ့ပျော့ ပျောင်းစေတဲ့ အဆီဖြစ်ပြီး ဘီယာကတော့ ဆံပင်သား ထူထဲ သန်စွမ်းစေတဲ့ အာနိသင်ရှိပါတယ်။

လိုအပ်သော ပစ္စည်းများ- ဘီယာတစ်ခွက်၊ သံလွင်ဆီထမင်းစားဇွန်း တစ်ဇွန်း

(၁) ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောမွှေလိုက်ပါ။ အဝကျယ်တဲ့ ခွက်တစ် ခုထဲထည့်ပြီး မွှေတာက ပိုကောင်းပါတယ်။
(၂) ဆံပင်သားအနှံ့ လောင်းချကာ နှိပ် နယ်ပေးပါ။ ဦးရေပြားကို အနည်းဆုံး အချိန် ငါးမိနစ်ခန့် နှိပ်နယ်ပေးရမှာ ဖြစ်ပါ တယ်။
(၃) ဆံပင်သားအားလုံး သန့်စင်သွားတဲ့ အထိ ရေနဲ့ဆေးကြောပေးပါ။

ဆံကေသာ သန့်စင်ပြီး ဗောက်ကင်းစင်စေရန် ထိန်းသိမ်းနည်း

ဗောက်ထနေတဲ့ ဆံပင်သားကို သန့်စင်သွားအောင် လုပ်နိုင်တဲ့နည်း ဖြစ် ပါတယ်။

လိုအပ်သော ပစ္စည်းများ- ဆော်ဒါမှုန့်နှင့် ရေ

(၁) ဆော်ဒါမှုန့် ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ ရေနှစ်ခွက်ကို ရောမွှေလိုက်ပါ။
(၂) ဒီအရောအနှောကို ဆံပင်သားအနှံ့ သုတ်လိမ်းရင်း လောင်းချပေးပါ။
(၃) သမအောင် လိမ်းကာ နှိပ်နယ်ပြီးရင် ရေနဲ့ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို မကြာခဏ ပြုလုပ်ပေး ရင် ဆံပင်သား သန့်ရှင်းစင်ကြယ်နေပါ လိမ့်မယ်။
Ref>>Good Health

ဆေးဖက်ဝင်သော ကြက်သွန်နီ

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 6:51pm

ကြက်သွန်နီဆိုသည်မှာ အနံ့စူးရှ၍ ဟင်းခတ်ဥပင် တစ်မျိုးပင် ဖြစ်ပါသည်။ကြက်သွန်နီသည် အစေ့ကို ပျိုးထောင်၍ စိုက်သော ကြက်သွန်နှင့် ကြက်သွန်ဥ သေးများကို မြေတွင်ချစိုက်သော အမြိတ်ထောင် ကြက်သွန်ဟူ၍ နှစ်မျိုးရှိပါသည်။ အစေ့ကိုပျိုးထောင်၍ စိုက်ပျိုးသော ကြက်သွန်နီဥမှာ တာရှည်အထားခံ သော်လည်း ကြက်သွန်နီဥသေးကို စိုက်သော အမြိတ် ထောင်ကြက် သွန်နီဥမှာမူ တာရှည် အထားမခံပေ။ အစေ့ပျိုးထောင် စိုက်ပျိုးသော ကြက်သွန်နီဥ မပေါ်ခင် စပ်ကြားတွင် အစားထိုးစားသုံးသော ဥပင်လျှင်ဖြစ် ပါသည်။


အဆိုပါ ကြက်သွန်နီဥ ၂ မျိုး စလုံး ဆေးဖက်ဝင် ပါသည်။ သို့သော် အစေ့ပျိုးထောင်၍ စိုက်ပျိုးသော ကြက်သွန်နီဥမှာ ပိုမို၍ ဆေးစွမ်း ထက်မြက်ကြောင်း ဆိုကြပါသည်။ ကြက်သွန်နီသည် ... လေသလိပ်၊ အဖျား၊ ချောင်း ဆိုးတို့ကို နိုင်၏။ ဆီးရွှင်စေ၏။ နှုတ် မမြိန်၊ အော့အန်ခြင်းတို့ကို ပျောက် ကင်းစေ၏။ ခွန်အားကို ပြုတတ်၏။ သုက်အားကို အလွန်ပွားစေတတ်၏။ ကာမသတ္တိကို ဖြစ်စေတတ်၏ ဟူ၍ ဆေးကျမ်းများက ဖွင့်ဆိုထားကြပါ သည်။ ကြက်သွန်နီဥကို အမောအပန်း ခံနိုင်စေရန်၊ ခွန်အားရှိစေရန်နှင့် ဆီးရောဂါများ ကင်းရှင်းစေရန်အတွက် ထမင်းစားသည့်အခါ အစိမ်းလိုက် စားကြသလို၊ အချဉ်တည်၍လည်း နေ့စဉ်စားသုံးကြလေ့ရှိပါသည်။ အချို့ဆီး မထိန်းနိုင်သော သူများ ဆီးတစ်စက်စက် ကျသောသူများ၊ ဆီးပူ ညောင်းကျဖြစ်သူများသည် ကြက်သွန်နီဥ ပြုတ်ရည်ကို သောက်သုံးပါက ပျောက်ကင်းနိုင်ပါသည်။

(အချို့နေပူထဲမှ ပြန်လာပါက ဆီးပူ ဆီးအောင့်မဖြစ်စေရန် ကြိုတင် ကာကွယ်သည့် အနေဖြင့် သောက်သုံး ကြပါသည်။)
ဆီးချုပ်တတ်သော ကလေးလူ ကြီးများသည် ကြက်သွန်နီဥ အနေတော်ကို မီးဖုတ်၍ ဓားဖြင့် ထက်ခြမ်းခွဲကာ ထိုကြက်သွန်နီဥ အခြမ်း ပူပူနွေးနွေးကို ဆီးအိမ်ပေါ်၌ တင်(ကပ်) ပေးပါက ချက်ချင်းပျောက်ကင်းစေပါ သည်။ ချမ်းတုန်နေသောသူများအား ကြက်သွန်နီဥအနေတော်ကို ထက် ပေးခြင်း၊ နားကိုက်၊ နားပြည်ယိုများ ကို နားအတွင်းသို့ ထည့်ပေးခြင်းအားဖြင့် ပျောက်ကင်းစေ ပါသည်။ ထို့ပြင် ကြက်သွန်နီဥ၊ ထန်းဖို ထန်းလျက် (ထန်းဖိုထန်းလျက်မှာ ဆေးဖက်ဝင်ပြီး၊ ထန်းမ ထန်းလျက်မှာ ဆေးဖက်မဝင်ပါ)၊ မန်ကျည်းမှည့်၊ ဆားနှင့် စမုန်တို့ကို ရောကြိတ်၍ ထောပတ်နှင့်နယ်ကာ ဖန်ပုလင်းထဲ တွင် ထည့်၍ ဝမ်းချုပ်၊ လေဆန်၊ လေပူ၊ ရင်အောင့်၊ ခါးအောင့်၊ အကြောတက်ရောဂါများအတွက် တေဆေးအဖြစ် နေ့စဉ်စားသုံးနိုင်ပါ သည်။ သွေးပါသော လိပ်ခေါင်းရောဂါ ဝေဒနာရှင်များအတွက် ကြက်သွန်နီ ဥအရည်ကို သကြားအနည်းငယ်နှင့် ရော၍ တစ်နေ့တစ်ကြိမ် သောက်သုံးပါက ပျောက်ကင်းစေ ပါသည်။

ထို့အပြင် အဆိပ်ရှိသော သတ္တ ဝါများ ကိုက်လျှင် ကြက်သွန်နီဥ၏ လတ်ဆတ်သော အစေးကို ကွမ်းစား ပွတ်ခြင်း၊ ကြက်သွန်နီဥ အရည်ကို သုတ်လိမ်းပေးခြင်းဖြင့် အဆိပ်မတက် ဟုဆိုကြပါသည်။ မြန်မာအမျိုးသမီးများသည် ဟင်းချက်သည့်အခါ ဖြစ်စေ၊ဟင်းရွက်၊ အသားသုပ်သည့်အခါဖြစ်စေ စား ကောင်း၍ အာဟာရဖြစ်စေရန်နှင့် ကျန်းမာရေးနှင့်ပြည့်စုံ ဆေးဖက်ဝင် စေရန်အတွက် ထည့်သွင်းကြလျက် ရှိကြပါသည်။ ကြက်သွန်နီသည် လူအများ အတွက်သာ ဆေးဖက်ဝင်သည် မဟုတ်ပေ။ ကျွဲ၊ နွား၊ မြင်းအတွက် လည်း ဆေးဖက်ဝင်ပါသည်။ ဝဲရောဂါ၊ ဆီးချုပ်၊ ဝမ်းချုပ်၊ အကျိတ်ရောင် ရောဂါများအတွက် မျက်စဉ်းဆေး အဖြစ် အသုံးပြု၍ ရသလို၊ ခွာနာများ အတွက်လည်း အင်တွဲ၊ ဒုတ္ထာတို့ကို ရောကြိတ်၍ အုန်းဆီနှင့် ဖျော်လိမ်း ပေးပါက လျင်မြန်စွာ ပျောက်ကင်း စေပါသည်။ ဆိုရလျှင် ကြက်သွန်နီဥသည် သာမန်စားသုံးသည့် ဥမဟုတ်ဘဲ လွန်စွာအဖိုးထိုက်တန်လှသော ဆေးဖက်ဝင် ကြက်သွန်နီ ဥဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
မောင်မောင်ချစ်ဦး(မုံရွာ)
Ref>>Health Digest

လေးညှင်းပွင့် ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 6:31pm


လေးညှင်းကို ဟင်းလျာတွေထဲမှာ ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့ရှိပါ တယ်။ စူးရှတဲ့ ရနံ့ကို ပေးနိုင်တဲ့ လေး ညှင်းမှာ ထူးကဲတဲ့ အာဟာရတန်ဖိုးနဲ့ ဆေးဖက်ဝင်အာနိသင်တို့ ရှိကြပါတယ်။ လေးညှင်းမှာ ပရိုတင်း၊ သံဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ ဖော့စ် ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ ဟိုက် ဒရိုကလိုရစ်အက်စစ်စတာတွေ အများအ ပြားပါဝင်နေပြီး ဗီတာမင်အေ၊ ဗီတာမင် စီ၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့လည်း ပါဝင် နေပါတယ်။


(၁) အကိုက်အခဲပျောက်စေသော အစွမ်းရှိခြင်း

လေးညှင်းမှာ ပါဝင်တဲ့ ယူဂျီနော အဆီကြောင့် အကိုက်အခဲ သက်သာ စေတဲ့ အစွမ်းရှိကာ သွားကိုက်တာလို ဝေဒနာ တွေကုသရာမှာ အသုံးဝင်ပါတယ်။ လေးညှင်းဆီထဲကို ဝါဂွမ်းလုံးနှစ်ပြီး သွားကိုက် တဲ့နေရာပေါ် ဖိအုပ်ပေးပါ။ လေးညှင်းဆီ မှာပါဝင်တဲ့ ယူဂျီနောအဆီမှာ ဘက်တီး ရီးယားပိုးတွေကို တားဆီးဆန့်ကျင်ပေး တဲ့ အစွမ်းရှိတာကြောင့် ခံတွင်းထဲက ပိုး မွှားတွေ ကင်းစင်စေဖို့ သွားတိုက်ဆေး၊ ပလုတ်ကျင်းဆေးရည်နဲ့ လည်ချောင်းဖျန်း စပရေးစတာတွေထဲ ထည့်သုံးကြလေ့ရှိ ပါတယ်။ လေးညှင်းဆီက သွားဖုံးနာကျင် မှုကိုလည်း သက်သာစေပါတယ်။

(၂) ရောင်ရမ်းမှု လျော့ကျစေသော အာနိသင်ရှိခြင်း

လေးညှင်းဆီမှာ ဖလေဗိုးနွိုက်ပမာ ဏပါဝင်မှု မြင့်မားတာကြောင့် ရောင်ရမ်း မှုလျော့ကျစေတဲ့ အစွမ်းရှိပါတယ်။ ရနံ့ ကုထုံးသုံးသူတွေက အဆစ်ရောင်ရမ်းနာ နဲ့ ရိုးဆစ်ရောင်ရမ်းမှု ဝေဒနာတွေကို ကု သနိုင်ဖို့ လေးညှင်းဆီအစစ်ကို သုံးကြပါ တယ်။ လေးညှင်းဆီကို ရှူလိုက်တဲ့အခါ အအေးမိတာ၊ ချောင်းဆိုးတာ၊ ပန်းနာရင် ကျပ်တာ၊ လြွေပန်ရောင်တာ၊ နှာခေါင်း ပိတ်တာစတဲ့ အသက်ရှူလမ်းကြောင်း ဝေ ဒနာတွေကို သက်သာစေပါတယ်။

(၃) ပိုးသတ်အာနိသင် ရှိခြင်း

လေးညှင်းနဲ့ လေးညှင်းဆီမှာ ပိုး သတ်အာနိသင်ရှိတာကြောင့် အရေပြား ပြတ်ရှရာ၊ ဖန်းဂတ်စ်မှိုပိုးဝင်တာ၊ မီးပူ လောင်တာ၊ အနာဖြစ်တာ၊ ခြေသည်းဝဲ စွဲတာနဲ့ ပွန်းရှရာစတဲ့ အရေပြားအနာ တွေကို သက်သာစေပါတယ်။ အရေပြား ပေါ်ကို တိုက်ရိုက်လိမ်းတဲ့အခါ အရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ပါတယ်။ လေးညှင်း ဆီမှာြွကက်သားတောင့်တင်းမှုကို ပြေ လျော့စေတဲ့ အစွမ်းလည်း ရှိပါတယ်။

(၄) အစာကြေစေခြင်း

လေးညှင်းဟာ အစာခြေစနစ် ပြဿနာများစွာကို ထိထိရောက်ရောက် ကုသပေးနိုင်စွမ်း ရှိပါတယ်။ လေပွတာ၊ အစာမကြေတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ စတဲ့ အစာခြေဝေဒနာတွေကို သက်သာ စေသလို ဝမ်းလျှောတာ၊ အန်တာနဲ့ ဗိုက် နာတာတွေကိုလည်း သက်သာစေပါတယ်။

(၅) ကင်ဆာကို ကာကွယ်နိုင်ခြင်း

လေးညှင်းဟာ အဆုတ်ကင်ဆာနဲ့ အရေပြားကင်ဆာတို့ကို ထိထိရောက် ရောက် ကာကွယ်နိုင်တယ်လို့ လေ့လာ သူတွေက ဆိုပါတယ်။ လေးညှင်းမှာပါ တဲ့ ယူဂျီနောဟာ အစာခြေစနစ်ကင်ဆာ ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေကို လျှော့ချ ပေးနိုင်ပါတယ်။

(၆) ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်ခြင်း

လေးညှင်းနဲ့ လေးညှင်းဆီဟာ သွေး တွေကို သန့်စင်စေတာကြောင့် ကိုယ်ခံ စွမ်းအားစနစ်ကို ကောင်းမွန်စေကာ ရော ဂါမျိုးစုံကို တွန်းလှန်ပေးနိုင်ပါတယ်။

(၇) အခြားကျန်းမာရေး အကျိုးကျေးဇူးများ

လေးညှင်းဟာ ငှက်ဖျား၊ ကာလဝမ်း၊ ဝဲအမျိုးမျိုး စတဲ့ အာရှမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ လေးညှင်းဆီဟာ အစွမ်းထက် ခြင် နှိမ်နင်းဆေးအဖြစ် အသုံးဝင်ကာ ခြင် တွေကို ၄-၅နာရီခန့် တွန်းလှန်ပေးနိုင်ပါတယ်။ လေးညှင်းနဲ့ လေးညှင်းဆီကို မွေးကင်းစကလေးတွေနဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်း မသုံးခင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

ကြယ်စင်
Ref>>Good Health

ဆောင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 3:55pm

မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။


ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။

အရေပြားကွာရခြင်း အကြောင်းရင်းများ

လက်အရေပြားကို ကွာစေတတ်တဲ့အကြောင်းရင်းတွေထဲမှာအမွှေးရနံ့ပါတဲ့ Moisturizer တွေ၊ အလှကုန်တွေကို လိမ်းကျံတာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဆောင်းတွင်းမှာ လက်ကို ခဏခဏ အအေးခံခြင်း၊ ရေနဲ့ထိခြင်းဟာလည်း လက်အရေပြားကို ကွာစေတတ်ပါတယ်။ ဒီအတွက် လက်အိတ်ဝတ်ပြီး ဖြေရှင်းနိုင်ကြပေမယ့် တချို့က လက်အိတ်နဲ့ ဓာတ်မတည့်တဲ့ရောဂါ ရှိကြပါတယ်။ ရေခဏခဏ ချိုးပေးခြင်းဟာလည်း လက်အရေပြား ကွာစေတတ်ပါတယ်။

ကုသနည်းများ

ပုံမှန်အားဖြင့် ဒီလို လက်အရေပြားကွာတာကို အလွယ်တကူ ကာကွယ်နိုင်ပြီး သက်သက်သာသာ ကုသနိုင်ပေမယ့် အတော်များများဟာ ဖြစ်မှပဲ ငိုကြီးချက်မ ဖြစ်တတ်ကြပါတယ်။
ဒီလို လက်အရေပြားကွာတဲ့အခါ အရင်ဆုံးလုပ်ရမှာက အရေပြား ခြောက်သွေ့နေတာကို တားဆီးဖို့ပါ။ ဒါဟာ အရေပြားကွာခြင်းအတွက် အရေးအကြီးဆုံးနဲ့ ပထမဆုံးလုပ်ရမယ့် အလုပ်ပါ။ ခန္ခာကိုယ်ဟာ အစိုဓာတ် ပြန်ပြည့်လာတာနဲ့ နှင်းဆီရောင် နီမြန်းလာပါလိမ့်မယ်။ အသားအရေဟာလည်း ချောမွေ့ပြီး နူးညံ့လာပါလိမ့်မယ်။ ရောင်ယမ်းနေတာလည်း လျော့ကျသွားပြီး ကွဲအက်ခြင်းတွေလည်း မဖြစ်ပေါ်တော့ပါဘူး။ ပုံမှန်အခြေအနေကို ပြန်ရောက်သွားပါလိမ့်မယ်။
လက်ကို ရေနွေးနဲ့ ဆေးကြောပါ။ ရေနွေးနွေးပဲ ဖြစ်ရပါမယ်။ မပူရပါဘူး။ ရေပူဆိုရင် အရေပြားထဲမှာရှိတဲ့ အစိုဓာတ်ကို ချက်ချင်း ခြောက်သွေ့သွားစေတတ်ပါတယ်။ လက်လိမ်းခရင်မ် လိမ်းပေးပါ။ လက်လိမ်းခရင်(မ်) မရှိရင် သံလွင်ဆီနဲ့ အစားထိုး လိမ်းကျံပေးနိုင်ပါတယ်။ ယာယီ သက်သာပျောက်ကင်းစေတဲ့ နည်းလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ နှုတ်ခမ်းအတွက်လိမ်းတဲ့ Lip Balm ကို လိမ်းလိုက်ရင် ပျောက်ပါတယ်။
 
ကြိုတင်ကာကွယ်နည်းများ
 
လက်ကို ခရင်မ်တစ်ခုခု လိမ်းပေးခြင်းအားဖြင့် လက်အရေပြားကို ကာကွယ်ရာ ရောက်စေပါတယ်။ အဲဒီခရမ်မ်ဟာလည်း အရက်ပြန်နဲ့ အမွှေးရနံ့မပါတာ ဖြစ်ရပါမယ်။
နေ့ဘက်မှာ ဖြစ်နိုင်ရင် လက်ကို ခဏခဏ မဆေးပါနဲ့။ ဒါပေမယ့် တစ်ကိုယ်ရေသန့်ရှင်းမှု ရှိအောင်တော့ ဂရုစိုက်ပေးရမှာ ဖြစ်ပါတယ်။ လက်ကို ရေဆေးတဲ့အခါမှာ အမွှေးရနံ့မပါတဲ့ ဆပ်ပြာနဲ့ ညင်သာစွာ ပွတ်တိုက်ဆေးကြော ပေးသင့်ပါတယ်။ ဆေးတဲ့ ရေဟာလည်း ရေနွေးနွေးနဲ့ဆို ပိုကောင်းပါတယ်။ ရေချိုးတဲ့အခါမှာလည်း ရေနွေးနွေးလေးနဲ့သာ ချိုးပေးသင့်ပါတယ်။ ရေချိုးပြီး ခန္ဓာကိုယ်ကို ပွတ်တိုက် တဲ့အခါမှာလည်း နူးညံ့တဲ့ တဘက်နဲ့သာ ပွတ်တိုက်ပေးပါ။

