ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Friday 30 November 2012

အဆစ်နာ ဝေဒနာအတွက် အိမ်တွင်းကုသနည်း

by popozaw on 30.11.2012


(အဆစ်နာ ဝေဒနာအတွက် ဆေးမြီးတို)
နေ့စဉ်အိမ်တွင်း မီးဖိုချောင်တွင် သုံးစွဲသော ငရုတ်သီးအနီတောင့်၏ အဓိကပါဝင်သော Capsicum ဓာတ်အကြောင်းကို ဆေးပညာစာစောင်ပေါင်း များစွာ၌ သိပ္ပံပညာ စူးစမ်းလေ့လာမှု (၁၃၀၀)ထက်မနည်း ဖော်ပြပါရှိခဲ့ပါသည်။ သာမန်အရပ်သူများအနေဖြင့် ငရုတ်သီးအနီတောင့်သည် အရိုးအဆစ်ဝေဒနာကို ပျောက်ကင်းစေသည်ဟူသော အဆိုကို သိပ္ပံသုတေသီများက စာစောင်များတွင် ဆွေးနွေးထောက်ခံ ထားပါသည်။


 ဆေးပညာအရ ၄င်း Capsicum မှာ Tran s-8-Methyl-N-Vanilyl-6-None-Namide ဟူသော ဒြပ်တခု ဖြစ်ပါသည်။ ယင်းအရာဖြင့် အရေပြားကို ပွတ်ပေးလျှင် အဆစ်ထဲထိ ၀င်ရောက်သွားပြီး အရိုးထုများပျက်စီးခြင်းကို ကာကွယ်နိုင်သည်ဟု ဆိုပါသည်။ ဤသို့ဖြင့် မခံမရပ်နိုင်အောင် နာကျင်သည့် ဝေဒနာများ ပျောက်ကင်းပြီး အဆစ်များ အထိုက်အလျောက် လှုပ်ရှားလာနိုင်သည်ဟု ဆိုပါသည်။

 မီယာမီရှိ ဆေးကျောင်းဆိုင်ရာ တက္ကသိုလ်များမှ ဆရာဝန်တစု၏ လေ့လာတင်ပြချက်မှာ ၄င်း Capsicum သုံးစွဲသူ အဆစ်ဝေဒနာရှင်များသည် သုံးလအတွင်း အဆစ်ဝေဒနာများ ၈၀-ရာခိုငနှုန်းခန့် သက်သာပျောက်ကင်း သည်ဟု ဆိုသည်။ ၄င်းဆေး မသုံးသူများမှာ ၅၀-၅၅ ရာခိုင်နှုန်းသာ သက်သာသည်ဟု ဆိုသည်။ သို့သော်လည်း ငရုတ်သီးအနီမှ ထုတ်ထားသော လိမ်းဆေးကို ဘယ်ဆေးဆိုင်တွင်မှ ရှာ၍ရနိုင်မည် မဟုတ်ပါ။ 

မိမိတို့ဘာသာ အောက်ဖော်ပြပါအတိုင်း ဆေးမြီးတိုလုပ်၍ သုံးစွဲကြည့်ပါ။

ပါဝင်ရမည့် ပစ္စည်းများမှာ-
၁။ ငရုတ်သီး အနီတောင့်ကို အစေ့များ မဖယ်ဘဲ စားပွဲဇွန်း ၁၅-ဇွန်းခန့် လှီးထားပါ။
၂။ အုန်းဆီတကွာတ။
၃။ ပျားဖယောင်းဖျော်ရည် စားပွဲဇွန်း ၂-ဇွန်း။
၎။ ဆီမွှေး အစက် ၄၀။

ပြုလုပ်နည်းမှာ-
၁။ အုန်းဆီနှင့် ငရုတ်သီးအနီ လှီးပြီးသားကိုရော၍ ဒယ်အိုးတွင် ထည့်ပြီး မီးဖြင့် တဖြည်းဖြည်းဆူပွက်လာသည်အထိ အပူပေးပါ။
၂။ မီးအရှိန်ကိုလျှော့ပြီး သုံးနာရီခန့် ထားပါ။
၃။ သုံးနာရီခွဲခန့် အအေးခံပါ။
၎။ ယင်းသို့ မီးအပူပေးလိုက် အအေးခံလိုက် နှစ်ကြိမ်၊ သုံးကြိမ် ပြုလုပ်ပါ။
၅။ ဆီနှင့်ငရုတ်သီး အရောအနှောကို ဖျော်စက်တွင်ထည့်၍ ပျော့ပျောင်းပြီး စေးပျစ်သည်အထိ ဖျော်ပါ။
၆။ ပိတ်ပါးစ ရေစစ်ပါရှိသော ဆန်ခါပေါ်တင်၍ စစ်ပါ။
၇။ ပြီးလျှင် စတီးအိုးထဲသို့ ထည့်ပါ။
၈။ အရေပျော်နေသော ပျားဖယောင်းကိုထည့်ပါ။ ပြီးလျှင် ဆီမွှေးထည့်ပါ။
၉။ Cream ဖြစ်လာသည့်အထိ မွှေပါ။
၁၀။ ပုလင်းသေးသေးလေးထဲ လောင်းထည့်ပါ။
၁၁။ အဖုံးသေချာစွာ ဖုံးပါ။
၁၂။ ပြီးလျှင် အေးပြီးခြောက်သွေ့သေနေရာတွင် သိမ်းထားပါ။

ဆေးညွှန်းမှာ-
နာကျင်ကိုက်ခဲသည့်နေရာကို အထက်ပါ ဆေးဖြင့် ပွတ်သပ်ပြီး ဖြည်းဖြည်းလိမ်းပေးပါက အဆစ်နာဝေဒနာများ ပျောက်ကင်းနိုင်ပါသည်။
Ref: Working woman Asia,2001.
 ဒေါက်တာ ဒေါ်မြင့်မြင့်ကြည်(လိုက်ဖ်စတိုင်လ် တူဒေး ၂၀၀၁-စက်တင်ဘာ)

ကင်ဆာကို ကာကွယ်နိုင်သော အသီးအနှံများ

by popozaw on 30.11.2012


ယခုအခါ အစာအာဟာရများကို ကင်ဆာရောဂါ တိုက်ဖျက်ရာတွင် အဓိကလက်နက်အဖြစ် ယူဆလာကြသည်။ အမေရိကန်နိုင်ငံ အမျိုးသား ကင်ဆာတက္ကသိုလ်၏ ခန့်မှန်းချက်အရ ကင်ဆာရောဂါများ၏ သုံးပုံတပုံခန့်သည် အစာအာဟာရများနှင့် ဆက်နွယ်နေသည်။ လတ်တလော သုတေသနပြုချက်များအရ ကျွန်ုပ်တို့စားသုံးသည့် အစာအဟာရပေါ်မူတည်၍ ကင်ဆာရောဂါဖြစ်ပွားရန် အလားအလာများကို လျှော့ချနိုင်သည်။


ကင်ဆာရောဂါမှာ စတင်ဖြစ်ပွားချိန်မှ သတိပြုမိသည့်အချိန် တနည်းအားဖြင့် ရောဂါပျိုးချိန်မှာ နှစ်ပေါင်းများစွာ ကြာရှည်ပေသည်။ ထို့ကြောင့် ကင်ဆာရောဂါဖြစ်ပွားခြင်းကို တားဆီးရန် သို့မဟုတ်-အားပေးရန် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ရရှိသည်။ သုတေသနပညာရှင်များ၏ တွေ့ရှိချက်အရ ကျွန်ုပ်တို့စားသုံးသော အစာအာဟာရများသည် ကင်ဆာအကျိတ် ကြီးထွားမှုအဆင့်ဆင့်တွင် ဝင်ရောက်ပတ်သက်နိုင်သည်။ အချို့သော အစားအစာများသည် ကင်ဆာရောဂါဖြစ်ပွားရန် စတင်လှုံ့ဆော်ပေးသော ဓာတုဗေဒပစ္စည်းများကို ပိတ်ပင်တားဆီးနိုင်သည်။

ခရမ်းချဉ်သီး---
ခရမ်းချဉ်သီးတွင်ပါဝင်သော ဒြပ်ပေါင်းများအနက် ကင်ဆာရောဂါဖြစ်ပွားစေသည့် အလားအလာကို လျော့ကျစေနိုင်သည်ဟု ယူဆရသော ဒြပ်ပေါင်းတမျိုးမှာ လိုင်ကိုပင် (Lycopene) ဖြစ်သည်။ အဆိုပါ ဒြပ်ပေါင်းမှာ ခရမ်းချဉ်သီး၏ အနီရောင်ကိုဖြစ်စေသော ဒြပ်ပေါင်းဖြစ်သည်။ ထို Lycopene မှာ အင်တီအောက်ဆီဒင့်ပင် ဖြစ်ပြီး ဖရဲသီး၊ မက်မွန်သီးအငယ်စားနှင့်တူသော လိမ္မော်ရောင်ရှိသည့် ဆီးသီး တမျိုးတို့တွင်လည်း ပါဝင်ပြီး အချို့သော ကင်ဆာများဖြစ်ပွားရန် စတင်ပေးသော ဓာတ်များကို တိုက်ဖျက်နိုင်သည်။

ကျွန်ုပ်တို့၏ ခန္ဓာကိုယ်တွင် (Lycopene) ပါဝင်မှု နည်းနေပါက ပန်ကရိယကင်ဆာဖြစ်ရန် အခွင့်အလမ်း ပိုများသည်။ ပန်ကရိယ ကင်ဆာဖြစ်သူများတွင် Lycopene ပါဝင်မှုမှာ ကျန်းမာသောသူများထက် နည်းပါးကြောင်း တွေ့ရှိရသည်။ Lycopene ပါဝင်မှု အနည်းဆုံးရှိသောသူများသည် ကျန်းမာသန်စွမ်း၍ Lycopene ပါဝင်မှု အများဆုံးရှိသော သူများထက် ပန်ကရိယကင်ဆာဖြစ်ရန် အခွင့်အလမ်း ငါးဆပိုများသည်။ Lycopene သည် ခရမ်းချဉ်သီးနှင့် ပြုလုပ်ထားသော အချဉ်ရည်များ၊ ခရမ်းချဉ်သီးအနှစ်များတွင် ပါဝင်သည်။

အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ---
အီတလီတွင် လတ်တလောပြုလုပ်သော သုတေသနပြုချက်အရ အစိမ်းရင့်ရောင် အရွက်များပါသော ဟင်းသီးဟင်းရွက်များသည် ကင်ဆာရောဂါ တော်တော်များများ ဖြစ်ပွားရန် အခွင့်အလမ်းကို လျော့ကျစေနိုင်သည်။ ပန်းမုန်လာဥကဲ့သို့သော ဟင်းသီးဟင်းရွက်၊ ဂေါ်ဖီထုပ်ကဲ့သို့သော အသီးအရွက်၊ အစိမ်းရောင်ရှိသော ဆလတ်ရွက်တို့တွင် အင်တီအောက်ဆီဒင့်များ ဖြစ်သော ဘီတာကယ်ရိုတင်း၊ ဖိုလိတ် (Folate) နှင့် လူတင်(Lutein) တို့ အမြောက်အမြား ပါဝင်သည်။ မှတ်သားထားသင့်သည့် စည်းမျဉ်းတရပ်မှာ ဟင်းသီးဟင်းရွက်မှာ အရောင်စိမ်းလေလေ အင်တီအောက်ဆီဒင့်များ ပါဝင်မှု များလေလေ ဖြစ်သည်။

ပူစပ်စူးရှသော အရသာရှိသည့် အစားအစာများ---
ထိုအစားအစာများတွင် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ ပါဝင်သည်။ တိရစ္ဆာန်များတွင် လေ့လာတွေ့ရှိချက်များအရ ထိုအစားအစာများတွင် ပါဝင်သော ဓာတုဗေဒပစ္စည်းများသည် အူမကြီး၊ အစာအိမ်၊ အဆုတ်နှင့်  အသည်းကင်ဆာများဖြစ်ပွားခြင်းနှင့် ဆက်နွယ်နေသော ကင်ဆာရောဂါ ဖြစ်ပွားစေသည့် ပစ္စည်းများကို တားဆီးပိတ်ပင်နိုင်ကြောင်း တွေ့ရှိရသည်။ Pennsylvania ပြည်နယ် တက္ကသိုလ်မှ လေ့လာတွေ့ရှိချက်တွင် ကြွက်များအား ကြက်သွန်ဖြူနှင့်ပြုလုပ်ထားသော အစားအစာများကို ကျွေးမွေးသည့်အခါ ရင်သားကင်ဆာဖြစ်ပွားနှုန်းကို ၇၁-ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း တွေ့ရှိရသည်။ လူများတွင် လေ့လာသောအခါ ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို ပိုမိုစားသုံးပါက အစာလမ်းကြောင်းကင်ဆာများ ဖြစ်ပွားရန် အခွင့်အလမ်း နည်းပါးကြောင်း တွေ့ရှိရသည်။

သုတေသနပြုချက်များက ကြက်သွန်ဖြူဒြပ်ပေါင်းများသည် ကင်ဆာရောဂါဖြစ်ပွားခြင်းကိုပင် နှောင့်နှေးစေသည်ဟု တင်ပြကြသည်။ လတ်တလောတွင် ဂျာမဏီ၌ပြုလုပ်သော လေ့လာချက်များအရ ကြက်သွန်ဖြူဒြပ်ပေါင်း တမျိုးဖြစ်သော (Ajoene) သည် ကင်ဆာဆဲလ်များကို အဆိပ်အတောက် ဖြစ်စေနိုင်သည်။ ကြက်သွန်ဖြူသည် ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအင်ကို မြှင့်တင်ပေးခြင်းဖြင့် ဖြစ်ပွားနေပြီးသော ကင်ဆာကိုပင် ဆန့်ကျင်နိုင်စွမ်း ရှိကြောင်းကို ကယ်လီဖိုးနီးယား လိုမာလင်ဒါ တက္ကသိုလ် ဆေးပညာကျောင်း (Loma Linda University School of Medicine) မှ ပြုလုပ်သော သုတေသနများအရ သိရှိရသည်။ ထိုသုတေသနပြုချက်များ၌ ကြက်သွန်ဖြူတွင်ပါဝင်သော ဆာလဖာဒြပ်ပေါင်းသည် ကြွက်များတွင် ကိုယ်ခံစွမ်းအားစနစ် ဆဲလ်နှစ်မျိုး၏ စွမ်းအားကို မြှင့်တင်ပေးကြောင်း တွေ့ရှိရသည်။ ထိုဆဲလ်နှစ်မျိုးသည် ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်စွမ်းရှိသည်။

သံပရာမျိုးဝင် အသီးများ---
အဆိပ်အတောက်များဆိုင်ရာ ပညာရှင် ဟားဘတ်ပီယာဆင် (Herbert Pierson) က လိမ္မော်သီး၊ ဂရေ့ဖရုအသီး၊ သံပရိုသီး၊ သံပရာသီးများကို မကြာခဏစားပေးရန် ပြောကြားခဲ့သည်။ ထိုအသီးများတွင် သဘာဝဒြပ်ပေါင်းများဖြစ်သော ကယ်ရိုတီနွိုက်(Carotenoids)၊ ဖလာဗိုနွိုက်(Flavonoids) နှင့် အခြားသော ဒြပ်ပေါင်းများ ပါဝင်ပြီး ၄င်းတို့သည် သီခြားတခုချင်းဆီအနေနဲ့ ကင်ဆာရောဂါဖြစ်ပွားစေသော ဓာတ်ပစ္စည်းများကို ခုခံချေဖျက်နိုင်ကြောင်း တိရစ္ဆာန်များတွင် လေ့လာတွေ့ရှိရသည်။

ထိုအသီးများသည် အထူးသဖြင့် ပန်ကရိယကင်ဆာ ဖြစ်ပွားစေသည့် အလားအလာကို လျော့ချပေးနိုင်သည်။ ဆွီဒင်လူမျိုး အုပ်စုတစုတွင် လေ့လာချက်အရ သံပရာမျိုးဝင် အသီးများကို နေ့စဉ်လိုလို စားသုံးပေးပါက ပန်ကရိယကင်ဆာဖြစ်ပွားရန် အလားအလာမှာ ထိုအသီးများကို တပတ်လျှင်တကြိမ်ထက်နည်း၍ စားသုံးသူများထက် ထက်ဝက်မှ သုံးပုံနှစ်ပုံအထိ လျော့နည်းကြောင်း တွေ့ရှိရသည်။

ဂေါ်ဖီထုပ် ပန်းမုန်လာ မုန်ညင်း စသည့်ဟင်းသီးဟင်းရွက်များ---
အဆိုပါ ဟင်းသီးဟင်းရွက်များသည် ရင်သားကင်ဆာဖြစ်ပွားစေသော အခွင့်အလမ်းကို လျော့ကျစေသည်။ သုတေသနပညာရှင်များ၏ တွေ့ရှိချက်များအရ တိရစ္ဆာန်များကို အဆီဓာတ်ပါဝင်မှု နည်းသော အစားအစာများနှင့် အတူ ဂေါ်ဖီထုပ်၊ မုန်ညင်းတို့ကို ကျွေးမွေးသောအခါ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းကို လျော့ချနိုင်ကြောင်း တွေ့ရှိရသည်။ သို့ရာတွင် ဟင်းသီးဟင်းရွက်များကို ချက်ပြုတ်ခြင်း မပြုပဲ အစိမ်းအတိုင်းသော်၎င်း၊ အနည်းငယ်ကျက်ရုံသာ ချက်၍သော်၎င်း စားသုံးသင့်ပါသည်။ အကျက်လွန်အောင် ချက်ပြုတ်လိုက်ပါက ထိုဟင်းသီးဟင်းရွက်များတွင် ပါဝင်သော ကင်ဆာရောဂါကို ကာကွယ်နိုင်သည့် ဓာတ်ပစ္စည်းဖြစ်သော အင်ဒိုးလ် (Indoles) မှာ ပျက်စီးသွားစေနိုင်သည်။

ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ မုန်ညင်း စသော ဟင်းသီးဟင်းရွက်များသည် အစာအိမ်ကင်ဆာ၊ အူမကြီး ကင်ဆာကို ဖြစ်ပွားစေခြင်းမှ လမ်းကြောင်းသွေဖည်သွားစေသည်။ အမေရိကန်ပြည်ထောင်စု Utah ပြည်နယ်တွင်ပြုလုပ်သော သုတေသနပြုချက်က ထိုဟင်းသီးဟင်းရွက်များကို အများဆုံးစားသုံးသူ အမျိုးသားများသည် အနည်းဆုံးစားသုံးသူ အမျိုးသားများထက် အူမကြီးကင်ဆာ ဖြစ်ပွားရန်အခွင့် အလမ်းမှာ ၇ဝ-ရာခိုင်နှုန်း လျော့နည်းကြောင်း ဖော်ပြခဲ့သည်။

ပဲပုပ်ပင်---
ပဲပုပ်ပင်တွင် ကင်ဆာရောဂါကို တားဆီးနိုင်သည်ဟု ယုံကြည်ရသော ဒြပ်ပေါင်းများ အနည်းဆုံး ငါးခုပါဝင်သည်။ အမှန်တကယ်အားဖြင့် ထိုဒြပ်ပေါင်းများထဲမှ တခုအပါအဝင်ဖြစ်သော ဒြပ်ပေါင်းတမျိုးသည် Tamoxifen ဆေးနှင့် ဓာတုဗေဒသဘောအားဖြင့် ဆင်တူသည်။ ထိုဆေးသည် မ,ဟော်မုန်းဖြစ်သော အီစထရိုဂျင်ကို အမှီပြုသည့် ရင်သားကင်ဆာများတွင် အသုံးပြုသော ဆေးဖြစ်သည်။ ယခုအခါ ထိုဒြပ်ပေါင်းသည် ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း ရှိ-မရှိ သုတေသနစမ်းသပ်ချက်များ အကြီးအကျယ် ပြုလုပ်နေပြီဖြစ်သည်။

ပဲပုပ်ပဲသည် ကင်ဆာအကျိတ်များ၏ ကြီးထွားနှုန်းနှင့် ဆဲလ်များပွားခြင်းကို နှေးကွေးစေခြင်းဖြင့် အူမကြီးကင်ဆာ၊ အရေပြားကင်ဆာနှင့် အခြားကင်ဆာများကို တားဆီးနိုင်ကြောင်း တိရစ္ဆာန်များတွင် လေ့လာတွေ့ရှိရသည်။
ပဲအခြောက်များ၊ စည်သွပ်ပဲများ၊ ပဲနီကလေးနဲ့ ပဲအမျိုးမျိုးတွင်လည်း ကင်ဆာရောဂါကို တားဆီးပေးနိုင်သော အင်တီအောက်ဆီဒင့်များ ပါဝင်သည်။

ဂျုံ၏အပြင် အခွံ---
ဂျုံ၏အပြင်အခွံသည် အူမကြီးကင်ဆာ ဖြစ်ပွားစေသည့် အလားအလာကို လျော့ကျစေနိုင်သည်။ နယူးယောက်ဆေးရုံ၊ ကော်နဲဆေးကုဌာနရှိ လူနာများအားလေ့လာရာတွင် ဂျုံအပြင်အခွံဖြင့် ပြုလုပ်ထားသော ကွေကာအုတ် တအောင်စကို တနေ့နှစ်ကြိမ် သောက်သုံးပေးခြင်းဖြင့် ကင်ဆာရောဂါ ဖြစ်ပွားရန် အစပျိုးနေသော အူမကြီးရှိ အသားပိုများကို ခြောက်လအတွင်း ကျုံ့သွားစေနိုင်သည်။ ထိုကဲ့သို့သော အစားအသောက်ပမာဏ အနည်းငယ်မျှသည် တိုတောင်းသောအချိန်အတွင်း အကျိုးသက်ရောက်မှု ရှိသည်ကို ကြည့်ခြင်းဖြင့် အစားအစာများ၏ ပါဝင်ပတ်သက်မှုသည် ကင်ဆာရောဂါဖြစ်ပွားရန် အစပျိုးသောလက္ခဏာများ ပေါ်ပေါက်နေလင့်ကစား အကျိုးသက်ရောက်မှု ရှိသည်ကို မီးမောင်းထိုးပြနေခြင်းဖြစ်ကြောင်း သုတေသနပညာရှင်များက ပြောကြားခဲ့သည်။

အဆီဓာတ်ပါဝင်မှုနည်းသော နွားနို့---
နွားနို့တွင်ပါဝင်သော ပြည့်ဝအဆီသည် အချို့သောကင်ဆာရောဂါများ ဖြစ်ပွားခြင်းကို အားပေးသည်။ သုတေသနတွေ့ရှိချက်များအရ အဆီပြည့်ဝသော နွားနို့ကို သောက်သုံးသူများသည် နွားနို့လုံးဝမသောက် သူများထက် ခံတွင်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ စအိုကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ရင်သားကင်ဆာနှင့် သားအိမ်ခေါင်း ကင်ဆာများ ဖြစ်ပွားရန် အခွင့်အလမ်းပိုများကြောင်း တွေ့ရှိရသည်။ သို့သော် အဆီဓာတ်ပါဝင်မှုနည်းသော နွားနို့ကို သောက်သုံးသူများသည် နွားနို့လုံးဝ မသောက်သူများထက် ခံတွင်းကင်ဆာ၊ စအိုကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာများ ဖြစ်ပွားရန် အခွင့်အလမ်းနည်းပါးကြောင်း တွေ့ရှိရသည်။ ထိုသို့ဖြစ်ရခြင်းမှာ နွားနို့ထဲတွင်ပါဝင်သော ကယ်လ်ဆီယမ်၊ ဗီတာမင် ဘီတူး၊ ဗီတာမင် အေ၊ စီနှင့် ဒီတို့သည် ကင်ဆာရောဂါကို ဆန့်ကျင်သော ဒြပ်ပစ္စည်းများအနေနဲ့ တည်ရှိခြင်းကြောင့်ဖြစ်သည်ဟု သိပ္ပံပညာရှင်များက ယူဆကြသည်။ မည်သို့မည်ပုံ သက်ရောက်မှု ရှိသည်ကိုမူ တိကျစွာ မသိရှိရသေးပေ။ ထိုဗီတာမင်များနှင့် သတ္ထုဓာတ်သည် အဆီပြည့်ဝသော နွားနို့ထဲတွင်ပါဝင်သော်လည်း အကျိုးအာနိသင်မှာ အနည်းငယ် နည်းပါးပေသည်။

အကြံပြုချက်---
ထိုကဲ့သို့ ကျွန်ုပ်တို့၏ အစားအစာများထဲမှ ကင်ဆာရောဂါ ကာကွယ်နိုင်သော ဒြပ်ပေါင်းများရရှိစေရန် တနေ့လျှင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို ငါးကြိမ်နှင့်အထက် စားသုံးပေးသင့်ကြောင်း အမေရိကန်နိုင်ငံ အမျိုးသားကင်ဆာတက္ကသိုလ်မှ အကြံပြုထားသည်။ တကြိမ်စားသုံးလျှင် ချက်ပြုတ်ထားသော သို့မဟုတ်-ချက်ပြုတ်ထားခြင်းမရှိသော သစ်သီး သို့မဟုတ်-ဟင်းသီးဟင်းရွက် တခွက်ခွဲ၊ အရွက်ပါသော ဟင်းသီးဟင်းရွက်စိမ်း တခွက်၊ အရွယ်အနေတော်ရှိသော လတ်ဆတ်သော သစ်သီးတလုံး၊ သို့မဟုတ်-သစ်သီးဖျော်ရည် သို့မဟုတ်-ဟင်းသီးဟင်းရွက်ဖျော်ရည် ခြောက်အောင်စ ပါဝင်သင့်သည်။ စံပြအစားအစာတွင် အဆီပါဝင်မှု၊ ကယ်လိုရီ ပါဝင်မှု နည်းပါးရမည်။ အမျှင်ဓာတ်များ ပါဝင်မှု များပြားရမည်။ ထိုအချက်များနှင့်ကိုက်ညီသော အစားအစာများမှာ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ကောက်ပဲသီးနှံများ၊ ပဲအမျိုးမျိုးနှင့် အဆီပါဝင်မှုနည်းသော အသားများ ဖြစ်သည်။

ဤကဲ့သို့ နေ့စဉ်စားသုံးနေသော အစားအသောက်များထဲမှ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်သည်ဟု ယုံကြည်ထားသော အစားအစာများ၏အကြောင်းကို နားလည်သိရှိခြင်းဖြင့် ရွေးချယ်စားသောက်တတ်နိုင် စေရန် တင်ပြလိုက်ရပါသည်။

ဖြူ (ဆေး-၁)
Ref>> http://www.mawluu.com/search/label/ကျန်းမာရေး?

ထောပတ်အမျိုးမျိုးနှင့် ကျန်းမာရေး သုတ

by nang kha yea on 30.11.2012

မြန်မာနိုင်ငံတွင် ရှေးပဝေသဏီ အတိတ်ခေတ်မှစ၍ အနာဂတ်ကာလ အထိ ဆက်လက်၍ အသုံးပြုဆဲ အစားအစာနှင့် ဆေးဖက်ဝင် ပစ္စည်းလည်းဖြစ်၏။ စားသောက်ဖွယ်ရာ မုန့်ပဲသရေစာများ၌သော်၎င်း၊ အခြား ဟင်းသီးဟင်းရွက်ထွက်ဆီများကို ရှောင်ကြဉ်ကြသူများသည်၎င်း ထောပတ်ကို ဆီအစား ကမ္ဘာပေါ်တွင်
နေ့စဉ်အသုံးပြုလျက် ရှိကြ၏။


စားသောက်ကုန် ထုတ်လုပ်သောလုပ်ငန်းများတွင် စားပွဲထောပတ်နှင့် ဟင်းစားထောပတ်ဟူ၍ အမျိုးအစားကို ခွဲခြားထားပေသည်။ ထို့အပြင် ဆားဓာတ်ပါဝင်သော ထောပတ်နှင့် ဆားဓာတ်မပါဝင်သော ထောပတ်ဟူ၍ ထုတ်လုပ်ဖြန့်ဖြူးလျက် ရှိကြ၏။ ဆားပါလျှင် ထောပတ်မှာ တာရှည်ခံ၏။ ထောပတ်သည် နွားနို့ကဲ့သို့ပင် အရွယ်မရွေး သင့်တော်သော အစားအစာဖြစ်၍ အာဟာရဓာတ်ကို ပြည့်ဝစေသည်။

နွားထောပတ်(Cow's Butter)
ထောပတ်သည် သီးနှံတို့တွင် ပါဝင်သော အဆီဓာတ်(fat) ထက် ပိုမိုပါဝင်လေသည်။ နို့မှ ထုတ်လုပ်သောကြောင့်လည်း ဗီတာမင်ဓာတ်များ (Vitamin)လည်း ကြွယ်ဝစွာ ပါဝင်လေသည်။ နွားနို့မှ ထုတ်လုပ်သော ထောပတ်သည် အားတိုးစေသည်။ နှလုံးအားကို ကောင်းစေသည်။ ခွန်အားကို သန်စွမ်းစေသည်။ ဝမ်းဗိုက်(အစာအိမ်)ကို ကောင်းစေသည်။ 

ယင်းကို သကြားနှင့် စားသုံးပါက မြစ်ခြောက်နာရောဂါ (Phtisis) လိပ်ခေါင်းရောဂါ(Piles) နာတာရှည် ဝမ်းကိုက်ရောဂါ(Chronic Dysentery) ခံတွင်းပျက်ခြင်း(Anorexia) မျက်နှာလေဖြတ်ခြင်း(Facial Paralysis) အင်္ဂါဇာတ် ယားယံခြင်း(Rritgation of The Alimentery Canal) ဆီးတွင် အယ်လ်ဗြူမင်ခေါ် ဥအကာဓာတ် ပါဝင်ခြင်း(Albuminuria) ဆီးချိုရောဂါ(Diabetes) စသည်တို့ကို ကုသရာတွင် အသုံးဝင်ပေသည်ဟု Dr.S. j Singh ပြုစုသည့် Food Remendies စာအုပ် အာယုဗ္ဗေဒ အိန္ဒိယတိုင်းရင်းဆေးကုထုံးကျမ်းကြီးတွင်
ဖော်ပြထားသော နိဒါန်းကို ဖော်ပြလိုက်ရပေသည်။

ထောပတ်နှင့် ပတ်သက်၍ ရှောင်ကြဉ်ဖွယ် သိမှတ်စရာကို ရှေးဟောင်းကျမ်းများ၌ အောက်ပါအတိုင်း   အသိပေး သတိစကားကို ဆိုထားပေသည်။ ထောပတ်နှင့်မသင့်သော အစားတို့မှာ ထောပတ်ဆီကို ချဉ်ဆီနှင့် ဆတူရောစပ်၍သော်၎င်း၊ ထောပတ်နှင့် ပျားရည် နှစ်မျိုးတည်းကို ရောနှော၍ မစားကောင်းဟု ဆိုထားသည်။ ထို့ပြင် ထောပတ်နှင့် သားငါးတို့၏ အဆီ၊ ဆီခဲများနှင့် စပ်တူ၊ မစပ်ကောင်း၊ ကြေးခွက်များတွင်
ထောပတ်ကိုထား သိုလှောင်ခြင်းကို အထူးရှောင်ကြဉ်ပါ။

ထောပတ်သည် ခန္ဓာကိုယ် ပွားစီးရေး၊ ကြီးထွားရေးတွင် နို့ရည်များ အသားများလောက် အကျိုးမပြုနိုင်စေကာမူ ခန္ဓာကိုယ် ခံနိုင်ရည်၊ ရောဂါကာကွယ်စွမ်းရည်၊ ခွန်အားပြည့်ဝရေးတို့ကို များစွာ အထောက်အကူပြုနိုင်သော အစားမျိုးတွင် ပါဝင်၏။ ထောပတ်ဖြင့် သင့်တော်သည့် ရောဂါဝေဒနာများမှာ အအေးမိလွယ်ခြင်း၊ အအေးဒဏ်ကို မခံနိုင်ခြင်း၊ ရောဂါဝေဒနာအမျိုးမျိုး ဖြစ်လွယ်ခြင်း၊ ခန္ဓာကိုယ် ကြုံလှီခြင်း၊ ခွန်အားနည်းပါးခြင်း၊ မျက်ရည်ခန်းခြောက်ခြင်း၊ ကြက်မျက်သင့်ရောဂါ၊ မျက်စိမှုန်ဝေခြင်း၊ မျက်စိနာခြင်း၊ အရိုးများနာခြင်း၊ သွားများနဲ့လွယ် ကျိုးလွယ်ခြင်း၊ ခန္ဓာကိုယ် အချိုးအစား မပြေပြစ်ခြင်းတို့ကို ကာကွယ်နိုင်သည်။ ပျောက်ကင်းစေနိုင်သည်။ ထောပတ်သည် အာရုံကြောများကို တိုက်ရိုက် အားမပေးနိုင်သော်လည်း ကာမစိတ်ခန်းခြောက်မှုကို ကာကွယ်နိုင်လေသည်။

ထောပတ်နှင့်ပတ်သက်၍ ဆေးဖက်ဝင်မှုများကို ဟိန္ဒူ အာယုဗ္ဗေဒ ဆေးကျမ်များ(မူရင်း)၊ အိန္ဒိယ အာယုဗ္ဗေဒ ဆေးကျမ်းမူရင်းများ၊ မြန်မာဆေးကျမ်းများ၊ အာယုဗ္ဗေဒ မြန်မာမှုပြု ဆေးကျမ်းများ၊ သိပ္ပံ ဆေးကျမ်းများ၌ ဖော်ပြချက်များကို ကောက်နုတ်တင်ပြရလျှင်
ချက်ပြီးစဖြစ်သော ထောပတ်သည် နှစ်မြို့စေတတ်၏၊ အားနည်းသူတို့အား အားသစ်ကို ဖြစ်ပွားစေသည်။
နှုတ်ကို မြိန်စေတတ်၏။ မျက်စိကို အကျိုးပြု၏။ ဝါသင့်နာ၊ ပင်ပန်းခြင်းတို့ကို ပယ်တတ်၏။ ခွန်အားမရှိသူ၊ မျက်စိရောဂါရှိသူတို့သည် အမြဲမှီဝဲအပ်၏။

ဆပ်ပြာမှုန်ကဲ့သို့ နူးညံ့သော ထောပတ်သည် အကြိမ်တရာမှ တထောင်အထိ ဆေးကြောပြီးသော
ထောပတ်မျိုးကို ဆိုလို၏။ ဤထောပတ်မျိုးသည် ရောဂါဝေဒနာ အထွေထွေတို့ကို ပျောက်စေတတ်၏။ ဤထောပတ်သည် အေး၏၊ ထိုင်းမှိုင်းသွား၏၊ အာရုံကြောနှင့်ဆိုင်ရာ ခေါင်းကိုက်ခြင်း၊ ခြေပူလက်ပူခြင်း၊ ပန်းနာ၊ ပါဒရက်၊ အဆစ်အမြစ် ကိုက်ခဲခြင်း စသော ရောဂါဝေဒနာများ၌ ဆေးဝါးအဖြစ် အသုံးပြုရ၏။ အစားအစာအဖြစ် အသုံးမပြုပေ။

လတ်ဆတ်သော ထောပတ်ကို အစားအစာတို့တွင် အသုံးပြုရ၏။ ထောပတ်သည် အသက်ကို ရှည်စေ၏။ ချို၏။ ဝမ်းမီးကို တောက်စေ၏။ အေးသောသတ္တိရှိ၏။ အနည်းငယ် ယိုစီးတတ်၏။ အရောင်အဆင်းကို တိုးပွားစေတတ်၏။ သြဇာတို့ကို တိုးပွားစေတတ်၏။ လျင်မြန်ထက်မြက်စေတတ်၏။ အသိဉာဏ်ကို တိုးပွားစေတတ်၏။ ဉာဏ်ပညာကို တိုးပွားစေတတ်၏။ အသက်ကို တိုးရှည်စေတတ်၏။ သုက်ကို တိုးပွားစေတတ်၏။ ပျစ်ချွဲ၏။ သလိပ်ကို တိုးပွားစေ၏။ အဆိပ်ကို နိုင်၏။

ထိုမှတပါး သည်းခြေရောဂါ လေချုပ်ရောဂါ အဖျားရောဂါ ရူးသွပ်ခြင်း၊ ဝမ်းဗိုက်တင်းရောင်ခြင်း၊ အနာပေါက်ရောဂါ၊ ခယရုပ်ရောဂါ၊ ရေယုန်ကြီးရောဂါ၊  သွေးဒေါသတို့ကို ပျောက်ကင်းစေတတ်၏။ ဟူ၍ ဆေးကျမ်းများ၌ ဖော်ညွှန်းထား၏။