အရေပြားကွာနေတဲ့ နေရာကို မပွတ်ပါနဲ့။ မခွာပါနဲ့။ မကုတ် ခြစ်ပါနဲ့။ ယားလို့ ကုတ်တာဟာ ယာယီအယားပျောက်သွားပေမယ့် ပိုပြီးတော့ ဆိုးရွားလာစေပါတယ်။
ခရီးသွားတဲ့အခါ လက်ကို လက်အိတ်ဖြစ်ဖြစ်၊ အင်္ကျီ၊ ဘောင်းဘီ အိတ်ကပ်ထဲပဲဖြစ်ဖြစ် ထည့်ပြီး နွေးနွေးထွေးထွေး ထားသင့်ပါတယ်။ လက်ကို ဆပ်ပြာမှုန့် ထိတွေ့မှု မရှိပါစေနဲ့။ ဓာတုပစ္စည်းတွေကြောင့် လက်အရေပြားဟာ ကွာတတ်တာမို့ တတ်နိုင်သမျှ ဆပ်ပြာမှုန့်နဲ့ မထိတွေ့ပါစေနဲ့။
ဒါတွေကို တတ်နိုင်သမျှ လိုက်နာဆောင်ရွက်မယ်ဆိုရင် လက်အရေပြားကွာနေတာတွေ သက်သာပျောက်ကင်းသွားမှာ ဖြစ်သလို လက်အရေပြားကွာဖို့အတွက် ရာခိုင်နှုန်းဟာလည်း တဖြည်းဖြည်း လျော့ကျသွားမှာဖြစ်ပါတယ်။ နိစ္စဓူဝရင်ဆိုင်နေရတဲ့ ဗာဟီရဖြစ်စဉ်တွေထဲမှာ အပ်နဲ့ထွင်းရမယ့်အဖြစ်ကို ပုဆိန်နဲ့ထွင်းရမယ့်အဖြစ် မရောက်လေအောင် ဆောင်ကြဉ်းရင်း ဒီတစ်ပတ်အတွက် ဒီမျှနဲ့ နားပါရစေသား . .. ။
Ref: 8 Days A Week Journal

ဆောင်းအအေးဒဏ်အံတုလို့ စားသောက်ရမဲ့ အစားအစာများ

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 3:18pm


ဆောင်းရဲ့ အအေးဓာတ်ဟာ ဒီရက်ပိုင်းအတွင်း သိသာထင်ရှားစပြူလာတဲ့အတွက် ဟေမာန်ကပေးတဲ့ အအေးလှိုင်းတွေအပေါ် ခန္ဓာကိုယ်က သိသိသာသာ တုံ့ ပြန်မှုရှိလာပါတော့မယ်။ အအေးဓာတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်က ခြေဖနောင့်ကွဲခြင်း၊ နှုတ်ခမ်းကွဲခြင်းစတဲ့ အရေပြားဆိုင်ရာ ပြဿနာများဟာ ဟေမာန်ဆောင်းရဲ့ မရိုးအီတဲ့ အမွေဆိုးများပဲ ဖြစ်ပါတယ်။ အအေးဓာတ်လွှမ်းမိုးတဲ့ကာလမှာ အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို ပျိုမေတို့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်များကို ရွေးချယ်စိစစ်ပြီး စားသုံးနေထိုင်ကြမယ်ဆိုရင် အပေါ်ကဆိုခဲ့တဲ့ ပြဿနာများနဲ့ စည်းတစ်ဖက်ခြားနေပါလိမ့်မယ်။
ဒုတိယအဆင့်ဖြစ်တဲ့ဘယ်လိုဘယ်ပုံကုသရမယ်ဆိုတဲ့အဆင့်ရောက်တော့မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဒီတစ်ပတ်မှာ ဦးစွာ အစာလည်းဆေး၊ ဆေးလည်းအစာဆိုတာကိုဂရုသတိကပ်ပြီး အခုအသိရကာဆင်ခြင်ပြင်ဆင် နိုင်ကြစေဖို့ . ..။
 
၁။ ဆော်လမွန်ငါး

ဒီငါးဟာ ဦးနှောက်အတွက်အကျိုးပြုပေးတဲ့ အစားအစာဖြစ်ပါတယ်။ ဦးနှောက်ကို အကျိုးပြုပေးရုံမက စိတ်ခံစားမှုကိုလည်း အားပြုပေးပါတယ်။ စိတ်ရောကိုယ်ပါ လန်းဆန်းစေပါတယ်။ဦးနှောက်ကောင်း စွာအလုပ်လုပ်ဖို့အတွက် DHA ဆိုတာ လိုအပ်ပါတယ်။ DHA ဟာ
ဆော်လမွန်ငါးမှာ များစွာပါဝင်တဲ့အတွက် ဆော်လမွန်ငါးစားဖို့ တိုက်တွန်းရခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ ငါးစားတာ မကြိုက်ဘူး၊ ဆော်လမွန်ငါးစားဖို့ မလွယ်ကူနိုင်ဘူးဆိုရင် သစ်သီးဝလံကို စားပေးနိုင်ပါတယ်။

၂။ မုန်လာဥနီ

မုန်လာဥနီဟာ ကာရိုတင်းဓာတ်အများဆုံးပါဝင်ပါတယ်။ကိုယ်ခန္ဓာတွင်းမှာရှိတဲ့ဘော်ဒီဆဲလ်တွေပျက်စီးတာကို ရပ်တန့်အောင်၊ နှေးကွေးအောင်လုပ်ပေးပါတယ်။အမျှင်ဓာတ် ပေါကြွေယ်ဝတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ရုံမက ဗီတာမင်ဘီ၊ စီ၊ ဒီနဲ့အီးတို့ အများအပြားပါဝင်ပါတယ်။
 
၃။ ဂရိတ်ဖရု

ဗီတာမင်စီ၊ ဖော်လစ်အက်ဆစ်နဲ့ ပိုတက်စီယမ်ဓာတ်တို့ ပြေွါကယ်ဝတဲ့အသီးတစ်မျိုးဖြစ်တယ်။ တစ်နေ့ကို ခြောက်ခွက်လောက်သောက် သုံးပေးမယ်ဆိုလျှင် ကင်ဆာ အမျိုးမျိုးမှ ကာကွယ်ပေးပါလိမ့်မယ်။ ဒါပေမဲ့ဂရိတ်ဖရုကိုတချိုဆေးဝါးတွေနဲ့အတူသုံးစွဲမယ်ဆိုရင်ဘေးအန္တရယ်တစ်ချို့ ရှိတဲ့အတွက်သတိပြုစေချင်ပါတယ်။
 
၎။ မှို

သွေးဖြုဥတွေကို ထောက်ပံ့ကူညီပေးတယ်။ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးတယ်။ အမျှင်ဓာတ်ပေါကြွယ်ဝပြီး ကိုလက်စထရောမြင့်မားခြင်းကို တားဆီးပေးပါတယ်။ဆီးချိုနဲ့  နှလုံးရောဂါတို့ကိုလည်းကာကွယ်ပေးပါတယ်။
 
၅။ ကန်စွန်းဥ

ကန်စွန်းဥပူပူလေးကို ဆောင်းဥတုကာလမှာ သုံးဆောင်သင့်ပါတယ်။ ဗီတာမင်ဓာတ်အမျိုးမျိုး ပါဝင်ပြီး အမျှင်ဓာတ်လည်းပါဝင်ပါတယ်။ သံဓာတ်၊ ကယ်လ်စီယမ်ဓာတ်တို့လည်းပါဝင်ပါတယ်။
 
၆။ စွပ်ပြုတ်

စွပ်ပြုတ်ဟာ ဆောင်းဥတုကာလမှာ စားသုံးသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။စွပ်ပြုတ်ထဲ ခရမ်းချဉ်သီး၊ အမဲသား၊ဟင်းသီးဟင်းရွက်တို့ ရောနှောပြီးစားသုံးနိုင်ပါတယ်။

၇။ ရွှေဖရုံသီး

ဗီတာမင်ဘီဝမ်း၊ စီနဲ့ ဖော်လစ်အက်ဆစ်တို့ ပါဝင်တယ်။ ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်တယ်။

၈။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ဆောင်းရာသီမှာ အများဆုံးစားသုံးသင့်တဲ့ဥတစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်ကမလိုအပ်တဲ့ အဆီတွေကိုလည်းဖယ်ရှားပေးတယ်။ ဘက်တီးရီးယားတွေကိုလည်း နှိမ်နင်းပေးတယ်။ သွေးထုံးတာကိုလည်း ကာကွယ်ပေးနိုင်တယ်။ လေ့လာတွေ့ ရှိချက်များအရ ကြက်သွန်ဖြူဟာ နှလုံးရာဂါနဲ့  ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ ရှိရတယ်။
 
၉။ လိမ္မော်သီး

ခရစ္စမတ်ကာလမှာစားသုံးသင့်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်စီ ပေါကြွယ်ဝတဲ့ အသီးဖြစ်ပြီးဆောင်းရာသီမှာ ပျိုမေတိုင်း အထူးသုံးဆောင်သင့်တဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ အရမ်းအေးတဲ့အချိန်တွေမှာ လိမ္မော်သီးကိုစားပေးပါ။ ဟင်းသီးဟင်းရွက်တွေထဲ ချက်ပြုတ်တဲ့အခါ လိမ္မော်သီးရည်တစ်စက်နှစ်စက် ထည့်ပေးပါ။ ငါးကြော်တွေ၊ ငါးကင်တွေထဲမှာလည်း လိမ္မော်ရည် တစ်စက်နှစ်စက်ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

၁ဝ။ ဂေါ်ဖီထုပ်

ဗီတာမင်စီပြေွါကယ်ဝတဲ့ဟင်းသီးဟင်းရွက်ထဲမှာ မပါပေမယ့်သဘာဝအမျှင်ဓာတ်တွေ အများဆုံးပါဝင်တဲ့ ဟင်းသီးဟင်းရွက်ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်က ကယ်လိုရီတွေဟာ ရရှိတဲ့ရာခိုင်နှုန်းထက်ဆုံးရှုံးတဲ့ရာခိုင်နှုန်းက ပိုများနေတဲ့အတွက်ဂေါ်ဖီထုပ်ကို စားသုံးပေးသင့်ပါတယ်။ဆောင်ရမယ့်အချက်များဗီတာမင်စီပေါကြွယ်ဝတဲ့ အစားအစာများဟာ ဆောင်းတွင်းမှာကိုယ်စိတ်ကျန်းမာရေးကို ကောင်းစွာအထောက် အကူဖြစ်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို အအေးဒဏ်မှ ကာကွယ်ပေးပြီးနွေးထွေးမှုလည်း ဖြစ်စေပါတယ်။ အစပ်အစားအစာတွေဟာလည်း ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကိုမြန်ဆန်စေပြီး အအေးဒဏ်ကို ခံနိုင်ရည်ရှိစေပါတယ်။ကြော်လှော်ချက်ထားတဲ့ အစားအစာတွေကိုလည်း စားသင့်ပါတယ်။

ရှောင်ကြဉ်ရမယ့်အချက်များ

၁။ အအေးတွေ၊ ရေခဲမုန့်တွေကို မစားသောက်ပါနဲ့။
၂။ အစားအစာတွေကို စားသောက်တဲ့အခါမှာ အစိမ်းလိုက်မစားပါနဲ့။
၃။ အဆာမခံပါနဲ့ ။ အနီးအနားမှာ သွားရည်စာမုန့်တွေကို သိမ်းထားပါ။ အလုပ်များလို့ ထမင်းမစားနိုင်တဲ့အခါ မှီဝဲလို့ ရအောင်ဖြစ်ပါတယ်။
မေဝသာန်
Ref : 8 Days Journal

တောက်ပတဲ့ အပြုံးပိုင်ရှင်များဖြစ်စေဖို့

 by ပိုပိုဇော်(သဘာဝအားအင်) on Thursday, January 24, 2013 at 2:32pm

သန်မာတဲ့သွားတွေဟာ ကျန်းမာတဲ့အခြေအနေကို ဖော်ညွှန်းပါတယ်။ သွားတွေကျန်းမာမှ ကိုယ်စားချင်တာ စားလို့ရမှာ ဖြစ်ပါတယ်။ ကိုယ်ခံစားချင်တဲ့ အရသာကို မြည်းစမ်းနိုင်ကြမှာ ဖြစ်ပါတယ်။ သွားဟာ ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးပါတယ်။ ဒါ့အပြင် လူတစ်ယောက်ရဲ့အလှအပကိုလည်း သွားဟာ အဓိက ပံ့ပိုးပေးနိုင်ပါတယ်။ ရုပ်ဘယ်လောက်လှလှ၊ သွားမလှ၊ သွားချေးထူ၊ သွားကျိုးနေရင် ရုပ်ရဲ့အလှကို ကောင်းစွာ ပျက်စီးစေနိုင်ပါတယ်။ သွားဟာ ကျိုးနေခြင်း၊ ပဲ့နေခြင်း၊
အခေါင်းပေါက်ဖြစ်နေခြင်း၊ သွားနှုတ်ထားခြင်းတို့ဟာလည်း လူတစ်ယောက်ရဲ့ နုပျိုမှုကို လျှင်မြန်စွာ တိုက်စားနိုင်ပါတယ်။ အထူးသဖြင့် သွားနှုတ်ထားတဲ့သူတွေဟာ အမြန်အရွယ် အိုတတ်ကြပါတယ်။ ဒါကြောင့် သွားဟာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ အရေးကြီးနေတာမို့ ဒီတစ်ပတ်မှာ သွားအလှကို ဖော်ပြလိုက်ရပါတယ်။

သွားတိုက်မှန်စေဖို့

သွားတိုက်တဲ့အခါမှာ နည်းစနစ်တကျနဲ့ မှန်ကန်မှ ခံတွင်းထဲက အညစ်အကြေးတွေကို သန့်စင်ရှင်းလင်းနိုင်မှာဖြစ်ပါတယ်။ အရင်ဆုံး လိုအပ်တာကတော့ သွားတိုက်တံကောင်းကောင်း တစ်ချောင်းပဲ ဖြစ်ပါတယ်။ သွားတိုက်တံကောင်းကောင်းနဲ့ တိုက်တာဟာ အကောင်းစား ကြိုက်တတ်အောင်သင်ပေးတာ မဟုတ်ပါဘူး။ သွားရဲ့ကျန်းမာရေးအတွက် ပြောတာဖြစ်ပါတယ်။ နောက်ပြီး သွားတိုက်တံကို ရက်ကိုးဆယ်ခြားတစ်ခါ လဲလှယ်အသုံးပြုပေးရမှာ ဖြစ်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ်ခန့် တိုက်ပေးသင့်ပြီး တစ်ကြိမ်က နံနက်စာစားပြီးတဲ့အချိန်နဲ့ နောက်တစ်ကြိမ်က ညအိပ်ရာမ၀င်
ခင်အချိန်တို့ပဲ ဖြစ်ပါတယ်။

သွားချေးတက်စေသော အစားအသောက်များ

သွားအလှကို ပျက်ယွင်းစေတဲ့ အစားအသောက်တွေထဲမှာ ပျိုတို့သောက်လေ့ရှိတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ၀ိုင်နီ၊ ဆေးလိပ်တို့ဟာ သွားရဲ့ အရောင်ကိုပျက်ယွင်းစေပါတယ်။ အထူးသဖြင့် ကော်ဖီ အသောက်များတဲ့သွားတွေဟာ သွားအရောင်ကို ပျက်ယွင်းစေပါတယ်။ ကွမ်းစားခြင်းဟာလည်း သွားရဲ့အရောင်ကို ပျက်စေပါတယ်။ ဒီအစားအသောက်တွေဟာ သွားထဲမှာ ကြာရှည်စွာ ခိုအောင်းနေနိုင်ပြီး သွားချေးဖြစ်စေပါတယ်။ ဒီအတွက် ဒီအစားအသောက်တွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး မနက်မိုးလင်းလို့ နံနက်စာ စားပြီးတာနဲ့ သွားမှန်မှန်တိုက်ပေးဖို့ လိုပါတယ်။ ကိုယ်စားနေတဲ့ အစားအသောက်တွေထဲမှာ အချိုဓာတ်မပါရင် မဖြစ်ဘူးဆိုတဲ့ ပျိုမေများကို သတိထားစရာလေးတွေ ပြောပြချင်ပါတယ်။ သကြားဓာတ်ဟာ PH Level ကို များစွာကျဆင်းစေပြီး ဘတ်တီးရီးယားပိုးတွေ ရှင်သန်နိုင်အောင် မွေးပေးနေသလို ဖြစ်နေပါလိမ့်မယ်။ အဆုံးမှာတော့ သွားအခေါင်းပေါက်ခြင်း၊ သွားပိုးစားခြင်းတို့ ဖြစ်လာပြီး သွားနှုတ်ရတတ်ပါတယ်။ တချို့ လုပ်လေ့ရှိပါတယ်။ ရေခဲရည်သောက်တာပဲဖြစ်ဖြစ်၊ တခြားရေခဲပါတဲ့ဟာကို သောက်သုံးတာပဲဖြစ်ဖြစ် ရေခဲကို ၀ါးစားတဲ့အကျင့်လေးပါ။ ရေခဲကိုမ၀ါးပါနဲ့။ သွားကိုထိခိုက်စေလို့ ဖြစ်ပါတယ်။ တခြားမာကျောတဲ့ အစားအသောက်တွေကိုလည်း ၀ါးစားတာ တတ်နိုင်သမျှ ရှောင်ကြဉ်ပေးပါ။ အချိုစားပြီးလို့ပဲဖြစ်ဖြစ်၊ နံနက်စာ စားပြီးလို့ပဲဖြစ်ဖြစ် သွားတိုက်တော့မယ်ဆိုရင် အနည်းဆုံး မိနစ်သုံးဆယ်ခန့် စောင့်ဆိုင်းပြီးမှ သွားတိုက်ပေးသင့်ပါတယ်။

သွားအလှကို တောက်ပြောင်စေသော အစားအသောက်များ

ပန်းသီးစားပေးပါ။ စတော်ဘယ်ရီလည်း စားသုံးနိုင်ပါတယ်။ စတော်ဘယ်ရီထဲမှာ သွားကိုဖြူစေတဲ့ ဓာတ်ပစ္စည်းတွေပါဝင်ပါတယ်။ မယ်လစ်အက်စစ်ပါဝင်ပြီး သွားချေးတွေကို ဖယ်ရှားပေးပါတယ်။ စတော်ဘယ်ရီနဲ့ သွားဖြူအောင်လုပ်တဲ့နေရာမှာ စတော်ဘယ်ရီကို နှစ်ခြမ်းလှီးပြီး သွားကိုပွတ်ပေးပါ။ ပြီးမှ ရေနဲ့ပလုတ်ကျင်းပြီး သွားတိုက်ဆေးနဲ့တစ်ဖန် ပြန်တိုက်ပေးပါ။ တစ်ပတ်ကို တစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။ သံပရာသီးဟာလည်း စတော်ဘယ်ရီလို သွားဖြူအောင်လုပ်ပေးနိုင်ပါတယ်။ ၀ါထိန်နေတဲ့သွားတွေကို ဖြူအောင်လုပ်ပေးနိုင်တယ်။ အက်စစ်ဓာတ်များတဲ့အတွက် တချို့သွားတွေအတွက်တော့ သံပရာသီးဟာ သင့်တော်ခြင်းမရှိပါဘူး။ သံပရာသီးသုံးစိတ်ကို ဆားနဲ့ရောပြီး တစ်မိနစ်ခန့် တိုက်ပေးပါ။ ပြီးမှ ရေနဲ့ပလုတ်ကျင်းပြီး သွားတိုက်ဆေးနဲ့ တစ်ဖန်ပြန်တိုက်ပေးပါ။ အက်စစ်ဓာတ်ပါတဲ့ အစားအသောက်တွေ ဖြစ်တဲ့အတွက် တစ်ပတ်တစ်ကြိမ်ခန့်သာ ပြုလုပ်ပေးပါ။ ပိုသွားရင် သွားကျန်းမာရေးအတွက် ထိခိုက်နိုင်ပါတယ်။ စတော်ဘယ်ရီနဲ့ သံပရာသီးထဲမှာပါတဲ့ ဗီတာမင်စီနဲ့ အက်စစ်ဓာတ်တွေဟာ သွားရဲ့အပေါ်ယံကြေလွှာကို ပျက်စီးစေနိုင်တာမို့ တစ်ပတ်တစ်ကြိမ်ခန့်သာ ပြုလုပ်ပေးကြပါ။ သံပရာဖျော်ရည်၊ ဂရိတ်ဖရု(တ်)သစ်သီးဖျော်ရည်တို့ဟာလည်း လိမ္မော်ရည်သောက်တာထက် သုံးဆ သွားကိုထိခိုက်စေနိုင်တာမို့ သတိပြုသင့်ကြပါတယ်။