ထောပတ်သည် သတိတရား၊ အသိဉာဏ်၊ ဝမ်းမီး၊ သုက်သွေး၊ သြဇာဓာတ်၊ သလိပ်အဆီတို့ကို တိုးပွားစေ၏။ လေဖောက်ပြန်ခြင်း၊ သည်းခြေဖောက်ပြန်ခြင်း အသံဝင် အသံပျက်ခြင်းတို့ကို
ပျောက်ကင်းစေတတ်၏။ အလုံးစုံသော အဆီတို့အနက် အကောင်းဆုံးဖြစ်၏။ ထောင်ပေါင်းများစွာသော
ဆေးပစ္စည်းတို့နှင့် ရောနှောသော်၎င်း၊ အသီးသီးပြုသော်၎င်း ထောင်ပေါင်းများစွာသော အကျိုးကို ပြုနိုင်၏ဟု အာယုဗ္ဗေဒ ဆေးဝါးပညာရှင်ကြီး စရက၏ ဆေးကျမ်းများက ဆိုထား၏။

ထောပတ်မျိုး ဟူသမျှသည် ရသာယနဖြစ်၍ အိုခြင်း၊ နာခြင်းတို့ကို ပယ်ဖျောက်၍ အသက်ကို ရှည်စေတတ်၏။ ဆိမ့်၏၊ ဆီး၊ ဝမ်း၊ လေ၊ အထက်သို့ တက်သောအနာ၊ ဝက်သက်ရောဂါ၊ သွေးစုနာတို့ကို နိုင်၏။ အရွယ်ကို တင်စေတတ်၏။ နုပျိုစေ၏။

အာယုဗ္ဗေဒ ဆေးကျမ်းများ၌ ဟောင်းသောထောပတ်ကို ဆေးဝါးကုရာတွင် အသုံးပြု၏။ ဆယ်နှစ်နောက်ပိုင်း၌ ဖြစ်သော ထောပတ်ကို ထောပတ်ဟောင်းဟု ဆိုထား၏။ ထိုထောပတ်ဟောင်းကို အဆုတ်ရောဂါ၊ သလိပ်ရောဂါ၊ အစာမကြေခြင်းကြောင့် ဖြစ်သော ရောဂါ၊ ကာလဝမ်းရောဂါ၊ အရက်မူးရောဂါ၊ အဖျား၊ ဝမ်းမီးနုံ့သူတို့ မမှီဝဲသင့်ပေ။ အသက်ကြီးအိုသူနှင့် ကလေးများလည်း မမှီဝဲသင့်ပေ။

ထောပတ်သည် ဆေးပညာတွင် အသုံးများ၏။ တကယ့်ဆေးပညာတွင် အသုံးပြုသော ထောပတ်သည် နို့မှ ထုတ်လုပ်ခြင်းပင် ဖြစ်၏။ သို့သော် နိုင်ငံတကာတွင် ခေတ်ပေါ် စက်မှုလက်မှု ထွန်းကားသော နိုင်ငံအများ အပြားတွင် ဟင်းသီးဟင်းရွက် ထောပတ်များနှင့် သစ်ပင်များမှ ရရှိသော ထောပတ်များကို အစားအစာ ထုတ်လုပ်ရာတွင် ထည့်သွင်းကြ၏။ နို့များမှဖြစ်သော ထောပတ်များလည်း ရှိပေသည်။ အထက်ဖော်ပြပါ ဆေးဖက်ဝင်ပုံများသည် နွားနို့ထောပတ်အကြောင်းပင် ဖြစ်ပေသည်။ နို့ရည် အမျိုးအစားကိုလိုက်၍ အကျိုးအာနိသင်များ ကွဲပြားခြားနား၏။

ဆိတ်နို့မှ ထုတ်လုပ်သော ထောပတ်သည် ဝမ်းဗိုက်(အစာအိမ်)ကို ကောင်းစေသည်။ နှလုံးအားကို
ကောင်းစေသည်။ ချောင်းဆိုးခြင်း(Cough)၊ ချွဲသလိပ်ကပ်ခြင်း(Phleg)၊ မြစ်ခြောက်နာ(Phthisis)တို့ကို သက်စေလေသည်။ ထို့ပြင် မျက်စိရောဂါ(Eye Disease) အတွက် ကောင်းစေသည်ဟု (Dr.S.J Singgh)ပုဂ္ဂိုလ်ကြီးက ထုတ်ဖော်ခဲ့၏။

ဤနို့ထောပတ်သည် ချို၏၊ သွေးအန်၏၊ သွေးကျရောဂါကို ပျောက်ကင်းစေတတ်၏၊ လေကို တားမြစ်စေတတ်၏၊ ခွန်အားကို ပြုတတ်၏၊ အေး၏၊ သုက်ကို ပွားစေ၏၊ ကြေကျက်ခဲ၏၊ နှလုံးကို အကျိုးပြု၏၊ ဝိပါက (စား၍ ဝမ်းတွင် ကြေကျက်သွားသောအခါ) ချို၏။

မြင်းနို့ ထောပတ်သည် ချို၏၊ အနည်းငယ် ဝမ်းမီးကို တောက်စေ၏။ ဖန်၏၊ စပ်ရှားရှားရှိ၏။ အညစ်အကြေးများကို ချုပ်စေ၏။ လေကို အနည်းငယ်ပြုတတ်၏၊ ပူ၏၊ ကြေကျက်ခဲ၏၊ အဆိပ်ကို ပယ်တတ်၏၊ မျက်စိရောဂါကို ပျောက်ကင်းစေတတ်၏၊ သလိပ်ကို ပယ်တတ်၏၊ တွေမေ့မြောခြင်းကို ပယ်တတ်၏။

သိုးနို့ ထောပတ်သည် သည်းခြေကို ဖောက်ပြန်စေတတ်၏၊ အဆိပ်ကို ပယ်တတ်၏၊ အရိုးတို့ကို ပွားစေတတ်၏၊ ကျောက်တည်ရောဂါ၊ သကြားဆီရောဂါ၊ လေရောဂါ၊ တုန်ခြင်း၊ ရောင်တင်းခြင်းတို့ကို
ပျောက်ကင်းစေတတ်၏။

ဆင်နို့ ထောပတ်သည် ဖန်၏၊ ကျင်ကြီးကျင်ငယ်တို့ကို ချုပ်စေတတ်၏၊ သလိပ်ကို ပယ်တတ်၏၊ အဆိပ်နှင့် ပိုးတို့ကို ပယ်တတ်၏၊ နူနာရောဂါတို့ကို ပျောက်ကင်းစေတတ်၏။

ကုလားအုပ်နို့ ထောပတ်သည် ကြေကျက်သောအခါ စပ်၏၊ ဖောရောင်ခြင်းနှင့် ပိုးအဆိပ်တို့ကို ပယ်တတ်၏၊ နူနာ ဂူလုံးရောဂါ ဝမ်းဗိုက်ရောဂါတို့ကို ပျောက်ကင်းစေတတ်၏။

လူနို့ ထောပတ်သည် သလိပ်နာ၊ လေနာ၊ သည်းခြေနာ၊ သွေးနာ၊ မိန်းမတို့အင်္ဂါဇာတ်၌ ဖြစ်သော အနာတို့နှင့် သင့်၏။ နတ်တို့၏ သြဇာကဲ့သို့ အကျိုးပေး၏။

ခွါတခုတည်းရှိသော တိရစ္ဆာန်တို့၏ နို့ရည်မှ ရရှိသော ထောပတ်သည် ကြေကျက်လွယ်၏ ဟူသော သတ္တိရှိ၏။ ဖန်၏၊ သလိပ်ကို ပယ်ဖျောက်တတ်၏၊ ဝမ်းမီးကို တောက်စေတတ်၏၊ ကျင်ငယ်ကို နည်းပါးစေ၏။

တင်ထွန်းကျော်
(သူရဇ္ဇ ၂၀၀၃-ခု စက်တင်ဘာလ)

Thursday 29 November 2012

သံလွင်ဆီ၏ ဆေးဘက်ဝင်အာနိသင်များ

by nang kha yea on 30.11.2012


ကမ္ဘာတ၀န်းမှာ သံလွင်ဆီကို မိခင်သဘာဝကြီးကပေးတဲ့ အစွမ်းထက်တဲ့ ဆေးလက်နက်အဖြစ် လူသိများခဲ့တာ ကြာပါပြီ။ ရောဂါအမျိုးမျိုးနဲ့ တိုက်ခိုက်ရာမှာ ဖြစ်စေ၊ အသက်အရွယ်အိုမင်းခြင်းကို ကာကွယ်ရာမှာ ဖြစ်စေ သံလွင်ဆီရဲ့ အာနိသင်ဟာ
သူမတူအောင် ထူးခြားလှပါတယ်။ သံလွင်ဆီရဲ့ ဆေးဖက်ဝင်အာနိသင်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။


အာဟာရဓါတ်ကြွယ်ဝတဲ့အတွက် အားအင်ချို့တဲ့သည့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ နာလံထစလူနာများကို အားဖြည့်ဆေးအဖြစ် တိုက်ကျွေးနိုင်ပါတယ်။

သံလွင်ဆီကို မှန်မှန်လိမ်းပေးရင် အသားအရေ နူးညံ့ပျော့ပျောင်းစေပါတယ်။ ခရုသင်းရောဂါ ဖြစ်ပွားတဲ့နေရာကို သန့်ရှင်း လတ်ဆတ်သောဂျုံမှုန့်နှင့် ရောစပ်လိမ်းကျံပေးပါက အံ့သြလောက်အောင် ပျောက်ကင်း သက်သာစေပါတယ်။

အအေးမိခြင်း၊ ကိုယ်လက်လေးလံညောင်းညာကိုက်ခဲခြင်းနှင့် ရင်ကြပ်၊ ပန်းနာရောဂါများအတွက် အာနိသင်ထက်မြက်တဲ့ ရင်လူးဆေးတစ်လက်လည်းဖြစ်ပါတယ်။

သွားနာ၊ သွားကိုက်၊ သွားပိုးစား၊ သွားဖုံးနာ စတဲ့ သွားနဲ့ခံတွင်းရောဂါများအတွက် ထိရောက်တဲ့ ထည့်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

ကင်းမလက်မည်း၊ ကင်းမြီးကောက်၊ ကင်းခြေများ စတဲ့ ကင်းအမျိုးမျိုးကိုက်ခဲ့လျှင် သံလွင်ဆီကို ကင်းဆိပ်ဖြေဆေးအဖြစ် သုံးနိုင်ပါတယ်။

ဝမ်းမီးကိုတောက်စေတဲ့အတွက် သူချည်းသက်သက်ဆိုလျှင် အကောင်းဆုံးအစာကြေဆေးနှင့် နှုတ်မြိန်ဆေးတစ်လက်လည်း ဖြစ်ပါတယ်။

ဝမ်းမီးအပူအပုပ်အချွဲများကို ဖယ်ရှားခြင်း၊ ၀မ်းမှန်စေခြင်း စတဲ့အာနိသင်များကြောင့် အစာအိမ်ရောဂါ၊ အူသိမ်အူရောင်ရောဂါ များကို ကုသပျောက်ကင်းနိုင်ပါတယ်။

အမျိုးသားသုံးအားဆေးအဖြစ်လည်းကောင်း၊ တိုင်းရင်းလိမ်းဆေးများဖြစ်တဲ့ ဒဏ်ကျေလိမ်းဆေး၊ အကြောဖြေလိမ်းဆေးများ ဖော်စပ်ရာမှာလည်းကောင်း အစွမ်းထက်သော ဆေးအမည်အဖြစ် အသုံးပြုနိုင်ပါတယ်။

သင့်ဆံကေသာအား လိမ်းပေးခြင်းဖြင့် ဦးခေါင်းအား အေးမြစေပြီး ဆံပင်ကို နက်မှောင်သန်စွမ်းစေ၍ ဆံပင်ကျွတ်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံပင်အရောင်ပြောင်းခြင်းတို့မှ အထူးကာကွယ်ပေးပြီး ဗောက်၊ ဒက်များ တွယ်ကပ်ခြင်းမှ ကင်းဝေးစေပါတယ်။

အိမ်ထောင်ရှင်အမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်စဉ်ကာလ ၀မ်းဗိုက်အားလိမ်းပေးပါက ဗိုက်ကြောမပြတ်အောင် ကာကွယ် ပေးသည့်အပြင် မွေးကင်းစ ကလေးသူငယ်များမှာ ဖြစ်တတ်သော အရေပြားယားယံခြင်းများကို အထူးပျောက်ကင်းစေပါတယ်။

ဒေါက်တာအောင်နိုင်
ဒေါက်တာဖြူဖြူဝင်း
Ref>>http://api.ning.com/

အစွမ်းထက် သံလွင်ဆီနှင့် ကြက်သွန်ဖြူ( Garlic and Olive Oil)

by popozaw on 30.11.2012

သံလွင်ဆီနှင့် ကြက်သွန်ဖြူကိုတွဲဖက်ပြီး ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးပါမယ်။ ကျွမ်းကျင်တဲ့ပါရဂူကြီးတွေကသံလွင်ဆီကို ကြက်သွန်ဖြူနဲ့တွဲဖက်ပြီး အသုံးပြုတဲ့အခါ ကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် အသက်အန္တရာယ် ဟူသမျှကို တွန်းလှန်ကာကွယ်ရာမှာအဆ(၃)ရှိပြီးကောင်းမွန်တာကို တွေ့ရပါတယ်လို့ ဆိုပါတယ်။ သူတို့ နှစ်မျိုးပေါင်းစပ်မှု အစွမ်းဟာ အိုဟိုင်းခြင်းဆိုတဲ့ဇရာရဲ့သွင်ပြင်တွေကို ပြေပျောက်စေရုံသာမက ကိုယ်ခန္ဒာမှာ ပိုနေသောမလိုအပ်တဲ့ အဆီတွေကို လျော့ချပေးရာမှာလည်းအစွမ်းထက်လှပါတယ်။ ကြက်သွန်ဖြူနဲ့ သံလွင်ဆီပေါင်းစပ်သုံးစွဲတဲ့အခါ ပျောက်ကင်းနိုင်တဲ့ ရောဂါတွေကို
ဖော်ပြပေးလိုက်ပါတယ်။
 
၁။ အဆစ်အမြစ်ရောင်ရောဂါ
အဆစ်အမြစ်ရောင်ရောဂါကြောင့် ဖြစ်ပေါ်တတ်သော ကိုက်ခဲတဲ့ ဝေဒနာကို သံလွင်ဆီ စားပွဲဇွန်း(၁)ဇွန်း၊
ထုခြေထားတဲ့ ကြက်သွန်ဖြူဇွန်းတစ်ဝက်၊ ရေနွေးတစ်ဖန်ခွက်မှာ ရောစွက်ဖျော်သောက်ပါ။ နံနက်၊ ည နှစ်ကြိမ်သောက်ရင်ကိုက်ခဲခြင်းပျောက်စေပါသည်။ဒါ့အပြင်ကြက်သွန်ဖြူအမှုန့်ကိုသံလွင်ဆီနဲ့ ရောစပ်ပြီး ကိုက်ခဲတဲ့နေရာ၊ အဆစ်အမြစ်တွေကို လိမ်းပေးပါ။ မိနစ်ပိုင်းအတွင်းကိုက်ခဲတာမှန်သမျှသက်သာသွားစေပါတယ်။ ဆွစ်ဇာလန်တက္ကသိုလ် တစ်ခုမှာ
အဆစ်အမြစ်ကိုက် ဝေဒနာရှင်(၄၀၀) ကို နံနက်တိုင်း သံလွင်ဆီ စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ကြက်သွန်ဖြူရည် ဇွန်းလေးပုံတစ်ပုံရောစပ်၍ တိုက်သည့်အခါ ရက်သတ္တနှစ်ပတ်အတွင်း လူနာများဟာ အကိုက်အခဲက သိသိသာသာ သက်သာသွားပြီး ပုံမှန်လှုပ်ရှားမှုများကို ပြုလုပ်နိုင်ခဲ့ကြောင်း တွေ့ကြရပါတယ်။

၂။ ဆီးအိမ်ရောင်ခြင်း
ဆီးအိမ်မှာ ဘက်တီးရီးယားပိုးရောက်ပြီး ဆီးကျဉ်တဲ့ ဝေဒနာဖြစ်ရင် သံလွင်ဆီ စားပွဲဇွန်း(၁)ဇွန်း၊ ကြက်သွန်ဖြူရည်(၁)ဇွန်း၊ ရေနွေးတစ်ဖန်ခွက်မှာ ရောစပ်သောက်ပါ။
အစားမစားမှီတစ်နေ့(၃)ကြိမ်သောက်ပေးရင် ဘက်တီးရီးယားပိုး
တွေဆီးအိမ်မှာ ကင်းရှင်းသွားပါလိမ့်မည်။

၃။ ကင်ဆာရောဂါ
နောက်ဆုံးလေ့လာစမ်းသပ်မှုများအရ ကင်ဆာရောဂါဟာ သံလွင်ဆီကြက်သွန်ဖြူ ပေါင်းစပ်သုံးစွဲခြင်းဖြင့်
ပျောက်ကင်းမှုနှုန်းပိုများကြောင်းသိရှိကြရပါတယ်။အရိုး၊ရင်သားနဲ့အစာအိမ်ကင်ဆာ ဖြစ်နေသူ(၄၀)ကျော်
ကိုသံလွင်ဆီနဲ့ကြက်သွန်ဖြူရောစပ်သောက်သုံးစေခဲ့ပါတယ်။ကင်ဆာဆေးကြီးသာအားကိုးသောက်နေ သူတွေထက် နှစ်ဆပိုပြီး
ပျောက်ကင်းတာ တွေ့ကြရပါတယ်။ တိုကျိုဆေးတက္ကသိုလ်က ဒေါက်တာ ဆာချီအိုနီမာတာက လူနာတွေကိုသံလွင်ဆီဇွန်းကြီးတစ်ဇွန်းနှင့် ကြက်သွန်ဖြူကို အရည်ညှစ်ထားသောအရည်ဇွန်း သုံးပုံတစ်ပုံရောစပ်ပြီး တစ်နေ့ (၃)ကြိမ် တစ်လတိတိသောက်သုံးစေခဲ့တယ်လို့ ဆိုပါတယ်။ ကြက်သွန်ဖြူကို ရှာလကာရည်(သို့မဟုတ်)သံလွင်ဆီနဲ့ တွဲဖက်ပြီး ဟင်းသီးဟင်းရွက်
တို့စရာသဘောမျိုးနဲ့ ရောစပ်စားသုံးခြင်းကို တစ်နေ့တစ်ကြိမ်ပြုလုပ်ပေးလျှင် ခြေဖ၀ါးကျိန်း၊ နာကျင်တဲ့ဝေဒနာ သက်သာရာရောက်စေကြောင်း သိရပါတယ်။

၎။ အဆီများခြင်း
ကိုလက်စထရောဓါတ် သွေးထဲမှာ များတဲ့အခါ ရေနွေး(၁၆)အောင်စထဲမှာ သံလွင်ဆီနှစ်ဇွန်း၊ ကြက်သွန်ဖြူ
အမှုန့်ပြုလုပ်ပြီး(၃)ဇွန်းရောစပ်ပြီး ရေနွေးကြမ်းသောက်သလို မကြာခဏသောက်ပေးပါ။ အဆီကျသွားစေပါလိမ့်မယ်။စပိန်နိုင်ငံ ဘာစီလိုနာမှာ လေ့လာစမ်းသပ်တဲ့အခါ သံလွင်ဆီကြက်သွန်ဖြူရည်ကို သောက်သုံးပြီး(၃)နာရီအတွင်းမှာပင်မူလကရှိတဲ့ကိုလက်စထရောရဲ့ (၁၅)ရာခိုင်နှုန်း လျော့ကျသွားတာ တွေ့ကြရပါတယ်။ သုတေသီ အလီဂျာဒရိုရဲ့လေ့လာမှုမှာလည်း သံလွင်ဆီချည်း သက်သက်မှီဝဲပေးရုံဖြင့် ကိုလက်စထရော ကျဆင်းသွားတယ်လို့ဖော်ပြထားပါတယ်။

၅။ အအေးမိခြင်း
မိမိရဲ့ ကိုယ်ခံအားနည်းတဲ့အခါ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာ စတဲ့ဝေဒနာတွေဆင့်ကဲ
ဝင်လာတတ်ပါတယ်။ သံလွင်ဆီတစ်ဇွန်း၊ ကြက်သွန်ဖြူမှုန့်ဇွန်း လေးပုံတစ်ပုံရောသောက်ပေးရင် နာရီပိုင်းအတွင်း အအေးမိ
ခြင်း သက်သာသွားနိုင်သလို လည်ချောင်းနာ၊ နှာရည်ယိုတာတွေလည်း ကောင်းသွားနိုင်ပါတယ်။

၆။ ပင်ပန်းနွမ်းနယ်ခြင်း
ကိုယ်ပင်ပန်းနွမ်းနယ်မှု ခံစားရတိုင်း ရေနွေးတစ်ခွက်ထဲမှာ သံလွင်ဆီဇွန်းတစ်ဝက်ရောစပ်မွှေနှောက်ပြီး
ကြက်သွန်ဖြူမှုန့် အနည်းငယ်ဖြူးပြီးသောက်ပေးပါ၊စိတ်ကြည်လင်ပြီးလန်းဆန်းဖျတ်လတ်လာပါလိမ့်မယ်။ ဒေါက်တာ
အယ်ဖွန်ဆိုရဲ့ အဆိုအရ သံလွင်ဖျော်ရည်ရဲ့ အစွမ်းကို ချက်ချင်းမသိရပေးမယ့်တစ်ရက်၊ နှစ်ရက်ကြာတဲ့အခါသိလာကြောင်း ဖော်ပြထားပါတယ်။

၇။ နားလေးခြင်း
သံလွင်ဆီ-ကြက်သွန်ဖြူကို နေ့စဉ်စားသုံးပေးရင် နားအတွင်းရောဂါကို သက်သာစေတဲ့အပြင် အကြားအာရုံကိုပိုပြီးကောင်းစေပါတယ်။

၈။ နှလုံးရောဂါ
သံလွင်ဆီနဲ့ ကြက်သွန်ဖြူကို အလျဉ်းသင့်တိုင်း ထမင်းစားတဲ့အခါ ထည့်စားပေးရင် နှလုံးရောဂါ အမျိုးမျိုးဖြစ်ခြင်းကကာကွယ်ပေးနိုင်တဲ့အပြင် နှလုံးသွေးကြောတွေမှာ အဆီဖုံးပြီး သွေကြောပိတ်ခြင်းကပါ သက်သာစေနိုင်ပါတယ်။ တစ်ချို့က
သံလွင်ဆီနဲ့ ကြက်သွန်ဖြူကို ဆားနည်းနည်းထည့်ပြီးစားသုံးခြင်းဖြင့် သွေးကြောတွေအဆီဖုံးပြီး မာကြောခြင်းက ကာကွယ်နိုင်ပါတယ်လို့ ဖော်ပြကြပါတယ်။

၉။ သွေးတိုးရောဂါ
သံလွင်-ကြက်သွန်ဖြူကို (၂)ချိုး၊ (၁)ချိုးရောစပ်ပြီး တစ်လကြာသောက်သုံးပေးတဲ့ အခါ သွေးတိုးရောဂါနဲ့ သွေးတိုးနဲ့
ယှဉ်တဲ့ ဝေဒနာတွေ သက်သာသွားကြောင်း အီတလီကလေ့လာမှုများက ဖော်ပြထားပါတယ်။

၁၀။ ကိုယ်ခံအားနည်းခြင်း
အစွမ်းထက်သံလွင်ဆီ-ကြက်သွန်ဖြူကို မှန်မှန်မှီဝဲပေးရင် ခုခံအားအဖွဲ့ရဲ့လုပ်ဆောင်ချက် (၃)ဆတိုးလာစေကြောင်းသိရပါတယ်။ ဆေးသုတေသနပြုမှုများကလည်း သံလွင်ဆီ-ကြက်သွန်ဖြူဟာ သွေးဖြူဥရဲ့ လုပ်ဆောင်ချက်ကို အားပေးပြီးရောဂါပိုးတွေကို ခုခံတိုက်ဖျက်ရာမှာ ကူညီပေးကြောင်းဖော်ပြထားပါတယ်

၁၁။ ကာမအားနည်းခြင်း
ဂျာမန်သုတေသီတွေရဲ့ တွေ့ရှိချက်အရ သံလွင်ဆီ ကြက်သွန်ဖြူမှာ ထူးခြားတဲ့ အာနိသင်တွေရှိကြောင်း
သိရပါတယ်။ ဟိုးရှေးကတည်းက သံလွင်ဆီဟာ ကာမအားနည်းခြင်းကို လုံးဝ ပြန်လည်ကောင်းမွန်လာစေတယ်လို့ယုံကြည်ကြပါတယ်။

၁၂။ အစာမကြေခြင်း
တစ်အောင်စ၀င်ဖန်ပုလင်းနဲ့ သံလွင်ဆီတ၀က်၊ ကြက်သွန်ဖြူဥကြီး(၅)လုံးခန့် တပတ်ကြာစိမ်ထားပါ။ အဲဒီအရည်ကိုအစာမကြေ၊ လေပွ၊ဗိုက်အောင့်တဲ့အခါတိုင်းလက်ဖက်ရည်ဇွန်း(၂)ဇွန်းစာ သောက်ပေးပါ။
 လေငြိမ်ပြီးအစာကြေစေပါတယ်။

၁၃။ အသက်ရှည်ဆေး
သံလွင်ဆီနဲ့ ကြက်သွန်ဖြူကို အအေးဖြစ်စေ၊ အပူဖြစ်စေ ပြုလုပ်ပြီး နေ့စဉ်မှီဝဲပေးရင် အသက်ရှည်ရှည် အနာရောဂါကင်းကင်း နေနိုင်သွားပါလိမ့်မယ်။ ကြက်သွန်ဖြူဥလေးလုံးနဲ့ သံလွင်ဆီတစ်ဇွန်းကို လက်ဖက်ရည်တစ်ခွက်စာထဲမှာ ထည့်ပြီး(၅)မိနစ်ကြာတည်ထားပြီး အပူကြိုက်ရင် မီးဖိုပေါ်က ချချခြင်း သောက်သုံးပါ။ အအေးကြိုက်ရင်လည်း အအေးခံထားပြီးမှသောက်သုံးနိုင်ပါတယ်။

၁၄။ အရေပြားနာ
အရေပြားနာဖြစ်တဲ့အခါ သံလွင်ဆီ(၃)ဇွန်းစာနဲ့ ကြက်သွန်ဖြူဆီ(၁)ဇွန်းစာရောမွှေပြီး အရေပြားပေါ်မှာ လိမ်းပေးပါ။ဝက်ခြံပေါက်ရင်လည်း လူးပေးလို့ ရပါတယ်။ ညစဉ်လိမ်းအိပ်ရင် အရေပြားနာကင်းရှင်းပြီး၊ အသားအရည် စိုပြေလှပလာပါလိမ့်မယ်။

၁၅။ ကြွက်သားနာခြင်း
အလုပ်ပင်ပန်းပြီး ကြွက်သားတွေ နာကျိင်ကိုက်ခဲတဲ့အခါ သံလွင်ဆီနဲ့ ကြက်သွန်ဖြူ ရောစပ်ပြီး လိမ်းပေးရင်အကိုက်အခဲက ချက်ချင်းသက်သာစေနိုင်ပါတယ်။ အားကစားသမားတွေအပြင်အထန်လှုပ်ရှားပြီးတိုင်း နာကျင်နေတဲ့အခါသံလွင်ဆီနဲ့ ကြက်သွန်ဖြူမှုန့်က သက်သာမှုပေးပါတယ်။

၁၆။ ကိုယ်အလေးချိန်ကျခြင်း
ကိုယ်ခန္ဓာမှာ မလိုအပ်ပဲ ပိုနေတဲ့အဆီခဲ၊ အဆီစုတွေကို သံလွင်ဆီ-ကြက်သွန်ဖြူနဲ့ လျှော့ပြစ်နိုင်ကြောင်း
သိရပါတယ်။အဆီနဲ့ရွှဲနေတဲ့ဝမ်းဗိုက်ပူတွေကိုလည်းယူပြစ်လိုက်သလို ပျောက်ကင်းသွားစေနိုင်တာကလည်း သံလွင်ဆီ(၂)ဆ၊ ကြက်သွန်ဖြူရည် (၁)ဆ ရောစပ်ထားတဲ့ ကော့တေးရည်ပါပဲ။

ဒေါက်တာအောင်နိုင်
ဒေါက်တာဖြူဖြူဝင်း
Ref>>>http://api.ning.com

သံလွင်ဆီ၏ အသုံးဝင်ပုံ ခုနှစ်မျိုး

by popozaw on 30.11.2012


သံလွင်ဆီဟာတခြားဆီတွေထက်ကျန်းမာရေးနဲ့ညီညွတ်တာကြောင့်သံလွင်ဆီစားတဲ့သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။ သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။


(၁) ချက်ပြုတ်ခြင်း
 
ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တခြားဟင်းချက်ဆီအစား ဒါမှမဟုတ် ထောပတ်အစား အသုံးပြုပေးရင် ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။

(၂) အသားအရေ
 
ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ကို သံလွင်ဆီနဲ့ ညင်ညင်သာသာ လိမ်းပေးပါက အစိုဓာတ်ထိန်းတဲ့ အာနိသင်ကို ရရှိစေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာကို လိမ်းပေးပါ။ အမွေးရိတ်ရာမှာ ဒါမှမဟုတ် မျက်ဝန်းအပါအဝင် မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ရာမှာ သံလွင်ဆီက အသုံးဝင်ပါတယ်။

(၃) ဆံပင်သား၊ လက်သည်းခြေသည်း
 
ဆံပင်သားပေါ် သံလွင်ဆီ လိမ်းပေးရင် ဆံပင်သား ထိခိုက်ပျက်စီးတာ၊ ဖွာတာ၊ ကျိုးပဲ့တာ စတာတွေကို သက်သာစေပါတယ်။ ခေါင်းမလျှော်ခင်မှာ ညကတည်းက သံလွင်ဆီကို တစ်ခေါင်းလုံးအနှံ့ လိမ်းပေးပါ။ နောက်တစ်နေ့ နံနက်ခေါင်းလျှော်ပြီးချိန်မှာ ဆံပင်သား နူးညံ့ တောက်ပြောင်ပြီး သန်စွမ်းကျန်းမာ နေပါလိမ့်မယ်။ ဒါမှမဟုတ် သံလွင်ဆီ ထည့်သွင်း ပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်ကို သုံးပြီး ခေါင်းလျှော်ပါ။ သံလွင်ဆီကို ဆံပင်သားနဲ့ ဦးရေပြားပေါ် လိမ်းပေးတဲ့အခါ ကွန်ဒီရှင်နာလို အာနိသင် ပေးနိုင်ရုံသာမက ဗောက်ပျောက်စေတဲ့ အစွမ်းလည်း ရှိပါတယ်။ ဒါကြောင့် သံလွင်ဆီပါတဲ့ ခေါင်းလျှော်ရည်ကို သုံးသင့်သလို ခေါင်းလျှော်ပြီးချိန်မှာလည်း သံလွင်ဆီနဲ့ရေကို ဆတူရောပြီး ဆံပင်သားပေါ် လိမ်းပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးတာကြောင့် ဆံပင်သားက ပိုတောက်ပြောင်သန်စွမ်းကာ လှပကြည့်ကောင်း နေပါလိမ့်မယ်။ လက်သည်း၊ ခြေသည်းတွေကို သံလွင်ဆီ လိမ်းပေးပါက သဘာဝကျကျ ကြည်လင် တောက်ပစေပါတယ်။

(၄) ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း

သံလွင်ဆီ ထမင်းစားဇွန်း တစ်ဇွန်း စားပေးပါက ချောင်းခြောက်ဆိုးတာနဲ့ လည်ချောင်းနာတာတို့ကို သက်သာစေပါတယ်။

(၅) ဟင်းချက်အိုးများ

သံလွင်ဆီဟာ ဟင်းချက်အိုးတွေ အစင်းထင်တာ၊ ပွန်းပဲ့တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၆) နှုတ်ခမ်းဆိုးဆေး

သံလွင်ဆီဟာ ခြောက်သွေ့ကွဲအက်နေတဲ့ နှုတ်ခမ်းသားတွေအတွက် အကောင်းဆုံး နှုတ်ခမ်းဆိုးဆေး ဖြစ်ပါတယ်။ အေးမြတဲ့ ရာသီမှာ လက်လိမ်းလိုးရှင်းအဖြစ် အသုံးပြုနိုင်ပါတယ်။

(၇) ရေချိုးဆီ

ရေထဲကို သံလွင်ဆီ အစက်အနည်းငယ် ထည့်ပြီး ရေချိုးပေးပါ။ အသားအရေက သိသိသာသာ တောက်ပြောင် လာပါလိမ့်မယ်။

Tip!
သံလွင်ဆီဟာ သွေးဖိအားကို လျော့ကျစေပါတယ်။
ကင်ဆာရောဂါ တချို့ရဲ့ ကြီးထွားမှုကို တားဆီးပေးနိုင်ပါတယ်။
ဆီးချိုသွေးချို ဖြစ်နိုင်ခြေ များသူတွေအတွက် သင့်တော်ပါတယ်။
ပန်းနာရင်ကျပ်ရောဂါနဲ့ အဆစ်ရောင်နာ ရောဂါပြင်းအားကို လျော့ကျစေပါတယ်။
ကိုယ်အလေးချိန် လျော့ကျအောင် ထိန်းထားနိုင်ပါတယ်။
Ref>>http://yingjunyang.blogspot.com/2012/07/blog-post_16.html#more

Wednesday 28 November 2012

ပင်စိမ်းရွက်နဲ့ပျောက်စေမဲ့ရောဂါအမျိုးလေးဆယ်

by popozaw on 29.11.2012

ပင်စိမ်းပင်သည် မြန်မာနိုင်ငံနှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်းဒေသတွင် ပိုမို၍ ပေါက်တတ်ကြသည်။ ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင်ဖြစ်သည်။ စိုက်ပျိုး၍လည်းရသည်။ မျိုးစေ့မှတဆင့်  အပင်စိုက်ရန် လွယ်ကူသောအပင် ဖြစ်သည်။ မြေသြဇာ အထူးမလိုအပ်လှပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။ နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ်လှပေသည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။


ပင်စိမ်းပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြင့်နှစ်ပေမှ သုံးပေခန့်အထိ ရှိ၏။ အရွက်မှာ သေးပြီးစိမ်းလျက် နူးညံ့၏။ ရွက်နားမှာ လွှသွားပုံရှိသည်။ အပွင့်ဖြူကလေးများပွင့်တတ်ကာ ရနံ့မှာ အလွန်မွှေးသဖြင့် အချို့သူများမှာ  ယင်းချက်ရာတွင် အမွှေးနံ့ရစေရန် ဟင်းခတ်၍ အုပ်ကာ ချက်စားကြသည်။ အပွင့်များသည်  အခိုင်လိုက်ပွင့်၍ ပွင်ချပ်များပေါ်တွင် အမွေးနုကလေးများ ရှိသည်။ တပေါင်း တန်ခူးလများ၌ ပွင့်တတ်ကြသည်။ အရသာမှာ ပူစပ်သော အရသာဖြစ်ကာ ပင်စိမ်းမျိုးအနေဖြင့် ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်းနက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင်ကင်ဟူ၍ ပင်စိမ်းအမျိုးမျိုးရှိကြသည်။

မြန်မာဆေးကျမ်း အလိုအရ ပင်စိမ်းသည် ပူ၏၊ စပ်၏၊ အနည်းငယ်ခါး၏၊ လေသလိပ်ကို နိုင်၏၊ ဆီးကိုနိုင်၏၊ လေကိုသက်စေပြီး သွေးကို တက်စေနိုင်သည်၊ ရင်ကျပ်နာ၊ အစာမကြေ၊ ချွဲကျပ်နာတို့ကို နိုင်၏၊ ချောင်းဆိုးနာ၊ ပိုးနာ၊ ထိုးကျင်သောအနာကို ပယ်နိုင်၏။