သတိပြုသင့်သော လက္ခဏာများ
 
သွားနဲ့ ပတ်သက်တဲ့ရောဂါတွေဟာ ကိုယ်တွင်းအစိတ်အပိုင်းတွေနဲ့လည်း ဆက်စပ်နေပါတယ်။ သွားဖုံးမှာ သွေးထွက်လာတာဟာ နှလုံးရောဂါနဲ့ ဆက်စပ်နေပါတယ်။ ဆီးချို၊ လေဖြတ်ခြင်းစတဲ့ တခြားသော ရောဂါကြီးများနဲ့လည်း ဆက်စပ်နေတာမို့ သွားဖုံးထဲမှ သွေးထွက်ခြင်းကို ပေါ့ပေါ့တန်တန် ယူဆလို့မရပါဘူး။ Mouthwash ခံတွင်းနံ့သန့်ရှင်းအောင် ပလုတ်ကျင်းတဲ့ဟာတွေဟာ အရက်ပါဝင်မှုရှိရင် သွားကင်ဆာကို ဖြစ်ပွားစေနိုင်တယ်လို့ သြစတြေးလျ သွားဂျာနယ်က ဆိုထားပါတယ်။ အယ်လ်ကိုဟော၂၇ ရာခိုင်နှုန်းနဲ့အထက် ပါဝင်မှုရှိတဲ့ဟာတွေကို သတိပြုပြီး သုံးပေးပါ။
သွားကျန်းမာရေးအတွက် တစ်နှစ်ကို နှစ်ကြိမ်၊ ခြောက်လတစ်ကြိမ်ခန့် သွားဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။

မှားတတ်သော အမှားများ

သွားတိုက်တဲ့အခါမှာ ခပ်ကြမ်းကြမ်းတိုက်ခြင်း၊ ခပ်မြန်မြန်တိုက်ခြင်းဟာ သွားရဲ့အပေါ်ယံကြွေလွှာကိုပျက်စီးစေပါတယ်။ အမွှေးကြမ်းတဲ့ သွားတိုက်တံများဟာလည်း သွားကြွေလွှာကို ပျက်စီးစေတာမို့ သတိထားသင့်ကြပါတယ်။ ဖြည်းဖြည်းညှင်းညှင်းနဲ့ မိနစ်အနည်းငယ် ကြာတဲ့အထိ တိုက်ပေးသင့်ပါတယ်။သွားတိုက်တဲ့အခါမှာလည်း နေ့စဉ် ကိုယ်စတိုက်နေကျနေရာကနေ စပြီး တိုက်လေ့ရှိပါတယ်။ အမှန်တော့ အဲဒီလို မတိုက်သင့်ပါဘူး။ သွားတိုက်ဘရှက်ရှ်အမွှေးဟာ စတိုက်တဲ့အချိန်မှာ အကောင်းဆုံးအလုပ်လုပ်လေ့ရှိပါတယ်။ တိုက်တဲ့လူကလည်း စတိုက်တိုက်ခြင်းမှာ အကောင်းဆုံးနဲ့ ဂရုတစိုက်တိုက်လေ့ ရှိပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တိုက်အားရော၊ ဂရုစိုက်နိုင်စွမ်းအားရော လျော့ကျသွားလေ့ရှိတာမို့ နေ့စဉ်စတိုက်တဲ့နေရာကို ပြောင်းပြီးတိုက်ပေးသွားပါ။
သွားအလှဟာ ရဲရဲဝံ့ဝံ့ ပြုံးစေနိုင်တဲ့ အလှတစ်ခုလည်း ဖြစ်ပါတယ်။ သွားမလှရင် ဘယ်လိုပြုံးပြုံး မြင်သူ မရွှင်ပြုံးနိုင်ပါဘူး။ မျက်နှာကိုပဲသပြီး သွားအလှကို ပစ်ထားလို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက် သွားအလှပိုင်ရှင်များ ဖြစ်နိုင်ကြစေရန် ရည်သန်လျက် . . .။
Ref: 8 Days Journal

Wednesday 23 January 2013

ခံတွင်းပျက်နေသူများ အစာစားချင်စိတ် ပြန်ကောင်းလာစေရန်

 by ပိုပိုဇော်(သဘာဝအားအင်) on Wednesday, January 23, 2013 at 10:16pm

ရောဂါဝေဒနာ တစ်ခုခုကို ခံစားနေရပြီး ကျန်းမာရေး မကောင်းသူတွေဟာ ခံတွင်းပျက်ပြီး အစာစားချင်စိတ် လျော့နည်းတာကြောင့်  ကိုယ်အလေးချိန်တွေ လျော့ကျလာတတ်ပါတယ်။ အဲဒီအခါ ကိုယ်ခံစွမ်းအား လျော့ကျပြီး ရောဂါဝေဒနာကို ခံနိုင်ရည်ရှိမှု လျော့နည်းလာပြီး ပိုမို နေထိုင်မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အစာစားချင်စိတ် ပြန်ကောင်းလာအောင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို ရေးသားလိုက်ရပါတယ်။


မိသားစုစုံညီ သို့မဟုတ် မိတ်ဆွေ သူငယ်ချင်းများနှင့်အတူ စားပါ

တစ်ယောက်တည်း အစာစားရင် အစာစားရမှာကို ပျင်းနေတတ်ပါတယ်။ အစာစားချိန်ဆိုတာ လူအများနဲ့ ပေါင်းဖော်ပြီး အတူစားရတဲ့ အချိန်ပါ။ အများနဲ့အတူ မစားရင် အထီးကျန်တဲ့ စိတ်ခံစားမှု ဖြစ်စေပြီး အစာစားချင်စိတ် လျော့ကျစေနိုင်ပါတယ်။ အိမ်မှာ မိသားစု စုံညီ အစာစားပါ ဒါမှမဟုတ် အလုပ်မှာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ အစာစားပါ။

စားချင်စိတ်ရှိသော အစာကို စားပါ

ကျွန်မတို့တွေဟာ ကိုယ်ကြိုက်တဲ့ အစာဆိုရင် များများ စားချင်တတ်ကြပါတယ်။ ခံတွင်းပျက်နေချိန်မှာ အစာစားချင်စိတ် ဖြစ်လာအောင် ကိုယ်ကြိုက်တဲ့အစာကို စားပေးပါ။ ဒါပေမဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာဆိုရင် အများကြီးမစားပါနဲ့။ သစ်သီးတွေကို စားချင်စိတ်ဖြစ်ပေါ်ပြီး အများကြီး မစားနိုင်ရင် သစ်သီးဖျော်ရည် ဖျော်သောက်ပါ။ သစ်သီးစိတ်တွေကို အရသာရှိအောင် ပြင်ဆင်ပြီး စားပေးပါ။

အစာကို နည်းနည်းနှင့် မကြာခဏ စားပါ

ခံတွင်းပျက်ကာ ကိုယ်အလေးချိန် လျော့ကျနေသူတွေ အနေနဲ့ ကယ်လိုရီများများ ရရှိစေဖို့ တစ်နေ့မှာ အစာက နည်းနည်းနဲ့ မကြာခဏ စားပေးဖို့ လိုပါတယ်။ တစ်နေ့မှာ အစာကို ငါးကြိမ်- ခြောက်ကြိမ်ခန့် စားပေးတာက အာဟာရဓာတ်တွေကို ပိုမို ရရှိစေမယ့်နည်းပါ။

ပြင်းသောအနံ့ပါ ဟင်းလျာများ ရှောင်ပါ

ခံတွင်းပျက်နေချိန်မှာ အရသာခံအာရုံနဲ့ အနံ့ခံအာရုံ အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ဒီအချိန်မှာ အနံ့ပြင်းတဲ့ အစာတွေနဲ့ ဝေးဝေးမှာနေပါ။ ဥပမာ- ညှီတဲ့ အသားတွေကို ထမင်းပွဲမှာ မပါအောင် သတိထားပါ။

အာဟာရဖြည့်စွက်ဆေး သုံးပါ

အာဟာရ ဖြည့်စွက်ဆေးတွေကို မှီဝဲတာကြောင့် ကယ်လိုရီစားသုံးမှု တိုးစေပြီး ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ ဖြည့်စွက်ဆေးတွေကို ပုံစံအမျိုးမျိုး ထုတ်ထားပြီး အနံ့အရသာ မျိုးစုံရှိတာကြောင့် ခံတွင်းပျက်နေသူတွေ အနေနဲ့ အစာစားချင်စိတ် တိုးလာအောင် မှီဝဲသင့်ပါတယ်။

ဟင်းလျာထဲ သဘာဝ ဟင်းခတ်အမွှေးအကြိုင်များ ထည့်ချက်ပါ

သဘာဝ ဟင်းခတ်အမွှေးအကြိုင်တွေ ပါတဲ့ အစာတွေက အစာစားချင်စိတ်ကို တိုးစေနိုင်ပါတယ်။ သဘာဝ ဟင်းခတ် အမွှေးအကြိုင်တွေကတော့ ငရုတ်ကောင်း၊ ဂျင်စင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ လေးညှင်း၊ စမုံစပါး၊ ချင်း (ဂျင်း)၊ လက်ဖက်စိမ်း စတာတွေ ဖြစ်ပြီး သင်ချက်တဲ့ ဟင်းလျာထဲမှာ ထည့်ချက်သင့်ပါတယ်။
ကြယ်စင်
Ref>>>Good Health

ပြောင်းဖူး၏ ကျန်းမာရေး အာနိသင်များ

 by ပိုပိုဇော်(သဘာဝအားအင်) on Wednesday, January 23, 2013 at 9:01pm

ပြောင်းဖူးမှာ အာဟာရ ဓာတ် များစွာ ပါဝင် တာကြောင့် ကျန်းမာရေး အကျိုး ကျေးဇူး
များစွာ ရရှိနိုင်ပါတယ်။ ပြောင်းဖူးမှာ ဗီတာမင် B1 ပါဝင်တာကြောင့် ကာဗို ဟိုက်ဒရိတ်တည်ဆောက်ဖြိုခွဲမှုမှာ အသုံးပြုနိုင်သလို ဗီတာမင် B5 ပါဝင်မှုကြောင့် ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာတွေမှာ ကူညီနိုင်ပါတယ်။ ဖောလိတ် ပါဝင်တာ ကြောင့် ဆဲလ်သစ်တွေ ဖြစ်ပေါ်စေသလို ဗီတာမင်စီပါဝင်မှုကြောင့် ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။


နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ် 

ပြောင်းဖူးမှာ ဗီတာမင် B9  လို့ခေါ် တဲ့ ဖော လိတ်ပါဝင်မှုကြောင့် နှလုံးကျန်း မာရေးကို တိုးတက်ကောင်း မွန်စေပါ တယ်။ ဖောလိတ်ဓာတ်ပါတဲ့ အစားအ စာကို များများစားတာကြောင့်   နှလုံး သွေးကြော ဆိုင်ရာ ရောဂါ၊ လေဖြတ်တာနဲ့ နှလုံးရောဂါထ တာတွေရဲ့  ဖြစ်နိုင် ခြေကို လျော့ကျစေပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်

ပြောင်းဖူးရဲ့ နောက်ထပ် ကျန်းမာ ရေးအကျိုးကျေးဇူးတစ်ရပ်က အဆုတ် ကင်ဆာကို ကာကွယ်ပေးတာပါ။  
ပြောင်း ဖူးမှာ Beta Cryptoxanthin ပါဝင်တာ ကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ကို လျော့ကျစေပါ တယ်။ ဆေးလိပ်သောက် တဲ့သူတွေဟာ ပြောင်းဖူးကို ပုံမှန်စားပေး ရင် အဆုတ်ကင်ဆာဖြစ်နှုန်း ၃၇ ရာခိုင် နှုန်း လျော့ကျစေပါတယ်။

မှတ်ဥာဏ်ကို အားကောင်းစေပါတယ်

ပြောင်းဖူးမှာ သိုင်ယာမင်း ဒါမှမ ဟုတ် ဗီတာမင် B1 ပါဝင်တာကြောင့် မှတ်ဥာဏ်အစွမ်းကို ကောင်းမွန်စေပါ တယ်။ ဒီအာဟာရဟာ ဦးနှောက်ဆဲလ် တွေကို အားကောင်းစေပြီး တွေးခေါ်နိုင် တဲ့ လုပ်ငန်းဆောင်တာကို တိုးတက်စေ ပါတယ်။ ပြောင်းဖူးဟာ အယ်လ်ဇိုင်းမား ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

အမြင်အာရုံကို ကာကွယ်ပေးပါတယ်

ပြောင်းဖူးမှာ ဘီတာကယ်ရိုတင်း၊ ဖောလိတ်နဲ့ အင်တီအောက်ဆီးဒင့် ဇီဇန် သင်းတို့ များစွာ ပါဝင်ပါတယ်။ ဒီအာဟာရဓာတ်တွေက မက်ကူလာယိုယွင်း ပျက်စီးမှုလိုမျိုး မျက်စိရောဂါတွေ မဖြစ် အောင် ကာကွယ်ပေးပါတယ်။

ရောင်ရမ်းမှုကို လျော့ကျစေပါတယ်

ပြောင်းဖူးမှာFerulic Acid များစွာ ပါဝင်ပါတယ်။ ဒါက အင်တီအောက်ဆီး ဒင့်တစ်မျိုးဖြစ်တာကြောင့် ခန္ဓာကိုယ် တွင်း ရောင်ရမ်းမှု၊ အိုမင်းမှုနဲ့ ကင်ဆာ ရောဂါတချို့အမျိုးအစားတွေကို မဖြစ် အောင် ကာကွယ်ပေးပါတယ်။

သွေးတွင်း ကိုလက်စထရောကို လျော့ ကျစေပါတယ်

ပြောင်းဖူးတစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ အမျှင်ဓာတ် ပါဝင်မှု မြင့်မားတာက ပြောင်းဖူးရဲ့ အကြီးမားဆုံး အကျိုးကျေး ဇူးတစ်ရပ်ဖြစ်ပါတယ်။ အမျှင်ဓာတ်က သွေးတွင်း ကိုလက်စထရောအဆင့်ကို လျော့ကျစေပြီး အူမကြီးကင်ဆာ ဖြစ်နိုင် ခြေကို လျော့ကျစေပါတယ်။ အမျှင် ဓာတ်ဟာ ဆီးချိုသွေးချိုရောဂါရှိသူတွေ မှာ သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်။

ဂရုစိုက်ရန်

လေ့လာမှုအရ ပြောင်းဖူးဟာ သစ် သီးတွေနဲ့ ဟင်းသီးဟင်းရွက်အများစု ထက် အာဟာရဓာတ် ပိုမိုပါဝင်ပါတယ်။ လူအများစုဟာ ပြောင်းဖူးထဲကို အဆီ၊ ဆားနဲ့ သကြားတွေ ထည့်ပြီး ချက်ပြုတ် စားသောက်ကြပါတယ်။ ပြောင်းဖုးကို ပြုတ်ပြီး သုပ်စားတာ ဒါမှမဟုတ် စွပ် ပြုတ် ပြုတ်သောက်တာတွေက ကျန်းမာ ရေးနဲ့ ပိုညီညွတ်ပါတယ်။
Good Health
source>>>http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:323061

Tuesday 22 January 2013

ကျောက်ကပ်မကောင်းသူများ ကော်ဖီ မသောက်သင့်

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, January 22, 2013 at 5:30pm

ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါရှိသူများ၊ ရှိရန် အလားအလာ များသူများ အနေနဲ့ ကော်ဖီ မသောက်သုံးသင့် ဘူးလို့ ဆေးပညာရှင်နဲ့ ကျောက်ကပ် အထူး ကု ဆရာဝန်များက တိုက်တွန်း သတိပေးပါတယ်။ ကော်ဖီဆိုတာ ထက် ကဖင်းဓာတ်ကို ဆိုလိုခြင်း ဖြစ်တဲ့ အတွက် ချောကလပ် နဲ့ လက်ဘက်ရည်တို့လည်း ပါဝင်ပါတယ်။

ကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းကျိုး များစွာ ဖြစ်ထွန်းစေပေမယ့် အချို့  သူများအတွက်က တော့ ဆိုးကျိုး ရှိပါတယ်။ ဥပမာ- ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဝမ်းနှင့်ဆက်စပ်ရောဂါ၊ နောက်ထပ် တစ်ခုကတော့ ကျောက်ကပ်ရောဂါ ဖြစ်ပါတယ်။ ပုံမှန်ထက် အလွန် အကျွံ သောက်သူများ အဖြစ်များမယ့် ရောဂါ များ ဖြစ်ပါ တယ်။ ကျောက် ကပ်ရောဂါဖြစ်ပုံကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

 ဆီးမကြာခဏ သွားခြင်း (Urinate more often)

ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်ဟာ ကျောက်ကပ်ရဲ့  လုပ်ဆောင်ချက်ကို တွန်း အားပေးပြီး တစ်ကိုယ်လုံးမှ ရှိတဲ့ ရေဓာတ်ကို အလျင်အမြန် ဆုပ်ယူပါတယ်။ ဒါကြောင့် မကြာခဏ ဆီးသွားစေပါတယ်။

 ရေဓာတ်ဆုံးရှုံးခြင်း (Dehydration)

ကဖင်းက ရေဓာတ်ဆုပ်ယူတဲ့အတွက် ရေအမြဲဆာတတ်ပါတယ်။ ဒါကြောင့် dehydration မဖြစ်အောင် ရေလည်း ပုံမှန်သောက်ဖို့ လိုအပ်ပါတယ်။ အကယ်၍ ရေသာ နည်းရင် ကျောက်ကပ် သန့်စင်ရေး လုပ်ဆောင်ချက် နှေးကွေးလာခြင်း ဆီးလမ်းကြောင်း စနစ်ကိုပါ ထိခိုက် စေပါတယ်။

ဆီးမသန့်ခြင်း (Urinary incontinence)

တစ်ရက်ကို ကဖင်းဓာတ် ၄၀၀ မီလီဂရမ်ထက် ပိုသောက်သုံးမိရင် ဆီး သန့်ဖို့ မသေချာတော့ပါဘူး။ ဆီးထဲမှာ အမှုန်များ ပါလာတာမျိုး ဖြစ် တတ်ပြီး ဆီးလမ်းကြောင်း ပိတ်တဲ့အထိတောင် ဖြစ်စေပါတယ်။

ကျောက်တည်ခြင်း (Kidney stones)

ကျော်တည်စေတဲ့ အကြောင်းတရားထဲမှာလည်း ကဖင်း သောက်သုံးမှု ပါဝင်တယ် ဆိုတာ သေချာနေပါပြီ။ calcium oxalate stones လို့ခေါ်တဲ့ ကျော်ဟာ ကျောက်ကပ်မှာ တည်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်ကြွယ်ဝတဲ့ ကော်ဖီကို ပိုမသောက်သုံးမိစေဖို့ လိုအပ်ပါတယ်။