အစာကြောခြင်း၊ ခံတွင်းကောင်းခြင်း၊ အနံပကောင်းခြင်း၊ အသံသာခြင်း၊ အသက်ရှည်ခြင်းကို ရရှိစေသည်။ လူကို အကျိုးပွားစေသည်။
ပင်စိမ်းရွက် ပင်စိမ်းအစေ့များကို မြန်မာ့ဆေးဝါးအဖြစ် အသုံးပြုပုံများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) နားကိုက်=ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက်ကျအောင် ညှစ်ထည့်ပေးပါ။
(၂) သွားကိုက်=ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများလုံး၍ သွားပိုးစားသည့် သွားအခေါင်းထဲသို့ ထည့်ပေးပါ။ ပျောက်ကင်းသွားပါမည်။
(၃) ကလေး ကျောပူ ခေါင်းပူ=ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်းငယ်ဖြင့် ရောကြိတ်ပြီး လိမ်းပေးပါ။ (တကိုယ်လုံး ခပ်ပါးပါး လိမ်းပေးပါ)
(၄) ခေါင်းတခြမ်းကိုက်=ပင်စိမ်းရွက်သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကို ယူ၍ နားထင်နှင့် နဖူးတွင် လိမ်းပေးပါ။
(၅) ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါ=နှမ်းစေ့နှင့် ပင်စိမ်းစေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။ ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများ ပျောက်၏။
(၆) သားသမီး ဝေးလိုသော်=ပင်စိမ်းရွက် လက်တွင်းတဆုပ် ပြုတ်ရည်တပန်းကန်ကို ဥတုသွေးလာပြီးသည့်နောက် သုံးရက်ဆက်တိုက် သောက်ပေးပါ။
(၇) အဖျားနာတာရှည်=န့နက်စောစော ပင်စိမ်းရွက်သတ္ထုရည် ကြွေဇွန်းသတ္ထုရည် တဇွန်းကျ သောက်ပေးပါ၊ အဖျားကျသွားပါမည်။
(၈) ငှက်ဖျား=ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို ငရုတ်ကောင်းစေ့အနက် သုံးစေ့၊ တပတ်လျှင် နှစ်ကြိမ် မှန်မှန်သောက်ပေးပါ။
(၉) ပွေးနာ၊ အရေပြား ယားနာ=ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ၊ ထိုထောင်းထားသည့်  အရွက်ဖြင့် ပွတ်တိုက်ပေးပါ အုံပေးပါ။
(၁၀) အစာမကြေ၊ ဝမ်းကိုက်=ပင်စိမ်းရွက်ပြုတ်ရည်ကို သောက်ပေးပါ။ သတ္ထုရည်သောက်ပေးပါ။

(၁၁) လည်ချောင်းနာ၊ အသံဝင်=ပသ်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍ ထိုရေကို သောက်ပေးပါ။
(၁၂) အိုင်းအနာ၊ အဖုအနာ=ပင်စိမ်းရွက်ပြုတ်ရည်ကို အဖုအနာများနှင့် အိုင်းနာများအပေါ် ဖန်ရည်ဆေးပေးပါ။ အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက်ခြောက်မှုန့်ကို ဖြူးပေးပါ။
(၁၃) အရေပြားအနာများ=(အရေပြားရောဂါဟူသမျှ) ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ (၁၅)ကျပ်သား ရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည်အထိ ချက်ပေးပါ။ ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။ ယင်းဆီသည် ရေနွေးအကြမ်းပန်းကန် တလုံးထဲသို့ ဆီနှစ်စက် သုံးစက်ချပေးပြီး ပူပူလေး မှုတ်၍ သောက်ပေးပါက နှာစေး အအေးမိ ချောင်းဆိုးရောဂါများကိုပင် ပျောက်စေပါသည်။ ထိုဆီဖြင့် လိမ်းထားပါက မှက် ဖြင်များ မကိုက်ပါ။
(၁၄) ဗိုက်ကြောပြတ်=(ကိုယ်ဝန်ဆောင်) ဗိုက်ကြောပြတ်ပြီး ယားယံနေပါက ပင်စိမ်းရွက်ခြောက်မှုန့် ဖြူးပြီး ပွတ်သပ်ပေးပါ။
(၁၅) ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို လိမ်းပေးပါ။
(၁၆) ကလေး သန်ကျ=ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။
(၁၇) နားအူ၊ နားကိုက်၊ နားပြည်ယို=ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်းဖြင့်ထည့်၍ မီးဖြင့်အပူပေးပါ။ ထိုသတ္ထုရည် နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။
(၁၈) နှာခေါင်းနှာပိတ်၊ နှာခေါင်းအတွင်းမြှေးရောင်=ပင်စိမ်းရွက်ကို အခြောက်လှန်းပြီး ညက်နေအောင် အမှုန့်ထောင်းပါ။ နှာဆေးအဖြစ် အသုံးပြုပါ။
(၁၉) ငှက်ဖျားတုန်ချမ်း=ပင်စိမ်းအမြစ်ကို ရေသုံးခွက်တခွက်တင် ကျိုပြီး သောက်ပေးပါ။ ချွေးထွက်လာပြီး အဖျားကျသွားပါမည်။
(၂၀) ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင်=ပင်စိမ်းပင် ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။

(၂၁) လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုး=ပင်စိမ်းပွင့် အတ့လိုက်ကို ချင်းခြောက်၊ ကြက်သွန်နီနှင့် ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။ သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်းစေပါသည်။
(၂၂) သားသမီး ဝေးလိုသော=အမျိုးသားများ ပင်စိမ်းရွက်ဆယ်ရွက်ကို နေ့စသ်စားပေးပါ။ ကျန်းမာရေးကို လုံးဝမထိခိုက်စေဘဲ ပိုမို၍ သွက်လက်ထက်မြက်စေကြောင်း အိန္ဒိယဆေးသုတေသနမှ ထုတ်နုတ်ဖော်ပြခဲ့၏။
(၂၃) ချောင်းဆိုးပျောက်=ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့် ဆတူရောပြီး တနေ့သုံးကြိမ် သောက်ပေးပါ။ သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက်စေ၏။
(၂၄)အစာအိမ်အချဉ်ပေါက်လေနာ=ပင်စိမ်းရွက်ခြောက်ကို ရေနွေးစိမ်၍ ရေနွေးကြမ်းသောက်သလို သောက်ပေးပါ၊ ကလေးများ လေထိုး၊ လေအောင့်ရောဂါပါ ပျောက်ကင်းစေနိုင်ပါသည်။
(၂၅) အအေးမိ၊ နှာစေး၊ ချောင်းဆိုး=ပင်စိမ်းရွက်အစိုကို သုံးခွက်တခွက်တင်ကျိုပြီး ပူပူလေးသောက်ပေးပါ။ တုပ်ကွေးရောဂါများကိုပင် ပျောက်ကင်းစေနိုင်ပါသည်။
(၂၆) အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ=မျောက်သားကိုကင်၍ ပင်စိမ်းနိုင်နိုင်နှင့် ကြော်စားပါ။
(၂၇) လေငန်း၊ လေဖြတ်၊ အဆစ်ရောင်=ပင်စိမ်းပဉ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ကိုရှူပေးပါ။
(၂၈) မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက=ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ်ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့် နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့် ဒဏ်ရာတွင်    ကြိတ်ဖတ်ကို အုံ၍ အဝတ်ဖြင့် စည်းပေးပါ။
(၂၉) သူငယ်နျာ ကျောပူခေါင်းပူ=ပင်စိမ်းရွက်၊ ကွမ်းရွက်၊ နနွင်းမှုန့်၊ ကျပ်ခိုး အနည်းငယ်ရောကြိတ်၍ ကလေးကို ခပ်ပါးပါး လိမ်းပေးပါ။ ဦးခေါင်းမှ ခြေဖျားအထိ သပ်ချပေးပါ။
(၃၀) မီးဖွားပြီးစ အပုပ်ဆန်=ပင်စိမ်းရွက် ကြော်စားပါ။

(၃၁) ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်=ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေ ကြော်စားပေးပါ။(သို့) ငါးပနော်နှင့် ကြော်စားပါ။
(၃၂) ဆီးရောဂါ=ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး အဆိပ်ကို ကြေစေသည်။
(၃၃) ကင်းမြီးကောက်ကိုက်=ပင်စိမ်းရွက်ကြိတ်၍ အုံပေးပါ။
(၃၄) ချောင်းဆိုးနပန်းနာ=ပင်စိမ်းပွင့်၊ ချင်းခြောက်၊ ကြက်သွန်ဖြူ ထုထောင်း၍ ပျားရည်နှင့် လျက်ပေးပါ။
(၃၅) သလိပ်ကပ် ချွဲကျပ်=ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍ အရည်ထွက်စေရန် ကြိတ်ခြေညှစ်ပေးပါ။ ထွက်လာသည့် အရည်အား ရေကျက်အေးနှင့် သောက်ပေးပါ။ တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။ 
နေ့လယ်မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။
 (၃၆) ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊ သလိပ်ပုပ်=ပင်စိမ်းအစေ့ကို အခြောက်လှန်းပြီး အနည်းငယ်ထောင်းပါ၊ နွားနို့ သကြားတို့နှင့် ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမက
သွေးအကျိတ်အခဲ ရောဂါများပင် ပျောက်ကင်းစေပါသည်။ 
(၃၇) ဆီးအောင့်၊ အမောသက်သာ=ပင်စိမ်းစေ့ကို သကြားရည်နှင့် ဖျော်ရည်ပြု၍ သောက်ပေးပါ။
(၃၈) မစားချင်၊ မသောက်ချင်၊ အစာအိမ်လေနာ၊ ဝမ်းနာ=ပင်စိမ်းရွက် သတ္ထုရည်ပြု၍ သောက်ပေးပါ။
(၃၉) နှလုံး၊ ကျောက်ကပ်ရောဂါ၊ နှမ်းစေ့=ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တလုံး၊ ညအိပ်ရာဝင်တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်းများအပြင် ပွေး၊ ဝဲ၊ နှင်းခူနာနှင့် မြင်းသရိုက်ရောဂါများကိုပါ ပျောက်ကင်းစေပါသည်။
(၄၀) သားကျည်းကိုက်၊ သားအိမ်လျှော၊ နို့ချောင်းပိတ်၊ ဆီးအောင့်=ပင်စိမ်းရွက်ကို ငါးကျည်းခြောက်နှင့်
ကြော်စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် မီးဖွားပြီးစ အပုပ်ဆန်တတ်သော ရောဂါများပင် ပျောက်ကင်းစေ ပါသည်။ အစားမှား၍ ဆေးမှား၍ အော့အန်ခြင်းများကိုပင် ပျောက်ကင်းစေ၏။

ပင်စိမ်း၏ ဂုဟ်အစွမ်းအကျိုးများကား များပြားလှပါသည်။ ဉာဏ်ရှိသလို စားသုံးပေးခြင်းဖြင့်
ရောဂါများကို ပျောက်ကင်းစေသည့် ပင်စိမ်းရွက်များ ဖြစ်ပါသည်။ 

ကသစ်ဦး(ကျိုင်းတုံ) 
( သူရဇ္ဇ ၂၀၀၃-စက်တင်ဘာ)

နေ့စဉ် လူတိုင်းစားပေးသင့်တဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံများ

by nang kha yea on 29.11.2012


လူခန္ဓာကိုယ်အတွက် နေ့စဉ် စားသုံးနေတဲ့ အစားအစာများမှာ အာဟာရဓာတ် ၆-မျိုး ပါဝင်ပါတယ်။

(၁)။ အင်အားဖြစ်စေသော အစားအစာများ။
အဲဒါတွေကတော့ ဆန်၊ ဂျုံ၊ ပေါင်မုန့်၊ ထန်းလျက်၊ သကြား အစရှိတဲ့ ကာဗိုဟိုက်ဒြိတ်ဓာတ်။ ကစီဓာတ်-ပါဝင်သော အစားအစာများ ဖြစ်ပါသည်။
(၂)။ အသားအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်းများ စသည်တို့မှာ ပါဝင်တဲ့ ကိုယ်ခန္ဓာကြီးထွား ဖွံ့ဖြိုးတိုးတက်စေသော အသားဓာတ် ဖြစ်ပါတယ်။
(၃)။ အဆီဓာတ်၊ အဲဒါကတော့ ခန္ဓာကိုယ်အပူချိန်ကို မျှတအောင် ထိန်းပေးပြီး ခန္ဓာကိုယ် အရေပြားအောက်နဲ့ ဝမ်းဗိုက်အတွင်း အင်္ဂါများ၊ တင်ပါးတို့မှာ ရှိတဲ့ဓာတ်ဖြစ်ပါတယ်။
(၄)။ သက်စောင့်ဓာတ်ခေါ် ဗီတာမင်များ။
(၅)။ သတ္ထုဓာတ်နဲ့
(၆)။ ရေဓာတ်တို့ ပါဝင်ပါတယ်။ 


ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများမှာ အထက်ဖော်ပြပါ အာဟာရဓာတ် ၆-မျိုးအပြင် အနည်းငယ်စီ ပါဝင်နေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါ ပါတဲ့အတွက် ရောဂါဘယ အမျိုးမျိုးကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

ဒါကြောင့် လူ့ခန္ဓာကိုယ် ကျန်းမာရေးအတွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို စားဖြစ်အောင်စားဖို့ လိုအပ်ပါတယ်။ အချို့သော လူများဟာ အသား၊ ငါး များများ ကောင်းကောင်းစားနိုင်မှ အချိုနှင့် အဆီဓာတ်များ သာသာကဲကဲ ခေတ်မီမုန့်အမျိုးမျိုးနဲ့ သွားရည်စာမျိုးစုံကို စားနိုင်မှ အာဟာရဖြစ်မယ်၊ ကျန်းမာရေး ကောင်းမွန်မယ်လို့ ယူဆနေကြပါတယ်။ မိဘများကိုယ်တိုင်က အဲသလို ယူဆကြတဲ့အတွက် ကလေးများကလည်း ထမင်းဝိုင်းမှာ အသား၊ ငါးများကိုသာ နှစ်နှစ်ခြိုက်ခြိုက် စားသောက်နေတတ်ကြပြီး ဟင်းသီးဟင်းရွက်များကို မစားတတ်၊ မကြိုက်တတ်ဘဲ ဖြစ်နေကြပါတယ်။ ငယ်ငယ်ကတည်းက ဟင်းသီးဟင်းရွက် စားတဲ့အကျင့် မရှိခဲ့တဲ့အတွက် ကြီးလာရင်လည်း ဟင်းသီးဟင်းရွက်ကို စားလေ့မရှိတဲ့အတွက် အချို့သော ကျန်းမာရေး ပြဿနာတွေနဲ့ ရင်ဆိုင်ခံစားလာရပါတော့တယ်။

ဒါကြောင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို စားသုံးပေးခြင်းအားဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို မစားလျှင် ဖြစ်ပွားခံစားနိုင်သော ကျန်းမာရေး ပြဿနာအချို့ကိုဖော်ပြလိုပါတယ်။
လူအများ စားသုံးလေ့ရှိတဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံများနှင့် ၄င်းတို့မှ ရရှိနိုင်သော အကျိုးကျေးဇူးများ၊ ၄င်းတို့ ချို့တဲ့လျှင် ဖြစ်ပွားနိုင်သော ပြဿနာများကို ဖော်ပြလိုက်ပါတယ်။

(၁) မြန်မာထမင်းဝိုင်းမှာ ပါလေ့ရှိတဲ့ ဟင်းသီးဟင်းရွက် ဖြစ်တဲ့ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းရွက်များ၊ ဥပမာ-ဟင်းနုနယ်၊ ကိုက်လန်၊ ကန်စွန်းရွက်၊ ဒန့်ဒလွန်ရွက်အစရှိတဲ့ အရွက်တွေထဲမှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက် သံဓာတ်ချို့တဲ့မှုရှိသော သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
ဟင်းနုနယ် ထဲမှာပါတဲ့ ဓာတ်တွေက မျက်စိအတွင်းတိမ် ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တယ်။ အသက်ကြီးလာလို့ ဖြစ်ပွား တတ်တဲ့ MAC ULAR DEGENERATION ခေါ်တဲ့ မျက်စိကွယ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ 
မုန်ညင်းစိမ်း၊ ဒန့်သလွန်ရွက်တို့၊ ကိုက်လန်ရွက်တို့မှာ ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝစွာပါတဲ့အတွက် အရိုးများ ကြီးထွားသန်မာစေနိုင်ပါတယ်။

(၂) အဝါရောင်ရှိတဲ့ သင်္ဘောသီး၊ သရက်သီး၊ ကန်စွန်းဥဝါ၊ မုန်လာဥနီ စသည်တို့မှာ မျက်စိ အားကောင်းစေတဲ့ ဘီတာကာရိုတင်း (သို့) ဗီတာမင်အေဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် မျက်စိအားကောင်းစေတယ်။ အသားအရေ စိုပြေလှပစေတယ်။ ဒီဓာတ်ဟာ နေရောင်ခြည်ထဲမှ UV ရောင်ခြည်ကို ကာကွယ်ပေးတဲ့ အတွက် အရေပြားကင်ဆာကို ကာကွယ်ပေးပြန်တယ်။ မုန်လာဥနီဟာ သွေးတွင်း ကိုယ်လက်စထရောကို ကျဆင်းစေတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးပါတယ်။

(၃) ခရမ်းချဉ်သီး၊ ဖရဲသီး၊ တရုတ်ဆီးသီး၊ သင်္ဘောသီး စတဲ့အသီးတွေထဲမှာ LYCOPENE လိုက်ကိုပင်းလို့ ခေါ်တဲ့ဓာတ်တမျိုး ပါဝင်ပါတယ်။ ဒီဓာတ်ပစ္စည်းဟာ အမျိုးသားတွေရဲ့ ဆီးကျိတ်ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးတယ်။ အဆုတ်ကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးတယ်။

(၄) မုန်လာအုပ်စုဝင်တွေဖြစ်တဲ့ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီအစိမ်း၊ ဂေါ်ဖီရွက် အစရှိသည်တို့ဟာ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာတို့ကို ကာကွယ်ပေးနိုင်ကြောင်း သက်သေပြချက်တွေ ထွက်လာပြီဖြစ်တယ်။ တချိန်ချိန်မှာ ရင်သားကင်ဆာ ကာကွယ်ဆေးကို ပန်းမုန်လာမှ ထုတ်လုပ်နိုင်အောင် သုတေသီတို့က ကြိုးစားနေကြပါတယ်။

(၅) ကြက်သွန်များဟာ ဆေးဘက်ဝင်သော ဟင်းသီးဟင်းရွက်များ ဖြစ်ပါတယ်။ ကြက်သွန်ဖြူကို လေ့လာ စမ်းသပ်မှု ပြုခဲ့ရာမှာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ကြောင်း သွေးတွင်း ကိုလက်စထရော အဆီဓာတ်ကျဆင်းစေတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း၊ ပဋိဇီဝ ပိုးသတ်ဆေး အာနိသင်ရှိကြောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းတွင် ဖြစ်ပွားလေ့ရှိတဲ့ ကင်ဆာရောဂါ များကို ကာကွယ်ပေးနိုင်ကြောင်း သိရှိရပြီး ဖြစ်တယ်။ ကြက်သွန်ဖြူကို တနေ့ ၂-တက်လောက် နေ့စဉ်စားပေး သင့်တယ် လို့သိရပါတယ်။ ဒါပေမယ့် ကြက်သွန်ဖြူကို စားတဲ့အခါ မစားမီ လှီးဖြတ်ပြီး ၁၅-မိနစ်ခန့် လေသလပ် ခံထားကာ အစိမ်းစားမှသာလျှင် အာနိသင်ရှိကြောင်း သိရပါတယ်။

ကြက်သွန်နီဟာလည်း သူ့ထဲမှာပါတဲ့ အင်တီအောက်ဆီးဒင့်လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများက ကင်ဆာကလာပ်စည်းတွေကို တိုက်ဖျက်ပေးနိုင်တယ်။ ကင်ဆာကလာပ်စည်းတွေကို အားပေးတဲ့ အင်ဇိုင်းတွကိုလည်း တားဆီးပေးတယ်။ သွေးခဲမှုကိုလည်း အားမပေးတဲ့အတွက်ကြောင့် ဦးနှောက်အတွင်း
သွေးခဲခြင်းကို ဟန့်တားပေးတယ်။ ဒါကြောင့် ကြက်သွန်နီ စားခြင်းအားဖြင့် လေဖြတ်ခြင်း ကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဘက်တီးရီးယားပိုး အချို့၊ မှိုပါးအချို့နဲ့ ဗိုင်းရပ်စ်ပိုး အချို့ကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ကြက်သွန်နီဟာ အရိုးပျော့ခြင်း၊ အရိုးအားနည်းခြင်း ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ 

(၆) သစ်သီးဝလံဖြစ်တဲ့ စပျစ်သီးအုပ်စုထဲမှာ စပျစ်သီးအနီနဲ့ အညိုရဲ့ အခွံထဲမှာရှိတဲ့ သစ်သီးတမျိုးဟာ ခန္ဓာကိုယ်အတွက် အကျိုးရှိသော သိပ်သည်းဆများသည့် ကိုလက်စထရော(HDL)ကို မြှင့်တင်စေတဲ့ အတွက် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးပါတယ်။ စပျစ်သီးအနီမှ ထုတ်လုပ်တဲ့ ဝိုင်နီ သောက်သုံးမှု၊ များသောအားဖြင့် ပြင်သစ်နိုင်ငံမှာ နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ပွားမှု နည်းပါးလှကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

(၇) သံပုရာနှင့် သံပုရာမျိုးဝင် အသီးများ။
သံပုရာသီး၊ သံပုယိုသီး၊ ရှောက်သီး၊ ကမ္ဗလာသီး၊ လိမ္မော်သီး၊ ကျွဲကောသီး၊ ဂရိတ်ဖရု စတဲ့ အသီးများဟာ ဗီတာမင် စီဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ လီမွန်နစ်လို့ခေါ်တဲ့ သံပုရာမျိုးဝင် အသီးများမှ ထုတ်ယူရရှိတဲ့ ဓာတုပစ္စည်း တမျိုးဟာ ကင်ဆာကို ကုသနိုင်ကြောင်း သိရှိထားပါတယ်။ ဒီအသီးတွေမှာ ပါဝင်တဲ့ အမျှင်များကလည်း ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

(၈) ဘယ်ရီသီး အမျိုးမျိုးဖြစ်တဲ့ စထရော်ဘယ်ရီ၊ ဘလူးဘယ်ရီတို့ဟာ ဆီးလမ်းကြောင်းအတွင်း ဘက်တီးရီးယား အမျိုးမျိုးကို တားဆီးကာကွယ်ပေးတဲ့အတွက် ဆီးအိတ်ရောင်ရမ်းရောဂါကို ကာကွယ် ပေးပါတယ်။

(၉) ငှက်ပျောသီးနဲ့ ထောပတ်သီးတို့ဟာလည်း လူကြိုက်များသလို ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ ပထမတန်း အသီးတွေ ဖြစ်ပါတယ်။ ငှက်ပျောသီးမှာ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကြွက်သားများကို သန်စွမ်းစေလို့ ညောင်းညာကိုက်ခဲခြင်းမှ အထူးကာကွယ်ပေးပါတယ်။
နှလုံးသွေးအားနည်းသူများနှင့် သွေးတိုးရောဂါရှိ သူများ နေ့စဉ် သွေးကျဆေးပုံမှန် သောက်နေသူများ စားပေးသင့်ပါတယ်။ ထောပတ်သီးကတော့ နှလုံးရောဂါ အထူးကုဆရာဝန်ကြီးများ ညွှန်လေ့ရှိတဲ့ အစားအစာထဲမှာ ထိပ်ဆုံးက နေရာယူထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထောပတ်သီးမှာပါတဲ့ အဆီဓာတ်ဟာ သွေးတွင်း ကိုလက်စထရောကို ချပေးတဲ့အပြင် ဗီတာမင်အီးနဲ့ ဗီတာမင်စီ၊ ဗီတာမင်ဘီ အုပ်စုတွေပါ အမယ်စုံအောင် ပါပါတယ်။ ဒါ့ပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အမျှင်ဓာတ်ခေါ် ဖိုင်ဘာပါလို့ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတယ်။ ဝမ်းမချုပ်စေဘူး။

(၁၀) ပန်းသီးဟာ ကျန်းမာရေးအတွက် အလွန်သင့်တော်သော အသီးအနှံတမျိုး ဖြစ်ပါတယ်။ တနေ့လျှင် ပန်းသီးတလုံး စားပေးပါက ရောဂါများ မဖြစ်နိုင်ဘူးလို့တောင် စာဆိုရှိပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့အတွက်ကြောင့် အသက်ကြီးလို့ ကလပ်စည်းများ ပျက်စီးသွားမှုကို ပြန်လည်တည်ဆောက်ရာမှာ ကူညီပေးပါတယ်။ ကိုလက်စထရော အဆီဓာတ်ကို ကျစေပါတယ်။ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းများကို တိုက်ထုတ်ပေးပါတယ်။ တခြားသော အစားအစာများမှ ရရှိတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများရဲ့ ၁၀%ကို ပန်းသီးတလုံးစားရုံနဲ့ပဲ ရရှိနိုင်ပါတယ်။

(၁၁) ပဲသီး၊ ပဲတောင့်ရှည်၊ ပဲပုပ်၊ ပဲပိစပ်၊ ဘိုစားပဲ၊ ပဲရာဇာ၊ ပုလားပဲ စတဲ့ ပဲအမျိုးမျိုးမှလည်း ဗီတာမင် ဘီအုပ်စု ကြွယ်ဝစွာ ပါဝင်တဲ့အပြင် အသားဓာတ် အမျှင်ဓာတ်ကိုလည်း ရရှိစေနိုင်ပါတယ်။

အထက်ပါ အချက်များကို ဖတ်ပြီးရင် အသီးအရွက်တွေဟာ လူတွေအတွက် အများကြီး အသုံးတည့်တယ်  ဆိုတာ သိလောက်ပြီ ဖြစ်ပါတယ်။ အသီးအရွက်တွေမှာ ဖိုင်ဘာခေါ် အမျှင်ဓာတ် များစွာပါလို့ ဝမ်းချုပ်ခြင်းမှ ကာကွယ်တယ်။ ဝမ်းမှန်မှန်သွားစေလို့ အူမကြီးကင်ဆာကို ကာကွယ်ပေးပြန်တယ်။ ဒါ့အပြင် အဝလွန်လို့ ကိုယ်အလေးချိန်တိုးလို့ ဝိတ်ချလိုသူ (ကိုယ်အလေးချိန် လျှော့လိုသူတွေ) အတွက်လည်း အထူးသင့်တော်ပြီး ကယ်လိုရီ မများစေဘဲ အဆီဓာတ်၊ အသားဓာတ်၊ ဗီတာမင် အမျိုးမျိုးနဲ့ သတ္ထုဓာတ်၊ ရေဓာတ်တို့ကို ရစေပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများကို နေ့စဉ်စားမယ် အစားအစာထဲမှာ ငါးကြိမ်ခန့်  ပါအောင် စားသင့်ပါတယ်လို့ အကြံပြုလိုက်ပါတယ်။ 
ဒေါက်ထွေး (ဆေး-မန်း)
Ref>>(ကလျာမဂ္ဂဇင်း ၂၀၀၅-ဒီဇင်္ဘာ)

ဝက်ခြံနှင့် ပတ်သက်သော အယူအဆမှားများ

by popozaw 28.11.2012


လူတိုင်းလိုလို ၀က်ခြံပေါက်ဖူးကြပြီး ၀က်ခြံနဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက်တွေလည်း အများအပြားရှိပါတယ်။ သင်ကြားဖူးနေတဲ့ အဲဒီအယူအဆတွေထဲက ဘယ်အချက်တွေကမှန်ပြီး ဘယ်အချက်တွေက မှားနေလဲဆိုတာ သိရအောင် ၀က်ခြံနဲ့ ပတ်သက်တဲ့ အယူအဆမှားတွေကို ဖော်ပြလိုက်ပါတယ်။


အယူအဆမှား (၁) 
- ၀က်ခြံပေါက်တာဟာ တစ်ကိုယ် ရေသန့်ရှင်းရေး မကောင်းလို့ အပျင်းထူပြီး ညစ်ပတ်လို့ ဖြစ်တယ်။

သင်ဟာ ညစ်ပတ်လို့ ၀က်ခြံပေါက်တာထင်ပြီး သင့်မျက်နှာကို ၀က်ခြံပျောက်ချင်ဇောနဲ့ မကြာခဏ ပွတ်တိုက်ဆေးကြော၊ သန့်ရှင်းနေရင်တော့ ၀က်ခြံတွေ ပိုဆိုးလာပါလိမ့်မယ်။ အမှန်တော့ အညစ်အကြေးတွေနဲ့ အရေပြားမျက်နှာပြင်က အဆီတွေဟာ ၀က်ခြံဖြစ်စေတဲ့ အကြောင်းရင်းမဟုတ်ပါဘူး။ တစ်နေ့တာအတွင်း စုမိနေတဲ့ အညစ်အကြေးတွေနဲ့ အရေပြားဆဲလ်သေတွေဟာ ရှိနေတဲ့ဝက်ခြံတွေကိုလည်း ပိုမဆိုးစေပါဘူး။ အလွန်အကျွံမျက်နှာကို ဆေးကြောနေခြင်းကသာ အရေပြားကို ယားယံစေပြီး ၀က်ခြံတွေကို ပိုဆိုးလာစေနိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ရော ၀က်ခြံအတွက်ပါအကောင်းဆုံးကတော့ တစ်နေ့နှစ်ကြိမ် (မနက်အိပ်ရာထနဲ့ ညအိပ်ရာဝင်ခါနီး တစ်ကြိမ်စီ) မျက်နှာသစ်ဆပ်ပြာအပျော့စားနဲ့ ညင်ညင်သာသာ ဆေးကြောသန့်ရှင်းပေးဖို့နဲ့ ၀က်ခြံအတွက် သင့်တော်တဲ့ ကုသမှုခံယူဖို့ပါ။

အယူအဆမှား (၂)
 - အစားအသောက်က ၀က်ခြံပေါက်စေတဲ့ အဓိကအကြောင်းရင်းပဲ။
ကြော်ထားတဲ့အစာတွေ၊ ငန်တဲ့အစာတွေနဲ့ ချောကလက်တွေဟာ ၀က်ခြံပေါက်စေနိုင်တယ်လို့ လူအများက ယုံကြည်ထားပေမယ့် သိပံ္ပနည်းကျလေ့လာမှုတွေက အစားအသောက်နဲ့ ၀က်ခြံအကြားဆက်စပ်မှုကို သက်သေမပြနိုင်ပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ အစာအသောက်တွေကို စားပေးရင်တော့ သင့်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကောင်းအောင် ကူညီနိုင်မှာဖြစ်ပါတယ်။

အယူအဆမှား (၃) 
- ၀က်ခြံကိုညှစ်ပြီး အဆံထုတ်မှသာ ပျောက်နိုင်ပါတယ်။
အမှန်တော့ သင့်ဝက်ခြံကို ထိတွေ့ကိုင်တွယ်ခြင်း၊ ညှစ်ခြင်းတွေဟာ သင့်အရေပြားအောက်ကို ရောဂါပိုးတွေတွန်းထည့်နေသလိုဖြစ်ပြီး ၀က်ခြံကို ပိုမိုနီရဲနာကျင်စေကာ ရောဂါပိုးတွေ ပြန့်ပွားစေပါတယ်။ ဒါ့အပြင် ၀က်ခြံကိုညှစ်ခြင်းကြောင့် အမာရွတ်လည်း ကျန်ခဲ့နိုင်ပါတယ်။

အယူအဆမှား (၄) 
- ၀က်ခြံဟာ ဆယ်ကျော်သက် အရွယ်မှာသာ ပေါက်တတ်တယ်။
အမှန်ကတော့ ဆယ်ကျော်သက်အရွယ်ကနေ အသက် ၄၀ ကျော်အရွယ်အထိ ၀က်ခြံပေါက်နိုင်ပါတယ်။ ဆယ်ကျော်သက်တွေမှာ ၀က်ခြံအများဆုံးပေါက်တတ်ပေမယ့် လူကြီးတွေမှာလည်း ၀က်ခြံပေါက်နိုင်တာပါပဲ။

အယူအဆမှား (၅) 
- လိင်ဆက်ဆံခြင်းနဲ့ စိတ်ဖြေခြင်းတွေက ၀က်ခြံပေါက်စေတယ်။
လေ့လာမှုတွေအရ လိင်ဆက်ဆံခြင်း၊ စိတ်ဖြေခြင်းနဲ့ ၀က်ခြံအကြားမှာ ဆက်စပ်မှုမရှိဘူးလို့ သိရပါတယ်။
Ref>မွေးနေ့ဆုမွန်

Tuesday 27 November 2012

ဆေးပေါင်းခမဲ့ညမှာသူငယ်ချင်းတွေနဲ့စားကြတဲ့မယ်ဇလီဖူးအကြောင်း

by popozaw on 28.11.2012


မဲဇလီဖူး၏ ကျန်းမာရေး စွမ်းပကား

မဲဇလီ ဖူးသုပ်ကို ဆေးဖက် ဝင်တဲ့ အစာအဖြစ် ဆေးပေါင်းခတဲ့ တန်ဆောင် မုန်းလပြည့်နေ့မှာ စားလေ့ရှိကြပါတယ်။ မဲဇလီဖူးမှာ ရေဓာတ်၊ ဂလူက
ိုဆိုက်၊ ကတ်သတစ်အက်စစ်၊ အန်သရိုကွီနုန်း၊ ကမ်ဖီရောစတဲ့ ပစ္စည်းတွေ ပါဝင်တာကြောင့် ဆေးဖက်ဝင်တဲ့ အပင်ထွက်ပစ္စည်းအနေနဲ့ စားသုံးကြတာဖြစ်ပါတယ်။ မဲဇလီဖူး မှာ အောက်ပါ အကျိုးကျေးဇူးတွေရှိကြောင်း သိရပါတယ်။



အစာအိမ် အူလမ်းကြောင်းကို ကျန်းမာစေ ပါတယ်

မဲဇလီဖူးကို ရောဂါကင်းရှင်းစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။ အ ကြောင်းကတော့ အန်သရာကွီနုန်းပမာ ဏ များစွာ ပါဝင်ပြီး ဝမ်းချုပ်တာ၊ သွေး ထွက်တာနဲ့ အက်စစ်ဆန်တက်ပြီး ရင်ပူ တာတို့လို အစာခြေ အူလမ်းကြောင်းဆိုင် ရာ ရောဂါတွေကို ဆန့်ကျင်ရာမှာ အဓိ က အသုံးဝင်ပါတယ်။

ဝမ်းမှန်မှန်သွားစေပါတယ်

မဲဇလီဖူးဟာ အူတွေကို သန့်စင် စေပြီး အူမကြီးရဲ့ လှုပ်ရှားမှုကို ကောင်း မွန်စေတာကြောင့် ဝမ်းပျော့ပျော့သွား စေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် အူ လမ်းကြောင်းရှိ တုတ်ကောင်တွေကို ဖယ် ရှားပေးတဲ့ အစွမ်းလည်း ရှိပါတယ်။

ပျို့ချင် အန်ချင်တာကို သက်သာစေပါတယ်

မဲဇလီဖူးကို အနည်းငယ်စားပေးရင် ပျို့ချင်အန်ချင်ဖြစ်တာကို သက်သာစေပါ တယ်။
ကိုယ်ခံ စွမ်းအား စနစ်ကို ကောင်းမွန်စေပါ တယ်
မဲဇလီဖူးကို စားတာကြောင့် သရက် ရွက်ထဲမှာ ဆဲလ်အသစ်များများဖြစ် အောင် လှုံ့ဆော်ပေးနိုင်တဲ့အတွက် ဆေး ဖက်ဝင်အစွမ်း ရှိတာပါ။ ရောဂါကို တွန်း လနှ နိုင်တဲ့ အစွမ်းရှိတာကို အသေးစိတ် လေ့လာမှုတွေ ဆက်လက်ပြုလုပ်နေကြ ပြီး ကာကွယ်ဆေးအဖြစ် တွဲဖက်သုံးဖို့ဖြစ်နိုင်ခြေ ရှိ၊ မရှိ စဉ်းစားနေကြပါတယ်။