 ကျောက်ကပ် ရောဂါ (Kidney disease)

polycystic kidney disease ဆိုတဲ့ ကျောက်ကပ်ရောဂါ အမျိုးအစား တစ်ခု ဖြစ်စေပြီး ကျောက်အမှုန်အမွှားကနေ ကြီးကြီးမားမား အထိ ဖြစ် လာစေမှာ ဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့  လုပ်ဆောင်ချက် ဟာလည်း ပုံမှန်မဖြစ်တော့ပါဘူး။ ကျောက်ကပ်က ခန္ဓာကိုယ်တွင်း အညစ်အကြေး များကို စွန့်ထုတ် သန့်ရှင်းတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ပေးပါတယ်။ သူသာ အလုပ်မလုပ်တော့ရင် ပိတ်သွားရင် နောက်ဆက်တွဲ ကတော့ သေဖို့ ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ကဖင်းဓာတ်ကို တစ်ရက် ၄၀၀ မီလီဂရမ်ထက် ပိုမသောက်သုံးမိဖို့ မှာထားပါတယ်။ တစ်ရက် ကော်ဖီ တစ်ခွက် စွဲသောက်တဲ့ အကျင့်ရှိ ရင်တောင် ၁ ရက်ခြား သောက်တဲ့သူတွေထက် ကဖင်းဓာတ် ဆက်စပ်ရောဂါ ဖြစ်ဖို့ ပိုအလားအလာများတယ်ဆိုတာကို လေ့လာတွေ့ ရှိထားပါတယ်။
ဒါကြောင့် တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း ကျောက်ကပ်အပြင် အခြား ရောဂါများ မဖြစ်စေဖို့ ကော်ဖီကို Limit နဲ့ သောက်ရန် မျှဝေ ရေးသား လိုက်ရပါတယ်။
Ref: medic-facts
source>>>http://danyawadi.wordpress.com

မူးနောက်နောက် (မူးဝေ)ဖြစ်ရခြင်းအကြောင်းရင်းများ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, January 22, 2013 at 2:21pm

မူးနောက်နောက် ဖြစ်နေတာပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင် တစ်ခုလုံး ချာချာလည်နေ သလိုမျိုး ဖြစ်နေတာပဲ ဖြစ်ဖြစ်၊ အန်ချင် လောက်တဲ့ အထိ မူးနေတာပဲ ဖြစ်ဖြစ်၊ ခေါင်းမူးတာဟာ ဘယ်လိုမှ ခံစားလို့ မကောင်းတဲ့ အရာပါ။ ခေါင်းမူးခြင်းဖြစ်ရခြင်း အကြောင်းရင်းတွေနဲ့ ကျွန်မတို့အနေနဲ့ ဘာလုပ်လို့ရနိုင်သလဲ ဆိုတာကို ကြည့်ရအောင်


(၁) သွေးပေါင်ကျခြင်း

ကိုယ်ဟန်အနေအထားကြောင့် သွေးပေါင်ကျခြင်း Postural Hypotension ဟာ ရုတ်တရက် မတ်တတ်ရပ်လိုက်တဲ့အခါ သွေးပေါင်ခဏ ကျသွားခြင်းကြောင့် ဖြစ်တက်ပါတယ်။ ထိုအခါ ဦးနှောက်ဆီ သွေးအရောက် လျော့သွားခြင်းကြောင့် ခေါင်းမူးရခြင်း ဖြစ်ပါတယ်။
ဘာလုပ်နိုင်မလဲ
မတ်တက်ရပ်လိုက်တိုင်း လိုလို ခေါင်းမူးတက်ပါက သွေးပေါင်ချိန် စစ်ကြည့်သင့်ပါတယ်။ သွေးတိုးရောဂါ ဆေးကုသခံနေရသူ ဆိုရင်လည်း ဆေးပမာဏ ချိန်ဆပေးဖို့ လိုကောင်း လိုနေပါလိမ့်မယ်။

(၂) Meriere's Disease

Meriere ရောဂါဆိုတာ နားအတွင်းခန်း ရောဂါကြောင့် နားလေထွက်ခြင်းနဲ့ မူးဝေခြင်းကို ဖြစ်စေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ နားအတွင်းခန်းမှာ အရည်တွေ ပိုလျှံလာပါက ချာချာလည်းမူးဝေခြင်းကို ဖြစ်စေတက်ပါတယ်။ တခြား လက္ခဏာရပ်တွေကတော့ မူးခြင်း၊ ပျို့အန်ခြင်း၊ အကြားအာရုံချို့ယွင်းခြင်း၊ နားအူခြင်းတို့ပဲ ဖြစ်ပါတယ်။ ရောဂါပြင်းထန်မှု ပမာဏနဲ့ အချိန်ကြာမြင့်မှုက လူတစ်ယောက်နဲ့ တစ်ယောက်ပေါ် မူတည်ပြီး ကွာဟတက် ပေမယ့် အရမ်းမူးဝေခြင်းကြောင့် ထိုင်ချလိုက်ရတဲ့အထိ ဖြစ်တက်ပါတယ်။

ဘာလုပ်နိုင်မလဲ
နားအတွင်းခန်းမှာ အရည်လျှံခြင်းက ပြဿနာဖြစ်တာကြောင့် အဲသလို မဖြစ်ရအောင် စားတဲ့ အစာထဲ ဆားလျှော့စားဖို့၊ ဆီးဆေးသောက်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ ဒီလိုနဲ့မှ မရရင် နားထဲက အရည်တွေကို ဆေးရုံမှာ စုပ်ထုတ်လို့လည်း ရပါတယ်။

(၃) ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine)

ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ ခေါင်းကိုက်ခြင်း တစ်မျိုးဖြစ်သလို တစ်ခါတစ်ရံမှာ ခေါင်းမူးခြင်း ဖြစ်စေနိုင်တဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်ခြင်းနဲ့ ဆက်စပ်နေတဲ့ ခေါင်းမူးခြင်းဟာ Meriere ရောဂါနဲ့ လက္ခဏာ အများစု ဆင်တူနေတက် ပေမယ့် အကြားအာရုံတော့ လျော့မသွားတက်ပါဘူး။ ကားမူးခြင်း၊ လေယာဉ်မူးခြင်း၊ သဘောင်္မူးခြင်းတို့လို မူးဝေခြင်းမျိုးက ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်တွေမှာ ပိုဖြစ်ပေါ်တက်ပါတယ်။

ဘာလုပ်နိုင်မလဲ
ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ခံစားနေရသလို ခေါင်းမူးခြင်းလည်း ဖြစ်ပေါ်တက်ပါက ခေါင်းတစ်ခြမ်းကိုက် ကုဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ပြကြည့်ပါ။

(၄) ရောဂါပိုးဝင်ခြင်း

အဖြစ်အများဆုံးကတော့ Vestibular Neuritis လို့ခေါ်တဲ့ ဗိုင်းရစ်ပိုး တစ်မျိုးကြောင့်ပါ။ ရေယုန်ဖြစ်စေတဲ့ ရောဂါပိုးနဲ့ ခပ်ဆင်ခင်တူပါတယ်။ ဒီရောဂါပိုးတွေက ဦးနှောက်ရှိ Vestibular နာ့ဗ်ကြောတွေပေါ် နှောင့်ယှက်လိုက်တဲ့အခါ နားတစ်ဖက် ရောင်လာတက်ကာ သင့်ကို ဟန်ချက်မညီစေတော့ဘဲ ချာချာလည် မူးဝေစေတက်ပါတယ်။

(၅) BPPV (Benign Proxysmal Positional Vertigo)

ဒီရောဂါဟာ နားအတွင်းခန်းရှိ ကယ်လ်စီယမ် ကာဗွန်နိတ်ကျောက်တွေ ပြုတ်ထွက်ကာ ရွေ့လျားနေခြင်းကြောင့် ဖြစ်တက်ပါတယ်။ ခေါင်းဆောင့်မိတဲ့အခါမျိုးမှာ ဖြစ်တက်ပြီး လှဲလိုက်တဲ့အခါမျိုး၊ ခေါင်းမော့လိုက်တဲ့ အခါမျိုး ဒါမှမဟုတ် ကုန်းလိုက်တဲ့ အခါမျိုးတွေမှာ မူးဝေတက်ပါတယ်။

ဘယ်လုပ်နိုင်မလဲ 
နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီးတွေ အနေနဲ့ ကုသပေးနိုင်တာကြောင့် ဆေးရုံသွားပြသင့်ပါတယ်။

Ref: Good Health

Monday 21 January 2013

တိုတိုထွာထွာမြန်မာ့ဆေးမြီးတိုများ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, January 22, 2013 at 5:02am
      

ဆီးအောင့်ရောဂါ အတွက်......

ယောကျာင်္းဆီး ၊ မိန်းမ မီး " ဆိုသောစကားရှိပါသည်။ ယောကျာင်္းသားများ အဖို့ ဆီးရောဂါဟာ အလွန်ပဲ ကြောက်စရာကောင်းပါတယ်။ ဆီးရောဂါအောင့်ရောဂါ သက်သာပျောက်ကင်း စေသောဆေးနည်းမှာ.............. ကြံရည်ကိုတစ်ဖန်ခွက် မှာ အပြည့်ထည့်ပါ။ ပြီလျှင် ဇာတိပ္ဖိုလ်သီးကို (၅)ပုံ (၁)ပုံ သွေး၍ ထည့်မွှေပြီး သောက်လိုက်ပါ။ဆီးအောင့်ရောဂါ
သက်သာပျောက်ကင်းသွားပါလိမ့်မည်။

ချောင်းဆိုး (တီဘီ)ရောဂါ..............

ချောင်းဆိုးလို စိတ်မညစ်နဲ့တော့
ဆေးနည်း....
တောလေးညှင်းဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်းတစ်ဆုပ်ကို
ပြုတ် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။ ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက်
သောက်ရု့မျှနှင့် သက်သာပျောက်ကင်း ပါသည်။
တီဘီရောဂါသည်များအဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။

အပင်ပုံစံ....
လမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။
အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့် တူပါသည်။
မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။

အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ရှိသူများ ရေများများသောက်ဖို့ လို........

သင့်မှာ အဆုတ်လေပြွန်ရောင်ရောင်နာ (bronchitis) ၊ အဆုတ်လေအောင့်နာ သို့ မဟုတ် အဆုတ်ပွခြင်း (emphysema) စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဝေဒနာ ရှိပါသလား၊ ဒါဆိုရင် ၈အောင်စ၀င် ဖန်ခွက်နှင့်ရေ ဒါမှမဟုတ် အခြား အရည် တမျိုးမျိုးကို တနေ့ ၎ခွက်မှ ၆ခွက် အထိ သောက်ပေးပါ။ အရည် က ရောင်ရမ်းနေတဲ့ လေပြွန်အထက်ပိုင်းရှိ အကျိအချွဲ (Mucus) များကို ကျဲစေတဲ့အတွက် ချောင်းဆိုးလိုက်တဲ့ အခါ သလိပ်တွေကို အလွယ်တကူ ဟပ်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

ရေနွေးပူ ၊ ဆီပူလောင်လျှင် .......

ရေနွေးပူ၊ ဆီပူလောင်လျှင် ... လောင်သော နေရာကို ကြက်ဥအကာ ချက်ချင်း လိမ်းပေးပါက ... အရည်ကြည်ဖုပေါက်ခြင်း၊ အမာရွတ်ထင်ခြင်း လုံးဝမရှိပါ။ (အလွန် အသုံးတဲ့သည့် နည်းပါ)

အညောင်းအကိုက်အတွက်ဆေးတစ်လက်........

အညောင်းသမားတွေအတွက်ပေါ့.... ဘာတွေလုပ်လိုပဲ ညောင်းညောင်း ကိုယ်လက်မသယ်ချင်အောင် ညောင်းနေရင်ပဲ ဖြစ်ဖြစ် အေးတဲ့ရာသီတွေမှာ ကိုက်ခဲတတ်တဲ့ သူများအတွက် .... ဆေးနည်း... မိဿလင် ၊ ချင်း(ဂျင်း)တို့ကို ဆတူရော၍ ညက်အောင်ထောင်းပြီး အရက်ဦးရည်(မီးတောက်)နှင့် ပုလင်းတွင်ထည့် စိမ်ထားပါ။(ကြာလေကောင်းလေပါ) လိမ်းကြည်ရာ ပူရှိမ်းရှိမ်း နှင့် ကြောအခြင်များ ပျော့ပျောင်းသွား စေပါသည်။

ဆေးစွမ်းထက်သည့် ကင်ပလင်းရွက် .........

ဆီးအိမ် ကျောက်တည်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း တို့ကို လူသိများသော
သံမနိုင်ရွက်ကို စားသုံးခြင်းတို့ဖြင့် ကျောက်များ ပြုတ်ကျခြင်း၊ ဆီးထဲတွင် ပါသွားခြင်း
တို့ဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။

သို့သော် သည်းခြေအိတ်တွင် တည်နေသော ကျောက်တို့မှာမူ သံမနိုင်ကျောက်မနိုင်ဖြင့်
မပျောက်နိုင်ပါ။ သည်းခြေအိတ်တွင်ရှိသော ကျောက်များ ကြေသွားပြီး သက်သာပျောက်
ကင်းနိုင်သည်နည်းမှာ ဆေးစွမ်းထက်သည့် ကင်ပလင်းရွက်ကို စားသုံးခြင်း ဖြစ်ပါသည်။

အရွက်မှာ ချဉ်သောအရသာရှိပါသည်။
၎င်းအရွက်ကို ချည်ရည်ဟင်း၊ စပ်ချဉ်ဟင်း စသည် ချက်ပြုတ်စားခြင်း၊ ရေနွေးဖြော၍
သုပ်စားခြင်း ၊ ပြုတ်၍ တို့စားခြင်း၊ အခြောက်လှန်း၍ ရေနွေးကြမ်းအနေဖြင့် သောက်ခြင်း
တို့ ပြုလုပ် အသုံးပြုနိုင်ပါသည်။

၎င်း၏ အစွမ်းကား သည်းခြေကျောက် ကြေစေရုံသာမက ကိုယ်အတွင်းရှိ အဆုတ်၊အသည်း၊
ကလီစာများရှိ အညစ်အကြေးမျာကိုပါ သန့်စင်ပေးနိုင်သော အစွမ်းထက်သော ဆေးသစ်ရွက်
ဖြစ်ပါသည်။

၎င်း၏ အရွက် ပုံသဏ္ဍာန်မှာ သပြေရွက်နှင့် ဆင်၍ ၊ အရောင်မှာ စိမ်းဝါဖန့်ဖန့်ဖြစ်ပြိး၊အသားမှာ
ထူ၍နုးညံ့ပါသည်။ သိပ်ရင်လွန်းသည့် အရွက်များမှသာ အသားကြမ်းပါသည်။ ကနီနယ်၊ကင်းနယ်၊
မင်းကင်းနယ်များတွင်လည်းကောင်း၊ ရေဦး ၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးလက်များတွင်လည်းကောင်း
ပေါများစွာ ပေါက်ရောက်လေ့ရှိပါသည်။
(၆)လခန့် စွဲစွဲမြဲမြဲ စားပါက သည်းခြေကျောက် ကြေသွားစေသည့် ဆေးနည်း တစ်လက်ဖြစ်ပါသည်။

လိပ်ခေါင်းပျောက်တဲ့ တဇောင်း(ရှားစောင်း)လက်ညှိုး.......

ခန္ဓာကိုယ်တွင်းမှာ ရှိသော လိပ်ခေါင်းနှင့် ခန္ဓာကိုယ်အပြင်တွင် ထွက်ကျနေသော
လိပ်ခေါင်းသာလျှင် အဓိက ဖြစ်သည်။ အပြင်တွင်ထွက်နေသောလိပ်ခေါင်း၏ ပုံ
သဏ္ဍာန် အမျိုးမျိုးကို ကြည့်ပြီး လိပ်ခေါင်းအမည် အမျိုးမျိုး ခေါ်ကြသည်။
ကျွန်တော် တွေ့သော လိပ်ခေါင်းသည် တွဲကျနေ၍ ထိုင်သည် အခါ ဖနောင့်နှင့်
ပိတ်ထား၍ ထိုင်နေရသည်။ ဒါမှမဟုတ် တရွတ်ခွေပေါ်တွင် ထိုင်နေရသည်။
သူအတွက် နေ့ရှိသရွေ့ လမ်းလျှောက် သွားလာလို့ လည်းမရ၊ ထိုင်လို့လည်းမရ။
ညည်းတွားနေရသည်။

ဆေးနည်း....
ရှားစောင်းလက်ညှိုး လက်နှစ်ဆစ်ခန့်ကို ထန်းလျက်နှင့် တေ၍ ည,နံနက် သုံးရက်
ဆက်တိုက် ကျွေးလိုက်သော အခါ ထွက်ကျနေသော လိပ်ခေါင်းမှာ ပြန်ဝင်းသွားပီး
သွားလာ လှုပ်ရှား၍ ရကြောင်းတွေ့ရပေသည်။

ပုံသဏ္ဍာန်

ရှားစောင်း လက်ညှိုးမှာ လေးမြောင့် အဆစ်လိုက် အဆစ်လိုက် နွယ်ပုံသဏ္ဍာန် ပေါက်
ရောက်နေသည်။ အရွက်မှာ ကွမ်းရွက်အသေး ပုံသဏ္ဍာန်၊ အပွင့်မှာ အဖြူ အဆုပ်အဆုပ်
ပွင့်ပေသည်။ စိုက်ပျိုးရန် အလွန်လွယ်ပါသည်။

ကြွက်နို့ ပျောက်ဆေး .......

ချင်းတက်ကို ထိပ်ဘက်မှ ဓားဖြင့်လှီးပါ။ ထိုလှီးထားသောနေရာအား ထုံးဖြင့်တို့ပြီး ကြွက်နို့ပေါ်မှာ ဖြည်းဖြည်း ချင်း ပွတ်ပေးပါ။ ကြွက်နို့က တဖြည်းဖြည်းပါးသွားပါမည်။

ချောင်းဆိုး (တီဘီ)ရောဂါ...ချောင်းဆိုးလို စိတ်မညစ်နဲ့တော့........