ဓာတ်တိုး ဆန့်ကျင်နိုင်တဲ့ အင်တီအောက် ဆီးဒင့် ဂုဏ်သတ္တိ ရှိပါတယ်
မဲဇလီဖူးမှာ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ပါဝင်ပါတယ်။ ပိုလီဖီနော ဓာတ်ပါဝင်မှုများပါတယ်။ ဒါကြောင့် ဖရီး ရယ်ဒီကယ်ကြောင့် ဆဲလ်ထိခိုက်မှု မဖြစ် အောင် ကာကွယ်ပေးနိုင် သလို အသည်း မှာ ထိခိုက်မှု မဖြစ်အောင်လည်း ကာ ကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လူတွေ မှာ ဘယ်လောက်အထိ အသုံးဝင် ထိရောက် မှု ရှိသလဲဆိုတာကို နောက်ထပ် လေ့လာ မှုတွေ ထပ်လုပ်ဖို့ လိုအပ်နေပါသေးတယ်။
 
ပိုးမွှားတွေကို တွန်းလှန် ပေးပါတယ်
လေ့လာမှုတွေ အရ မဲဇလီဖူးမှာ Staphylococcus aureus, Pseudomonas aeruginosa နဲ့ Proteus. vulgaris စတဲ့ ပိုးတွေကို တွန်းလှန်ပေး နိုင်တဲ့ အစွမ်း ရှိကြောင်း ဆိုပါတယ်။ ဒါ ပေမဲ့ ဖန်းဂပ်စ် မှိုတွေ ကိုတော့ တွန်းလှန် နိုင်တယ်လို့ မပြသထားပါဘူး။
အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်
မဲဇလီဖူးဟာ ဖရီး ရယ်ဒီကယ် တွေကြောင့် ဆဲလ်ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးတဲ့ ဆေးဖက်ဝင် အပင်တစ် မျိုး ဖြစ်တဲ့အတွက် အူမကြီးကင်ဆာနဲ့ အစာဟောင်း အိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေနိုင်ပါတယ်။
ကြယ်စင်
Ref>Good Health

သွယ်လျပြီးသား သင့်ခန္ဓာကိုယ်ကို ဘယ်လို ထိန်းမလဲ

by popozaw on 27.11.2012

အသက်ငယ်ရွယ်စဉ်ကာလမှာ အချိုးအစား ကျနနေတဲ့ သင့်ခန္ဓာကိုယ်ဟာ အနည်းငယ် အသက်ရလာတာနဲ့ တဖြည်းဖြည်း ပြည့်ဖြိုးလာပါတော့မယ်။ ကိုယ်နဲ့ သက်တူရွယ်တူတွေ ဝမလာပဲ ပုံမှန်လေးပဲ လှပနေတာကို သင်ငေးကြည့်နေရမယ့် အဖြစ်မျိုး မရောက်ချင်ဘူးဆိုရင်တော့ သင့်ရဲ့ လှပြီးသား ခန္ဓာကိုယ် အလှအပတွေကို အတတ်နိုင်ဆုံး ထိန်းသိမ်းရပါလိမ့်မယ်။


အမျိုးသမီးများဟာ သူတို့ခန္ဓာကိုယ် အလေးချိန်တွေ ကျသွားပြီးရင် ပုံမှန်အတိုင်းပဲ ပြန်လည်စားသောက်ရင်း ဝိတ်တွေ ပြန်တက်လာတတ်ပါတယ်လို့ အမေရိကန် အာဟာရဆိုင်ရာ လူမှုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နာအိုမီ ဖူဂါကာဝါက ပြောပါတယ်။ သင့်ရဲ့ နေ့စဉ်အစားအသောက် ပုံစံနဲ့ အလေ့အကျင့်အချို့ကို နည်းနည်းလောက် ပြောင်းလဲပေးလိုက်ရုံနဲ့ သင်ရဲ့ ကိုယ်အလေးချိန်ကို ပုံမှန်လေး ထိန်းထားပေးနိုင်မယ်ဆိုရင် သင်စိတ်ဝင်စားလိမ့်မယ် ထင်ပါတယ်။

၁။ နေ့စဉ် ကိုယ်အလေးချိန်ချိန်ပါ
နေ့စဉ်ကိုယ်အလေးချိန်ကို စစ်ဆေးခြင်းဟာ သင့်ရဲ့ စားသောက်မှုပုံစံကို အများကြီး ပြောင်းလဲစေပါတယ်။ Drexel တက္ကသိုလ်ရဲ့ လေ့လာမှုတွေအရ ပေါင် ၃၀ လောက် လျော့သွားအောင် ကြိုးစားထားတဲ့ သူတွေထဲက အချို့ဟာ တစ်နှစ်မှာ ၄ ပေါင်ပဲ တက်ပေမယ့် တချို့ကတော့ ၂ ဆလောက်ထိ အလေးချိန် ပြန်တက်လာတာကို တွေ့ရပါတယ်။ အကြောင်းရင်းကို ရှာဖွေလိုက်တော့ ၄ ပေါင်ပဲ တက်လာတဲ့သူတွေဟာ သူတို့ရဲ့ ကိုယ်အလေးချိန်ကို နေ့စဉ် စစ်ဆေးနေကြတဲ့သူတွေဖြစ်ပြီး ၂ ဆလောက်တက်လာတဲ့ အုပ်စုကတော့ မေ့မေ့လျော့လျော့ နေနေကြတဲ့သူတွေ ဖြစ်တာကို လေ့လာတွေ့ရှိရပါတယ်တဲ့။

၂။ အသားဓာတ်ပါတဲ့ အစားစားတွေ များများ စားပါ
တစ်ရက်ကို အသားဓာတ် ၂၅ ရာခိုင်နှုန်းလောက် ပါအောင် စားသုံးတဲ့ အမျိုးသမီးတွေဟာ တစ်နှစ်အတွင်း ၁၄ ပေါင်လောက် လျော့ကျသွားအောင် လျှော့ချနိုင်တာကို တွေ့ရတယ်လို့ American Journal of Clinical Nutrition မှာ ဖော်ပြထားပါတယ်။ အသားဓာတ်များများ ပါတဲ့ ဂရိပုံစံ ဒိန်ချဉ်တွေဟာ အများကြီး အထောက်အကူ ပြုပါတယ်။ အသားဓာတ်အများဆုံး ပါဝင်တဲ့ ပဲလိုဟာမျိုးတွေဟာ သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ အဆီတွေ ပါဝင်နိုင်မယ့် အချိုးအစားကို လုယူနိုင်တာကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဒါအပြင် ပရိုတိန်းလို့ ခေါ်တဲ့ အသားဓာတ်ဟာ ဟော်မုန်းထုတ်လုပ်မှုကိုလည်း အထောက်အကူ ပြုတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

၃။ အသီးအရွက်ကို အားပြုစားပါ
အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ သာမက ဘယ်အသီးအရွက်ကိုမဆို အဓိကထား စားသုံးခြင်းဟာ ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။ ကစီဓာတ် (ကာဘိုဟိုက်ဒရိတ်) ပါတဲ့ အာလူးနဲ့ ထမင်းကို အားပြုစားသုံးတဲ့သူတွေထက် စာလျှင် ကျန်တဲ့အသီးအရွက်တွေကို အဓိကထား စားသုံးသူတွေဟာ ကိုယ်အလေးချိန် ပိုထိန်းနိုင်တာကို တွေ့ရှိရပါတယ်။

၎။ နာရီဝက်အချိန်ပေးပါ
တစ်နေ့မှာ နာရီဝက်ပဲ အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားမှု ပြုတဲ့သူတွေဟာ ကိုယ်အလေးချိန် မတက်တဲ့အပြင် ပိုမိုလန်းဆန်းနေလေ့ရှိကြောင်း အရီဇိုးနားတက္ကသိုလ်က လေ့လာတွေ့ရှိခဲ့ပါတယ်။ ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးခြင်းဟာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲက ပိုနေတဲ့စွမ်းအင်တွေကို ချေဖျက်ပေးနိုင်သလို တခါတရံ အလွန်အကျွံ စားသောက်မိတဲ့ အဆီနဲ့ ကဆီဓာတ်များတဲ့ အစားအစာတွေကို ပိုမိုလျင်မြန်စွာ ချေဖျက်ပေးနိုင်တာကြောင့် နာရီဝက်လောက် အပင်ပန်းခံရုံနဲ့ သူများထက် ပိုမို လန်းဆန်းနေမှာ ဖြစ်ပါတယ်။

၅။ အပြင်ထွက် စားတာ၊ ဝယ်စားတာတွေ လျှော့ပါ
အပြင်ဆိုင်တွေက ချက်ပြုတ်သမျှတွေဟာ သင့်အတွက် မလိုအပ်တဲ့ ကယ်လိုရီတွေ အများအပြား ပါဝင်နေပါတယ်။ တစ်ပတ်မှာ ၂ ကြိမ်လောက် အလွယ်စာ စားတဲ့သူနဲ့ အပြင်စာ လုံးဝမစားတဲ့သူရဲ့ ကြားက ကွာဟမှုဟာ ၆၂ ရာခိုင်နှုန်းတောင် ရှိပါတယ်တဲ့။ သုတေသီတွေကရဲ့ အကြံပြုချက်အရ အပြင်စာစားမယ်ဆိုရင် ပုံမှန်ထက် တဝက်လောက်ပဲ စားဖို့ အကြံပြုထားပါတယ်။
ဒီလို အချက်တွေကို လိုက်နာနိုင်တယ်ဆိုရင် သင်ရဲ့ သွယ်လျလှပ အချိုးကျတဲ့ ခန္ဓာကိုယ်ကို ဘယ်အရွယ်ရောက်ရောက် ထိန်းချုပ်နိုင်ပါလိမ့်မယ်။
Ref: Shape
source>>>http://www.delodelo.com/news/how-to-maintain-your-slim-body/

ခေါင်းတစ်ခြမ်းကိုက် ရောဂါ ကုသနည်းများ

by popozaw on 27.11.2012


ခေါင်းတစ်ခြမ်း ကိုက်တာကြောင့် ဘဝမှာ နေရတာ မပျော်သလို ဖြစ်နေသလား။  ခေါင်းတစ်ခြမ်း ကိုက်တာနဲ့အတူ နေ့တိုင်း ပင်ပန်းနေတာ၊ ခေါင်းထိုးကိုက်တာနဲ့ ပျို့ချင်အန်ချင်စိတ် ရှိတာ စတဲ့ ဝေဒနာတွေက မသက်သာဘူး ဖြစ်နေသလား။ အောက်ပါ ကုသနည်းတွေက ခေါင်းတစ်ခြမ်းကိုက် ရောဂါဝေဒနာကို သက်သာစေနိုင်ကြောင်း သိပ္ပံနည်းကျ သက်သေပြထားတာကြောင့် လိုက်နာ လုပ်ဆောင်သင့်ပါတယ်။


အဆီပါဝင်မှု အလွန်နည်းသော အစာ
အတ္တလန်တာရှိ ခေါင်းကိုက်ဝေဒနာ စင်တာအရ ခေါင်းတစ်ခြမ်း ကိုက်တာဟာ စိတ်ဖိစီးမှု (အရွယ်ရောက်သူရဲ့ ၈၀ ရာခိုင်နှုန်း)၊ ဟော်မုန်း (၆၅ ရာခိုင်နှုန်း)၊ အနံ့အသက် (၄၄ ရာခိုင်နှုန်း)၊ အလင်းရောင် (၃၈ ရာခိုင်နှုန်း)၊ မီးခိုး (၃၆ ရာခိုင်နှုန်း)၊ ပူပြင်းတဲ့ ရာသီ (၃၀ ရာခိုင်နှုန်း)၊ အစားအစာ (၂၇ ရာခိုင်နှုန်း) နဲ့ တခြား အနှောင့်အယှက်တွေကြောင့် ပိုဆိုးစေနိုင်ပါတယ်။ လေ့လာမှု တစ်ရပ်အရ အဆီနည်းတဲ့ အစားအစာကို ၁၂ ပတ်ကြာ အလွန်အမင်း စားတာကြောင့် ခေါင်းကိုက် ဝေဒနာကို ၄၀ ရာခိုင်နှုန်းခန့် လျော့နည်းစေကြောင်း သိရပါတယ်။

ဖြည့်စွက်ဆေးများ
(၁) ဗီတာမင် B2 – ဘယ်လ်ဂျီယံ တက္ကသိုလ်ရဲ့ လေ့လာမှုအရ တစ်နေ့ ဗီတာမင် B2 ၄၀၀ မီလီဂရမ် မှီဝဲသူ ၆၀ ရာခိုင်နှုန်း နီးပါးဟာ ခေါင်းတစ်ခြမ်းကိုက် ရောဂါကို တစ်ဝက် လျော့ကျစေတယ်လို့ သိရပါတယ်။
(၂) မယ်လတိုနင် -  အိပ်ရာမဝင်ခင် မယ်လတိုနင် ဆေးကို သုံးလကြာ မှီဝဲသူတွေကို လေ့လာခဲ့ရာ သုံးပုံနှစ်ပုံဟာ ခေါင်းတစ်ခြမ်းကိုက် ရောဂါ ၅၀ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။

အကိုက်အခဲ ပျောက်ဆေးများ
ခေါင်းတစ်ခြမ်း ကိုက်တာကြောင့် နေ့စဉ် လုပ်ဆောင်ရတဲ့ လှုပ်ရှားမှုတွေကို မလုပ်နိုင်ဘူးဆိုရင် အက်စ်ပရင်၊ အိုင်ဗျူပရိုဖန်၊ ပါရာစီတမော စတဲ့ အကိုက်အခဲ ပျောက်ဆေးတွေက ကူညီနိုင်ပါတယ်။ အက်စ်ပရင်နဲ့ ပါရာစီတမော ဆေးပြားတွေဟာ အိုင်ဗျူပရိုဖင် ဆေးထက် ခေါင်းကိုက် ဝေဒနာကို မိနစ် ၂၀ ကြာ ပိုမြန်မြန်ဆန်ဆန် သက်သာစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အကိုက်အခဲ ပျောက်ဆေးတွေကို တစ်ပတ်မှာ နှစ်ကြိမ်ထက် ပိုသောက်တာ ဒါမှမဟုတ် ခေါင်းတစ်ခြမ်းကိုက် သက်သာဆေးတွေကို တစ်လမှာ ၁၇ ကြိမ်ထက် ပိုသောက်တာတွေဟာ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပြန်ဖြစ်တာမျိုး ဖြစ်တတ်ကြောင်း ဂျာမန် သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက် ရောဂါအတွက် အကိုက်အခဲ ပျောက်ဆေးတွေကို မသောက်ခင်မှာ ဆရာဝန်နဲ့ အရင် တိုင်ပင်သင့်ပါတယ်။

အပ်စိုက်ကုထုံး
ဗြိတိန်လေ့လာမှု ၁၃ ခု အရ အပ်စိုက်ကုထုံးဟာ ခေါင်းတစ်ခြမ်းကိုက် ရောဂါ မဖြစ်အောင် ကာကွယ်နိုင်သလို ရောဂါကိုလည်း သက်သာ စေနိုင်တယ်လို့ သိရပါတယ်။ သုံးလကြာ အပ်စိုက်ကုထုံး ခံယူထားသူ ၁၂ ဦးဟာ အပ်စိုက်ကုထုံး မခံယူသူတွေထက် စာရင် အကိုက်အခဲ ပျောက်ဆေး အသုံးပြုရမှု ၁၅ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။
 ဇွန်
Ref:Good health

အသား ငါး တို့ကို ဘယ်လို စားသင့်သလဲ

by popozaw on 27.11.2012


အစားအသောက်မှ ကူးစက်ရောဂါများ မဖြစ်ပွားလိုလျှင် လတ်ဆတ်သည့် အသားငါးများကို နူးနပ်အောင် ချက်ပြုတ်ပြီး ပူပူနွေးနွေး စားသုံးကြရပါမည်။
ဈေးမှဝယ်လာသော သားစိမ်း ငါးစိမ်းများတွင် ရောဂါဖြစ်စေနိုင်သည့် ဘက်တီးရီးယားပိုးများ ပါရှိနေနိုင်သည်။ သားငါးများကို နူးနူးနပ်နပ်ချက်ပြုတ်လိုက်သည့်အခါ ယင်းဘက်တီးရီးယားတို့သည် သေဆုံးသွားသည်က များ၏။ နူးနနူးနပ်နပ်မချက်ပြုတ်ဘဲ စားသုံးမိလျှင်မူ ဘက်တီးရီးယားပိုးများကြောင့် ရောဂါအမျိုးမျိုး ရရှိနိုင်ပါသည်။

တချို့သော ဘက်တီးရီးယားပိုးများသည် အသားငါးထဲတွင် အကောင်ဘ၀၊ အကောင်သဏ္ဌာန် (Vegetative Form) ရှိနေခြင်းမဟုတ်ဘဲ မျိုးအောင်းစေ့ (Spore) ဘ၀နှင့် ရှိနေတတ်လေသည်။ ဘက်တီးရီးယားပိုးများကို အကောင်ဘ၀ (Vegetative Form) တွင် အပူပေး၍သတ်ရန် လွယ်ကူးသော်လည်း မျိုးအောင်းစေ့ (Spore) များသည် အသား၊ ငါးကို တော်ရုံတန်ရုံ အပူပေး၍ ချက်ပြုတ်ရုံနှင့် သေမသွားတတ်ပါ။ အသား၊ ငါးကို ချက်ပြုတ်ပြီး ချက်ချင်းမစားသောက်ဘဲ ကြာရှည်စွာထားမိပါက အပူချိန်တဖြည်းဖြည်းကျလာနေစဉ် မျိုးအောင်းစေ့ (Spore)ဘ၀မှ အကောင်ဘ၀ (Vegetative Form) သို့ ပြောင်းလဲလာပြီး ရောဂါဖြစ်ပွားစေနိုင်ပါသည်။ ထို့ကြောင့် အသား၊ ငါးများကို စားသုံးလျှင်—

နူးနူးနပ်နပ် ချက်ပြုတ်ရန်၊ ချက်ပြုတ်ပြီး ပူပူနွေးနွေး စားသုံးရန်၊
ချက်ချင်း မစားသုံးဖြစ်လျှင် သေချာစွာ သိမ်းဆည်းထားပြီး မစားသုံးမီ ပြန်၍ အပူပေးရန် အရေးကြီးပေသည်။