ဆေးနည်း....
တောလေးညှင်းဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်းတစ်ဆုပ်ကို
ပြုတ် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။ ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက်
သောက်ရု့မျှနှင့် သက်သာပျောက်ကင်း ပါသည်။
တီဘီရောဂါသည်များအဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။

အပင်ပုံစံ....
လမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။
အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့် တူပါသည်။
မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။

မင်းမင်းဇော်
Credit by>>>မြန်မာတို့ အတွက် မြန်မာ့ဆးမြီးတို

ကျောက်ဖရုံသီး ( Benincasa Cerifera ) ဂုဏ်သတ္တိ

by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, January 22, 2013 at 4:27am

များသောအားဖြင့် အသီးကို သုံးရသည်။ ချို၏။ အမှည့် အနည်းငယ်ဖန်၏။ အေး၏။ (အစိမ်း) အနည်းငယ်အေး၏။ ၀ိပါက ချို၏ ။


အားကိုတိုးပွားစေ၏။ သုတ်ကို တိုးပွားစေ၏။ ကြေကျက်ခဲ၏။ မှည့်သော အသီးသည် ၀မ်းမီးကို တောက်စေ၏။ ကြေကျက်လွယ်၏။

ဆီးအိမ်ကို သုတ်သင်တက်၏။ သည်းခြေကို နိုင်၏။ အသုံးပြုပုံ - ကျောက်ဖရုံသီး၏ သတ္တုရည်ကို သွေးအန်သွေးဝမ်း၊ သွေးယိုစီးသော ရောဂါများကို တိုက်ကျွေးလျှင် ပျောက်ကင်းစေသည်။

ကျောက်ဖရုံသီးကို ဆီးနည်း၊ ဆီးအောင့်၊ ဆီးချုပ်၊ ဆီးကျောက်တည် ရောဂါများ၌ အသီးသတ္တုရည် ၃ ကျပ်သားတွင် ရှိန်းခိုနှင့် ဂျုံပင်ပြာ ဆားအနည်းငယ် ရောထည့်၍ တိုက်ကျွေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။

အဆုတ်နှင့် ပတ်သက်၍ မြစ်ခြောက်နာ၊ အဆုတ်ရောဂါ၌ အားအင် ကုန်းခမ်းခြင်းတို့အတွက် အသီးကို ငရုတ်ကောင်း၊ ပိတ်ချင်း၊ ဂျင်း၊ ပျားရည်၊ ထောပတ်၊ သကြားတို့နှင့် ရောစပ်၍ (ကုမ္ဘဏ္ဍချက်ဆေး) အဖြစ် အသုံးများကြသည်။

ကျောက်ဖရုံစေ့ ငါးမတ်သားကို ကြိတ်၍ နှမ်းဆီတို့နှင့် ဖျော်ပြီး တိုက်ကျွေးပြီးနောက် နူးညံ့သော ၀မ်းနှုတ်ဆေး တိုက်ကျွေးလျှင် သန်၊ တုတ် ပိုးမွှားကို ကျဆင်းစေသည်။

ကျောက်ဖရုံစေ့မှ အဆီထုတ်၍ တိုက်ကျွေးလျှင် သန်၊ တုတ်များကို ကျဆင်းစေပါသည်။ ကျောက်ကပ် ဖောရောင်ခြင်းနှင့် အသည်းရောင် အသားဝါ ရောဂါများ၌ အသီး၊ သတ္တုရည်ကို သကြား၊ ကလူးကို့စ် တို့နှင့် တိုက်ကျွေးခြင်းဖြင့် ပျောက်ကင်းစေပါသည်
source>>>http://www.facebook.com/mg.mandalay

ဝ လိုသူ ပိန်ချင်သူ ဗိုက်ခေါက်ထူ ဗိုက်ပူများ အတွက် ...... ( ကျားမ မရွေး သုံးဆောင်ပေး )

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, January 22, 2013 at 4:04am

ဝ လိုသူ ပိန်ချင်သူ ဗိုက်ခေါက်ထူ ဗိုက်ပူများ အတွက် ...... ( ကျားမ မရွေး သုံးဆောင်ပေး )......

ပိန်နေသူများ ၀စေသည် ..

ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြားအနည်းငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာတော့ဘူး၊ သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ
ဝမ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်းမှန် ဖြစ်ပြီး လူကိုလဲ ၀ဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။
အထူးသဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာအိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ်အတွက် တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။
ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ၀ချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါနည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက်နိုင်ပါဘူး၊
  
ဝနေသူကို ပိန်စေသည် .....

ဝလွန်းလို့ ပိန်ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည်သက်သက် သောက်တာ ကောင်းပါတယ်၊ အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ၀မ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ၀ိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ၀မြဲ ၀နေတာ မျိုးဖြစ် တတ် ပါ တယ်၊ အဲဒီလို အစား မလျော့လျင်လည်း စားလိုက်သမျှ အာဟာရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထားစရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့ ၀မ်းဗိုက်က ရှင်းလင်းထားသလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ်၊ ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံထားကြပါတယ်၊ သံပုရာကတော့ မရှိသလောက်ပါပဲ၊ သံပုရာကို လိုသလို အသုံးချနိုင်ကြ ပါေ စ လို့ တင်ပြရင်း ..
ရောက်လေရာတွင် သံပုရာ ဆောင်ထားလျင် ကျမ္မာပကတိ ချမ်းသာစွာ ရှိနိုင်ပါကြောင်း စေတနာစကား ပါးလိုက် ပါရစေတော့…
  
ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက် ........

မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

( ဖေါ်စပ်နည်း )

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ...

အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...
  
( အသုံးပြုနည်း )

ညအိပ်ယာဝင်ခါနီးတိုင်း......

ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်...

တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...

မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စားပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်...တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်ခင်ဗျာ
Mg Mandalay
source>>>http://www.facebook.com/mg.mandalay

အမျိုးသမီးများကို ဝမ်းဗိုက်နာကျင်စေခြင်း အကြောင်းရင်း ( ၅ ) ချက်

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, January 21, 2013 at 10:46am


အမျိုးသမီးအများစုဟာ ဗိုက်အောင့်ခြင်း အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ဗိုက်အောင့်ဗိုက်နာခြင်းဟာ အောက်ပါအကြောင်းရင်း ငါးရပ်ကြောင့် အဖြစ်များပါတယ်။


၁။ သားအိမ်အတွင်းလွှာ နေရာလွှဲခြင်း

ဖြစ်ပွားနှုန်း - အမျိုးသမီး ငါးသန်းနီးပါး

ရောဂါအကြောင်း ....
သားအိမ်တစ်သျှူးတွေနဲ့တူတဲ့ ဆဲလ်တွေဟာ နေရာလွဲမှားတည်ရှိပြီး ရာသီသွေးဆင်းတိုင်း လိုက်လံကွာကျနေတာမျိုးပါ။
ခံစားရတတ်သော လက္ခဏာများ - ရာသီလာချိန်မှာ ရောပြီး ဗိုက်အောင့်ခြင်းကို ဆိုးဆိုးရွားရွားခံစားရခြင်း၊ ခါးနဲ့ခြေထောက် အထိနာကျင်ခြင်း

စမ်းသပ်စစ်ဆေးခြင်း - တစ်သျှူးအသားစယူ စစ်ဆေးခြင်း

ဆေးကုသမှု - Ibuprofen, Naproxen sodium စတဲ့ အကိုက်အခဲပျောက်ဆေးတွေနဲ့ ဟော်မုန်းပါ သန္ဓေတားဆေးတွေ သုံးပြီး ကုသလေ့ရှိပါတယ်။ ဆိုးရွားတဲ့ အခြေအနေတွေမှာ သားအိမ်အတွင်းလွှာကြီးထွားမှုကို ဖယ်ရှားဖို့ ခွဲစိတ်ကုသတဲ့နည်းကို သုံးလေ့ရှိပါတယ်။


၂။ ဆီးအိတ်တာရှည်ရောင်ရမ်းခြင်း

ဖြစ်ပွားနှုန်း - အမျိုးသမီး သုံးသန်းနီးပါး

ရောဂါအကြောင်း -ဆီးအိတ်ထဲမှာ မကြာခဏ မသက်မသာဖြစ်ရတဲ့ ခံစားချက်မျိုးပါ။ ဘက်တီးရီးယားပိုးကြောင့် မဟုတ်ဘဲ ဆီးအိတ်တာရှည် ရောင်ရမ်းတာပါ။

ခံစားရတတ်သော လက္ခဏာများ - ဆီး မကြာခဏ သွားချင်တာနဲ့ ဆီးသွားတဲ့အခါ နာကျင်တာတွေကို ခံစားရတတ်ပါတယ်။

စမ်းသပ်စစ်ဆေးခြင်း - ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဟုတ်၊ မဟုတ် သေချာအောင် ဆီးထဲမှာ ဘက်တီးရီးယားပိုးရှိ၊ မရှိ စစ်ဆေးခြင်းနဲ့ ဆီးအိတ်ကို Cytoscope သုံးပြီး ကြည့်ရှုခြင်း။


၃။ ဝမ်းဗိုက်အောက်ပိုင်းရှိ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း

ဖြစ်ပွားနှုန်း - အဖြစ်များပေမယ့် လူဦးရေ ဘယ်လောက်မှာ ခံစားနေရမှန်း အတိအကျမသိပါ

ရောဂါအကြောင်း - ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေနှစ်ရပ်စလုံးဟာ တင်ပါးဆုံအင်္ဂါတွေကို ထောက်ပံ့ပေးထားတဲ့ တင်ပါးဆုံကြွက်သားတွေအပေါ် နာတာရှည် ဖိအားသက်ရောက်စေနိုင်ပါတယ်။

ခံစားရတတ်သော လက္ခဏာများ - ဝမ်းဗိုက်အောက်ပိုင်းနာကျင်ခြင်း၊ မိန်းမကိုယ်နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်းနဲ့ ဆီးပြွန်နာကျင်ခြင်း

စမ်းသပ်စစ်ဆေးခြင်း - ခန္ဓာကိုယ်ကို စစ်ဆေးမှု ပြုလုပ်ခြင်း (Physical Examination)


၎။ ဝမ်းဗိုက်တွင်း သွေးကြောထုံးခြင်း

ဖြစ်ပွားနှုန်း - အမျိုးသမီး ခုနစ်သန်းနီးပါး

ရောဂါအကြောင်း - ဝမ်းဗိုက်ထဲက သွေးကြောတွေ ထုံးတာကြောင့် နာကျင်မှု ဖြစ်စေနိုင်ပါတယ်။ ခြေထောက်သွေးကြောထုံးခြင်းလိုပဲ သွေးပြန်ကြောထဲက အဆို့ရှင်တွေဟာ အားနည်းပြီး သွေးစီးဆင်းအားနည်းတာကြောင့် နာကျင်တဲ့ ဖိအားကို ဖြစ်စေပါတယ်။

ခံစားရတတ်သော လက္ခဏာများ - ဝမ်းဗိုက်အောက်ပိုင်းမှာ စူးစူးရှရှအောင့်ခြင်း၊ နံနက်ခင်းမှာ သိပ်မနာဘဲ တဖြည်းဖြည်း ပိုမိုနာကျင်လာခြင်း (လဲလျောင်းလိုက်တဲ့အခါ ဒါမှမဟုတ် အပူကပ်တဲ့အခါမှာ နာကျင်မှု ပိုဆိုးတတ်ပါတယ်)

စမ်းသပ်စစ်ဆေးခြင်း - Transcervical venogram လို့ခေါ်တဲ့ အထူးစစ်ဆေးနည်းသုံးပြီး ပုံမမှန်သွေးပြန်ကြော အရွယ်အစားနဲ့ သွေးစီးဆင်းနှုန်းကို တိုင်းတာနိုင်ပါတယ်။


၅။ တာရှည် မိန်းမကိုယ်နာခြင်း

ဖြစ်ပွားနှုန်း - အမျိုးသမီး ခြောက်သန်းနီးပါး

ရောဂါအကြောင်း - တာရှည်မိန်းမကိုယ်နာတာဟာ ဘာကြောင့် ဖြစ်ရသလဲဆိုတာ သေချာမသိသေးပါ။ မှိုကူးစက်ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သလို မြင်းစီးခြင်းနဲ့ ကလေးမွေးဖွားရာမှ နာ့ဗ်ကြော ထိခိုက်သွားတာကြောင့် ဖြစ်တတ်ပါတယ်။

ခံစားရတတ်သော လက္ခဏာများ - မိန်းမကိုယ်မှာ တာရှည်နာကျင်မှု ဒါမှမဟုတ် သက်သာလိုက် ပြန်ဖြစ်လိုက် နာကျင်မှုဟာ တင်ပါးနဲ့ ပေါင်ရင်းနေရာအထိ ပျံ့နှံ့သွားတတ်ခြင်း၊ ရာသီသွေးထိန်းတောင့်ထည့်ခြင်း၊ ကျပ်တဲ့ ဂျင်းဘောင်းဘီဝတ်ခြင်းနဲ့ အထိုင်များခြင်းတွေကြောင့်လည်း မိန်းမကိုယ် နာကျင်တတ်ပါတယ်။

စမ်းသပ်စစ်ဆေးခြင်း - နာကျင်မှုကို စစ်ဆေးနိုင်ဖို့ မိန်းမကိုယ်ဝကို စစ်ဆေးတဲ့ Cotton Swab test နဲ့ စစ်ဆေးလေ့ရှိပါတယ်။
Health
source >>> http://www.facebook.com/mg.mandalay?fref=ts

အစာအိမ်အောက်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည်

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, January 21, 2013 at 10:28am


အစာအိမ်အောက်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည် ……..

အစာအိမ်ရောဂါခံစားရသူများသည် အစားစာလောင်ခြင်း မဖြစ်စေရန်အတွက် စားစရာများကိုကိုယ့်နှင့်မကွ ဆောင်ထားကြသည်မှာများကြပါသည် …သင်သည် ယခုဆန်ဆေးရည်ကို နေ့ စဉ်ပုံမှန်သောက်သုံးပါက အစားအစာဆောင်ရခြင်းနှင့် အစာအိမ်အောက်ခြင်း နာခြင်းများ မရှိတော့ပါ ။


ကျောင်းတက်စဉ်က သူငယ်ချင်းများနှင့် မိတ်ဆွေများထဲ့မှ အစာအိမ်ဖြစ်သောသူများကို ပြောပြပြီး သောက်ခိုင်းခဲ့လို့  အစာအိမ်သမား တော်တော်များများပျောက်ကင်းသက်သာခဲ့ပြီး ကောင်ညှင်းပေါင်းတောင် မစားရဲသူများတောင် စားလို့ ရလာနိုင်သော ဆန်ဆေးရည်ဖြစ်ပါသည်…

အစာအိမ်သမားများအတွက် ဆန်ဆေးရည်ကို အောက်ပါအတိုင်းလုပ်ဆောင်သောက်သုံးလိုက်ပါ

မနက်အိပ်ယာထထခြင်း မနက်ဆန်ဆေးရည်ကို မက်ခွက်တခွက်လောက်ကို အမြဲသောက်ပေးပါ ..ရောဂါပေါ်မှုတည်ပြီး သောက်ပေးရပါမည် အချိန်ကိုတော့ လပိုင်းထိမနက်တိုင်းမနက်တိုင်းသောက်ပေးပါ

လုပ်ဆောင်နည်း .........

မနက်ထမင်းချက်ဖို့ ဆန်ဆေးသည့်အခါ ပထမ ဆန်ဆေးရေကို အလျှင်အမြန်ဆေးပါ ပထမရေသည် ဆန်တွင်ပါဝင်သော သဲအမှုန့် များ ကို ဆေးကြောခြင်းဖြစ်ပါသည်

ဒုတိယအကြိမ်တွင်

ဆေးသောဆန်ဆေးရေကို လက်ဖြင့် ကျကျနန ပွတ်သက်ဆေးကြောပြီး ရရှိလာသော ဆန်ဆေးရေကို မနက်အိပ်ယာထထခြင်း မက်ခွက်ကြီး တခွက်စာ သောက်သုံးပေးပါက အစာအိမ်ဖြစ်သော သူများသည် မိမိဖြစ်နေသော ရောဂါဝေဒနာ ပျောက်ကင်းသွားပါလိမ့်သည် ။
Mg Mandalay
source >>>http://www.facebook.com/mg.mandalay?fref=ts

ကောင်းကျိုးမပေးသည့် ဆေးလိပ်ကြောင့် နောက်ဆက်တွဲ ဖြစ်တတ်သောရောဂါများ

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, January 21, 2013 at 10:08am


ကောင်းကျိုးမပေးသည့် ဆေးလိပ်ကြောင့် နောက်ဆက်တွဲ ဖြစ်တတ်သောရောဂါများ

(၁)ဆေးလိပ်နှင့် အစာအိမ်နာ

ဆေးလိပ်သောက်သုံးသူတွေမှာ အစာအိမ်နာဖြစ်သွားမှု့ ဟာ နှစ်ဆသာတယ်လို့ဆိုပါတယ်။ လေ့လာချက်အတော်များများအရ ဆေးလိပ်ကို နှစ်ရှည်လများ သောက်သုံးခြင်းဟာ အစာအိမ်ရဲ့ နံရံ၊ သွေးစီးဆင်းမှု့ ကိုပြောင်းးလဲစေပြီး အစာအိမ်ယောင်ယမ်းမှု့ ကို ဖြစ်စေတယ်လို့သိရပါတယ်။ အဲဒီအပြင်ကို ဆေးလိပ်သောက်သုံးခြင်းဟာ
အစာအိမ်နာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်တဲ့ အစာအိမ်ပေါက်ခြင်း ၊ အစာအိမ်သွေးယိုခြင်းတို့ ကိုလည်း ဖြစ်စေပြီး အနာကျက်မှု့ ကိုလည်းနှောင့်နှေးစေပါတယ်။

(၂) ကင်ဆာရောဂါ ဖြစ်နိုင်ချေများ

ဆေးလိပ်သောက်သုံးသူတွဟော အခြားသူတွထေက် ကင်ဆာဖြစ်နိုင်ချေ အရမ်းများပါတယ်။ ကင်ဆာထဲမှာမှ အဆုတ်ကင်ဆာ (Lung Cancer)၊ လည်ချောင်းကင်ဆာ (Throat Cancer)၊ နှင့် ခံတွင်း ကင်ဆာ (Oral Cancer) များ အဖြစ်များပါတယ်။ ထို့ ပြင် ကျောက်ကပ်ကင်ဆာ (Kidney Cancer)၊ အစာရေကင်ဆာ ( Oesophagus Cancer) ၊ ဆီးအိမ်ကင်ဆာ (Bladder Cancer) ၊ ပန်ကရိယကင်ဆာ ( Pancreas Cancer) ၊ သားအိမ်ခေါင်းကင်ဆာ ( Cervical Cancer) တို့ ဖြစ်ပွားမှု့ နဲ့ ပါ ဆက်စပ်လျက် ရှိပါတယ်။ ဆေးလိပ်သောက်သုံးတဲ့ နှစ်ရှည်လေလေ သောက်သုံးတဲ့ အရေအတွက် များလာ လေလေ ကင်ဆာဖြစ်နိုင်ချေ နှုန်း ပိုပိုများလာလေလေပါဘဲ။

(၃) သွေးကြောကျဉ်းမည်

နီကိုတင်းကြောင့် ကိုလက်စတရော (Cholesterol) နဲ့ သွေးတွင်း အဆီဓါတ်တွေ များလာပြီး နှစ်ကြာလာတဲ့ အခါမှာ သွေးကြောနံရံတွေ ထူလာပြီး သွေးကြောတွပေါ ကျဉ်းလာစေတယ်။ သွေးကြောတွေ ကျဉ်းလာတဲ့အခါမှာ သွေးများဟာ ကောင်းစွာ မစီးဆင်းတော့ဘဲ သွေးခဲမှု့ တွေ ဖြစ်စေကာ သွေးကြောတခုလုံးကို ပိတ်စေပါတယ်။
နှလုံး မှာရှိတဲ့ သွေးကြောများ ပိတ်သွားပါက နှလုံးသို့ သွေးရောက်အောင် မပို့နိုင်တော့ဘဲ Heart Attack ဖြင့် သေဆုံးသည်ထိ ဖြစ်နိုင်ပါတယ်။ဦးနှောက်အတွင်းရှိ သွေးကြောများ ပိတ်ပါက လေတခြမ်းဖြတ်ခြင်း နှင့် လေဖြန်းခြင်းများ ဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ် အတွင်းရှိ သွေးကြောများ ပိတ်သွားပါက ကျောက်ကပ်ကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ခြေထောက်မှာ ရှိတဲ့ သွေးကြောများ ပိတ်သွားပါက သွေးမလျောက် နိုင်တော့ဘဲ ပုပ်သွားကာ ခြေထောက် ဖြတ်ပစ်ရသည်ထိ ဖြစ်တတ်ပါတယ်။ ဆေးလိပ်ဟာ ကိုယ်တွင်းက အဓိက အင်္ဂါတွေ အကုန်လုံးကို တိုက်ရိုက်ဆိုးကျိုးတွေ ပေးပါတယ်။

(၄) ခဏခဏချောင်းဆိုးမည်

ဆေးလိပ် သောက်သူ တွဟော ချောင်းခဏခဏ ဆိုးတတ်ကြပါတယ်။ ဘာကြောင့်ဆိုတော့ ဆေးလိပ်ကြောင့် အဆုတ်အတွင်းရှိ လေအိတ်ငယ်လေးတွေ ပျက်စီးပြီး လေပြွန်ကိုလဲ ယောင်ယမ်းစေကာ လေပြွန်ကြော တလျောက်လုံးကိုပါ ကျဉ်းမြောင်းစေပါတယ်။ ဒါကြောင့် ချောင်းခဏခဏဆိုးခြင်း နှင့် အသက်ရှုမဝခြင်း တို့ကိုပါ ဖြစ်စေပါတယ်။

ဆေးလိပ်ဟာ သွားတွေကို ဝါစေပြီး ခံတွင်းနံ့ဆိုးခြင်း တို့ကိုဖြစ်စေပြီး ခံတွင်းကျန်းမာရေး ကိုပါ ထိခိုက်စေပါတယ်။
ဆေးလိပ်ကြောင့် သွေးကြောနံရံတွေ ပျက်စီးပြီး သွေးတိုးရောဂါ ကိုလည်း ဖြစ်စေပါတယ်။ သွေးတိုးရောဂါ ဟာလည်း နှလုံးရောဂါ နှင့် လေဖြတ်ခြင်း တို့ ကိုဖြစ်စေဖို့  တွန်းအားတခု ပါဘဲ။
ဆေးလိပ်မှာ ပါတဲ့ နီကိုတင်းဟာ အမျိုးသားတွရေဲ့ လိင်အင်္ဂါ မှာရှိတဲ့ သွေးကြောတွေကိုပါ ကျဉ်းစေပါတယ်။ သွေးကြောကျဉ်းပြီး သွေးကောင်းစွာ မစီးဆင်မှု့ ကြောင့် လိင်င်္ဂါရဲ့  မျိုးပွား ခြင်းဆိုင်ရာ လုပ်ငန်း ကိုထိခိုက်ပြီး(Erectile Dysfunction) ဖြစ်စေပါတယ်။ အသက် ၃ဝ မှ ၄ဝကြား ဆေးလိပ်သောက်သုံးတဲ့ အမျိုးသားများရဲ့ ၅၀% ဟာ Erectile Dysfunction ကိုခံစားရ တတ်ပါတယ်။
ဆေးလိပ်သောက်တဲ့ မိခင်တွမှော ကလေးမွေးဖွားပါက လမစေ့ဘဲ မွေးခြင်း နှင့် ပေါင်မပြည့်ခြင်း တို့ကိုပါ ဖြစ်စေပါတယ်။
မိဘတစ်ဦးဦးက ဆေးလိပ်သောက်သုံးသူ ဖြစ်နေပါက အတူနေထိုင်တဲ့ ကလေးငယ်မှာ ပန်းနာရင်ကျပ် နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်စေဖို့ အခွင့်အလမ်း များပါတယ်။

ဒါကြောင့် မိမိအတွက် ကောင်းကျိုးများ မရှိ ဘေးအတိဒုက္ခများကိုသာ ပေးနေသော ဆေးလိပ်သောက်ခြင်းကို သင်တတ်နိုင်သမျှ လျှော့ပြီး အလျင်အမြန် သောက်သုံးခြင်း မပြု့ ကြပါရန် တိုက်တွန်းလိုက်ရပါတော့သည် ခင်ဗျာ …..

ဆေးလိပ်ကင်းဝေး၍ အသက်ရာကျော်ရှည်ပါစေ ……….
မြင်အောင်ကြည့် သိအောင်ဖတ် ဖြတ်နိုင်အောင် ကြိုးစား.....Mg Mandalay
source>>>http://www.facebook.com/mg.mandalay?fref=ts

Computer ဆက်တိုက်သုံးနေသူများ မျက်စိကိုဘယ်လိုကာကွယ်ထိန်းသိမ်းကြမလဲ

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, January 21, 2013 at 9:45am


Computer ဆက်တိုက်သုံးနေသူများ မျက်စိကိုဘယ်လိုကာကွယ်ထိန်းသိမ်းကြမလဲ...

ယနေ. အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပျူတာ ဖြင့် နေစဉ် ရက်ဆက် အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊ အားမနည်းအောင် .ဘယ်လိုကာကွယ်ကြမလဲ။


အောက်ပါ နည်းလမ်းလေး တွေ ကိုလိုက်နာပေးလိုက်ပါ။

နေရာ မှန်ပါစေ

သင့်ရဲ့ကွန်ပျူတာ၊ keyboard၊ mouse တို. ကို နေရာမှန်ထားတက်ဖို. အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ့လက်တဆန်.စာ အကွာ နဲ. မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။

အလင်းရောင်

သင့် အခန်းတွင်း အလင်းရောင်ပျံ့နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။

မျက်မှန်

Anti-reflective Lenses ပါသော မျက်မှန် ကို တပ်ပေးခြင်းဖြင့် တောက်ပသော အရာမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ.မျက်စိဆရာဝန်က သင့် အား ကွန်ပျူတာ နှင့် ထိတွေ.နေသူမှန်းသိရင် ထို Anti-reflective Lenses ထည့်ထားတဲ့ မျက်မှန်ကို ညွန်းပါလိမ့်မယ်။

မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀၊ ခြေလှမ်း ၂၀

ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို ခဏဘေးကိုလှည့်ပြီး ပေ၂၀လောက်ဝေးတဲ့အရာတခုခုကို ကြည့်ကြည့်ပေးပါ။ ဒီနည်းလမ်း ဟာသင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀ လောက် မျက်စိ အား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀ လောက်လမ်းလျှောက်ခြင်းဖြင့် သွေးလှည့်ပတ်ပါစေ။

မျက်စဉ်း ခတ်ပေးပါ

လူတစ်ယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။ ဒါပေမယ့် ကွန်ပျူတာနဲ. အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ် တာကို သင်သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။ ထိုသို့ ခြောက်ကပ်မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။

လက်ဖဝါးအုပ်ခြင်း

ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖဝါး နှစ်ခုအား နွေးလာသည်အထိ ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖဝါးနဲ့ သင့်မျက်စိနှစ်ဖက်ကို ၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း ၂ကြိမ်၊ ၃ကြိမ်လောက်လုပ်ပေးပါ။ ထို လက်ဖဝါးမှ လာသော နွေးထွေးမူသည် သင့်ရဲ့ ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။

မျက်နှာသစ်ခြင်း

အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။

လက်ဖက်ခြောက် အထုပ်

သောက်ပြီး သား လက်ဖက်ခြောက် အထုပ်ကလေး များကို လွင့်မပစ်ပဲ ရေခဲသေတ္တာထဲထည့်ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက်အထုပ် ၂ထုပ်အား သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ စေပါသည်။

အစားအသောက်

ဗီတာမင် A, C, E ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊ အသီးအရွက်၊ ခရမ်းချဉ်သီး၊ ဥ နှင့် နို့ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။

မျက်စိရောဂါ ကင်းဝေကြပါစေ။
Mg Madalay
source >>>http://www.facebook.com/mg.mandalay?fref=ts

နွားနို့သောက်သုံးခြင်းဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, January 21, 2013 at 9:31am


နွားနို့၊ နို့မှုန့်ကို သောက်သုံးခြင်းအားဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ကြောင်း အာဟာရဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောပါသည်။


ပိုးသတ်ဆေးအသုံးပြုထားသော ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများစားသုံးခြင်းကြောင့် ဖြစ်ပွားသည့် အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာနှင့် မော်တော်ကားများမှ ထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ ရှူရှိုက်မိခြင်း ကြောင့် ဖြစ်ပေါ်လာသည့် အဆုတ်ကင်ဆာများကိုသာမက ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ဖြစ်လာသည့် လည်ချောင်းကင်ဆာနှင့် အဆုတ်ကင်ဆာများအား နွားနို့နှင့် နို့မှုန့်ကို သောက်သုံးခြင်းဖြင့် ယင်းရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

“နေ့စဉ် နို့တစ်ခွက် ပုံမှန်သောက်သုံးခြင်းအားဖြင့် တစ်နေ့တာအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ပမာဏရဲ့ သုံးပုံတစ်ပုံကို ဖြည့်ဆည်းပေးနိုင်ပါတယ်” ဟု အာဟာရဆိုင်ရာ ဆရာဝန်ကြီးဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က အကြံပြု ပြောကြားသည်။ သို့ရာတွင် နွားနို့နှင့် နို့မှုန့်တွင် ပါဝင်သော Lactose ဓာတ်ကြောင့် လူအချို့တွင် ဝမ်းပျက်၊ ဝမ်းလျှောခြင်း ဖြစ်ပွားနိုင်ပြီး ပရိုတင်းဓာတ်ကြောင့်လည်း လူအချို့တွင် ဝမ်းချုပ်ခြင်းတို့လည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။

“နွားနို့ဖြစ်ဖြစ်၊ နို့မှုန့်ဖြစ်ဖြစ် မတည့်ရင် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်နိုင်တယ်။ နွားနို့ Allergy ဖြစ်တဲ့သူတွေကို Lactose Intolarance လို့ခေါ်တယ်။ Lactose နဲ့ လူတွေရဲ့ ခန္ဓာကိုယ်မတည့်ရင် ဝမ်း ဝမ်းပျက်၊ ဝမ်းလျှောဖြစ်နိုင်တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေသုံးပုံတစ်ပုံဟာ Lactose Intolarance ရှိတတ်တယ်။ ဒါကြောင့် နို့နဲ့ မတည့်တဲ့ သူတွေကို ပဲနို့အစားထိုးပြီး သုံးနိုင်တယ်” ဟု အာဟာရဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။

ထို့ပြင် မွေးစမှ ခြောက်လအရွယ်ထိ ကလေးများကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်ကြောင်း၊ မိခင်နို့သည် အပူအအေးမျှတပြီး အစာချေစနစ်ကို ကောင်းစွာဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးနိုင်ကြောင်း၊ အာဟာရဓာတ်လည်း မျှတစွာပါရှိပြီး ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
source>>>http://www.facebook.com/mg.mandalay?fref=ts

အမျိုးသမီးများအတွက် အကောင်းဆုံးအစားအစာများ

 by ပိုပိုဇော်(သဘာဝအားအင်) on Monday, January 21, 2013 at 9:15am

အဆီနည်းအသား

လစဉ်ရာသီလာတာကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုသွေးအားနည်းတတ်ပါတယ်။ သွေးထဲမှာ သံဓာတ်ပမာဏ လျော့နည်းတာဟာ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရတတ်ပါတယ်။ သံဓာတ်ကောင်းကောင်း ရရှိဖို့ အဆီနည်းအသားကို စားပေးပါ။


သင်္ဘောသီး

သင်္ဘောသီးမှာ လိမ္မော်သီးမှာထက် ဗီတာမင်စီ နှစ်ဆပိုမိုပါဝင်ပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ လူတစ်သောင်းသုံးထောင်ကို လေ့လာမှုအရ ဗီတာမင်စီပမာဏနည်းတဲ့ အမျိုးသမီးတွေဟာ သည်းခြေအိတ်ပြဿနာအဖြစ်များကြောင်း သိရပါတယ်။ ၁၀ အောင်စခန့် လေးတဲ့ အနေတော် သင်္ဘောသီး တစ်လုံးမှာ ဗီတာမင်စီ ၁၈၈ မီလီဂရမ်နဲ့ ၁၁၉ ကယ်လိုရီပါဝင်တဲ့အတွက် ဗီတာမင်စီ လုံလုံလောက်လောက်ရဖို့ သင်္ဘောသီးစားသင့်ပါတယ်။

ဂုန်လျှော်စေ့

မုန့်ဖုတ်သမားတွေဟာ အရသာနဲ့ အမျှင်ဓာတ်တိုးအောင် ဂုန်လျှော်စေ့ကို ထည့်သုံးတတ်ကြပါတယ်။ ဂုန်လျှော်စေ့ကို ထည့်သုံးတတ်ကြပါတယ်။ ဂုန်လျှော်စေ့ကို ထည့်သုံးတတ်ကြပါတယ်။ ဂုန်လျှော်စေ့မှာ Lignan လို့ခေါ်တဲ့ အီစထရိုဂျင်နဲ့ တူတဲ့ ဓာတ်များများ ပါဝင်တဲ့အတွက် ရင်သားကင်ဆာ အန္တရာယ်ကို လျော့ကျစေနိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။ ရင်သားကင်ဆာရှိသူ အမျိုးသမီးတွေမှာလည်း ဂုန်လျှော်စေ့ပါတဲ့ အစာစားရင် ရင်သားကင်ဆာ အကျိတ်ကြီးထွားနှုန်းကို သိသိသာသာ လျော့ကျစေပါတယ်။ Lignan ဓာတ်ရဖို့ နံနက်စာကွေကာမှာ ဂုံလျှော်စေ့ ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်စားပေးနိုင်ပါတယ်။

တိုဟူး (Tofu)

ပဲပိစပ်ပါတဲ့ အစားအစာတွေဟာ ကိုလက်စထရော ကျစေခြင်း၊ သွေးဆုံးချိန်ပူနွေးမှုများ လျော့ကျစေခြင်းနဲ့ အရိုးသန်မာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။ ပဲပိစပ်မှာပါတဲ့ Isoflavones ဟာ အီစထရိုဂျင်နဲ့ ဆင်တူပြီး တစ်နေ့မှာ Isoflavone ၉၀ မီလီဂရမ်စားပေးရင် အရိုးအတွက် အကျိုးကျေးဇူး ရရှိစေပါတယ်။

အစိမ်းရောင်ဟင်းရွက်

ဗီတာမင်ကေ ပေါကြွယ်ဝတဲ့ အစားအစာကို အလုံအလောက်စားတဲ့ (တစ်နေ့ ၁၀၉ မိုက်ခရိုဂရမ်) အမျိုးသမီးတွေဟာ အလုံအလောက် မစားသူတွေနဲ့ ယှဉ်ရင် ၁၀ နှစ်အတွင်း တင်ပါးကျိုးနိုင်ခြေ ၃၀ ရာခိုင်နှုန်း လျော့နည်းကြောင်း လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ ရေကညွတ်၊ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီ စိမ်းစတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်ကေများစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်ကနေ လိုအပ်တဲ့ ဗီတာမင်ကေ ပမာဏရဖို့ တစ်နေ့မှာ အစိမ်းရင့် ဟင်းရွက်ခွက်တစ်ဝက်စာ စားပေးပါ။
Mg Mandalay
source>>>http://www.facebook.com/mg.mandalay?fref=ts

Tuesday 15 January 2013

အိပ်ရာထချိန် ခါးမနာစေလိုလျှင်

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, January 15, 2013 at 6:33pm


မနက်အိပ်ရာထတဲ့ အချိန်မှာ ခါးနာပြီး နေ့လယ်ပိုင်းမှာ ကောင်းနေတာက အိပ်တာ ပုံမမှန်တာကြောင့် ဖြစ်နိုင်သလို ကိုယ်အိပ်တဲ့ မွေ့ရာ၊ ခုတင်နဲ့  အိပ်ရာတွေက ကိုယ်နဲ့ အဆင်မပြေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိပ်တာကြောင့် ခါးတောင့်တာနဲ့ ခါးနာတာတွေ ဖြစ်တတ်တဲ့ သူတွေကို ဆရာတို့က ဘယ်လို အကြံပေးလဲဆိုတော့


ပက်လက် မအိပ်ပါနှင့်၊ ဘေးစောင်းအိပ်ပါ   

ပက်လက်အိပ်ရင် ခါးနာတတ်ပါတယ်။ ဘေးစောင်းအိပ်ပါ။ ညာဘက်ပဲ စောင်းစောင်း၊ ဘယ်ဘက်ပဲစောင်းစောင်း ဘေးစောင်းအိပ်ပြီး ဒူးကို ကွေးကာ ဒူးနှစ်ဖက်ကြား ဖက်လုံးခံပြီး အိပ်ရင်ခါးတောင့်တာ၊ ခါးနာတာတွေ ကင်းစေပြီး ခါးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အနေအထား ဖြစ်ပါတယ်။

မွေ့ရာတစ်ခုကို ကြာရှည် မသုံးပါနှင့်

မွေ့ရာက သုံးတာ အချိန်ကြာရင် မွေ့ရာအနေအထား မမှန်တော့ဘဲ ချိုင့်တွေ၊ ခွက်တွေ ဖြစ်ပြီး တောင့်တင်းမှုလည်း ကျသွားတတ်ပါတယ်။ အဲဒီမွေ့ရာတွေနဲ့ အိပ်ရင် ခါးနာတတ်ပါတယ်။ တစ်ခါတလေ အိပ်ရာနိုးရင် ခါးနာတယ်ဆိုတဲ့ လူနာတွေကို မွေ့ရာကို အသစ်လဲဖို့ ဆရာတို့ အကြံပြုလေ့ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် တောင့်တင်းမှုရှိတဲ့ မွေ့ရာတွေကို ပြောင်းသုံးခိုင်းပါတယ်။

အိကျသော မွေ့ရာနှင့် မအိပ်သင့်ပါ   

အိပ်လိုက်ရင် အိကျတဲ့ မွေ့ရာတွေ၊ ဟိုးအရင်တုန်းက သုံးတဲ့ စပရင်ခုတင်မွေ့ရာတွေက ခါးကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒီလိုအိပ်ရာမျိုးကို မသုံးစေချင်ပါဘူး။ ပြီးတော့ အုန်းဆံ မာမာတွေ ထည့်ထားတဲ့ အဖုအထစ်ပါတဲ့ အိပ်ရာတွေကလည်း ခါးကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ဒါမျိုးတွေကိုလည်း မသုံးဖို့ အကြံပြုလိုပါတယ်။

မှို့မွေ့ရာကို သုံးပါ

ခါးနာတာ သက်သာစေဖို့ အကောင်းဆုံးမွေ့ရာကတော့ မှို့မွေ့ရာ ခပ်တင်းတင်းထူထူလေးပဲ ဖြစ်ပါတယ်။ မှို့မွေ့ရာကလည်း ကြာလာရင် ချိုင့်တွေ၊ ထစ်တွေ၊ အလုံးကြီးတွေ ဖြစ်သွားတတ်ပါတယ်။ အဲဒီလိုဖြစ်သွားရင် မသုံးသင့်တော့ပါဘူး။ မွေ့ရာအသစ်ကို ပြောင်းသင့်နေပါပြီ။ အခုခေတ်ပေါ် Medium Firm Mattress မွေ့ရာဆိုရင် ကောင်းပါတယ်။ သုံးသင့်တယ်လို့လည်း ဆရာတို့ ယူဆပါတယ်။

သစ်သားပြားပေါ် မအိပ်ရပါ

ခါးနာရင် အမာကြီးပေါ် အိပ်ရတယ်လို့ တချို့က ထင်ပြီး  ကြမ်းပြင်မာမာကြီးပေါ်မှာ သုံးထပ်သား၊ ငါးထပ်သား သစ်သားပြားတွေ ခံပြီး အိပ်ကြတယ်။ ဒါကမကောင်းပါဘူး။ မလုပ်ပါနဲ့လို့လည်း အကြံပေးချင်ပါတယ်။

အိပ်ရာနိုးမှ ခါးနာတယ်ဆိုရင် အထက်ပါ အကြောင်းတွေကို လိုက်နာလိုက်ရင် သက်သာသွားနိုင်ပါတယ်။ ဒီလို မဟုတ်ဘဲ ည ည အိပ်တိုင်း၊ အိပ်တိုင်း အိပ်နေရင်း နာတယ်ဆိုရင်တော့ သတိထားဖို့ လိုနေပါပြီ။ ခါးအရိုးမှာ ဖြစ်တဲ့ တီဘီ၊ ခါးမှာဖြစ်တဲ့ ကင်ဆာတွေကလည်း ည ည ခါးနာတာ ဖြစ်တတ်တာကြောင့် ဒီလို အကြောင်းတွေကြောင့် ခါးနာတာဟုတ်၊ မဟုတ် စစ်ဆေးမှု ခံယူဖို့ လိုပါတယ်။ ဒါတွေက ဆိုးရွားတဲ့ ရောဂါတွေဖြစ်တာကြောင့် ဒီလိုရောဂါတွေကို စောစောစစ်ဆေးမှု ခံယူကြဖို့ လိုအပ်ပါတယ်။

Ref: Good Health Source: http://www.yatanarpon.com.mm/cp/goodhealth/article-73944

ဇာတိပ္ဖိုလ်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, January 15, 2013 at 6:00pm

ဇာတိပ္ဖိုလ်သီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို သိနိုင်အောင် ရေးသားလိုက်ရပါတယ်။