အမဲသား၊ ဆိတ်သား၊ ကြက်၊ ဘဲ၊ ငန်း၊ စသည့် အသားအမျိုးမျိုးကို စားသုံးသည့်အခါ အထူးဂရုစိုက်ဖို့လိုသည်။ အသားများကို အတုံးကြီးကြီးတုံး၍ ချက်ပြုတ်လျှင် ပို၍ဂရုစိုက်ဖို့လို၏။ အမဲသား၊ ၀က်သားတုံးများကို အတုံးကြီးကြီးတုံး၍ ချက်လျှင် အသားတုံး၏ အတွင်းအကျဆုံး အပိုင်းတွင် အပူချိန် ၇၀ ဒီဂရီစင်တီဂရိတ် ရောက်အောင် ချက်ပြုတ်မှသာ စိတ်ချရလေသည်။ စားဖိုမှူးများ အသုံးပြုရန် အသားတုံးများ၏ အတွင်းပိုင်းအပူချိန်ကို တိုင်းနိုင်သည့် သာမိုမီတာ (Probe thermometer) များ ရှိပါသည်။ ကြက်သား၊ ဘဲသား၊ စသည့် ငှက်သတ္တ၀ါများ၏ အသားကို ချက်ပြုတ်သည့်အခါ ယင်းဝတ္တ၀ါများ၏ ၀မ်းဗိုက်အတွင်း၌ ဘက်တီးရီးယား ပိုးများရှိနေတတ်သည်ဆိုသော အချက်ကို သတိထားသင့်ပေသည်။

ခရုကမာ (Shellfish, Oyster)တို့သည် ကောင်းစွာ မချက်ပြုတ်ဘဲ စားလျှင် အန္တရာယ်ပေးနိုင်သည့်အစာများ ဖြစ်ပါသည်။ ယင်းတို့ကိုလည်း အနည်းဆုံး အပူချိန် ၇၀-ဒီဂရီစင်တီဂရိတ် ရောက်အောင် ချက်ပြုတ်ပြီးမှ စားသင့်၏။ ခရုများတွင် ရောဂါဖြစ်စေနိုင်သည့်ပိုးများ အလုံးအရင်းနှင့် ရှိနေနိုင်ပါသည်။ ခရုကမာအခွံကို သေသေချာချာ ပွတ်တိုက်ဆေးကြောပြီးမှ အိုးထဲထည့်ရပါမည်။ ချက်ပြီး ခရုကမာများကို မချက်ရသေးသည့် ခရုကမာကောင်အစိမ်းများ လှီးဖြတ်တုံးတစ်သည့်နေရာတွင် လှီးဖြတ်ခြင်း မပြုသင့်ပေ။ 

ခရုကမာကောင်အစိမ်းများမှ ရောဂါပိုးများသည် စဉ်းတီးတုံးတွင် ပေကျံနေပြီး ချက်ပြီးသား ခရုကမာဟင်းလျာထဲသို့ ရောက်ရှိသွားနိုင်သောကြောင့်ဖြစ်၏။ ရေခဲခန်းအတွင်းမှ ထုတ်ယူထားသည့် ခရုကမာများကို ရေခဲများပျော်အောင် ပြုလုပ်ပြီးသည့်အခါ မချက်မီ မီးဖိုထဲတွင် ဒီအတိုင်း ပစ်မထားရပါ။ ဟင်းအိုးထဲ မထည့်မချင်း လေးဒီဂရီစင်တီဂရိတ်ရှိသည့် ရေခဲသေတ္တာထဲတွင်သာ ထားရပါမည်။ ခရုကမာဟင်းကို နေ့ဖို့ညစာ ချန်ထားလျှင် အန္တရာယ်များသဖြင့် စား၍ကုန်နိုင်ရုံသာ ချက်စားပြီး၊ မကုန်လျှင် သွန်ပစ်သင့်ပါသည်။

အသား ငါး ချက်ပြုတ်နည်းများ—
အသား ငါးတို့ကို အပူရှိန်ပြင်းပြင်းပေးပြီး မြန်မြန်ကျက်အောင်ချက်ပြုတ်ခြင်းသည် စိတ်အချရဆုံး ဖြစ်၏။ ဆီပူနှင့်ကြော်ခြင်း၊ အတုံးသေးသေးတုံးပြီး ကျက်အောင် မီးကင်ခြင်း၊ မီးအုံးခြင်း၊ လေဖိအားပြင်းပြင်းနှင့် ပေါင်းခြင်း (Steaming under pressure) စသည်တို့ဖြစ်ပေသည်။
အနီအောက်ရောင်ခြည် (Infrared rays) နှင့် ကြိမ်နှုန်းမြန်အပူလိုင်း (High frequency waves) များကို သုံး၍ အပူပေးလျှင် အသားတုံး၊ ငါးအတုံးများ၏ အတွင်းပိုင်းထိ ထိုးဖောက်နိုင်သော်လည်း အပူဓာတ်ပျံ့နှံ့မှုသည် ညီညီမျှမျှမရှိနိုင်ဟု ဆိုပါသည်။

လေဖိအားသုံး ပေါင်းအိုးများ—
လေဖိအားသုံး ပေါင်းအိုးများဖြင့် သားငါးများကို အချိန်တိုတိုအတွင်း ကျက်အောင်ချက်ပြုတ်နိုင်၏။ လေဖိအားနှင့် အပူချိန်ကို တပြိုင်နက်တွဲ၍သုံးသော ဤနည်းတွင် ဘက်တီးရီးယားများသာမက ယင်းတို့၏ မျိုးအောင်းစေ့ (Spore) များကိုပင် ပျက်စီးအောင် ဖျက်ဆီးသတ်ဖြတ်နိုင်လေသည်။

ရိုးရိုးဟင်းအိုးများ—
ဒန်အိုး၊ ဒယ်အိုး စသည့် ရိုးရိုးဟင်းအိုးများကို သုံး၍ ထင်း၊ မီးသွေး၊ လျှပ်စစ်မီး စသည်တို့နှင့် ချက်ပြုတ်ရာတွင် အပူချိန်နည်းနည်းနှင့် အချိန်ကြာကြာ ချက်ပြုတ်ကြရပါသည်။ အသားငါးများ ကောင်းစွာကျက်အောင် အချိန်ယူ၍ ချက်ရန် အရေးကြီးသကဲ့သို့ ချက်ပြီးလျှင်လည်း ပူပူနွေးနွေး စားသုံးရန် အရးကြီးပါသည်။

မိုက်ခရိုဝေ့ မီးဖိုများ—
ချက်ပြီးအစားအစာများကို မိုက်ခရိုဝေ့ မီးဖိုဖြင့် လျင်မြန်စွာ ပြန်နွှေးနိုင်သည်။ ချက်ပြီးခဲထားသော အစာများကို အချိန်တိုအတွင်း အလျင်အမြန် စားသုံးလိုသည့် အခါမျိုးတွင်လည်း မိုက်ခရိုဝေ့ မီးဖိုများသည် အသုံးတည့်လေ သည်။ အပူဓာတ် မျှမျှတတ မပျံ့နှံ့ခြင်းနှင့် အသားများ အရောင်ညိုပြီး ကျက်သွားအောင် မပြုနိုင်ခြင်းသည် မိုက်ခရိုဝေ့ မီးဖိုများ၏ အားနည်းချက်များဟု ဆိုပါသည်။ သို့သော် ခေတ်မီ မိုက်ခရိုဝေ့ မီးဖိုတချို့တွင် ထိုအားနည်းချက်များကို ကျော်လွှားနိုင်ပြီး စိတ်ကြိုက်ကင်နိုင်၊ ဖုတ်နိုင်၊ ကြော်နိုင်၊ လှော်နိုင်အောင် တီထွင်ထားကြောင်း သိရပါသည်။

မကျက်တကျက် ချက်ထားသော အသား ငါးများ စားသောက်ခြင်း အန္တရာယ်—
အသား ငါးများကို ချက်ပြုတ်ရာတွင် အပူချိန် မည်မျှရောက်အောင် ပေးနိုင်သည်ဆိုသောအချက်က အရေးအကြီးဆုံး ဖြစ်ပေသည်။ လုံလောက်သည့် အပူချိန်ပေး၍ ကျက်အောင်၊ နူးနပ်အောင် ချက်နိုင်မှ အန္တရာယ်ကင်းမည်ဖြစ်၏။ မကျက်တကျက် ချက်ထားသော အသား ငါး ကိုမှ စားလိုသည်ဆိုလျှင် ရောဂါပိုးကင်းသည့် တိရစ္ဆာန်၏ လတ်ဆတ်သောအသား၊ ရောဂါပိုးကင်း၍ လတ်ဆတ်သော ငါးဖြစ်ကြောင်း သေချာဖို့လိုပါသည်။ (ခရု၊ ကမာကဲ့သို့ သတ္တ၀ါများတွင် ရောဂါပိုးကင်းသည်ဟု မည်သို့မှ တပ်အပ်သေချာစွာ မပြောနိုင်ပါ)။ အပူချိန်လုံလုံလောက်လောက်နှင့် ကျက်အောင်ချက်ထားသောအသားသည် အညိုရောင် ဖြစ်ရပါမည်။ အသားတုံး၏ အတွင်းပိုင်းသည် အညိုရောင်သို့ မပြောင်းသေးဘဲ နီမြဲနီနေလျှင် မကျက်သေး (လိုအပ်သည့် အပူချိန် ၇၀-ဒီဂရီ စင်တီဂရီတ်ထိ မရောက်သေး) ကြောင်း သိနိုင်၏။ Salmonella နှင့် Clostridium perfringens ဘက်တီးရီးယားများကြောင့် အစာလမ်းကြောင်း ရောဂါဖြစ်ခြင်း၊ လူအမြောက်အမြား တပြိုင်နက် အစာအဆိပ်သင့်ခြင်းတို့ ဖြစ်ပွားရာတွင် မကျက်တကျက် ချက်ထားသော အမဲသားကို စားသောက်မိခြင်းသည် အကြောင်းရင်းဖြစ်တတ်ပါသည်။

အစားအစာများကို ပြန်နွှေးခြင်း—
တချို့သောသူများသည် အသားများကို အတုံးကြီးကြီးတုံး၍ ချက်ပြုတ်ထားပြီး ကြောင်အိမ်ထဲတွင် သိမ်းဆည်းထားတတ်သည်။ စားခါနီးမှ အတုံးသေးသေးကလေးများ ဖြစ်အောင် လှီးဖြတ်၍ ပြန်နွှေးကာ စားသောက်တတ်၏။ ဤအလေ့အကျင့်သည် အန္တရာယ်မကင်းလှပေ။ ကြောင်အိမ်ထဲရှိ အပူချိန်သည် သာမန်အခန်းတွင်း အပူချိန်သာဖြစ်ရာ ရောဂါဖြစ်စေသည့် ဘက်တီးရီးယားများ ပေါက်လွယ်ပွားလွယ်သော အခြေအနေပင် ဖြစ်၏။ ကြောင်အိမ်ထဲတွင် ကြာရှည်သိမ်းထားခဲ့သည့် အသားဟင်းကို စားခါနီး (ပြီးစလွယ်) ပြန်၍နွှေးရုံဖြင့် ပေါက်ပွားထားသော ဘက်တီးရီးယားများ သေဆုံးသွားမည် မဟုတ်ပေ။ အောက်ပါဇယားတွင် ပတ်ဝန်းကျင် အပူချိန်အမျိုးမျိုး၌ ဘက်တီးရီးယားပိုးများ ပေါက်ပွားနှုန်း ခြားနားပုံကို လေ့လာကြည့်နိုင်၏။

အပူချိန်(စင်တီဂရိတ်) ဘက်တီးရီးယားများ မူလအရေအတွက်၏ နှစ်ဆဖြစ်အောင် ပွားများရန် ကြာသည့် အချိန်။
၎-ဒီဂရီ—–၆-နာရီ။
၁၀-ဒီဂရီ—–၂-နာရီ။
၂၁-ဒီဂရီ—–၁-နာရီ။
၂၈-ဒီဂရီ—–၃၀-မိနစ်။
အသားဟင်းများမှ ရောဂါမရှိလိုလျှင် အလွန်ပူသောအပူချိန် (၆၀-ဒီဂရီအထက်) သို့မဟုတ် အလွန်အေးသော အပူချိန် (၁၀-ဒီဂရီအောက်) တွင် သိမ်းဆည်းထားဖို့ လိုအပ်ပါသည်။ မချက်ရသေးသော အသား ငါးများကို ရေခဲသေတ္တာရှိလျှင် ရေခဲသေတ္တာထဲတွင် သိမ်းထားပြီး ချက်ခါနီးမှထုတ်၍ ကျက်အောင်ချက်စားခြင်းသည် အကောင်းဆုံးဖြစ်လေသည်။ မလွှဲမရှောင်သာ၍ ချက်ပြီးသိမ်းထားသော အသားဟင်း၊ ငါးဟင်းတို့ကို ထိုနေ့မှပင် ပြန်နွှေးပြီး စားရမည်ဆိုလျှင် အသား ငါး၏ အတွင်းပိုင်း ၇၀-ဒီဂရီ စင်တီဂရိတ် ရောက်အောင်သာမက ထိုအပူချိန်တွင် အနည်းဆုံး နှစ်မိနစ်ကြာအောင်ထား၍ ပြန်နွှေးပြီးမှသာ စားသုံးသင့်ပေသည်။

အသား ငါး စားခြင်းနှင့် သန်ကောင်ရောဂါများ—
ကလေးကို အသား၊ ငါး ကျွေးလျှင် သန်ကောင်ရောဂါရတတ်သည်ဟု ကလေးမိဘ အတော်များများက အထင်မှားနေကြပါသည်။ သူတို့သိထားသော သန်လုံးကောင် (Ascaris) များကို အသား၊ ငါး စားခြင်းကြောင့် ရရှိခြင်းမဟုတ်ပေ။ ရေလောင်းအိမ်သာ၊ တွင်းနက်အိမ်သာ စသည့် ကျန်းမာရေးနှင့် ညီညွတ်သော အိမ်သာများ မသုံးစွဲခြင်း၊ တကိုယ်ရေ သန့်ရှင်းမှု မရှိခြင်းတို့ကြောင့် ကူးစက်ခြင်းသာဖြစ်လေသည်။

သို့သော် အသား၊ ငါးစားရာမှ ကူးစက်ခံရသော သန်ကောင်ရောဂါများလည်း ရှိပါသည်။ ယင်းတို့မှာ လူသိအလွန်နည်းသော သန်ပြားကောင် (Tape worms) များ ဖြစ်ကြ၏။ နူးနပ်အောင် ချက်မထားသည့် အမဲသားမှ (Taenia saginata) သန်ပြားကောင်ရောဂါ၊
နူးနပ်အောင် ချက်မထားသည့် ၀က်သားမှ (Taenia soltium) သန်ပြားကောင်ရောဂါ၊ နူးနပ်အောင်ချက်မထားသည့် ငါးမှ (Diphyllobothrum latum) သန်ပြားကောင်ရောဂါများ ကာကွယ်ရေးတွင် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော အိမ်သားများသုံးစွဲခြင်းနှင့် တကိုယ်ရေသန့်ရှင်းမှုတို့အပြင် အသား၊ ငါးတို့ကို နူးနူးနပ်နပ်ကျက်အောင် ချက်ပြီးမှ စားသုံးခြင်းလည်း ပါဝင်ပါသည်။

အသား၊ ငါးတို့ကို နူးနပ်အောင် ချက်စားခြင်းဖြင့် ထိုအစာများမှ ရရှိနိုင်သော အဓိက အာဟာရဓာတ်ဖြစ်သည့် ပရိုတင်းများ ပျက်စီးလျော့နည်း မသွားပါ။ တနည်းပြန်ပြောရလျှင် အသား၊ ငါးတို့ကို အစိမ်း သို့မဟုတ်-မကျက်တကျက် စားခြင်းဖြင့် ထူးထူးခြားခြား အာဟာရတန်ဖိုး တက်မလာပါ။ ရောဂါရနိုင်သည့် အန္တရာယ်သာ ပို၍များပါသည်။

(ထို့အတူ ကြက်ဥအစိမ်းကို ဖောက်သောက်ခြင်းသည် ကြက်ဥကို ကြော်စားခြင်း၊ ပြုတ်စားခြင်းနှင့် အာဟာရတန်ဖိုး မကွာခြားပါ။ ရောဂါရဖို့ အန္တရာယ်သာ ပိုများပါသည်။
အလားတူပင် နွားနို့ကို မကျိုဘဲ အစိမ်းသောက်ခြင်းသည် ကျက်အောင် ကျို၍သောက်ခြင်းနှင့် အာဟာရတန်ဖိုး မကွာခြားပါ။ ရောဂါရဖို့ အန္တရာယ်သာ ပိုများပါသည်။)
မြန်မာလူမျိုးတို့၏ ဓလေ့အတိုင်း အသား၊ ငါးတို့ကို နူးနပ်အောင် ချက်ပြုတ်ပြီးမှစားခြင်း၊ ထမင်းဟင်းများကို ပူပူနွေးနွေး စားသုံးခြင်းတို့သည် ကျန်းမာရေးရှုထောင့်မှကြည့်လျှင် ကောင်းမွန်လှသဖြင့် ဆက်လက်ကျင့်သုံးသင့်ကြောင်း ပြောလိုပါသည်။ မြန်မာမိသားစုအများစု၏ မီးဖိုချောင်အခြေအနေ ပတ်ဝန်းကျင်အခြေအနေတို့နှင့်လည်း ကိုက်ညီသည့်စနစ်ဖြစ်ပါသည်။ 

အိမ်မှာ ရေခဲသေတ္တာလည်းရှိပါသည်။ လျှပ်စစ်ဓာတ်အားလည်း ၂၄-နာရီရပါသည်။ အသား ငါးများကိုလည်း စနစ်တကျ သိမ်းဆည်းထားသိုတတ်ပါသည်ဆိုစေကာမူ ရောဂါရနိုင်သည့် အန္တရာယ်သာ ပိုလာပြီး အာဟာရတန်ဖိုး ထူးထူးခြားခြားမြင့်မားမလာနိုင်သည့် စားသောက်နည်းများဖြစ်သော အသား၊ ငါး အစိမ်းစားခြင်း၊ မကျက်တကျက် စားခြင်းတို့ကို အားမပေးလိုပါကြောင်း တင်ပြအပ်ပါသည်။
Source: ဒေါက်တာလှကြည် (Lifestyle ၂၀၀၁-ခု ဖေဖော်ဝါရီလ)
http://www.myanmar1.com/?p=2620