(၁) ဝက်ခြံ အဖုအပိမ့်တွေကို သက်သာစေပါတယ်

ဇာတိပ္ဖိုလ်သီးအမှုန့်ကို နွားနို့အနည်းငယ်နဲ့ စေးပျစ်တဲ့ အရည်ရအောင်ဖျော်ပါ။ ပြီးရင် ဝက်ခြံအဖုအပိမ့်တွေပေါ်လိမ်းပါ။ ဇာတိပ္ဖိုလ်သီးမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့်
အဖုနီမြန်းမှုနဲ့ ဖောင်းအစ် ရောင်ရမ်းမှုကို လျော့ပါး သက်သာစေပါတယ်။

(၂) ဗိုက်အောင့်၊ ဗိုက်နာဝေဒနာကို သက်သာစေပါတယ်

နံနက်စာ ကွေကာထဲမှာ ဇာတိပ္ဖိုလ်သီး အနည်းငယ် ထည့်စားလိုက်ရင် အစာအိမ်အူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။

(၃) နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်

ဇာတိပ္ဖိုလ်သီး အနည်းငယ်နဲ့ နွားနို့ပူပူတစ်ခွက်ကို သောက်လိုက်ရင် အိပ်ဆေးသောက်သလို အစွမ်းအာနိသင်ရှိကြောင်း ကျွမ်းကျင်သူ မီရှဲလ်က ဆိုပါတယ်။

(၄) သွားကိုက်ဝေဒနာကို သက်သာစေပါတယ်

သွားကိုက်နေရင် သွားဖုံးပေါ်ကို ဇာတိပ္ဖိုလ်သီးအဆီ လိမ်းပေးတာက သွားကိုက်ဝေဒနာနဲ့ သွားဖုံးနာကျင်မှုဝေဒနာကို သက်သာစေပါတယ်။

(၅) စိတ်ဆန္ဒကို မြင့်တက်စေပါတယ်

ဇာတိပ္ဖိုလ်သီးကို ချက်စားတာက အိမ်ထောင်သည်တွေမှာ ဆန္ဒကိုတိုးစေပြီး အိမ်ထောင်ရေး သာယာမှု ရှိစေကြောင်း သိရပါတယ်။

(၆) ဘက်တီးရီးယားကို တွန်းလှန်ပေးပါတယ်

ဇာတိပ္ဖိုလ်သီးမှာ ဘက်တီးရီးယားတွေကို ဟန့်တားပေးတဲ့ အစွမ်းရှိတာကြောင့် အန္တရာယ်ရှိတဲ့ ပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဇာတိပ္ဖိုလ်သီး အမှုန့်ကို ဟင်းခတ် အမွှေးအကြိုင်အဖြစ် ဟင်းလျာတွေထဲ ထည့်စားရင် လေပွတာ မဖြစ်အောင် ကာကွယ်ပေးပြီး အစာကြေစေပါတယ်။ ကြွက်သားတွေကို တောင့်တင်းမှု ပြေလျော့စေပါတယ်။

(၇) ဆီးလမ်းကြောင်းကို ကျန်းမာစေပါတယ်

ဇာတိပ္ဖိုလ်သီးအဆီဟာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတာကြောင့် အဆစ်နဲ့ ကြွက်သားနာကျင်မှု မဖြစ်အောင် ကုသပေးနိုင်ပါတယ်။ ဒါ့အပြင် ပိုးဝင်ကူးစက်မှုကို သက်သာစေကာ ဆီးကျောက်ကို ကြေစေတာကြောင့် ဆီးလမ်းကြောင်း ကျန်းမာရေးအတွက် သင့်တော်တဲ့ ဆေးဖက်ဝင် အစာတစ်မျိုးလည်း ဖြစ်ပါတယ်။

ကြယ်စင်
Ref:Good Health
Source: http://www.yatanarpon.com.mm/cp/goodhealth/news-73886

Sunday 6 January 2013

အသားအရေပျက်စီးရသော အကြောင်း ရင်းနှင့် ပြန်လည် ပြုပြင်နည်းများ

 by ပိုပိုဇော်(သဘာဝအားအင်) on Sunday, January 6, 2013 at 10:44am 

ကောင်းမွန်လှပတဲ့ အရေပြား ဆိုတာ အပြစ်အနာအဆာ ကင်းပြီး ချောမွေ့တင်းရင်း နေတာ မျိုးပါ။ အသားအရေ ပျက်စီးပြီဆိုရင်တော့ အရေပြားခြောက် သွေ့နေတတ်တာ၊ ကြမ်းတမ်းတာ၊ ကွဲအက်လွယ် တာ၊ ဝက်ခြံပေါက်တာ၊ အရေးကြောင်းပေါ်တာ၊ ကြည်လင်မှုမရှိတာ စတဲ့ ပြဿနာတွေ ပေါ်လာပါတော့တယ်။


အသားအရေပျက်စီးရသည့် အကြောင်းရင်း
အသားအရေ ပျက်စီးစေတဲ့ အဓိက အကြောင်းရင်းတွေရှိပါတယ်။ အဖြစ်များတဲ့ အရေပြားပျက်စီးမှုတွေကတော့

နေလောင်ခြင်း
နေပူထဲကို အကာအကွယ်မပါဘဲ ထွက်တာကြောင့် အရေပြားပျက်စီးစေ နိုင်ပါတယ်။

ကာကွယ်နိုင်စေရန်
- မနက် ၁၀ နာရီ ကနေ ညနေ ၄ နာရီအတွင်းက နေရောင်ခြည်ထဲမှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် ကြောင့် အရေပြားကို ပျက်စီးစေနိုင်တဲ့အတွက် သင့်ခန္ဓာကိုယ်ကို နေရောင်ကာကွယ် တဲ့ SPF ၁၅ ဆလောက် ပါဝင်တဲ့ခရင်မ်ကို လိမ်းပါ။ ဒါမှမဟုတ် နေပူကို ကာ ကွယ်နိုင်တဲ့ အဝတ်အစားနဲ့ အသုံးအ ဆောင်တွေကို သုံးပါ။

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာကြောင့် အရေပြားကို အောက်ဆီဂျင်ရရှိမှုနည်းပြီး ကြာလာတဲ့အခါ အရေပြားပျက်စီးစေပါ တယ်။ အရေပြားမှာ အရေးကြောင်း ဖြစ် တာနဲ့ အရွယ်မတိုင်ခင်အိုမင်းတာဟာ ဆေးလိပ်သောက်သူတွေမှာ အဖြစ်များပါတယ်။

ကာကွယ်နိုင်စေရန်
  - ဆေးလိပ် မ သောက်ပါနဲ့။ ဆေးလိပ်သောက်တဲ့ ပတ်ဝန်းကျင်ကို ရှောင်ပါ။ ဆေးလိပ်သောက် သူဖြစ်ပါက ဆေးလိပ်ဖြတ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ။

အရေပြားကို ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်း
အရေပြားပေါ်ကို ကြမ်းတမ်းစွာ ပွတ်တိုက်တာမျိုးနဲ့ အရေပြားသန့်စင် ကြေးချွတ်တာကို ခဏခဏပြုလုပ်တတ် သူတွေမှာ အရေပြားဟာ အထိခိုက်မခံ တော့ဘဲ ဖြစ်လာတတ်ပါတယ်။

ကာကွယ်နိုင်စေရန်
- တစ်နေ့တည်းမှာ ရေခဏခဏမချိုးပါနဲ့။ အရမ်းပြင်းလွန်းတဲ့ ရေချိုးဆပ်ပြာတွေနဲ့ ကြေးချွတ်ပစ္စည်း တွေကို ရှောင်ပါ။ ရေသုတ်ချိန်မှာ ညင်သာ ပါစေ။ အမွေးရိတ်ချိန်မှာ အထူးဂရုစိုက်ပါ။ ရေဓာတ်ပါဝင်တဲ့ ခရင်မ် ပုံမှန်လိမ်းပါ။

ကျန်းမာရေးနှင့် ညီညွတ်သော အစာမစားခြင်း
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စား သောက်မှုပုံစံကြောင့်လည်း အရေပြား ပျက်စီးစေနိုင်ပါတယ်။

ကာကွယ်နိုင်စေရန်
  - ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ကောက်နှံနဲ့ ပြုလုပ်ထားတဲ့ မုန့်တွေနဲ့ ပရိုတင်းကြွယ်ဝတာတွေကို စားပါ။ ဈေးကွက်မှာ အလွယ်တကူ ရရှိနိုင်တဲ့ Fast Food တွေကို ရှောင်ပါ။

စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုတွေကြောင့် ဝက်ခြံနဲ့ အရေပြား ထိခိုက်မှုတွေဖြစ်တတ်ပါတယ်။

ကာကွယ်နိုင်စေရန်
  - စိတ်ဖိစီးမှုကို တတ်နိုင်သမျှ တိုက်ထုတ်ပစ်ဖို့ပါပဲ။ လှုပ် ရှားရုန်းကန်နေရတဲ့ လူနေမှုဘဝထဲမှာ အတတ်နိုင်ဆုံး ပျော်အောင်နေပါ။ သူငယ်ချင်းတွေနဲ့ ရင်ဖွင့်ပြောဆိုပါ။ လူမှု ရေးအဖွဲ့အစည်းတွေထဲမှာ ကိုယ်တတ်နိုင် သလောက် ပါဝင်ကူညီပါ။

အသားအရေပျက်စီးလျှင် စားသင့်သည့်အစာများ

၁။ အခွံမာရေသတ္တဝါများ
ကမာကောင်၊ ပုစွန်၊ ကဏန်း၊ ခုံး ကောင်စတဲ့ ရေသတ္တဝါတွေမှာ ဇင့်ဓာတ် ကြွယ်ဝကြပြီး အရေပြားပျက်စီးမှုကို ဖြစ် စေတဲ့ ဖရီးရယ်ဒီကယ်တွေကို တိုက်ထုတ် နိုင်ပါတယ်။

၂။ သခွားသီး
သခွားသီးမှာ သဘာဝ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် အရေပြားကို ပြန်လည်ကုသရာမှာ အသုံး ဝင်ပြီး ဝက်ခြံတွေကို သက်သာစေပါ တယ်။ နေ့စဉ် သစ်သီးပုံစံ၊ အသုပ်ပုံစံမျိုး တွေ စားပေးနိုင်ပါတယ်။

၃။ ငှက်ပျောသီး
ငှက်ပျောသီးဟာ ဗိုက်ပြည့်လွယ်ပြီး ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအစာ ပဲဖြစ်ပါတယ်။ ပုံမှန်စားနေကျ အစားအ စာတွေေ နရာမှာ အစားထိုး ပြီးစားလရှိတဲ့ အစာမျိုးလည်းဖြစ်ပါတယ်။ ငှက်ပျောသီး မှာ ဇင့်ဓာတ်ကြွယ်ဝပြီး၊ ဆံသားပျက်စီးမှု ကိုပါ ကာကွယ်နိုင်တဲ့ အာနိသင်ရှိပါတယ်။

၎။ ကိုက်လန်
ကိုက်လန်ဟာ အစိမ်းရောင် အပင်မျိုးဖြစ်ပြီး ဇင့်ဓာတ်ကြွယ်ဝကာ ကျန်းမာရေးအကျိုးပြု အရွက်ပဲဖြစ်ပါတယ်။ အရေပြားပျက်စီးမှုကို ပြန်လည်ကောင်းမွန်စေ တဲ့ ဖြည့်စွက်စာအဖြစ် စားပေးနိုင်ပါတယ်။

၅။ ပဲဖြင့် ပြုလုပ်သော စားကုန်များ
ပဲနဲ့ ပြုလုပ်တဲ့ စားကုန်တွေဖြစ်တဲ့ တိုဟူးလို အစားအစာတွေမှာ ကယ်လ်စီယမ်နဲ့ ဇင့်ဓာတ်တွေကြွယ်ဝပြီး အရေပြား ပျက်စီးတာကို ပြန်လည်ပြုပြင်နိုင်ပါတယ်။

၆။ စတော်ဘယ်ရီ
စတော်ဘယ်ရီသီးမှာ ဇင့်ဓာတ်နဲ့ အရေပြားကို ပြုပြင်ပေးနိုင်တဲ့ salicylic acid ပါဝင်ပါတယ်။ ဇင့်ဓာတ်ချို့တဲ့မှုကို ကာကွယ်နိုင် တဲ့အပြင် အိမ်ထောင်ရေး သုခကိုလည်း ပြည့်ဝစေတဲ့ အသီးမျိုးဖြစ် ပါတယ်။

၇။ အာလူး
အာလူးမှာ ဗီတာမင် အေ၊ စီ၊ အီးနဲ့ ဇင့်ဓာတ်တွေပါဝင်ပါတယ်။ ဝက်ခြံပေါ်ကို အာလူးပါးပါးလှီးပြီး ကပ်ပေးရင် သက်သာစေပါတယ်။

၈။ ရွှေဖရုံသီး
ရွှေဖရုံသီးမှာ အိုမီဂါသရီး၊ ဗီတာမင် ဘီ၊ ကယ်လ်စီယမ်နဲ့ ပိုတက်စီယမ်တွေ ပါဝင်တာကြောင့် အရေပြားပျက်စီးမှုကို ပြုပြင်ပေးနိုင် တာပါ။

၉။ ထောပတ်သီး
အရေပြား ပြန်လည်ပြုပြင်ပေးနိုင်ဖို့ နဲ့ ကုသရာမှာ ထောပတ်သီးက အစွမ်း ထက်ပါတယ်။

၁၀။ အစေ့အဆန်များ
အရေပြားချောမွေ့စေတဲ့ အစားအ အစာအဖြစ် လူသိများပြီး သရေစာအ ဖြစ် စားပေးပါ။

အသားအရေပျက်စီးခြင်းကို ပြန်လည်ကုသမှု

၁။ အလှကုန်ပစ္စည်းများ
အခုခေတ်မှာ အရေပြားကို ပြန် လည်ပြုပြင်ပေးနိုင်တဲ့ အသားအရေထိန်း သိမ်းမှုပစ္စည်းတွေကို စိတ်တိုင်းကျ ဝယ် ယူလို့ရနိုင်ပါတယ်။ သင့်အသားအရေအ လိုက် ကျွမ်းကျင်သူနဲ့တိုင်ပင်ပြီး ပြန်လည်ကုသမှုတွေ ပြုလုပ်နိုင်ပါတယ်။

၂။ အိမ်တွင်းကုထုံးများ

ဝက်ခြံပေါက်ရင်။ ။ ဆော်ဒါမှုန့် တစ် ဇွန်းကို ပျားရည်တစ်ဇွန်း၊ ရေအနည်းငယ် နဲ့ရောပြီး မျက်နှာအနှံလိမ်းထားကာ တစ် နာရီလောက်ထားပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်သုံးကြိမ်ပြုလုပ်ပေးပါ။ ဝက်ခြံ တွေသက်သာသွားပါလိမ့်မယ်။ အမည်းစက်တွေပျောက်အောင်။ ။ အ မည်းစက်တွေနဲ့ မျက်ကွင်းညိုတာတွေအ တွက် သခွားသီး၊ အာလူး၊ ဘယ်ရီသီးတွေ ကို အကွင်းလေးတွေလှီးပြီး မျက်နှာပေါ် ကပ်ပေးပါ။ မိနစ် ၂၀ လောက်ကြာချိန်မှာ ရေနွေးနွေးလေးနဲ့ သန့်စင်လိုက်ပါ။
အရေပြားချောမွေ့အောင်။ ။ ကြမ်းတမ်းပြီး ညိုမည်းနေတတ်တဲ့ ဒူးနဲ့ တံတောင်လို နေရာတွေကို သံပရာသီးနဲ့ ပွတ်တိုက်ပြီး မိနစ်၂၀ လောက်ကြာချိန်မှ ရေ နဲ့ သန့်စင်လိုက်ပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အရေပြားချောမွေ့သွားပါလိမ့် မယ်။

၃။ အခြားကုထုံးများ
မျက်နှာလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။ ရေဓာတ်ခန်းခြောက်မှုကြောင့် အရေ ပြားမထိခိုက်အောင် ရေ တစ်နေ့ ၆-၈ ခွက်သောက်ပါ။ ပြုံးရယ်ပါ။ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ပုံမှန် အရေပြား သန့်စင်မှုကို ပြုလုပ်ပါ။ ညအိပ်ရာဝင်တိုင်း မိတ်ကပ်တွေကို ဖျက်ပါ။ နားလည်တဲ့ အရေပြားအထူးကုနဲ့ တိုင်ပင်ပြီး ကုသမှုခံယူပါ။
သဲသဲ
Ref:Good Health

အသည်းကင်ဆာရောဂါဆိုတာ ဘာလဲ

 by ပိုပိုဇော်(သဘာဝအားအင်) on Sunday, January 6, 2013 at 10:01am


ရောဂါလက္ခဏာကတော့ ဘယ်လို့ ဖြစ်တာလည်း ဆိုရင် ၀မ်းဗိုက်ညာဘက်တစ်ခြမ်းအောင့်တယ်။ ဒါမှမဟုတ် အဲဒီနေရာမှာ အလုံးပေါ်လာတတ်ပါတယ်။ ကျန်းမားရေးအတွက် သွေးစစ် ကြည့်လိုက်ပါက သွေးများထဲ့တွင် အယ်လဖာဖီတိုပရိုတင်း (Alphafeto Protein-AFP) 500ng/ml ထက်များနေပြီးဆိုရင် အသည်းကင်ဆာဖြစ်နိုင်ချေ တော်တော်များနေပါတယ် ။ (Utrasound) ဗိုက်ကိုရိုက်ကြည့်ရင် အသည်းကင်ဆာအလုံးကို တွေ့မှာပေါ့။ ထပ်မံပြီး ပိုမိုသေချာအောင် စစ်ချင်တယ် သေချာတိကျမှု့ ဖြစ်ချင်တယ်ဆိုရင်တော့ (CT Scan) ရိုက်ကြည့်လိုက်ပါက အားလုံးရှင်းရှင်းလင်းလင်း အသည်းဖြစ်နေတာကို အမြင်ရှင်းစွာ တွေ့ မြင်နိုင်ပါလိမ့်မည် ။


ကျွန်တော် အသည်းကတော့ ကောင်းတယ် လို့ ပြောနေတတ်ကြပါတယ် မှန်ပါတယ် အသည်းအကောင်းကြီးကနေ အသည်းကင်ဆာ တော့ ချက်ခြင်းလက်ငင်းတော့ ဖြစ်မလာနိုင်ပါဘူး ဘယ်လို့ အချိန်ကာလတွေမှာ ဖြစ်လာသလဲဆိုတာ အသည်းခြောက်ရောဂါရှိတဲ့လူတေ
ွသာ တစ်ချိန်ချိန်မှာ အသည်း ကင်ဆာဖြစ်ဖက်ကို ပြောင်းလဲ ဖြစ်ပေါ်လာတတ်ပါသည် ။
ခြောက်နေတဲ့ အသည်းကသာ ကင်ဆာဖြစ်စေရန် အတွက် ခြောက်လာနေလာလို့  ပြီး တော့လည်း အသည်းကင်ဆာအတွက် အဓိက အကြောင်းအရင်းလည်း ဖြစ်ပါတယ် ။ ရောဂါဖြစ်စဉ်ကို အဓိကပြောရရင်တော့ အသည်းရောင်အသားဝါရောဂါ ဘီပိုး၊ စီပိုးနဲ့ အရက်ပါလို့ ဆိုရပါလိမ့်မည်။
ဘီပိုး၊ စီပိုးရှိမှန်းသိပြီး ဘာမျှလည်း မစစ်ဆေး၊ မကုသ၊ မဆင်ခြင်၊ လုပ်ချင်သလို လုပ် မဟုတ်လည်း သေမှာဘဲ ဖြစ်တော့ရော ဘာဖြစ်လည်း ၊ နေချင်သလိုနေတဲ့ လူနည်းစုမှာသာ အသည်းခြောက်ပြီးမှ အသည်းကင်ဆာ ဖြစ်တတ်တာပါ။

အခုလို့ အသည်းရောဂါဖြစ်ရင်ရော့ ကုသလို့ မရနိုင်ဘူးလားလို့ မေးနိုင်စရာရှိပါတယ် ဒိလို လည်း မဟုတ်သေးပါဘူး ယခုခေတ်မှာ အသည်းကင်ဆာကို ပျောက်အောင် ကုသနိုင်ပါတယ် လို့ ပြောချင်ပါတယ် ။

ဘယ်လို တွေကြောင့် ပျောက်အောင်ကုနိုင်တာလည်းလို့ ပြောရရင် ။ စောစောစီးစီး ကင်ဆာအလုံးလေး သံပုရာသီးလောက်အဆင့်မှာသာတွေ့ရင် အသည်းအစားထိုးကုလိုက်ရင် ပျောက်ပြီတယ် ။ အလုံးက သေးလို့ရှိရင် ခွဲထုတ်ပစ်လိုက်ရင်လည်း ရပါတယ်။ ဒါမှမဟုတ် ဆေးရည်ထိုးသွင်းကုသခြင်းဖြစ
်သည့် ကင်ဆာအလုံးသေးလေးတွေကို ပျော်သွားပြီး ပျောက်သွားအောင် ဓာတုဗေဒ အရက်ပြင်း (Absolute Alcohol) ကို ကင်ဆာအလုံးထဲထိုးကုတဲ့ (Percutaneous Ethanol Injection) နည်းလည်းရှိပါတယ်။ နည်းမျိုးစုံထဲ့က ကောင်းသည့်နည်းတွေလည်း တိုးတက်ကုနိုင်တာကတော့ အဲဒီလိုအလုံးသေးလေးတွေက
(Rediofrequency Ablation Theraphy )ခေါ်တဲ့ ဓာတ်ရောင်ခြည်လှိုင်းအပူနဲ့ ခြေပစ်ရင်လည်းရနိုင်ပါတယ် ။

အခုခေတ်ကာလ ခေတ်စား ကုသနည်းကတော့ ……….
ပေါင်မှ သွေးကြောကနေ အသည်းကင်ဆာလုံးထဲကို တိုက်ရိုက် ဆေးသွင်းပြီး ကုတဲ့ (Trans Arterial Chemo Embolization – TACE) နည်းဘဲဖြစ်ပါတယ် အလုံးအရွယ်စားကြီးနေတာကိုတော့ ပျောက်အောင်မကုသနိုင်ပေမဲံ့  သေးငယ်နေသော အလုံးကိုတော့ သက်သာ ပျောက်ကင်အောင်ကုသနိုင်သည့် အခုခေတ် ကုထုံးတမျိုးဘဲဖြစ်ပါတယ်


ဒီလို့ 
အသည်းကင်ဆာဖြစ်ပြီဆိုရင် လူနာရော လူနာနှင့် ပတ်သက်သည် မိသားစုတွေ မိတ်ဆွေအပေါင်းအသင်းတွေပါ ပျာတော့တာပဲ။ ဟိုသူကောင်းတယ် ဒီလူကောင်း ဆရာတော်လည်း ကောင်းတယ် ကောင်းတာတွေ စုံလင်အောင်စုံစမ်းသိအောင်လုပ်ကြတတ်ပါသည် ။တချို့ ကလည့် ကင်ဆာဆိုတာလည်း ကုမရတော့ ဘူး၊ ပြောတဲ့လူကပြော။ ဟိုဆေးမြီးတို ဒီဆေးမြီးတို၊ မန်းတာမှုတ်တာ စုံလို့ပြောကြတော့ လူနာရှင်နဲ့ မိသားစု အားလုံးကတော့ နားယောင်တော့တာပါဘဲ။

အထက်မှာ ရေးသားခဲ့သလို့  ခေတ်မီ သိပ္ပံနည်းကျကုထုံးတွေနဲ့ အချိန်မလွန်ခင်၊ စနစ်တကျစမ်းသပ်စစ်ဆေးပြီးကုပနိုင်ပါသည် ။ အခုပြောမှာက ကံကောင်းရင် အသည်းကင်ဆာ လုံးဝပျောက်နိုင်ပါတယ်။ခင်ဗ
ျာပြောမှလားလို့ မေးနိုင်ပါတယ် မကျန်အောင်လို့ ရေးပေးလိုက်တာပါ ။
အသည်းကင်ဆာ ဖြစ်စေတတ်တဲ့ အရာတွေဟာ ကာကွယ်လို့ရတယ်။ အသည်းရောင် ဘီပိုးမ၀င်အောင် ကာကွယ် ဆေးထိုးထားပါ စီပိုးမ၀င်အောင် သွေးနဲ့မထိနဲ့၊ အရေပြားဖောက်မယ့် လုပ်ဆောင်မှုမှန်သမျှကိုတော့ ပိုးသန့် စစ်ပါစေ ။အသည်းကာကွယ်ဆေးထိုးထားခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသည် ။

အရက်သောက်တာလည်း အလွန်အကျွံ စည်းမရှိကမ်းမရှိ သောက်လွန်းတဲ့သူတွေမှာလည်း အသည်း ကင်ဆာဖြစ်တတ်ပါတယ်။

ဒါကြောင့် ……….
(အရက်ကို လူငယ်များ ရည်စားနဲ့ ကွဲလို့သောက်သောက် မိန်းမနဲ့ ဘာဖြစ်လို့  အလုပ်အကိုင်တွေမကောင်းလို့  လုပ်ရတာတွေပန်းလို့  လုပ်ငန်းတွေ အစဉ်ပြေလို့  စသည့် ဘယ်လို့ အကြောင်းကြောင့် ဖြစ်ဖြစ် မနေနိုင်လို့ သောက်မယ်ဆိုလည်း စည်းကမ်းလေးထားပြီး မိမိရဲ့ အသည်းကို သနားခြင်းအားဖြင့် အရက်ကိုတော့ စည်းကမ်းထား သောက်သုံးပေးပါလို့  .......
My Mandalay မှ စေတနာထား ရေးသားလိုက်ပါသည် ။ )
source>>>http://www.facebook.com/mg.mandalay

ကင်ဆာဘေးဆိုးကို ကာကွယ်နိုင်မယ့် အသီးအနှံ ( ၁၀ ) မျိုး

 by ပိုပိုဇော်(သဘာဝအားအင်) on Sunday, January 6, 2013 at 9:46am 


( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ်

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်းမက်စေ့စားမြန် ရည်နှင့် မုန်လာဥ စသည်တို့ဖြစ်ပါသည်၊ အဲဒီဟင်းသီဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့ ဓာတ် သဘာဝပစ္စည်းတွေ အများအပြား ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်းတွေကပဲ ကင်ဆာဖြစ်စေမယ့် ကာစီနိုဂျင်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။


( ၂ ) မုန်လာဥ-၀ါ

ဆေးလိပ်သောက်သုံးသူတွေ ဖြစ်လာတတ်မယ့် ကင်ဆာရောဂါကို မုန်လာဥ၀ါ တနေ့တလုံးမှန်မှန်စားပေးနိုင်ရုံနဲ့ရောဂါ လျော့ပါးလာနိုင်ပါမယ်၊ မုန်လာဥ၀ါဟာ စိတ်ပင်ပန်းမှု၊ ပန်းနာရောဂါဖြစ်မှု၊ ရေဖျဉ်းရောဂါစွဲမှုနဲ့အသားအရေဓာတ်ဖောက် မှုတို့ကိုပါ ကာကွယ်ပေးပါတယ်၊ ရောဂါမြင့်မားရင်လည်းချုံ့ပေးတတ်ပါတယ်၊ မုန်လာဥ၀ါထဲမှာ ပါဝင်တဲ့ Betacarotene ဓာတ်သဘာဝဟာ သွေးထဲက ကိုလက်စထရောတွေကိုတောင် ဖိချပေးပြီး အူမကင်ဆာနဲ့ပတ်သက်တဲ့ပြဿနာအမျိုးမျိုး ကို ဖြေရှင်းပေးတတ်ပါတယ်။

သို့သော် သတိပြုဖို့မှာ ဘယ်လိုပဲ မုန်လဥ၀ါနှင့် ကာကွယ်ဖို့ဆောင်ရွက်ပေမယ့်လည်း ဆေးလိပ် စီးကရက် တွေကို ဆက်လက်ပြီး သဲကြီးမဲကြီးဖွာရှိုက်နေရင်တော့ ဓာတ်သဘာဝရဲ့ ထက်မြက်တဲ့ အာနိသင်ကိုကောင်းစွာခံယူရရှိနိုင်တော့ မှာ မဟုတ်ပါဘူး။

( ၃ ) ငရုတ်နှင့် ငရုတ်ကောင်း

ပူစပ်ပူရှိန်းရှိလှတဲ့ ငရုတ်၊ ငရုတ်ကောင်းစေ့တို့ထဲမှာ Capsaicinလို့ခေါ်တဲ့ ဓာတ်သဘာဝပစ္စည်းတွေ ပါရှိပါတယ်၊ ဒီပစ္စည်း တွေဟာ ဆေးလိပ်အသောက်များမှု၊ အဆုတ်ကင်ဆာဖြစ်မယ့် ဘေးရန်ကိုကာကွယ်ပေးတတ်ပါမယ်၊ ထို့ပြင် လည်း ပင်ပန်းမှုဗဟိုမှာ နာကျင်ကိုက်ခဲမှုဖြစ်တတ်မယ့် သဘာဝအကြောင်းတွေကိုပါ ပယ်ဖျက်ပေးခဲ့ ပါတယ်။ Capsaicin ဓာတ်ဟာ ကိုက်ခဲမှုကို ကာကွယ်ပေးမယ့် သဘာဝလည်း ရှိနေပါတယ်၊ ငရုတ်ကောင်းဟာ သလိပ်ပျောက် စေတယ်၊ ချောင်းဆိုးရင်ကျပ် သက်သာစေတယ်၊ ပြီးတော့ သွေးထဲကခဲကျပ်မှုတွေကိုလည်းအရည်ပျော်စေတတ် တယ်။


( ၄ ) ရှောက်၊ သံပရာ၊ အသီးအနှံ

သဘာဝအင်ဇိုင်းတွေပါဝင်ပြီး ကင်ဆာဆဲလ်တွေ မျိုးပျံ့အောင် ဆောင်ကြဉ်းနေတဲ့ ကာစီနိုဂျင်တွေကို ဖယ်ရှား နိုင်တဲ့ ဓာတ်သဘာဝတွေဟာ ရှောက်တို့၊ သံပရာတို့ထဲမှာ ပျော်ဝင်စွာ တည်ရှိနေခဲ့ပါတယ်၊Limoneneလို့ခေါ်တဲ့ဓာတ်သဘာဝ တွေ ဟာ ကင်ဆာကို တိုက်ဖျက်နိုင်မယ့် အင်ဇိုင်းတွေကိုမြှင့်တင်ပေးပါတယ်၊ ရှောက်နှင့် သံပရာတို့ထဲမှာ ပါဝင်တဲ့ Glucarase ဓာတ်တွေကလဲ ကင်ဆာဖွဲ့စည်းစေမယ့် အကြောင်းတွေကို အရှိန်အဟုန်နဲ့ ချေဖျက်ပေးလေ့ ရှိခဲ့တယ်၊ Limonene ဓာတ်တွေ ပျော်ဝင်နေတဲ့အထဲမှာ တရုတ်နံနံ၊ ဖာလာ၊ ကရဝေးနှင့် စမုန်နက်တို့လည်း ပါဝင်နေပါတယ်။


( ၅ ) ကြက်သွန်ဖြူ နှင့် ကြက်သွန်နီAllium ကွန်ပေါင်းတွေ

ဖွဲ့စည်းတည်ရှိနေတဲ့အတွက်ကြောင့်လည်း ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဟာစူးရှတဲ့ အနံ့အရသာပစ္စည်းအဖြစ်နဲ့ တည်ရှိခဲ့တာဟာ တမူထူးခြားနေခဲ့ပါတယ်၊ ကြက်သွန်ဖြူနီတို့ဟာ အင်ဇိုင်းတွေကို မြင့်တင်ပေးခဲ့တာနဲ့အမျှပဲကင်ဆာဖြစ် စေတဲ့ ကာစီနိုဂျင်တွေကို ချေဖျက်ပေးပါတယ်၊ ကြက်သွန်ဖြူ ကြက်သွန်နီ တို့အပြင် ကြက်သွန်မြိတ်နဲ့ဟင်းခတ်ကြက် သွန်မြိတ်တို့ကလည်း ထက်မြက်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအဖြစ် တည်ရှိနေခဲ့ပါတယ်။

( ၆ ) စပျစ်သီး

စပျစ်သီးထဲမှာ ကင်ဆာတိုက်ဖျက်တဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်ပေးမယ့် Ellagic အက်ဆစ်တွေနဲ့ ပြည့်သိပ်နေခဲ့ ပါ တယ်၊ ပန်းသီး၊ စတော်ဘယ်ရီသီးနှင့် ရတ်စဘယ်ရီသီးတို့ထဲမှာလည်း အသုံးဝင်လှမယ့် အက်ဆစ်တွေ ပျော်ဝင်နေ ပါတယ်။ Phenol လို ဓာတ်တိုးဆန့်ကျင်မှု သဘာဝဆောင်ယူရာ လူတွေအတွက် အလွန်အဖိုးတန် လှမယ့်ဓာတ်တွေ စပျစ်သီးထဲမှာ ပြည့်ဝနေတာကြောင့်လည်း လူကိုဒုက္ခပေးမယ့် သွေးခဲမှုတွေကို အရည်ဖျော်ချ စေနိုင်ခဲ့ပါတယ်၊ အထူး သဖြင့် အဆိုးကိုလက်စထရော (LDL)တွေကို ဖြစ်ပါတယ်။


( ၇ ) ဖရဲသီး၊ သခွားသီး

ကင်ဆာကို ကာကွယ်နိုင်မယ့် အသီးအနှံတွေကို လေ့လာခဲ့ရာမှာ ဟင်းသီး ဟင်းရွက်စိမ်းတို့လို ထက်မြက်တဲ့ ဖရဲသီးတို့ သခွားသီးတို့ကိုပါမြင်တွေ့ခဲ့ပါတယ်၊ ဖရဲသီး၊ သခွားသီးတို့ထဲမှာ ပြည့်ဝတဲ့ဓာတ်ကတော့ Carotenoids နှင့်Cantaloupes တို့ ဖြစ်ကြပါတယ်၊ ကင်ဆာကို တိုက်ခိုက်နိုင်တဲ့ ဓာတ်သဘာဝ ကွန်ပေါင်းတွေ ဖြစ်ကြပါတယ်၊ တရုတ်ပြည်မှာတော့ ကတိုးသခွားဟာ အသည်းရောင် ရောဂါ၊ ကင်ဆာနှင့် မိန်းမသားတွေ ဓမ္မတာထိန်းညှိဖို့ရာ ကိစ္စတွေမှာ အသုံးချရမယ့် ဆေးဖက်ဝင်ပစ္စည်းတခု ဖြစ်နေပါတယ်၊ ကြက်သွန်နီ ကြက်သွန်ဖြူနဲ့ ဂျင်းတို့လိုပဲ Adenosine ခေါ် သွေးခဲမှုကိုအရည် ပျော်စေတဲ့ သဘာဝကောင်းတွေ ပါဝင်နေတာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကုစားရာမှာပါဆက်စပ်သုံးစွဲခဲ့ပါ တယ်။


( ၈ ) ပဲပိစပ်

ကင်ဆာဆဲလ်တွေ မျိုးပွားအောင် ပံ့ပိုးနေတဲ့ သွေးတွေကို ဖြတ်တောက်ပေးရာမှာပဲပိစပ်ဟာ အသုံးဝင်တဲ့ပစ္စည်း တခုလို ဖြစ်နေခဲ့ပါတယ်၊ ပဲပိစပ်ပဲတို့ထဲမှာ Genistien ဓာတ်သဘာဝတွေ ပြည့်ဝစွာပါဝင်နေတာကြောင့်လည်း ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ရာမှာ ထူးထူးခြားခြား အသုံးဝင်နေပါတယ်၊ ပဲပိစပ်ဟာ အမျိုးသမီးတွေ မတော်တဆ ကြုံဆုံလာ နိုင်တတ်မယ့် ရင်သားကင်ဆာနှင့် သားအိမ်ကင်ဆာတို့ကို စွန့်စားမှုကြီးမဖြစ်စေအောင် ဖြေလျှော့ပေးတတ်ပါမယ်၊ Genistien ဓာတ်ဟာ အမျိုးသမီးတွေကို အကျိုးပြုတဲ့ ကိုယ်ခန္ဓာထဲက ထုတ်လုပ်ရာ အီစထရိုဂျင် ဓာတ်သဘာဝတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်၊ ပဲပိစပ်ကို အဲဒီဟော်မုန်းအဖြစ် ပြောင်းလဲရယူနိုင် ပါမယ်၊ တိုဟူး၊ ပဲကျပ်ပျဉ်၊ ပဲနို့စသည်တို့ထဲမှာ Genistien ဓာတ် အပြည့်အ၀ ပါရှိပါတယ်၊ မြေပဲ၊ လူဆန်ပဲပင်နှင့် ဒေါက်ခွရွက်တို့ထဲမှာလည်း အဲဒီဓာတ်သဘာဝတွေ တည်ရှိပါတယ်။


( ၉ ) လက်ဖက်

လက်ဖက်ရွက်၊ အထူးသဖြင့် ဂရင်းတီး လက်ဖက်ထဲမှာ လူကိုအကျိုးပြုရာရောဂါတိုက်ဖျက်ပြီး ကျန်းမာမှုတိုးမြှင့် စေမယ့် Polyphenols ဓာတ်တွေ ပါဝင်နေပါတယ်၊ အကယ်၍ ပုံမှန်ဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ်ကူးပြောင်းပြီးဆက် လက် ပွားတိုးလာတော့မယ့် အခါတွေမှာ Catechin ခေါ် ပိုလီဖီနောလ် ဓာတ်သဘာဝ တွေကပဲ မပြန့်ပွားအောင်တားဆီး ကာကွယ်ပေးတတ်ပါတယ်၊ ကင်ဆာအဖြစ်ဖွဲ့စည်းပေးတော့မယ့် ကာစီနိုဂျင် တွေကိုလည်း တိုက်ထုတ်ပေးခဲ့ပါတယ်၊ ဂရင်းတီးကို သောက်စရာအအေးအဖြစ် ဖန်တီးသောက်ခဲ့ရင် အာနိသင်ပိုထက်မြက်နိုင်ပါမယ်။


( ၁၀ ) ခရမ်းချဉ်သီး

လူကို ရောဂါတိုးပွားအောင် ဖန်တီးနေမယ့် ကိုယ်ထဲက ဖရီးရယ်ဒီကယ်အညစ်တွေကို ဖယ်ရှားပေးနိုင်မယ့် ဗီတာမင် စီ ဓာတ်ဟာ ခရမ်းချဉ်သီးထဲမှာ အများဆုံး ပျော်ဝင်ေHနတတ်ပါမယ်၊ ဗီတာမင်စီဟာ အသီးအရွက်အတော်များများမှာပါဝင် နေ ပေမယ့် ခရမ်းချဉ်သီးမှာ ထူးခြားတာတခုက Lycopene အဖြစ်ပါဝင်တာဖြစ်တယ်၊ ကင်ဆာဖြစ်စေတဲ့နိုက်ထရစ် အက်ဆစ်တွေကို ဖယ်ရှားစေမယ့်Pcoumaslic အက်ဆစ်နှင့် Chlorogenic အက်ဆစ်တို့လည်း ခရမ်းချဉ်သီးနီနီထမှာ ပြည့်ဝစွာတည်ရှိနေပါတယ်၊ အလားတူ အဲဒီသဘာဝတွေကို ဖရဲသီး၊စတော်ဘယ်ရီနဲ့ မုန်လာဥ၀ါ တို့ထဲမှာလည်းတွေ့ နိုင်ကြောင်း တင်ပြလိုက်ပါတယ်။
Mg Mandalay
source>>>https://www.facebook.com/photo.php?fbid=120892941386585&set=pb.100003976392183.-2207520000.1357462476&type=3&src=https%3A%2F%2Ffbcdn-sphotos-g-a.akamaihd.net%2Fhphotos-ak-ash3%2F554199_120892941386585_1829182916_n.jpg&size=640%2C360